အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 17, 2012

နေပြည်တော်ပျဉ်းမနား ၌ အာဇာနည်နေ့ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခွင့် ငြင်းပယ်



၆၅နှစ်မြောက် အာဇာနည်နေ့တွင် နေပြည်တော်ပျဉ်းမနား ၌ ငြိမ်းချမ်းစွာစုဝေးခွင့် / စီတန်းလှည့်လည် ခွင့် လျောက်ထားမှုကို နေပြည်တော် တိုင်းဒေသကြီးပြည်နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ငြင်းပယ် လိုက်ကြောင်းသိရသည်။

အာဇာနည်နေ့တွင် ဗိုလ်ချုပ်လမ်း၊ငွေဆောင်ရုပ်ရှင်ရုံမှ မင်္ဂလာရှမ်းကန်ရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ လွမ်းသူ ပန်းခွေချရန် အတွက်ငြိမ်းချမ်းစွာစုဝေးခွင့် /ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ခွင့်ပြုရန်ကိုမျိုးတေဇမောင်   မှ လျောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုလျှောက်ထားချက် ကိုငြင်းပယ်ရခြင်းမှာ လွမ်းသူပန်းခွေချရန်ချီတက်စဉ် နှောက်ယှက်လိုသူများမှ ၀င်ရောက် ပူးပေါင်း၍ လှုံဆော်ခြင်း၊ ဆူပူရမ်းကား ဖျက်ဆီးမှု များပြုလုပ်နိုင်သဖြင့်လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးမှုကိုထိခိုက်ပျက်ပြား နိုင်ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လမ်းသည် လူစည်ကားရာနေရာဖြစ် သည့်အပြင် လမ်းဆုံလမ်းခွဖြစ်ရာယာဉ်ကြော ပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများဖြစိပေါ်နိုင်ခြင်းတို့ကြောင့်တို့ကြောင့်ဖြစ် သည်ဟု ငြင်းပယ်သည့်အမိန့်စာတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်း/ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၅တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်  အရခွင့်ပြု  မိန့်ထုတ်ပေး ရန်ငြင်းပယ် လိုက်ခြင်းဖြစ်ပြီး ခွင့်ပြုမိန့် ထုတ်ပယ်ခြင်းနှင့် စပ်လျဉ်း၍
ငြိမ်းချမ်းစွာ စုဝေးခွင့် / စီတန်းလှည့်လည်ခွင်ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်နိုင်ကြောင်း အသိပေး သည်ဟု လျောက်ထားချက်ကိုငြင်းပယ်သည့် အမိန့်တွင်ရေးသားဖော်ပြထားသည်။
 
သတင်းရင်းမြစ်    Popular Myanmar News
>>>ဆက်ဖတ်ရန်>>> >>

တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက် ကုန် ပစ္စည်းများတွင် ခွာနာ လျှာနာရောဂါ
ရှိနေသောကြောင့် လက်မခံနိုင်ဟုဆိုကာ အေးခဲအမဲသားများ တင်ပို့နေမှုကို လုံးဝပိတ်လိုက်ကြောင်း သတင်း ရရှိသည်။ အဆိုပါ အကြောင်းကြားစာသည် ဇူလိုင်လဆန်းတွင်   UMFCCI  မြန်မာနိုင်ငံ (ကုန်သည် /   စက်မှုအသင်းချုပ်) သို့ ရောက်ပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ထံမှ တစ်ဆင့် မြန် မာနိုင်ငံ မွးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံ
 မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)ဦးဝင်းစိန်က ဇူလိုင် ၁၇ ရက်တွင်ပြောသည်။

''တရုတ်ကို တင်ပို့နေတဲ့ အသားတွေ အမဲသားတွေမှာ ခွာနာ လျှာနာရောဂါ မကင်းရှင်း တာကြောင့်
တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်များ၊ သစ်ပင်၊ ပန်းမန်များ အ၀င်အထွက် စစ်ဆေးရေးဥပဒေအရ အခု ကျွန်တော် တို့ ဆီက အေးခဲအမဲသားတင်ပို့မှုတွေ ရပ်ဆိုင်းသွားပါပြီ ''ဟု ၎င်းက ပြောသည်။

