အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 4, 2012

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား




b5_14_08
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊  ဒုတိယ သမ္မတ(၁)  သီဟသူရဦးတင်အောင်မြင့်ဦး၊  ဒုတိယ သမ္မတ (၂)
ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် တို့ကို ၂၀၁၂ ခုနှစ် မတ်လ (၁)ရက်နေ့တွင်ပြည်ထောင်စု လွှတ်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားမှု အစီအစဉ် အပြီး ၌ တွေ့ရစဉ်
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဒုတိယသမ္မတ
ရာထူးမှ နုတ်ထွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၄ ရက်နေ့
မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သေပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးတွင်
 နိုင်ငံတော်သမ္မတမှ ပေးပို့လာသော သ၀ဏ်လွှာကို ဖတ်ကြား၍ ပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားချက်များအရ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၂ ခုနှစ်
ဇူလိုင်လ ၁ရက်နေ့မှ စတင်၍ ကျန်းမာရေး အခြေအနေကြောင့် ဒုတိယ သမ္မတ ရာထူးမှ နုတ်ထွက်ပါကြောင်း
 ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့လာပြီး အဆိုပါ အကြောင်းကြားစာကို နိုင်ငံတော်
 သမ္မတမှ ခွင့်ပြုပြီးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြည်ထောင်စု လွှတ်တော်
 ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရလစ်လပ်နေသောဒုတိယသမ္မတရာထူးအတွက်
 ပြည်ထောင်စုလွှတ်တော်တွင်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှဇူလိုင်လ၁၀ရက်နေ့
 နောက်ဆုံးထား၍ ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်တွင် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု
 လွှတ်တော်နာယကမှ ဆက်လက်ပြောကြားခဲ့ပါသည်။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းကြောင်း ကိစ္စရပ်မှာ မေလ
အစောပိုင်းကပင် သတင်းများ ထွက်ပေါ်ခဲ့ပြီး မေလမတိုင်မီ ရက်များက စင်ကာပူနိုင်ငံသို့ သွားရောက်
 ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေး အခြေအနေကြောင့် တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ထိုအချိန်ကပင်ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးနှတ်ထွက်ပါကဒုတိယသမ္မတ(၁)နေရာတွင်
 အစားထိုး ၀င်ရောက်လာနိုင်ဖွယ် ရှိသူများကိုလည်း ထင်ကြေးပေး မှန်းဆနေကြရာ ပြည်သူ့
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး
လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနှင့် ပြည်ထောင်စုကြံ့
ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ပါဝင်ကြောင်း သိရှိရပါသည်။

သီဟသူရဦးတင်အောင်မြင့်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင်ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရကာ ပြည်သူ့
 လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့
တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် စတင် တာဝန်
ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

သီဟသူရဦးတင်အောင်မြင့်ဦးသည်စစ်တက္ကသိုလ်အပတ်စဉ်(၁၂)မှဖြစ်ပြီးတပ်မတော်တွင်ဗိုလ်ချုပ်ကြီး
အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတွင်
အတွင်းရေးမှူး(၁)အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။၎င်းသည်ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ပြီး
ဆုံးဖြတ်ချက်ချပြီးပါက ပြန်ပြင်လေ့ မရှိကြောင်း နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၇၂)တွင် “နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒုတိယ သမ္မတတစ်ဦးဦး သည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျှောက် နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်” ဟု ဖေါ်ပြပါရှိပါသည်။ 

သတင်းရင်းမြစ်း  Eleven Media Group      
>>>ဆက်ဖတ်ရန်>>> >>

ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change) ကို လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား



ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change)ကို လိုလားနေသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ ပြောကြားခဲ့ သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့အစိုးရဟာ ပြည်သူများက ရွေးချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့သဘောထားကို လေးစားလိုက်နာရမှာဖြစ်ပြီး ပြည်သူအများစုရဲ့ ဆန္ဒကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တာဝန်ရှိလာပါတယ်။ ပြည်သူရဲ့သဘောထားဟာ စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ ပြောင်းလဲရန်ဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါတယ်။ စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ်တွင်သာ ကူးပြောင်းခြ;:=Nϯ_O߼[w်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲ (Change) ကို လိုလားနေခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြောင်းလဲရာမှာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေးကို ဦးတည်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှု အားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အဲဒီလုပ်ငန်းစဉ်အားလုံးသည်ပင် စနစ်သစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ အရာရာကို Rule of Law အတိုင်း ဖြစ်ရန် အား ထုတ်ကြိုးပမ်းရမှာဖြစ်ပါတယ်။ တိုင်းရင်းသားပဋိပက္ခ၊ တစ်နည်းအားဖြင့် လူမျိုးစု လက်နက်ကိုင် တိုက်ပွဲများ အဆုံး မသတ်နိုင်ခြင်းဟာ စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ် ပေါ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုများ ပြန့်နှံ့တည်ရှိနေခြင်းဟာ ဒီမိုကရေစီ နိုင်ငံရေးကျင့်စဉ် တည်ဆောက်ရာမှာ Rule of Law ခိုင်ခန့်မှုကို များစွာ အားနည်းစေပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခချုပ်ငြိမ်းအောင် ဆောင်ရွက်ရေးဟာ နိုင်ငံတော် တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ပင် ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခိုင်မာနေရန် လိုအပ်ပါ တယ်။ အလားတူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ခိုင်မာရန်အတွက် တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်စေရန် နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်အလမ်းများကို တန်းတူညီမျှ ဖန်တီးပေးရန် လိုအပ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။
''အဲဒီလို ဖန်တီးပေးနိုင်ရန် အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုင်းရင်းသား ပဋိ ပက္ခများ ပြေလည်ရေးကိုပါ ထည့် သွင်းတွက်ချက်ပြီး ဆောင်ရွက်ရ မှာဖြစ်ပါတယ်။အဲဒီလိုပြုပြင်ပြောင်း လဲ ဆောင်ရွက်မှသာ အမျိုးသားပြန် လည်ပေါင်းစည်းညီညွတ်ရေးနဲ့တိုင်း ရင်းသား ပဋိပက္ခများ ပြေလည်မှာ နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား များအတွက် အသက်တမျအရေး ကြီးတဲ့ ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများနဲ့ အခြားသော တိုင်းရင်းသား အခွင့် အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်း ပေးမယ်ဆိုရင် မိမိတို့တာဝန် ယူဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ် ငန်းများ အလျင်အမြန် အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေးနဲ့စီး ပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုများနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ချမှတ်ပေးထားတဲ့ လုပ်ငန်းတာဝန် များ အတိုင်း အောင်မြင်သည်အထိ စိတ်ရှည်သည်းခံမှု၊ နားလည် စာနာမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားအပ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသီးသီး ဆွေးနွေးး တင်ပြခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းရင်းမြစ်    Eleven Media Group 
>>>ဆက်ဖတ်ရန်>>> >>

အသက်မပြည့်သေးသော တပ်သားသစ်များကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ်အား ၁၈ လအတွင်းအပြီး အကောင်အထည် ဖော်မည်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နှင့် အသက်မပြည့်သေးသော တပ်သား သစ်များကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ် အား သဘောတူစာချုပ် အသက်ဝင် ချိန်မှ ၁၈ လအတွင်း အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၉ ရက်နေ့ က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိ က ပြောကြားခဲ့သည်။
အဆိုပါ သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ပြင် ဆင် ချိန် ၄၅ ရက် သတ်မှတ်ခဲ့ပြီး ပြင်ဆင်ချိန် ပြီးဆုံးသည့်ရက်မှစ၍ ၁၈ လအတွင်းအပြီး တစ်နိုင်ငံလုံးတွင် အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“၁၈ လအတွင်းအပြီး လုပ်ဆောင်သွားမယ်ဆိုတာက တပ်မတော်အတွင်း မှာရှိတဲ့ ကလေးစစ်သားတွေကိုပဲ ရည်ညွှန်းတာပါ၊၊ ၁၈ လကျော်လို့မှ တပ်မတော် က ကလေးစစ်သား ဆက်စုဆောင်း နေမယ်ဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒီ နောက် မှာတော့ စီးပွားရေးပိတ်ဆို့မှုတွေလည်း ရှိလာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ တပ်မတော် အပါအ၀င် မြန်မာနိုင်ငံ၌ ကလေးစစ်သားများ စုဆောင်းအသုံးပြုသော အဖွဲ့ရှစ်ဖွဲ့ခန့်ရှိပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာစစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်- ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ် (SSA)  တောင် ပိုင်းနှင့် ‘၀’အမျိုးသားတပ်မတော်တို့ ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များ တွင် ကလေးစစ်သား ဦးရေ မည်မျှရှိသည်ကိုမူ အတိအကျ မသိရှိသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက် မြင့်မားနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ကုမာရ ဆွာမိက ဆိုသည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)အနေဖြင့်  ၂၀၀၇ ခုနှစ်မှ ယခုလက်ရှိအချိန်ထိ တပ်မတော် ထဲမှ ပြန်လည်ထုတ်ပေးခဲ့သော ကလေး စစ်သားဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ?zwuO[z׼Cgအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
စစ်သားစုဆောင်းရာတွင် တပ်မတော်ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စုဆောင်းခြင်းမပြုသည့် အရာရှိ နှင့်အခြားအဆင့် ၂၀၁ ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက ဇွန်လ ၂၇ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် လက်မှတ်ရေးထိုးပွဲတွင် ပြောဆိုကြောင်း သိရသည်။

 သတင်းရင်းမြစ်    Eleven Media Group

5146
>>>ဆက်ဖတ်ရန်>>> >>