အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, May 24, 2012

အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်တွင် မဏိပူရပြည်နယ်၏ မြို့တော်နှင့် မန္တလေးကို တိုက်ရိုက်ဘတ်စ်ကား ထားရှိရေး အဆိုပြုသွားမည်ဟု သိရ


အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီအမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ် ၏ မြို့တော်အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ချိတ်ဆက်သော ဘတ်စ်ကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ်ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian Express သတင်းစာမှ ဖော်ပြသွားသည်။

၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံး လာရောက်မည့် ၀န်ကြီးချုပ် ဖြစ်သည်။ အိန္ဒိယ၀န်ကြီးချုပ်သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်ပေးဆပ်ရန် အချိန်ကာလ တိုးမြှင့်ပေးလိုက်ခြင်းဖြင့် ဖြေလျော့ပေးခြင်းဖြစ်သည်။
အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ရိုက်ဘတ်စ်ကားလမ်းကို အိန္ဒိယနယ်စပ် မြို့ဖြစ်သည့် မိုရေးမြို့ကိုဖြတ်ကာ ဖောက်လုပ်ရန်၊ လေကြောင်းလိုင်းများကိုလည်း လက်တလောတွင် တစ်ပတ်နှစ်ကြိမ် ပျံသန်းရာမှ တိုးမြှင့်ပျံ သန်းသွားရန်၊၂၀၁၆ခုနှစ်အမီ အိန္ဒိယနယ်စပ်ဒေသများမှ မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးလုပ် ဆောင်သွားရန်တို့ ပါဝင်သည်။
အခြားအဆိုပြုမည့် အချက်များ တွင် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီရေအားလျပ်စစ်စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး-ကလေးဝ-ကမ်ဗိုလမ်းပေါ်ရှိ တံတား ၇၆ စင်း အဆင့်မြှင့်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရန် မြန်မာနိုင်ငံတွင် The Union Bank of India နှင့် Bank of India တို့၏ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်သွားရန်တို့ ပါဝင်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက အိန္ဒိယသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၅ ခုနှစ်အမီ အမေရိကန် ဒေါ်လာ ၃ဘီလျံအထိ လက်ရှိ ကုန်သွယ်မှု ပမာဏ၏ နှစ်ဆမြှင့်တင်ရန် သဘောတူခဲ့သည်။

သတင်းရင်းမြစ်    Eleven Media

>>>ဆက်ဖတ်ရန်>>> >>

ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ရှင်းလင်းပြန်ကြား


နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဦးမြင့်၏ ရန်ကုန်သက္ကသိုလ်နှင့် ပတ်သက်သော အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ရှင်းလင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး၊ ယင်းထုတ်ပြန်ချက်နှင့်အတူ သတင်းစာ ရှင်းလင်းပွဲ တစ်ခုအား ယနေ့(မေလ ၂၄ ရက်နေ့)တွင် နိုင်ငံတော်သမ္မတ အကြံပေးရုံးတွင် ကျင်းပခဲ့ကာ နိုင်ငံရေးအကြံပေး အဖွဲ့မှ ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နှင့် အခြားအကြံပေးပုဂ္ဂိုလ်တို့မှ သတင်းထောက်များ၏ မေးမြန်းချက်တို့အား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါရှင်းလင်းပွဲတွင် ရန်ကုန်သက္ကသိုလ်၏ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်ထွန်းပြောင်လာစေရန် တည်ဆောက်ထူထောင်ရေး မှာ ဒေါက်တာဦးမြင့်နှင့်တကွ ကျောင်းသား ကျောင်းသူ အဟောင်းအသစ်များ၊ ဆရာ ဆရာမ အဟောင်းအသစ်များ လိုလားတောင်းတ ကြသကဲ့သို့ နိုင်ငံတော်ကလည်း အထူးလိုလား ဆန္ဒရှိသည့် ကိစ္စဖြစ်ကြောင်း၊ စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ဘောင်တန်းနိုင်သည့် တက္ကသိုလ်များဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရန်ကုန်သက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည် ဦးစားပေးတည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း" ရှင်းလင်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။


ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာမှာ ယင်း၏ ပုဂ္ဂလိက ဆန္ဒအလျောက်ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးအနေဖြင့် ကြိုတင် သိရှိခြင်းလည်းမရှိ၊ နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတရာ ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းဖော်ပြထားခဲ့သည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်နှင့် ပြည်သူသို့ အိတ်ဖွင့်ပေးစာပေးခဲ့သော ဒေါက်တာဦးမြင့် တက်ရောက်ခြင်းမရှိဘဲ အခြားနိုင်ငံတော်အကြံပေးများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။


"ကျွန်တော်လည်း မနေ့ကမှ ပြည်ပခရီးက ပြန်ရောက်တာပါ။ ဒီနေ့ညနေလည်း ပြန်ထွက်ရဦးမှာပါ။ ကျွန်တော် သိတာကတော့ နိုင်ငံတော် သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က နေပြည်တော်ကို ရောက်နေ ပါတယ်။ ကျွန်တော်က ညွှန်ကြားချက် အရ ရှင်းလင်းပြောကြားခြင်း ဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရားဝင်ရာထူး၌ ရှိနေဆြဲ

နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရပ်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်တွင်းသတင်းထောက်တစ်ဦးမှ "နိုင်ငံတော် ဒုတိယ သမ္မတအနားယူတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ဒုတိယသမ္မတက ထွက်စာတင်ထားတာလား။ နှုတ်ထွက်ခွင့်တောင်းတာလား သိချင်ပါတယ်။ တစ်ချို့ကလည်း ဘုန်းကြီးဝတ်နေတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် မေလ ၃ရက်နေ့က ထွက်လာတဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ ပါလာတာတွေ့ရပါတယ်။ နိုင်ငံတော် ဒုတိယသမ္မတအနေနဲ့ အမှန်တစ်ကယ် အနားယူသွားပြီလား။ တာဝန် ဆက်လက်ဆောင်ရွက်နေလား သိရှိလိုပါတယ်။"ဟု မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က "ကျွန်တော်လည်း အမှန်တစ်ကယ်ပြောရရင် ဒီတစ်လောမှာ ရန်ကုန်နဲ့ မြန်မာပြည်မှာနေတာထက် အပြင်မှာ ရောက်နေတာများပါတယ်။ အဲဒီ ကိစ္စတွေတောင်မှ အွန်လိုင်းကနေပဲသိရတဲ့ ဘ၀ဖြစ်နေပါတယ်။ ရေရေရာရာမသိပါဘူး။ ပြောရရင်တော့ ၃ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ်ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ရှိနေတုန်းပဲဆိုတာ ရှင်းပါတယ်။ ဒုသမ္မတတစ်ယောက် နှုတ်ထွက်တယ်ဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်ပါဘူး။ ဖြစ်လာတာနဲ့ တရားဝင်ပေါ်ပေါက်လာတဲ့ ကိစ္စမျိုးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်ပါ။ ဒါမျိုးက ပုန်းလျိုးကွယ်လျိုး လုပ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ဖြစ်လာတဲ့အခါကျရင် တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်မှာပေါ့။ မဖြစ်သေးရင် မဖြစ်ဘူးပေါ့။ အခု လက်ရှိအနေအထားအရတော့ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။
သတင်းရင်းမြစ်း  Eleven Media
>>>ဆက်ဖတ်ရန်>>> >>

ကလေးငယ်တွေရဲ့ မီးလာပြီဟေ့

ချစ်စရာကောင်းတဲ့ ညချမ်းလေးတွေ ဟိုအဝေးမှာ ကျန်နေခဲ့ပါပြီ။ ဟိုးအတိတ်ဆီက မီးရောင်တွေ

