အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, June 1, 2012

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ





Photo..AP
(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

 မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။ အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် ?8wO_ wလို)ဝေးသော မဟာချိုင်၏ လမ်းမပေါ်တွင် စုဝေးနေကြခြင်းဖြစ်ပြီး ငါး၊ အစားအသောက်ပြုပြင်သော စက်ရုံများတွင် လုပ်ကိုင်နေရာမှ တစ်ရက် ခွင့်ယူလာကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာတာပါ" ဟု အနီးအနားတွင် အလုပ်လုပ်ကိုင်သူ တင့်လွင်ဦးက ပြောသည်။ "သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့်လာတာပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ဆိုသည်။ မဟာချိုင်မှ မြန်မာရွေ့ပြောင်း လုပ်သားထုကြီးသည် ပျော်ရွှင်နေကြသည်။ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသည်နှင့် တူနေသေးတော့သည်။ ဒီမိုကရေစီ တေးသံများ ပျံ့လွင့်နေသည်။ အချို့သည် "မြန်မာပြည် လွတ်လပ်ခွင့်ပေးပါ"၊ "အိမ်ပြန်ချင်ပြီ" စသည့် ပိုစတာများ၊ အလံများ၊ဝှေ့ယမ်းလျက်ရှိပြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်ထားသည်။ "ဘာမှ အားမငယ်ပါနဲ့။ သမိုင်းက အမြဲတမ်း ပြောင်းနေတာပါ။ ဒီနေ့ ကျွန်မ အားလုံးကို ကတိ တစ်ခုတော့ ပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားမယ် ဆိုတာပါပဲ" ဟု သူက လူအုပ်ကြီးသို့ ပြောသည်။ ဓမ္မာရုံကဲ့သို့ အဆောက်အဦးထဲတွင် များပြားလှသော လူထဲမှ အချို့ကို ရွေးချယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်အနည်းငယ်တွေ့ခွင့် ရကြသည်။ မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် လုပ်ခအနည်းဆုံးနှင့် ခေါင်းပုံဖြတ် အခံရဆုံး ဖြစ်သည်။ ယင်းတို့က တင်ပြလိုသည်များကို ပြောဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရပိုင်ခွင့်များကို လေ့လာရန်နှင့် ရအောင်လုပ်ကြရန် ပြောဆိုခဲ့သည်။ "သူတို့အားလုံး တညီတည်း ပြောကြတာ တစ်ခုက မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုတာပါပဲ" ဟု သူက သတင်းစာဆရာများသို့ ပြောသည်။ "ဒါ ကျွန်မတို့ တာဝန်ပါပဲ။ သူတို့ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရအောင် ဖန်တီးပေးရမယ့် တာဝန် ကျွန်မတို့မှာရှိပါတယ်"ဟု သူကဆိုသည်။ မြန်မာဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။ ယင်းတို့သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး၊ စက်ရုံများ၊ ငါးဖမ်းလုပ်ငန်းများတွင် တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်လျက် ရှိသည်။ အပြင်ရှိ လူအုပ်ကြီးမှာ အမှန်တရားနှင့် အကောင်းမြင်မှုများ ရောလျက် စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် အလုပ်အကိုင် ရရှိရေးကို ဖြစ်လာစေရန် မလွဲမသွေ အချိန်ယူရဦးမည် ဖြစ်သည်။ "ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာရင် ဒီမှာ အလုပ် လာလုပ်စရာ မလိုတော့ဘူး"ဟု ဈေးထဲတွင် ငါး သန့်ရှင်းရေး အလုပ်လုပ်သူ ရန်နိုင်က ပြောသည်။ ရန်နိုင် ဖြစ်လိုသော အရာမှာ အစောဆုံး လာမည့် သုံးနှစ်အတွင်း ဖြစ်လာနိုင်စရာ မရှိပေ။ ထိုသို့ ဖြစ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အခြေခံဥပဒေပြောင်းလဲမှုများ ရှိလာရန် တွန်းအားပေးရမည် ဖြစ်သည်။ လက်ရှိအားဖြင့် လွှတ်တော်တွင် ၂၅% ကို စစ်တပ်အတွက် နေရာပေးထားရသည်။ ယခုအချိန်တွင်မူ စီးပွားရေး၏ အဓိပ္ပာယ်ကို ရိုးရိုးလေး စဉ်းစားပါက အရှေ့တောင်အာရှ၏ စီးပွားရေး ဌာနကြီးဖြစ်သော ထိုင်းနိုင်ငံသည် အလုပ်ရှာရန် ဆွဲဆောင်နေသော ဒေသတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ခိုင်ထူးကျော်သည် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ရာ တစ်ရက်လျှင် ဘတ် ၃၀၀ (၈ဒေါ်လာ/ ၅ ပေါင်) ရရှိသည်။ ယင်းမှာ ထိုင်းနိုင်ငံ စံဖြင့် ကြည့်လျှင်ပင် လုပ်ခနည်းလှသည်။ သို့သော် ယင်း၏ တိုင်းပြည်ထက် စာလျှင် ဝင်ငွေကောင်းနေသေးသည်။ "ဗမာပြည် ပြန်သွားပြီးတိုင်း၊ ဒီကို ပြန်လာချင်တယ်။ ဒီမှာ ဝင်ငွေ ပိုကောင်းနေလို့ပါပဲ"ဟု ယင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုသမိုင်းဝင်ခရီးစဉ်၏ အဓိက ဖြစ်စဉ်မှာ သောကြာနေ့တွင် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမှု ဖြစ်သည်။ သူသည် မဟာချိုင်သို့ ဦးစွာ လာရောက်၍ မြန်မာရွေ့ပြောင်း လုပ်သားများကို မိန့်ခွန်း ပြောကြားခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အလေးထားမှုများ ဘယ်မှာရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်သည်။


သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည် မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယ အကြိမ် ရောက်ရှိလာပြီး နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊မြန်မာတာဝန် ရှိသူတွေနဲ့ တွေ့ဆုံ




"ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တကယ်တော့ ကျွန်မတို့ပြည်သူပြည်သားတွေ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာ ဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်လို့ ရှိရင်တော့ ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး။ "

"တကယ်တော့ သံရုံးမှာရှိတဲ့ အရာရှိတွေသာ ကျွန်မတို့ရဲ့သံတမန်မဟုတ်ဘူး။ ကျွန်မတို့ နိုင်ငံသားအားလုံးဟာ ကျွန်မတို့?:WOY w ဖြစ်တယ်။ ဒီတော့ ကိုယ့်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အတွက် ကိုယ်ကလည်း သိက္ခာရှိရှိ နေရမယ်။"

မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယအကြိမ် လာရောက်ပြီး နိုင်ငံသား
စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့တဲ့အထဲကကောက်နှုတ်ချက် (RFA)
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။
မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”
“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”

“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။

“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”

ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။


သတင်းရင်းမြစ်    VOA
>>>ဆက်ဖတ်ရန်>>> >>

ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစတင်ပြီးနောက် ပြင်ဦးလွင်၊ နောင်ချို မြို့နယ်တွင် လယ်မြေ သိမ်းခံရမှုမြင့်တက်


မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI)

ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။

“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။

 
ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )

လက်ရှိကာလတွင် လယ်ယာမြေအသိမ်းခံထားရသည့် ရွာပေါင်းမှာ (၆၄) ရွာထိ ရှိလာပြီး တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်း စတင်ချိန်တွင် လယ်ယာမြေသိမ်းခံရမှု ပိုမိုမြှင့်တက်လာသည်ဟု ၎င်းက ပြောသည်။

လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားအများစုသည် ၎င်းတို့ပိုင် လယ်ယာမြေများပေါ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသော်လည်း လယ်ယာမြေနှင့် ပတ်သက်သော အသိပညာဖွံ့ဖြိုးမှု နည်းပါးသည့်အတွက် သီးစားခွန်၊ ပုံစံ(၁၀၅)နှင့် မြေယာမှတ်ပုံတင်ခြင်းများကို ပြုလုပ်ထားခြင်း မရှိသောကြောင့် လွယ်ကူစွာ အသိမ်းခံရခြင်းဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တောင်သူလယ်သမားကွန်ရက်မှ မှတ်ချက်ချ သည်။