အေးခဲအမဲသားအပြင် ကြက်ငှက်တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများပါ တရုတ်နိုင်ငံ သို့ တင်ပို့
ရောင်းချခြင်းနှင့် အသားထွက်ကုန်များကို အခြားနိုင်ငံမှ ၀ယ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုပါ ပိတ်ပင်လိုက်ကြောင်း အထက်ပါစာတွင် ပါရှိသည်။
''မြန်မာမှာ ကြက်ငှက်တုပ်ကွေးနဲ့ ခွာနာလျှာနာကျရောက်နိုင်တဲ့အတွက် သူတို့ဆီ ကနေပြီးတော့ဒီ အသားတွေ တင်ပို့ခြင်းကို လက်မခံနိုင်ပါဘူးဆိုပြီးတော့ မြန်မာသံရုံးကို တရုတ်နိုင်ငံ မွေးမြူရေး ဌာန ကနေပြီးတော့တရားဝင်အကြောင်းကြားထားတယ်'' ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ(၃) ဒေါက်တာလှလှသိန်းက လည်း ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံသို့ အသားတင်ပို့သော လုပ်ငန်းရှင်များ ၏ စက်ရုံ၊ အလုပ်ရုံများလည်း ရပ်ဆိုင်း
သွား၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်ကြကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံသည် တရုတ် 
နိုင်ငံသို့၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇွန် သုံးလအတွင်း အေးခဲအမဲသားတန်ချိန် ၄၈၈၄ တန် တင်ပို့နိုင်ခဲ့သည်။ သို့ရာတွင် ပုံမှန်ရက်သတ္တပတ်တစ်ပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄၀၀ ခန့်တင် ပို့နေရာမှ ဇွန် ၂၇ ရက်မှ ဇူလိုင်၃ ရက်တွင်မူ ၁၄၅ တန်သာ တင်ပို့နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ စာရင်းဇယားများအရ သိရှိရသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်း များအားလုံး လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်း  7 days News           

>>>ဆက်ဖတ်ရန်>>> >>

မြန်မာ-လာအိုကားလမ်းအား အာရှဖွံ့ဖြိုးမှုဘဏ်အကူအညီဖြင့် တည်ဆောက်သွားမည်

မြန်မာနှင့် လာအိုနှစ်နိုင်ငံကြား ဆက်သွယ်ပေးမည့် ကားလမ်းမကြီး အား  နိုင်ငံတကာ အဆင့်မီ လမ်းမကြီးအဖြစ် တာဝန်ယူဖောက်လုပ်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရှိရသည်။
နိုင်ငံတကာအဆင့်မီ ကားလမ်းမများဖြစ်ပေါ်စေရန် အာရှဖွံ့ဖြိုးမှုဘဏ်မှ လိုအပ်သည့် နည်းပညာ ပံ့ပိုးမှု အပါအ၀င် အကူအညီအထောက်အပံ့ပေးမှုများပြုလုပ်၍ ၂၀၁၅ခုနှစ် မတိုင်မီအပြီး တည်ဆောက်သွား မည်ဟု သိရသည်။
 
နှစ်နိုင်ငံကြား လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန်အတွက် လာအို-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ-မန္တလေး-မုံရွာ- ကလေး-တမူး စသည့်မြို့ရှိ ကားလမ်းများကို ဖောက်လုပ်သွား မည်ဖြစ်ကြောင်းကို လည်းသိရှိရသည်။
 
“လမ်းတွေရဲ့ အသေးစိတ်အခြေနေတွေကို တာဝန်ရှိသူတွေနဲ့ လေ့လာမှုတွေပြုလုပ်ပြီး ၂၀၁၅ မတိုင်ခင်မှာ လုပ်ပေးသွား မှာဖြစ်တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ပြည်တွင်းက လမ်းတွေရဲ့ အနေ အထားတွေကို အာရှဖွံ့ဖြိုးမှုဘဏ်ကို တင်ပြသွားမယ်။ ဘယ်တော့စပြီးလုပ်မယ်ဆိုတာတော့ မသိရသေး ဘူး။” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
   
အာရှဖွံ့ဖြိုးမှုဘဏ်သည် ကားလမ်းများ အဆင့်မြှင့်တင်မှုများကို ကူညီပေးသွားမည့်အပြင် မဲခေါင်မြစ် ၀ှမ်းဒေသ အတွင်းရှိ တံတားတည်ဆောက်ရန် စီမံကိန်းများကိုလည်း ကူညီဆောင်ရွက်ပေး သွား မည်  ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ထိုကဲ့သို့ အာရှဖွံ့ဖြိုးရေးဘဏ်မှကူညီရခြင်း မှာမြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခြင်းကြောင့်ဟု သိရှိရသည်။
   