ထိန်ထိန်ညီးခဲ့ တဲ့ညတွေကို ခုချိန်မှာ အမှောင်ထုက ကြီးစိုးဝါးမြိုထားပြီ။

# ကလေးငယ်တွေရဲ့ မီးလာပြီဟေ့ #

ဆိုတဲ့ အော်သံလေးတွေက သာယာတဲ့ ဂီတာသံဇဉ်တစ်ခုလိုပါပဲ။

အတွေးတွေ နယ်ချဲ့နေစဉ် နားထဲ တိုးဝင်လာသော မေမေဧ။် ညဉ်းညူသံကြောင့် အတွေးစတွေ

ကို ခဏအနားပေးလိုက် ရပါသည်။ ကျွန်မတို့ မိသားစု ကို ထမင်းကျွေးနေတဲ့ အင်တာနက်ဆိုင်လေး

တစ်ဆိုင် ဖွင့်ထားပါသည်။ ကျွန်မတို့ အိမ်ရဲ့ ပင်မ စီးပွားရေးဆိုလည်း မမှားပါဘူး ။ အင်တာနက်ဆိုင်

ဆိုသည်မှာ ကွန်နက်ရှင် နဲ့ မီးကို အဓိက အားထားနေရတဲ့ အလုပ်ပါရှင် ။ မီးတွေ မှန်နေတုန်းက ကွန်နက်

ရှင်က ကျတယ်။ မြေအောက်လိုင်းတွေ ပြင်နေလို့ .. ဘယ်က ဘာဖြစ်လို့ စုံနေအောင်ပါပဲ ။လိုင်းကျလို့

ဖုန်းဆက်မေးလိုက်ရင် တစ်ခါမှ သူတို့ဆီက ပျက်တယ်ဆိုတာ မရှိ။ ကျွန်တော်တို့ဆီမှာတော့ အွန်လိုင်း

ဖြစ်ပါတယ်ဆိုတဲ့ စကားက ကြားနေကြ ဓာတ်ပြားဟောင်းတစ်ခုလိုပါပဲ။ လိုင်းကျလို့ ဖုန်းဆက်ရင် ဒီအသံကို

ကြားရမယ်ဆိုတာကို သိနေပေမယ့်လည်း လူစိတ်ဆိုတာလည်း အခက်သားလား ။ သူတို့ဆီဖုန်းဆက်ပြီး

၅မိနစ်လောက်ဆို ပြန်တက်လာတဲ့ ကွန်နက်ရှင်ကြောင့် ကြားနေကြ ဓာတ်ပြားဟောင်းကိုလည်း ကြေညက်

စေဖို့အတွက် လိုင်းကျပြီဆို ဖုန်းခလုတ်တွေကို  လက်ကနှိပ်မိနေပြီးသား ။ သတင်းတွေ ဂျာနယ်တွေထဲက

ဘယ်နေ့ ၊ ဘယ်လ ဆို  ကွန်နက်ရှင်တွေ ကောင်းပါတော့မယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကလည်း ကြားရဖန်များတော့

ဟာသ တစ်ခုလိုဖြစ်နေရပြီ။ TRYA GAIN ဆိုတဲ့ စာတန်းလေးကလည်း ကျွန်မတို့ မြန်မာပြည် ကွန်နက်ရှင်

နဲ့ အတူ အမွှာပူးမွေးဖွားလာသယောင် ။ ဆိုင်ဖွင့်လို့ ဘုရားပန်း ၊ ရေချမ်းတွေ ကပ်ရင် ၃၇ ပါးသောနတ်တွေ

အပြင် အသစ်တိုး ခေတ်မှီနတ်တပါးဖြစ်တဲ့ ကွန်နက်ရှင် နတ်မင်းကို ပူဇော်ဆုတောင်းနေရတာလည်း အလုပ်တစ်ခု

ဖြစ်လာပါသည်။ မနက်တွေဆို ငိုက်မြည်းနေရအောင်ကို လူကပါးပါသည်။ နေ့ခင်းတွေ ဆိုင်ထဲ အဲကွန်းလေး

တွေ က အေးတာမို့ အပြင်မှာ ပူတဲ့အတွက် လူဝင်တတ်ပေမယ့် လိုင်းက မကောင်းတော့ အေးပေမယ့် ထပြန်။

