အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, June 12, 2012

စစ်တွေမြို့ ရှိ ရခိုင် အိမ်များနှင့် ဟိန္ဒူ ဘုရားကျောင်း ကို ဘင်္ဂါလီများက မီးရှို့လျှက်ရှိ မီးလောင်ကြွမ်းမှုများ ဆက်လက် ဖြစ်ပွားနေ



ဘင်္ဂါလီ ရိုဟင်ဂျာများကြောင့် မီးလောင်ကျွမ်းနေသော ကျောင်းကြီးလမ်း ရပ်ကွက် နှင့် နာဇီရပ်ကွက် မြင်ကွင်းအား နေ့လည် ၂း၃၀ နာရီခန့်က တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင|O_wွမ်းမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။

အလားတူ စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့် အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ထားကြောင်း Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

သတင်းရင်းမြစ်း  သစ်ထူးလွင်      
>>>ဆက်ဖတ်ရန်>>> >>

ရိုဟင်ဂျာ လှေများ ဘင်္ဂလားဒေ့ရှ်မှ လက်မခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား အကြမ်းဖက်မှုများနှင့် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံရန် ရောက်ရှိလာသော ရိုဟင်ဂျာ လှေများကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ လက်မခံဘဲ တနင်္လာနေ့က ပြန်လည် မောင်းနှင်လွှတ်လိုက်ကြောင်း သိရသည်။

တစီးလျှင် လူ ၅၀ ကျော်ပါ လေ ၁၄ စီးအား ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ အကပ်မခံ၍ ဆိပ်ကမ်းနှင့် မိုင် ၄၀ အကွာ ဘင်္ဂလားပင်လယ်တွင်သာ ရောက်ရှိနေကြောင်း နယ်စပ်ရှိ ရိုဟင်ဂျာအဖွဲ့တခုမှ ဆိုသည်။

“လှေပိုင်ရှင်တွေက ပြောတယ်။ ငါတို့ စစ်တွေက လာတာ။ ငါတို့ အသက်ကို ကယ်ပါ။ အဲဒါ ဘင်္ဂလားဒေ့ရှ် navy (ရေတပ်)က ပြောတယ်။ ငါတို့နိုင်ငံကို မ၀င်နဲ့။ အဲ ဆိုက်ကပ်ဖို့ လှေ ၁၄ ခုကို ပင်လယ်သမုဒ္ဒရာမှာ မျှောပါတယ်” ဟု Arakan National Rohinja Democratic Party ဆိုသည့်အဖွဲ့မှ ဦးမောင်မောင် က မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ စုစုပေါင်း ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာကြသည့် လှေ ရှစ်စီးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည်
မောင်းထုတ်လိုက်ကြောင်း ဖော်ပြထားသည်။

“စစ်တွေက လာတဲ့ လှေ ရှစ်စီးလုံး မြန်မာပိုင်နက်ထဲကို ပြန်နှင်ထုတ်လိုက်တာပါ။ အများစုက မိန်းမနဲ့ ကလေးတွေ
ဖြစ်ပါတယ်။ အတော်များများက ငိုယိုနေကြပြီး အတော်စိုးရိမ်ထိတ်လန့်နေကြပုံပေါ်ပါတယ်” ဟု နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး Shafiqur Rahman က ပြောသည်။

သို့သော် စစ်တွေဒေသခံများကမူ ၎င်းရိုဟင်ဂျာ မူဆလင်များက ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ကို မီးရှို့ကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ဘင်္ဂလား-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ သုံးသိန်းခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက
ရေးသားထားကြသည်။

ရိုဟင်ဂျာ ဟူသောအသုံးကို မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများက လက်မခံကြဘဲ ၎င်းတို့မှာ တဖက်နိုင်ငံမှ ဘင်္ဂါလီများသာ ဖြစ်ကြသည်ဟု သတ်မှတ်ထားသည်။

၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီအစိုးရက ရခိုင်ဒေသရှိ မူဆလင်များကို အိန္ဒိယ တိုင်းရင်းသားများအဖြစ် မှတ်တမ်းတင် ခဲ့သည်။ ထိုစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ တပေါင်းတစည်းတည်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် ၁၉၄၂ ခုနှစ်က ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းဖြစ်ပွားပြီး ရခိုင်ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၁ ခုနှစ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ မူဆလင်ကွန်ဖရင့် ကျင်းပကာ ရခိုင်ပြည်နယ်တွင်း ရခိုင်နှင့် မူဆလင်များ အာဏာခွဲဝေရေးအတွက် တင်ပြခဲ့ကြဖူးသည်။

ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် ဇူလိုင်လ လွှတ်တော်တွင် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တဦး၏ အမေးကို လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဖြေကြားခဲ့ဖူးသည်။

“ကာလရှည်ကြာ မြန်မာနိုင်ငံအတွင်းသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက် နေထိုင်သူများ အများအပြား ရှိလာ သည့်အတွက် ၁၉၇၈ ခုနှစ်အတွင်းတွင် နယ်မြေ ဒေသလုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာ စီမံချက်တို့ဖြင့် စိစစ်ဆောင်ရွက်ပြီး လူဦးရေ ၁၈၀,ဝ၀ဝ ကျော်ကို ပြန်လည် လက်ခံခြင်း ပြုခဲ့ ပါကြောင်း၊ ၁၉၉၂ ခုနှစ် စက်တင်ဘာ၂၂ ရက်မှစ၍ နှစ်နိုင်ငံသဘော တူညီချက်ဖြင့်လည်း ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀ဝ၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ ၂၃၀,ဝ၀ဝ ကျော် လက်ခံဆောင်ရွက်
ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုနောက်ပိုင်း ယနေ့တိုင် လက်ခံစခန်း ဖွင့်ထားသော်လည်း တရားဝင် ပြန်လည် ဝင်ရောက် လာသူ မရှိတော့ဘဲ တရားမဝင် ခိုးဝင်မှုများမှာမူ ယနေ့တိုင် ရှိနေဆဲ ဖြစ်ပါကြောင်း” ဟူ၍ ပြောဆိုသွားခဲ့သည်။