အာရှဖွံ့ဖြိုးမှုဘဏ်သည် ယခင်က မဲခေါင်ဒေသတွင်း နိုင်ငံများကို အကူအညီပေးမှုများထဲတွင် အခြားနိုင်ငံ များသာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအား အကူအညီပေးမှုနည်းပါးခဲ့ကြောင်းနှင့် ယခုကူညီထောက်ပံ့ပေး ရခြင်းမှာ မြန်မာနိုင်ငံ၏   ပြုပြင်ပြောင်းလဲမှုအခြေနေကောင်းများကြောင့်  ကူညီရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
သတင်းရင်းမြစ်   Shwe Myitmakha Media Group

 
 
>>>ဆက်ဖတ်ရန်>>> >>

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များ၌ ကူးစက်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရောဂါများရှိလာ


ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ထိန်းချုပ်နယ်မြေရှိ စစ်ဘေးဒုက္ခသည်များတွင် အာဟာရချို့တဲ့သူ အမြောက်အများ ရှိနေသည့်အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရှိကြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်သူများထံက သိရှိရသည်။
ဒုက္ခသည်စခန်းများတွင် ကူးစက်တီဘီရောဂါခံစားနေရသူအမြောက်အများရှိပြီး ဆရာဝန်လုံလောက်မှု မရှိသည့်အတွက် စခန်းမှ ပေးထားသော ဆေးမှူးများနှင့်သာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရကြောင်း ကိုလည်း သိရသည်။
တီဘီရောဂါအဖြစ်များဆုံး ဒုက္ခသည်စခန်းမှာ N-Hkawng Pa စခန်းဖြစ်ပြီး ဒုက္ခသည်စခန်းများထဲတွင် သွားရေးလာရေး အခက်ခဲဆုံးနေရာတစ်ခုဖြစ်သည်။ တီဘီရောဂါသည် ကူးစက်ပျံ့ပွား သည့် ရောဂါဖြစ်
သည့် အတွက် (၈)ပေ ပတ်လည် အခန်းကျဉ်းလေးတွင် မိသားစု (၃)၊ (၄) စု နေထိုင်ရခြင်းသည် တီဘီရောဂါ လွယ်ကူစွာ ကူးစက်နိုင်ကြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်သူများက သုံးသပ်ပြော ဆိုကြသည်။
“နောက်တစ်ခုကျွန်တော်တို့ စိုးရိမ်တာက အခု မိုးရွာနေတယ်။ မိုးရပ်သွားရင်ဝမ်းပျက်ဝမ်းလျော၊ ကူးစက် ရောဂါတွေကိုလည်း စတွေ့နေရပြီ။”ဟု ဒေါက်တာကျော်ဇေယျက ပြောသည်။ ယခုရာသီတွင် ဤကဲ့ သို့ ကူးစက်တတ်သော ရောဂါများသည် လူထောင်ပေါင်းများစွာနေ သည်အတွက်ပိုမို ကူးစက်ရန်လွယ်ကူပြီး ထိန်းချုပ်ရန် ခက်ခဲကြောင်း ဒေါက်တာကျော်ဇေယျက ရှင်းပြသည်။
“နောက်တခု ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ မူးတယ်၊ အားနည်းတယ် ဆိုပြီး ရောက် လာ တဲ့သူတွေ မှာသွေး အားနည်း တဲ့ရောဂါမျိုးတွေလည်း တွေ့တယ်။”ဟု ၎င်းက ဆိုသည်။အဆိုပါသွေးအား နည်းရောဂါသည် ပရိုတင်းဓာတ်နည်းခြင်းကြောင့်ဖြစ်ကြောင်း နေ့စဉ်စားသုံးနေသော အစာအစားများသည် ဆန်နှင့်ပဲကိုသာ အားပြုစားသောက်နေကြောင်း သိရသည်။