ဂိမ်းဆော့တဲ့ ကလေးတွေကိုပဲ အားကိုးနေရပါတယ်။ ကလေးတွေဆိုတာက  အများစုက ကျောင်းသားတွေမို့

အမြဲတမ်းဆော့ဖို့ကျတော့ အကြွေးကကျ ။ များလာလို့ လိုက်တောင်းတော့ မိဘတွေက ရန်တွေ့ ။ ဒီလိုနဲ့

အကြွေးပေးတဲ့ စနစ်ကို ရပ်ဆိုင်းလက်ငင်းစနစ်ကို ကျင့်သုံးပြန်တော့ လူကပါး ။ ဒီအရှုတ်တော်ပုံတွေနဲ့

ချာလည်ရိုက်နေတဲ့ အချိန်နောက်ထပ် ဒုက္ခတစ်ခုက ထပ်မံတိုးဝင်လာတော့ ကျွန်မအမေဆီက ငြီးငြူသံတွေကို

စိတ်ဆင်းရဲဖွယ် ကြားရပြီပေါ့ ။ ပျက်လိုက်တဲ့ မီးက တစ်နေ့မှ ၆နာရီဘဲ ပေးပါတယ် ။ အင်တာနက်ဆိုင် ဆိုတာ

ညဘက်ကိုသာ လူအ၀င်များကြပါသည်။ အဲဒီညတွေကို မီးကပျက်ပါတယ်။ မီးစက်မောင်းရတယ်။ ညကို

၇နာရီလောက်ကနေ ည ၁၂နာ၇ီ အတွင်းကိုသာ လူဝင်များတတ်ပါသည်။ စက်အပြည့်ဆို ည ၈.၃၀လောက်မှာ

ရှိနေတတ်ပါတယ်။ တနေ့သာကို ပိုက်ဆံရချိန်ဟာ ၃နာရီလောက်တာ ရှိနေချိန်မှာ ကွန်နက်ရှင်က ထပ်ကျနေ

ပြန်တော့ ကျွန်မတို့ ဘယ်အချိန်မှာ အလုပ်လုပ်စားရတော့မလဲရှင်။ ဒီမှာ နောက်ထပ်ပြသနာတစ်ခုက ထပ်ပေါ်

လာပြန်ပါတယ်။ မီးစက်ကို ည ၁၂ နာရီလောက်ထိ မောင်းရတော့ ပတ်ဝန်းကျင်ကို ဆူညံစေတယ်တဲ့လေ။

ကဲ ကျွန်မတို့ ဆိုင်ပိတ်လိုက်ဖို့တာ ရှိပါတော့တယ်။ အချိန်လေးနဲ့ မီးကို ပေးမယ်ဆိုရင်တောင် အမှန်တကယ်

လိုအပ်နေတဲ့ ညဘက်တွေကို ပေးသင့်ပါတယ်။ ညနေ ၆.၃၀ လောက်ကနေ ည ၁၂နာရီလောက်ဆိုတာ အမှန်

တကယ်လိုအပ်ချိန်တွေပါ။  ဓာတ်ငွေ့စက်ရုံဝန်းတွေထဲမှာပေးတဲ့  ည၇နာရီကနေ မနက် ၆ နာရီလောက် ပေးမယ်ဆိုရင်တောင် ပြည်သူတွေ အတွက် အသုံးဝင်ပါသေးတယ်။ တစ်နေ့ကို ၆နာရီဆိုတာကတော့ အင်မ

တန်ကို နည်းလွန်းတယ်လို့ မြင်မိပါဧ။် ။   ကျွန်တို့ အင်တာနက်ဆိုင်တွေလိုဘဲ တခြားလုပ်ငန်းတွေမှာလဲ

အခက်ခဲတွေ အများကြီးကြုံနေကြရတယ်ဆိုတာ ဆန္ဒပြပွဲတွေက သက်သေတည်နေပါတယ် ။ နှစ်စဉ်ကြေးတွေ

