အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 20, 2012

ရခိုင်တိုင်းရင်းသား ၁၁ ဦးအသတ်ခံရမှု ဘင်္ဂါလီများ တူမီးသေနတ်သုံး



ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ဒဏ်ရာ ရရှိသူများထဲမှ တစ်ဦးမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း ရသေ့တောင် ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ကူတောင် ကျေးရွာ ဒေသခံများကို ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။

ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင် ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများသည် ဇွန်လ ၁၉ ရက်နေ့ (ယနေ့) နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကူတောင် ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးသူများကို ပြန်လည် နှိမ်နှင်းလိုက်လံရာမှ ရခိုင်တိုင်းရင်းသားများ အနောက်ပြင် ကျေးရွာ နားသို့ အရောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့ ဒေသခံများက ပြောကြားသည်။

“မီးတိုက်တဲ့သူတွေကို ရွာသားတွေက လိုက်ထုတ်ကြတယ်။ လိုက်ရင်းနဲ့ အနောက်ပြင် ရွာအနား ရောက်တော့ ဘင်္ဂါလီတွေ လူစုပြီး စောင့်နေတယ်။ အဲဒီမှာ အသတ်ခံရတာ။ ထောင်ချောက်ဆင် ထားတဲ့ ပုံစံပဲ“ ဟု ကူတောင် ကျေးရွာဒေသခံ တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးသူများထဲတွင် ကျောင်းဆရာ နှစ်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ စာရေးမ တစ်ဦး၊ အငြိမ်းစား တပ်မတော်သား တစ်ဦးတို့ ပါဝင်ကြောင်း ကူတောင်ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိ ရသည်။
“သေသွားတဲ့ အလောင်းတွေကို ပြန်ပေးဖို့ စစ်တပ်က ပြန်တောင်းနေတယ်။ ဘင်္ဂါလီတွေက မပေးဘူး“ ဟု ကူတောင် ကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။

ဒဏ်ရာ ရရှိသူ ၇ ဦးအနက်မှ ရခိုင် တိုင်းရင်းသား နှစ်ဦးကို ယနေ့ ညနေပိုင်းက ရသေ့တောင် မြို့နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရာတွင် တစ်ဦး ရရှိခဲ့သော ညာဘက်ရင်အုံ ပွင့်ထွက်ဒဏ်ရာမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက် တွင် ဖော်ပြထားကြောင်း၊ ကျန်တစ်ဦးမှာ ဦးနှောက် အာရုံကြောများ ထိခိုက်သွားသည်ဟု ဆေးရုံသို့ လိုက်ပါသွားသူ တစ်ဦးက တယ်လီဖုန်းဖြင့် ပြောကြားသည်။

ယနေ့ ဖြစ်ပွားသော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ အရေးအခင်းတွင်း ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ဘင်္ဂါလီလူမျိုး ၂ ဦး၏ အလောင်းကို ဘင်္ဂါလီလူကြီး အီဆူး အိမ်တွင် တွေ့ရကြောင်း ရသေ့တောင် ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး အဖွဲ့များသို့ ဇွန်လ ၁၉ ရက်နေ့ ညနေ လေးနာရီခန့်က ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
>>>ဆက်ဖတ်ရန်>>> >>

KIA နှင့် အစိုးရတပ်တိုက်ပွဲ နှစ်ဘက် ကျဆုံးမှုရှိ


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က KIA နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။


KIA__B_Flag


အစိုးရဘက်မှ ခလရ ၁၂၃ ၊ ခလရ ၄၅ ပူးပေါင်းအဖွဲ့များနှင့် KIA တပ်ရင်း ၃၆ တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးပြီး KIA ဘက်မှ ၁ ဦးသေ ၁ ဦးဒဏ်ရာရရှိကြောင်း KIO ပြောခွင့်ရသူ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ ကေအိုင်အေ တပ်ရင်း ၃၆ နဲ့ ခလရ ၁၂၃ ၊ ခလရ ၄၅ အဖွဲ့တွေနဲ့ မနေ့က မုံးကိုးဒေသဘက်မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တယ် သူတို့ဘက်ကတော့ ၁၀ ယောက်ကျော် ထိခိုက်ကျဆုံးသွားတယ်  ကျနော်တို့ဘက်က တစ်ယောက် ကျတယ် တစ်ယောက်က ဒဏ်ရာရတယ် ” ဟု သူက ပြောသည်။

အဆိုပါ တိုက်ပွဲမဖြစ်ခင် အစိုးရတပ်များ နော်ဂူရွာ အတွင်းသို့ ဝင်ရောက်လာပြီး တရုတ်လူမျိုး အဖိုးအို ၊ အဖွားအို လင်မ ယား နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သူက ဆိုသည်။

ယမန်နေ့ တစ်ရက်အတွင်း ကချင်ပြည်နယ်၌ အစိုးရတပ် နှင့် KIA တို့ ၆ ကြိမ်ထက်မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဂျွန်လ ဆန်းပိုင်းမှ ယနေ့အထိ နှစ်ဘက်တိုက်ပွဲပေါင်း ၆၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်နေသည့် ဘာသာရေးအစွန်းရောက် ၇ ဦး ဘင်္ဂလားဒေ့ရှ်ဖမ်းဆီးမိ