မိုးတွင်းကာလတွင် စစ်ဘေးဒုက္ခသည်များသည် ထရံ သို့မဟုတ် မိုးကာနှင့်သာနေရ၍ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်အပြင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များလည်းရှိနေကြောင်း နှောင်ကြိုးမဲ့ ကွန်ယက် က ပြောဆိုသည်။ “စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေလ?O][ယ်။ ကိုယ့်အိမ်ကို ဘယ်တော့ပြန် ရမလဲဆိုတဲ့ သောကတွေလည်း သူတို့မှာ ရှိနေတယ်။ ကျွန်တော်ထင်တယ် သူတို့ကို ဘာတွေ ဘယ်လောက်ပေးပေး သူတို့သောက ပျောက်မှာမဟုတ်ဘူး ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာကို အေးအေး ချမ်း ချမ်းပြန်နိုင်ပါပြီ ဆိုတဲ့ စကားကလွဲရင် အခြား ရှိမယ်မထင်ဘူး။”ဟု   ဒေါက်တာကျော်ဇေယျက   ပြော သည်။
ကျန်းမာရေးချို့တဲ့မှုသာမက အစာအာဟာရ ချို့တဲ့မှုများကိုများ တွေ့မြင်နေရသည်။ ကလေးငယ်များမှာ အစာအာဟာရ လုံလောက်မှုမရှိသည့်အတွက် ပိန်ချုံးနေကာ ထမင်းကို ဟင်းမပါ ဆား၊ အာလူးစိမ်းများသာ ကိုက်စားနေရသည်ဟု ကလေးချစ်သူများကွန်ယက်က သိရှိရသည်။
“ကျွန်တော်တို့သွားတဲ့အချိန်မှာ ခေါက်ဆွဲထုပ်ကို ရေဖျော်ပြီးစားရတယ်။ ပြီးရင် ထမင်းတစ်နေ့ နှစ်ခါ ပဲစားရတာတွေ ကျွန်တော်တို့ လက်တွေ့ တွေ့ခဲ့ရပါတယ်။”ဟု ကလေးချစ်သူများ ကွန်ယက်မှ ကိုအောင်မျိုးမြင့် က ပြောသည်။ စစ်ကြောင့် အဓိက ဒုက္ခခံစားရသူများမှာ ပြည်သူများသာဖြစ်၍ သက်ကြီး ရွယ်အို၊ အမျိုးသမီးများနှင့် ကလေးငယ်များ အများစုပါဝင်ကြောင်းကိုလည်း သိရှိရသည်။

ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်ကြား တိုက်ပွဲဖြစ်ပွားမှုသည် တစ်နှစ်ကျော်ကာလအတွင်း ဒုက္ခသည် စခန်း နေထိုင်သူများသည် ပိုပြီးခက်ခဲလာနေခြင်းဖြစ်သည်ဟု ဒုက္ခသည် စခန်းတို့ သွားရောက်ခဲ့သည့် ကချင်ငြိမ်းချမ်း ရေးကွန်ယက်မှ တာဝန်ရှိသူများက ဆိုသည်။