လယ်ယာမြေများ အသိမ်းခံရမှုတွင် ကုမ္ပဏီများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များမှ ပူးပေါင်းသိမ်းယူမှုများပြားပြီး တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သိမ်းယူမည်ဆိုပါကရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှခေါ်ယူပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်လျှက်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကုမ္ပဏီများမှ ပိုင်ဆိုင်ကြောင်း ပြောဆိုကာ အမြန်ဆုံး ဖယ်ရှားခိုင်းလျှက်ရှိသည်ဟုလည်း ကွန်ရက်မှပြောသည်။

“လယ်ယာမြေတွေသိမ်းမယ်ဆိုရင် ရပ်ကွက်ဥက္ကဋ္ဌကမင်းတို့လုပ်စားနေတာ ကုမ္ပဏီပိုင်မြေတွေဖယ်ပေးရမယ်။ မဖယ်ပေးရင် ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူမယ်ဆိုပြီး ခေါ်ပြောတယ် ”ဟု လယ်ယာမြေဧက(၆၀)ကျော် သိမ်းခံထားရသည့် ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာမှ ဦးအောင်နိုင်ကပြောသည်။

အဆိုပါကဲ့သို့ တောင်သူလယ်သမားများသည် လယ်ယာမြေများ အသိမ်းခံရခြင်းကြောင့် ၎င်းတို့၏ ဘ၀ရပ်တည်ရေးအတွက် လုပ်ကိုင်စားသောက်ရန် မြေယာများမရှိတော့ဘဲ ကျောက်တူးခြင်း၊ အုတ်ရိုက်ခြင်း စသည့် ကြုံရာကျပမ်းအလုပ်များကိုသာ လုပ်ကိုင်စားသောက်လျှက်ရှိကြောင်း မြေယာအသိမ်းခံရသည့် လယ်သမားများက ပြောသည်။

“တောင်သူတွေမှာ လယ်စိုက်ဖို့ ယာလုပ်ဖို့အတွက် ကိရိယာတွေ အစုံအလင်ရှိပေမယ့် လုပ်ကိုင်စားသောက်မှုအတွက် မြေနေရာမရှိတော့ဘူးဟု “စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်းကပြောသည်။

ယင်းကဲ့သို့ လယ်ယာမြေအသိမ်းခံရမှုများကို တောင်သူလယ်သမားများမှ လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအပါအ၀င် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များထံ အသနားခံစာနှင့် တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။

“ကျေးရွာပေါင်း (၄၀)ကျော်က စာတင်လိုက်တဲ့အချိန်မှာ ဧက(၇၀၀) ကျော်ပြန်ရထားတယ်ဟု” တောင်သူလယ်သများကွန်ရက်မှ ဦးနေလင်းဦးကပြောသည်။

ယခုလို လယ်မြေအများအပြား သိမ်းဆည်းခံရမှုကှို ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက “ သာမန်လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သများတွေဟာ အကြောက်တရားတွေနဲ့ နေခဲ့ရတယ်။ အဲဒီအကြောက်တရားတွေနဲ့ နေခဲ့ရတဲ့သူတွေဆီက ခြိမ်းခြောက်ပြီး ယူသွားမယ်ဆိုရင် ခံကြရတာပေါ့” ဟု မှတ်ချက်ချပြောဆိုသည်။

ို ယခုနှစ် မတ်လဆန်းတွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားများမှ စုပေါင်း၍ စိမ်းလန်းပြင်ဦးလွင်ကွန်ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေ အသိပညာပေး ဆွေးနွေးပွဲကို မေလ(၁၉)ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း “သိမ်းဆည်းမြေယာ ပြန်ပေးပါ” ဆိုသည့် စာတမ်းပါ တီရှပ်များဖြင့် ၀တ်ပြုဆုတောင်းပွဲတရပ် ပြုလုပ်ရာ ယင်းဘုရားပရ၀ုဏ်ကို သော့ပိတ်ထားခဲ့သည့် အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့သည်။        ။