လစဉ်ကြေးတွေ ၊ အခွန်ခတွေ မနည်းကို ပေးဆောင်ထားကြတာပါ ။ တနှစ်စာ လိုင်စင်ကြေး ၇သိန်းကျော် ၊

လစဉ်ကြေး ဒေါ်လာ ၁၂၀ ၊ အခွန်ဆိုတာ သက်သက်ဆောင်နေရတဲ့အပြင် ခုမီးစက်မောင်းရတဲ့ အတွက်

ဓာတ်ဆီဖိုး ကဲ ကျွန်မတို့ ဘာလုပ်စားကြရမလဲရှင်။ ဘာအလုပ်မှ မကောင်းနေချိန် ထွက်လိုက်ကြတဲ့ နိုင်ငံ

ခြား ။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ကုန်နေကြပြီ။ ကျွန်မတို့လည်း ခုဆို တွေးရေပါပြီ။ှ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ

အရင်ထဲက အမြတ်စွန်းမကျန်ပါ ။ ထမင်းစားဖို့ ချောင်လည်ယုံသာကျန်တဲ့ ဒီလုပ်ငန်းလေးက ခုတော့ ထမင်း

အိုးလေးတောင် ခပ်လှုပ်လှုပ် ဖြစ်နေပြီဆို ပိုတယ်လို့ထင်ကြပါလိမ့်မည်။ ဒါတွေက အမှန်ဆိုတာ နယ်မှာ

အင်တာနက်ဆိုင် ဖွင့်သူတိုင်းသိကြမှာပါ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဟင်။ မှောင်မိုက်နေတဲ့

လောကကြီးကိုလား ……..အမြဲလို ကျနေတဲ့ ကွန်နက်ရှင်ကိုလား………..ဒီအင်တာနက်ဆိုင်ဖွင့်ခဲ့တဲ့

မိဘတွေကိုလား………….ပြောကြာပါဦးရှင်………………ဘယ်သူကို အပြစ်တင်ရမလဲ………..

ဘယ်သူကို အပြစ်တင်ရမလဲ……………..ဘယ်သူကို အပြစ်တင်ရမလဲ ………ဆုတောင်းတိုင်းသာ

ပြည့်မယ်ဆို………ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ

အကျမရှိ အတက်သာ ရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား လို့ ဘုရားမှာ နားညီးအောင်

ဆုတောင်းလိုက်ချင်ပါတော့တယ်ရှင်။

%%%%%%%%%%%%%%%%%%%%%%%%%%%

ဒီဆောင်းပါးလေးကို အားဖြည့်ကူညီရေးသားပေးသော အကို ကွန်ဆူးမား ကဗျာလေးပါရှင်။



သူ့ကိုချစ်တယ်.....

သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....

သူမလာတဲ့ နေ့တွေညတွေမှာ.....

အစာရေစာလဲ ပြတ်လပ်.......

ဘာတစ်ခုမှ လုပ်မရအောင်

သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။

..................................

ပြန်လာခဲ့ပါချစ်သူ.......

မင်းနဲ့အတူ

ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့

ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့

အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ

မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်

..................................

မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....

မျှော်နေမယ်နော်......

အမြန်ပြန်လာပါ။

သံသရာ ဒီတစ်ကွေ့

နေ့နေ့ ညည မေ့မရတဲ့......

မီးလာမယ့် နေ့..........ပေါ့။
                                                                                  

ဆောင်းပါးရေးသားသူ   .................. အချစ်ကို ကိုးကွယ်သူလေး

ကဗျာ                       .................. ကွန်ဆူးမား

သတင်းရင်းမြစ်    သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

လျှပ်တပြက် သတင်း (၂၂-၅-၂၀၁၂)

ယမန်နေ့ နံနက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ လေဆင်နှမောင်းကြောင့် မောင်တောမြို့ပေါ် ရပ်ကွက် ၄ ရှိ အိမ်တချို့နဲ့ ၀က်သစ်ကုန်းဘက်မှ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဆက်သွယ်ရေး တာဝါ တိုင်းမှာလည်း ကိုင်းညွတ်သွားတဲ့ အတွက် အခုအခါ မောင်တောမြို့ရဲ့ CDMA ဖုန်းလိုင်းတွေက အဆက်အသွယ် ပြတ်တောက် နေတယ်လို့ သိရပါတယ်။