282679 4164481588706 1195937477 n 









ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနေပြီး မယုံသင်္ကာမှုဖြင့် မူဆလင် ဘာသာရေး 
ခေါင်းဆောင် ၇ ဦးအား ဘင်္ဂလာ အာဏာပိုင်က ယမန်နေ့က ဟိုတယ်တခုမှ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုချက်အရ သိရှိရသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ (အောင်ချမ်းသာမြို့) ရဲမင်းကြီး ကာမ်ရုလ် ဟာဆာန် ဦးဆောင်ပြီး သတင်းအရ တနင်္လာနေ့ နေ့လည် ၁း ၃၀ အချိန်တွင် ကော့စ်ဘဇားမြို့မှ ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တရားဥပဒေအရ အရေးယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက် ရှိနေကြောင်း သတင်းများက ဖေါ်ပြသည်။
ယင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများနှင့် ဆက်စပ်ပြီး ကော့စ်ဘဇားမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု ရဲမင်းကြီး ကာမလရုလ်ထံ အခွင့်တောင်းလာသူများအား ကြိုးကိုင်ထားသူများဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
ရဲမင်းကြီး အနေဖြင့် ဖမ်းဆီးရမိသူ ကော့စ်ဘဇားမြို့မှ ဘာသ7o=O_O՝င် အိနာမူလ် ဟော(က်)၊ အကြီးအကဲ အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီနှင့် ဟာဖေဇ် အာဘ်ဒူလ် ဟော(က်)၊ တာခ်နာမြို့ နီလာမြို့နယ် ဘာသာရေးခေါင်းဆောင် အာဘ်ဆာရ် အူဒ္ဒိန် ဟောင်ဒူရီ၊ ရာမူး (ပန်းဝါမြို့) ဘာသာရေးခေါင်းဆောင် အာဘူလ် မောင်န်ဇူရ်နှင့် ဘာသာရေးကျောင်းဆရာ အာဘူက္ကရ် ဆိဒ္ဒိကီ တို့ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
ရဲမင်းကြီးက "ကော့စ်ဘဇားမြို့ရှိ အာအာဆိ(က်) ပါလောင်ကိ ဟိုတယ်မှာ ဘာသာရေး အစွန်းရောက် ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပြီး သူတို့တွေ စုစည်းဆွေးနွေးနေကြချိန် သတင်းအရ ဖမ်းဆီးတာပါ၊ ဒီမှာ အဲသလို ဖြစ်လာအောင် သူတို့ကြံစဉ်နေခဲ့ပါတယ်။"ဟု သတင်းထောက်များကို ပြောသည်။
ယင်းဘာသာရေး အစွန်းရောက်သူများက ကော့စ်ဘဇားမြို့၌ ဗုဒ္ဓဘာသာဝင်များ၏ လည်သွေးဖြင့် ၀တ်ပြုပူဇော်ပွဲ ပြုလုပ်ရန် စီမံကြိုးပမ်းခဲ့ကြောင်း မြို့လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်များက မူဆလင်များကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်လျက် ရှိနေကြောင်း သတင်းမှား ၀ါဒဖြန့်နံရံကပ်စာစောင်များအား မြို့အနှံ့တွင် ဖြန့်ဝေခဲ့သည်။
ယခုအခါ ကော့စ်ဘဇားမြို့၌ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်စပ်၍ အကြမ်းဖက်မှုများ မဖြစ်လာရေးအတွက် လုံခြုံရေးကို စစ်တပ် အပါအ၀င် ချထားသည်။
ကော့စ်ဘဇားမြို့နှင့် ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ကျေးရွာများ အနေဖြင့် ယခုအချိန်ထိ စိုးရိမ်မှုများ ကြီးထွားနေပြီး လုံခြုံရေးအရ ညဥ့်ကင်း စောင့်နေကြသည်။
လွန်ခဲ့သော စနေ့၊ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပန်းဝါ(ရာမူး)မြို့နယ် ဆိုနာဆရီ (ရွှေချောင်း)နယ်မြေတွင် ရခိုင်ပြည်မှ ဘာသာရေး ခေါင်းဆောင်များ ကျေးရွာများ အနီးအနားသို့ ရောက်ရှိနေကြောင်း မျက်မြင်များက သတင်းပေးပို့ချက်အရ ဒေသအတွင်း စိုးရိမ်မှုများ ကြီးထွားနေသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကာလတွင် ဘင်္ဂလာအာဏာပိုင်များက နိုင်ငံအတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို နေရာအနှံ လိုက်လံဖမ်းဆီးခဲ့ပြီး ထောင်များ၌ ထိမ်းသိမ်းထားကာ ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိနေကြောင်း သတင်းရရှိသည်။
ယမန်နေ့ကအထိ နတ်မြစ်ဖြတ်ကျော်ပြီး ကျူးကျော်လာကြသည်ဟုဆိုကာ ဖမ်းဆီးရမိသည့် ၁၅၆ ဦးရေအနက် ၁၄၄ ဦးကို ရခိုင်ပြည်နယ်သို့ တာခ်နာအခြေစိုက် BGBတပ်ရင်းအမှတ် (၄၂)က တရားမ၀င် နယ်စပ်များမှ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သတင်းရင်းမြစ်  arakantimes     
>>>ဆက်ဖတ်ရန်>>> >>