သတင်းရင်းမြစ်    Yangon Press International (YPI)
>>>ဆက်ဖတ်ရန်>>> >>

ပြည်လုံးညီလာခံအတွက် NLD ပြင်ဆင်


NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုစုံညီ ညီလာခံတခု ကျင်းပနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်း ကော်မရှင်အဖွဲ့တွေကို စတင် ဖွဲ့စည်းနေပါပြီ။ ရပ်ကွက် ကျေးရွာတွေက အစတိုင်းနဲ့ ပြည်နယ်တွေအထိ အဆင့်ဆင့် အစည်းဝေးတွေ ကျင်းပကာ ပါတီရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်သူတွေနဲ့ ပြန်လည် ဖွဲ့စည်းသွားမယ်လို့ NLD ပါတီက ပြောပါတယ်။ ဘယ်တော့လောက် NLD ပါတီ ဗဟိုညီလာခံ ကျင်းပမလဲ ဆိုတာကိုတော့ NLD ပါတီက အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသား ဒ်ီမိုကရေစီအဖွဲချုပ်ဟာ၂၀၁၂ ဇန်န၀ါရီလ (၅) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ရထားအပြီး အခု NLD ပါတီအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗဟိုစုံညီ ညီလာခံကြီး တခုကို ဒီနှစ်ကုန်ပိုင်းတွင်း ကျင်းပနိုင်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မေလ ၃၁ ရက် ကြာသာပတေးနေ့မှာ NLD ဗဟိုညီလာခံ ကျင်းပနိုင်ဖို့ အတွက် တိုင်းနဲ့ပြည်နယ် ၃ ခုရဲ့ ကော်မရှင်ကို စဖွဲလိုက်ပြီလို့ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်း ပါတီကော်မရှင်တွေ ဖွဲ့တယ်။ ဒီအထဲမှာ မန္တလေး၊ ရန်ကုန်၊ ကချင်ပြည်နယ်ရယ် ပါပါတယ်။ ကျနော်တို့ ဒီညနေပဲ ထွက်ပါတယ်။ ပြည်နယ်တိုင်း ကော်မရှင်က လက်အောက်ခံ နောက်ဖြစ်လာမယ့် ခရိုင်ရယ်၊ မြို့နယ်ရယ်၊ ရက်ကွက် ကော်မရှင်တွေကို သူတို့က ထပ်ဆင့်ဖွဲ့ရမယ်။ အဲဒါတွေ ဖွဲ့ပြီးသွားလို့ရှိရင် ကျနော်တို့ ရပ်ကွက်ကျေးရွာက စပြီးတော့ ညီလာခံတွေ ကျင်းပလာမယ်။ ရက်ကွက်ပြီးရင် မြို့နယ် ၊ မြို့နယ်ပြီးရင် ခရိုင်ပေါ့။ အဲဒီလို အဆင့်ဆင့် နောက်ဆုံး ဗဟိုညီလာခံပေါ့၊ အဲဒီအထိ လုပ်ဖို့ ဆိုင်းပြင်းနေတာပါ။ မနက်ဖြန်ခါကိုလည်း တချို့ ထွက်နိုင်ပါတယ်။ စာရင်းတွေ ပြုစုတယ်လေ၊ ပြည့်စုံတဲ့ဟာတွေကို ဖွဲ့ပြီးတော့ ထုတ်ပေးတယ်။ မနက်ဖြန်ကျရင်လည်း ကျန်နေတာက တနင်္သာရီရယ်၊ ကရင်၊ မွန်ရယ် နောက် ကယားရယ် ဒီ ၄ ခု ကျန်တယ်။"

တနိုင်ငံလုံးမှာလည်း NLD ပါတီဝင်သစ် လျှောက်လွာတွေ ခေါ်ယူတာတွေလည်း လုပ်ထားပါတယ်။ မြို့နယ် ကျေးရွာတွေကနေ တဆင့် ပြည်နယ်နဲ့ တိုင်းတွေထိ အဆင့်ဆင့် ညီလာခံတွေ ကျင်းပကာ ပါတီဝင်တွေ၊ ရွေးချယ် တင်မြှောက်သူတွေနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေလည်း ပြန်လည် ဖွဲ့စည်းတာတွေ ဖြစ်လာမယ်လို့လည်း ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။