သတင်းရင်းမြစ်   နေရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

မိုင်းခွဲမူများကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည်

သဘာဝ ဓါတ်ငွေ့နှင့် တရုတ် ရေနံပိုက်လိုင်း အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချ နေမူကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။


 မိုင်းခွဲမူကြောင့် ရေနေသတ္တ၀ါများ ကျောက်ဖြူ အနောက်ဘက် ပင်လယ်ကမ်းခြေတွင် သေဆုံးနေမူကို ယခုလို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
" အခုကတော့ အရင်လို မိုင်းခွဲတာတွေ မရှိတော့ပေမယ့် ရံဖန်ရံခါတော့ လိုအပ်ရင် လိုအပ်သလို တရုတ်တွေက မိုင်းခွဲနေတာတွေတော့ ရှိနေပါသေးတယ်။ အထူးသဖြင့် မဒေးကျွန်း ပတ်ဝန်းကျင်မှာ ခွဲနေတာ ဖြစ်ပါတယ်။ မိုင်းခွဲတဲ့ အတွက် ရေအောက်မှာ ခိုအောင်းနေတဲ့ ငါး၊ ပုဇွန်တွေ အပါအ၀င် လိပ်တွေက အစ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ ခုလိုသာ ဆက်တိုက်လုပ်နေရင် ရေနေသတ္တ၀ါတွေ မျိုးတုန်းသွားနိုင်ပါတယ်" မဒေးကျွန်း ရွာမ ကျေးရွာမှ အမည်မဖေါ်လိုသူ တံငါသည် ဦးကြီး တစ်ဦးက ပြောသည်။

တရုတ် အင်ဂျင်နီယာများသည် မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း တစ်ခုနှင့် ဂတ်စ်နှင့် ရေနံ ပိုက်လိုင်းများကို တည်ဆောက်နေရာ သင်္ဘောဝင်ထွက်မည့် လမ်းကြောင်း တလျှောက်ရှိ ရေအောက် ကျောက်တန်းများနှင့် ပိုက်လုံး လမ်းကြောင်း တလျှောက်ရှိ သန္တာကျောက်တန်းများကို မိုင်းခွဲဖြိုချနေကြောင်း သူက ပြောသည်။

 ကျောက်ဖြူ ပင်လယ်ကမ်းခြေတွင် သေဆုံးနေသော ငါးများကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
" တရုတ်တွေက ရေထဲက ကျောက်တန်းတွေကိုသာ မိုင်းခွဲနေတာ မဟုတ်ပါဘူး။ ကုန်းပေါ်က ကျောက်တောင်တွေကိုလည်း မိုင်းခွဲပြီး ကျောက်ထုတ်နေပါတယ်။ မဒေးကျွန်းမှာဆိုရင် ကျွန်းပေါ်က ကျောက်တောင်တွေ အကုန်လုံး ပျက်စီးသွားပါပြီ။ ကုန်းရော ရေရော အကုန်လုံး ပျက်စီးကုန်ပါပြီ။ ဘယ်သူကမှလည်း တရုတ်တွေကို မတားရဲပါဘူး။ သူတို့ တိုင်းပြည်ကျနေတာပါဘဲ" ဟု သူက ဆက်ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ် စွန်ပန်းချိုင်ကျေးရွာ အနီးရှိ သန္တာကျောက်တန်းများအားလည်း မိုင်းခွဲပြီး ကျောက်ထုတ် လုပ်နေသဖြင့် သန္တာကျောက်တန်းများ အားလုံး ပျက်စီးသွားကြောင်းနှင့် သန္တာကျောက်တန်းတွင် ခိုအောင်းနေသော ငါးများ အကြီးအကျယ် သေဆုံးနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" စွန်းပန်ချိုင်က သန္တာကျောက်တန်းတွေ လုံးဝ မရှိတော့ဘူး။ မိုင်ခွဲတဲ့ အတွက် ငါး၊ ပုဇွန်တွေ အကြီးအကျယ် သေကြေ ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေရော၊ ပုဂ္ဂလိကတွေကပါ လုံးဝ ဒီလို ဖြစ်ပျက်နေတာကို ဂရုမစိုက်ပါ။ သူတို့က မိုင်းခွဲ ကျောက်ထုတ်ပြီး MGC ကို ကျောက်တွေသွင်းရင် ပိုက်ဆံ ရဖို့လောက်ကိုဘဲ သူတို့ စဉ်းစားကြတာကို တွေ့ရပါတယ်။ မိုင်းခွဲ ကျောက်ထုတ်တဲ့ အတွက် ငါးတွေသေပြီး အခုဆိုရင် ငါးတွေ တော်တော့ကို ရှားပါးသွားပါပြီ" ဟု ပြောသည်။