မောင်တောခရိုင်ဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၅၂ မိုင်ခန့် ထိစပ်လျက်ရှိသည်။

သတင်းရင်းမြစ်    မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>

မိုးထိမိုးမိ ဆန္ဒပြရွှေလုပ်သားများ နေပြည်တော်သို့ မသွားရောက်နိုင်အောင် လုံထိန်းတပ်ဖွဲ့ပိတ်ဆို့

မွန်းလွဲ ၁နာရီခွဲ၊ ဇွန် ၁၂၊ ၂၀၁၂၊ YPI

ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသမှ ရွှေတူးဖေါ်သည့် ဆန္ဒပြလုပ်သားများ နေပြည်တော်သို့ ချီတက်လာရာ ရမည်းသင်းမြို့နှင့် ၆ မိုင်အကွာ ရွှေမြင်တင်တောင်တော်မြတ်၌ လုံထိန်းတပ်ဖွဲ့များ၏ ၀ိုင်းဝန်းပိတ်ဆို့ထားခြင်း ခံနေရသည်ဟု ကူညီဆောင်ရွက်ပေးသူ ကိုဟန်ဝင်းအောင်က ပြောသည်။

ရမည်းသင်းနှင့် မိုင် ၄၀ ကွာဝေးသည့် ရွှေတူးသည့်ဒေသမှ နေပြည်တော်သို့ ချီတက်လာသည့် ဆန္ဒပြလုပ်သားများအား ရမည်းသင်းမြို့အနီးအရောက်တွင် ယခုလိုတားဆီးထားခြင်းဖြစ်သည်။

ပိတ်ဆို့ထားလိုက်သည့်အတွက် အတွင်းမှ လုပ်သားများ အပြင်သို့ထွက်ခွင့်မရှိတော့ သကဲ့သို့ အပြင်မှလည်း အထဲသို့ဝင်ခွင့်မရှိတော့သဖြင့် စားရေးသောက်ရေးမှ အစ ခက်ခဲလာနိုင်သည်ဟု ကူညီပေးနေသူများက ဆိုသည်။

ထို့ပြင် ဆန္ဒပြလုပ်သားများအား ကူညီပေးနေသည့် အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် မီဒီယာသမားများ တည်းခိုလျှက်ရှိသည့် ရွှေအိမ်စံ တည်းခိုခန်းပိုင်ရှင်အား ၎င်းတို့ကို လက်မခံရန် နယ်မြေခံ အက်စ်ဘီများက ဖိအားပေးမှုများလည်း ရှိသည်ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

ဆန္ဒပြသူများအား ကူညီလိုက်ပါလာသည့် သံဃာ ၁၁ ပါးကိုလည်း မိမိတို့ သီတင်းသုံးရာ ကျောင်းသို့ပြန်ရန်၊ အကယ်၍ မပြန်ပါက ရမည်းသင်းတွင် လူဝတ်လဲလှယ်ခြင်းခံရမည်ဟု ရမည်းသင်းမြို့နယ် သံဃာနာယက အဖွဲ့က ခေါ်ယူပြောဆို သည်ဟုလည်း သိရှိရသည်။

ဆန္ဒပြ ရွှေလုပ်သားများ အနေဖြင့် ပြေလည်ရေးအတွက် ညှိနှိုင်းလာမည်ကို လိုလားလျှက်ရှိသော်လည်း ယခုလို ပိတ်ဆို့တားဆီးလိုက်ခြင်းသည် အပြုသဘောမဆောင်ကြောင်း အလုပ်သမားအရေး ကူညီပေးသူ ၎င်းက ကောက်ချက်ချ ပြောဆိုသည်။ ။
 
သတင်းရင်းမြစ်    Yangon Press International (YPI)
 
>>>ဆက်ဖတ်ရန်>>> >>

နောက်ဆုံးရသတင်းများ

၁ နာရီ ၂၀
ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက် ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး ထွက်ပြေးရန် ဆောင်ရွက်နေကြောင့် ရခိုင်လူမျိုများက လိုက်လံ ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။

၁ နာရီ ၃၀
 "အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်းရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ခဲ့ပါသည်။


 Photo: စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်းရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့နေသည့် အတွက် လုံခြုံရေးများ ရောက်ရှိလာစဉ်
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်းရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့နေသည့် အတွက် လုံခြုံရေးများ ရောက်ရှိလာစဉ်

သတင်းရင်းမြစ်    Eleven Media Group 


>>>ဆက်ဖတ်ရန်>>> >>

ဒုက္ခသည်များအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ် များကြောင့် ပြည်နယ် အတွင်းရှိ ဒုက်ခသည် များအား တပ်မတော်နှင့် ပြည်နယ် အစိုးရအဖွဲ့မှ ယခုကဲ့သို့ ကူညီ ထောက်ပံ့မှုများ၊ ဆေးဝါး ကုသပေးမှုများ၊ နှစ်သိမ့် အားပေးမှုများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက် ပေးလျက် ရှိသည်။
 
သတင်းရင်းမြစ်    Popular Myanmar News
 
 
 
 


>>>ဆက်ဖတ်ရန်>>> >>