"ညီလာခံ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အတိုင်း သွားရမှာဆိုတော့ ဒီအတိုင်းဆို ပြုပြင်တာတွေ ရှိသွားမှာပေါ့။ ဗဟိုအလုပ်အမှုဆောင် ဖွဲ့နိုင်တဲ့အထိ လုပ်သွားမှာ။ ရွေးကောက် တင်မြှောက်ခြင်း နည်းလမ်းနဲ့ပေါ့။ ကျနော်တို့ လုပ်ငန်းစဖို့ကတော့ နောက် ၂ လ လောက်ဆို စနိုင်မယ် မှန်းတယ်။ ပြီးဖို့အချိန်ကတော့ ဒီနှစ်အတွင်း ပြီးအောင် ကြိုးစားမယ်။"


ပြည်နယ်နဲ့ တိုင်းတွေမှာ ညီလာခံတွေ အဆင့်ဆင့် ကျင်းပပြီးရင် ကိုယ်စားလှယ်တွေ အားလုံးစုံညီတဲ့ ဗဟို ညီလာ;Nȏ_og ရန်ကုန်မှာ ပြူလုပ်ဖို့ စီစဉ်ထားပြီး အခုလို ကျင်းပနိုင်ဖို့အတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း ရတာမျိုးတွေလည်း မရှိပါဘူးလို့လည်း ပြောပါတယ်။ ဒါဟာNLD ပါတီအတွက် ပထမဆုံးအကြိမ် ပြုလုပ်မယ့် စုံညီ ညီလာခံတော့ မဟုတ်ပါဘူး။ NLD ဟာ ၁၉၈၈ မှာ နိုင်ငံရေး ပါတီကြီးတခု ဖြစ်လာပြီးတဲ့ နောက်ပိုင်း ၁၉၈၉ မှာ ပထမဆုံးအကြိမ် လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် အောင်အောင်မြင်မြင် ညီလာခံကို မကျင်းပနိုင်ခဲ့ပါဘူး။

"ပထမ အကြိမ်က ၁၉၈၉ တုန်းလောက်က လုပ်ပါတယ်။ ဒါပေမယ့် အပြည့်အစုံ မလုပ်နိုင်ပါဘူး။ ၀တက်တပျက်နဲ့ အားလုံး ပြီးစီးအောင် မလုပ်နိုင်ပါဘူး။ ဒီတခါတော့ ပြီးစီးအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။"

NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း ပြောပြခဲ့တာပါ။ အခု NLD ပါတီက  စုံညီ ညီလာခံ ကျင်းပနိုင်ဖို့ စီစဉ်နေတာနဲ့ တချိန်တည်းမှာပဲ ပြည်နယ်နဲ့ တိုင်းတွေမှာ NLD ပါတီရဲ့ ဆိုင်းဘုတ်တွေနဲ့ ရုံးခန်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ရုံးခန်းဆိုရင်လည်း တခုပဲ ဖွင့်ဖို့ဆိုပြီးတော့ သတိပေးတဲ့ ကြေငြာချက်တွေကို ဗဟိုအလုပ်အမှုဆောင်က ပါတီဝင်တွေကို ထုတ်ပြန် အသိပေးထားတာလည်း ရှိပါတယ်။

အခုညီလာခံ ကျင်းပနိုင်ဖို့အတွက် ဗဟိုကော်မရှင်တခု ဖွဲ့ထားပြီး အဲဒီအထဲမှာ သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက ဥက္ကဌ၊ ဦးဥာဏ်ဝင်းက အတွင်းရေးမှုး အဖြစ် တာဝန်ယူထားပြီး ဒီကော်မရှင် အဖွဲ့ဝင် အားလုံးပေါင်း ၉ ဦး ပါရှိပါတယ်။ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပေမယ့် စစ်အစိုးရ အာဏာ လွဲပေးချင်းမရှိခဲ့သလို အဲဒီအချိန်က NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ တခြား ထိပ်တန်း ခေါင်းဆောင်တွေအပြင် NLD ပါတီဝင် အများအပြား ထောင်ချ အပြစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံမှာ စစ်အစိုးရက ဦးဆောင်ပြီး၂၀၁၀ ရွေးကောက်ပွဲ လုပ်ခဲ့စဉ်တုန်းကလည်း NLD ပါတီဟာ ရွေးကောက်ပွဲ မ၀င်ပဲ သပိတ်မှောက်ခဲ့သလို ပါတီအဖြစ်လည်း မှတ်ပုံ မတင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး သိပ်မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာအပြီး  အရပ်သားအစိုးရ ကျင်းပတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကော7zwuO[ս[wို့အတွက်၂၀၁၁ နိုဝင်ဘာလမှာ NLD ပါတီဟာ နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။