 ယခုလို ရေနေသတ္တ၀ါများ အစုလိုက် အပြုံလိုက်သေနေသော်လည်း အာဏာပိုင်များက မိုင်းခွဲမူကို တားဆီးခြင်း မရှိပါ။ ( ဓါတ်ပုံ- နိရဉ္စရာ)
၎င်းပြင် ရမ်းဗြဲကျွန်းရှိ အထင်ကရ သန္တာကျောက်တန်း တစ်ခု ဖြစ်သော ငကျားမော် နတ်ကျောက် အားလည်း မိုင်းခွဲ ဖြိုချပစ်သဖြင့် ယခုအခါ အဆို သန္တာ ကျောက်တန်းမှာ ပျက်စီး ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရေပေါ် ရေအောက်ရှိ သန္တာကျောက်တန်းများအား မိုင်းခွဲ ဖျက်ဆီးပစ်သဖြင့် ရေနေသတ္တ၀ါများ အကြီးအကျယ် သေဆုံးသွားခဲ့သဖြင့် ယခုအခါ ကျောက်ဖြူ မြို့နယ် အတွင်းရှိ ကမ်းနီး ရေတိမ်ပိုင်းတွင် ငါးရှာ၍ မရတော့ကြောင်း သဗ္ဗာန်ချောင်းရပ်ကွက်မှ လူကြီး တစ်ဦးက ပြောသည်။

" အခု ကျောက်ဖြူ ပင်လယ်မှာ ငါးရှာမရလောက်အောင် ရှားသွားပါပြီ။ လက်လုပ် လက်စား လှေငယ်လေးတွေနဲ့ တစ်ဝမ်း တစ်ခါး ရှာဖွေ စားသောက်နေတဲ့သူတွေက တော်တော့ကို အခက်အခဲ ဖြစ်နေကြပါတယ်။ ငါးက လုံးဝကို ရှားသွားတာ။ ပင်လယ်ထွက်ရင်လည်း ဟိုနေရာ မဖမ်းရ၊ ဒီနေရာ မသွားရနဲ့ လူတွေက ဘယ်လိုမှ လုပ်ကိုင် စားသောက်ဖို့ အခွင့်မသာတော့ပါဘူး" ဟု ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ငစရိုင်းချောင်းကျွန်းရှိ ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ ငစရိုင်းချောင်း ကျောက်တောင်အားလည်း ကုမ္ပဏီတစ်ခုမှ မိုင်းခွဲပြီး ကျောက်ထုတ်နေကြောင်း သတင်း ရရှိသည်။ အဆိုပါ ကျောက်တောင်ပြိုပျက်သွားပါက လေမုန်တိုင်းများ ၀င်ရောက်လာနိုင်သလို ပင်လယ်ရေများ ကျွန်းပေါ်သို့ တက်လာနိုင်သဖြင့် ဒုက္ခ ဖြစ်မည်ကို ကျွန်းပေါ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။ 


သတင်းရင်းမြစ်   နေရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>