 
သတင်းရင်းမြစ်း  Shwe Myitmakha Media Group

>>>ဆက်ဖတ်ရန်>>> >>

ထုံးကွင်းကျေးရွာတွင် အ၀ီစိတွင်းအပိုင်စီးမှုကြောင့် ရွာသားများဒုက္ခရောက်နေ

ပြင်ဦးလွင်မြို့နယ် ထုံးဘိုအုပ်စုရှိ ထုံးကွင်းကျေးရွာတွင် လူတစ်ဦး၏ အနိုင်ကျင့်ခံရမှုကြောင့် လွန်ခဲ့သော (၅)လခန့်က သမ္မတထံစာတင်ထားသော်လည်း ယခုတိုင် ထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။
ထုံးကွင်းကျေးရွာတွင် ရေရှားပါးမှုကြောင့် အများပိုင်အ၀ီစိရေတွင်းအား စုပေါင်းတူးထားရာတွင် ဦးဌေးလှိုင် ဆိုသူ ကထိုရေတွင်းအား ၎င်းပိုင်ရေတွင်းအဖြစ်သိမ်းယူ ထားခြင်းဖြစ်ကြောင်း ရွာခံများက ဆိုသည်။
ထို့အပြင် ၎င်းအဝီစိရေးတွင်းမှ ရေကိုလည်း ရွာသားများအား ရောင်းစားခဲ့ခြင်းကြောင့် ထိုကိစ္စကို မကျေနပ် ၍ရွာသား(၁၇)ဦးပေါင်း၍ သမ္မတထံ စာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ဒီကိစ္စကို သမ္မတဆီ ထိုင်ထားတာ (၅)လလောက်တော့ရှိပါပြီ၊ ဒါပေမဲ့ အခုထိထူးခြားမှုမရှိသေး ပါဘူး။ ပထမတော့ ကျွန်မတို့(၁၇)ဦးထဲနဲ့ တိုင်ထားတာပါ။ အခုဆိုရင် အယောက်(၇၀)ကျော်သွားပါပြီ။ ကျွန်မတို့အဲ့လို တိုင်ထားလို့ ပထမ(၁၇)ဦးကို ဦးဌေးလှိုင်က ရေမရောင်းပေးတော့ဘူး။” ဟု ထုံးကွင်း ကျေး ရွာရှိ ဒေသခံ ဒေါ်ဘုတ်ဆုံက ပြောသည်။
ထိုကဲ့သို့ သမ္မတထံတိုင်ထားသူများအား ရေရောင်းချခြင်းမပြုသောကြောင့် ကနဦးတွင် (၃)မိုင်ခန့်ဝေးသော ရွာတွင် ရေသွားသယ်ရပြီး ယခုအချိန်တွင်မူ ထို(၁၇)ဦးထဲမှ ဒေါ်စိုးဝင်းစိုသူက အကုန်ကျခံကာ ၎င်းအိမ် တွင်ရေတွင်းတူး၍ထို(၁၇)ဦး၏ ရေအခက်အခဲကို ဖြေရှင်းပေးထားကြောင်းသိရသည်။
“လွန်ခဲ့တဲ့ (၁၅)ရက်လောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးလာသွားတယ်။ ခင်ဗျားတို့ဖြစ်နေတာတွေ ကိုပြေလည် သွားအောင် လုပ်ပေးပါမယ်။ နှစ်ဘက်လုံးကို ညှိနှိုင်းပေးမယ်လို့ပြောသွားပြီ၊ အခုထိမ လာသေးဘူး။” ဟု ထုံးကွင်းကျေးရွာ ဒေသခံ ဦးသန်းလွင်က ပြောသည်။
ရွာသားများအနေဖြင့် အများပိုင်ရေတွင်းတူးရာတွင် နေ့စားအလုပ်လုပ်ကိုင်သူများအား တစ်အိမ်လျှင် (၁၀၀၀) ကျပ် ကောက်ခံခဲ့၍ အလယ်အလတ်အိမ်များအား (၃၀၀၀၀)ကျပ် နှင့် လုပ်ငန်းရှင်များအား (၅၀၀၀၀)ကျပ် ကောက်ခံကာ ရေကန်နှင့် အခြားစက်ပစ္စည်းတန်ဖိုးများမှာ အပြီးအစီး သိန်း(၂၀)ခန့်ကုန် ကျခဲ့ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။ ထိုကိစ္စများနှင့် ပတ်သက်၍ ဦးဌေးလှိုင်၏ သမက်ဖြစ်သူက ရွာသားများအနေဖြင့် မိမိ၏ ယောက္ခမ အပေါ်တဖက်သတ် စွပ်စွဲချက်များ သာ ဖြစ်ကြောင်း မြစ်မခ မီဒီယာသို့ ပြောကြားခဲ့သည်။
“ရေတွင်းကို တူးပြီး ခြံဝင်းခတ်ထားတယ် ဆိုတာက ရွာသားတွေ မညီညွတ်လို့ ရေတွင်းကိုပိတ်ထားတာပါ။ ကျွန်တော်တို့   ဘောလုံးကွင်းကို သိမ်းတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ လျှပ်စစ်က မြေအောက်
ကေဘယ် ကြိုးရှိတဲ့နေရာကို အိမ်တွေ မဆောက်ရအောင် သံဆူးကြိုးလာ ခတ်သွားတာပါ” ဟု ဦးဌေးလှိုင် ၏ သမက်ဖြစ်သူ ကိုကျော်ဆွေမြင့်က ပြောသည်။
 ထုံကွင်းကျေးရွာတွင် အိမ်ခြေ (၂၅၅) အိမ်ရှိကာ ယခုတိုင် ၎င်းဒေသခံများသည် သောက်သုံးရေ အခက်အခဲရှိနေဆဲဖြစ်သည်။


သတင်းရင်းမြစ်   Shwe Myitmakha Media Group

>>>ဆက်ဖတ်ရန်>>> >>

Sky Net အပါအ၀င် လုပ်ငန်းစုံ လုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီ ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ် လုပ်ငန်း တည်ထောင်ရန် MIC မှ ခွင့်ပြုချက်ရရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) မှ ရွှေသံလွင် ကုမ္ပဏီအား ဘီယာ၊ စီးကရက်နှင့် အချိုရည် ထုတ်လုပ်သည့် လုပ်ငန်း တည်ထောင်ရန် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
ရွှေသံလွင်ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် Sky Net ရုပ်သံလိုင်းအပါအ၀င်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ သတ္တု တွင်းတွက် လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ဘီယာ၊ စီးကရက်နှင့် အချိုရည် ထုတ်လုပ်ငန်းအား ထပ်မံလုပ်ကိုင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မကြာသေးခင်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ သည်။

"ရွှေသံလွင်ကုမ္ပဏီက လျှောက်ထားတဲ့ ဘီယာ၊ စီးကရက်၊ အချိုရည်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ချထားပေး လိုက်ပါပြီ။ သိပ်မကြာခင်က ခွင့်ပြုလိုက်တာပါ။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ (Myanmar citizens Investment Law) အရ မြှုပ်နှံခွင့်ပြုတာပါ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

 
သတင်းရင်းမြစ်   Shwe Myitmakha Media Group
 
 
>>>ဆက်ဖတ်ရန်>>> >>