သတင်းရင်းမြစ်    VOA
>>>ဆက်ဖတ်ရန်>>> >>

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေး


ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

- ရွေ့ပြောင်းမြန်မာလုပ်သားများ၏ ကလေးများ ထိုင်းကျောင်းများသို့ တက်ခွင့်ရရေး
- လက်မှတ်မရှိသော ရွှေ့ပြောင်းလုပ်သားများကိစ္စ
- အလုပ်ရှင်များက လုပ်သားများ၏ ပတ်စပို့စ်များကို သိမ်းထားခြင်း ကိစ္စ
- အလုပ်ရှင်များမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိပါက တာဝန်ယူကုသပေးရန်

အစရှိသည်တို့ကို ဆွေးနွေးပြောကြားသွားကြောင်း အတူလိုက်ပါနားထောင်ခွင့်ရခဲ့သည့်
ထိုင်း သတင်းထောက် Natty Tangmeesan က သတင်းပေးပို့ပါသည်။

Nobel Peace Prize winner Aung San Suu Kyi and Deputy Prime Minister of Thailand ... Police Captain Dr. Chalerm Yubamrung discuss about Burmese migrant workers & refugees issues and how to improve their lives, during that meeting Chalerm said ASSK: children of migrant workers can enter Thai schools.
Chalerm promises to DASSK to do his best to help Burmese migrant workers.
Thai duty prime minister explain that, Burmese migrant workers in TH are around 2 millions but only 800,000 documented.
The government approved 30 baht health fund & 300 baht daily minimum wage for documented migrant workers.
ASSK: asked what about the undocumented workers?
Chalerm answered MM govt needs to verify 1.2 mil undocumented ones.
ASSK: told Chalerm : problems are 1. employers take migrant's passports
2. if injured while working, employers don't pay for doctors.
ASSK: asked Chalerm to make sure that employers take care of their migrant employees.
quoting cover conversation by Thai Reporter (Natty Tangmeesan)


သတင်းရင်းမြစ်    သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်


မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများက ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်း ဝယ်ယူခြင်း၊ တာဝါတိုင် စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ “မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Elite Tech မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဖုန်းဈေးနှုန်း သတ်မှတ်တာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆက်သွယ်ရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဘက်က ပိုက်ဆံစိုက်ထုတ်ပြီး စက်ပစ္စည်းတွေ ဝယ်တယ်။ ပြီးရင် ဆက်သွယ်ရေးကို ပြန်ရောင်းပေးတယ်။ ဆက်သွယ်ရေးကလည်း ဖုန်းတန်ဖိုးလျှော့ချလို့ စက်ပစ္စည်းကို လျှော့မဝယ်ဘူး။ နိုင်ငံတကာ နှုန်းထားအတိုင်းပဲ ဝယ်တယ်၊ လုပ်ပိုင်ခွင့် အနေနဲ့ တာဝါတိုင်စိုက်ပြီး ဖုန်းရောင်းရတာပဲ ရှိပါတယ်။ ဈေးနှုန်းတွေ လျှော့ချပေးတယ် ဆိုတာကတော့ လက်ရှိ ဆက်သွယ်ရေးက Operator ဖြစ်တဲ့အတွက် သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဖုန်းဆင်းကတ် တန်ဖိုးနှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်မားလျက်ရှိနေပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံ စတင် အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများ နိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီး ရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင် ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုး ဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်း ဖုန်းဆိုင်မှ မိုဘိုင်း ကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးနိုင်ရန် ဥပဒေ လိုအပ်မည်ဖြစ်ကြောင်း ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။


သတင်းရင်းမြစ်    သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>