အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 21, 2012

နယ်မြေမှ အစိုးရ အုပ်ချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားများ ဖမ်းဆီးခံရ


KIO နယ်မြေမှ အစိုးရ အုပ်ချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားများ ဖမ်းဆီးခံရ                                 မြစ်ကြီးနား အမှတ် ၁ ရဲစခန်း ဒု-ရဲအုပ်မှ ထုတ်ပြန်သည့် အမိန့်စာ
မြစ်ကြီးနား ဂျန်မိုင်ကောင် ကချင်နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်း
                            မြစ်ကြီးနား ဂျန်မိုင်ကောင် ကချင်နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်း
မြစ်ကြီးနား ဂျန်မိုင်ကောင် ကချင်နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်း                          မြစ်ကြီးနား ဂျန်မိုင်ကောင် ကချင်နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသော အဆောင်မှူးတစ်ဦm7:gtYCwီးလထော်ဘရန်ရှောင်အား (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန်  ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားကြာင်းသိရသည်။

မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ၁၀ဦးကျော်သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေမှတိမ်းရှောင်လာသူ ဦးလထော်ဘရန်ရှောင် (၂၉) နှစ်အား ဇွန်လ ၁၇ ရက် တနင်္ဂနွေ ည ၉ နာရီချိန်တွင် ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန်ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း ဒုက္ခစခန်းမှသိရသည်။

“ည ၉ နာရီလောက်မှာ လာဖမ်းသွားတယ်။ အမှတ် (၁) ရဲစခန်းမှူးကိုယ်တိုင် လာတယ်။ သူတို့ အားလုံး ခြောက်ယောက်ဟုတ်တယ်။ ဖောက်ခွဲမှုမသင်္ကာမှုနဲ့ လာဖမ်းတယ်လို့ပြောတယ်။ ဧည့်စာရင်း မှတ်တမ်းထဲမှာလည်း အဲလိုပဲရေးထားတယ်။ ၂၄ နာရီအတွင်း စစ်ဆေးပြီး အပြစ်မတွေ့ ရင် ပြန်လွှတ်မယ်လို့တော့ပြောတယ်” ဟု ဒုက္ခသည် စခန်းတာဝန်ခံ ဦးမရန်လဘုန်ပြောသည်။

၎င်းအား ဖမ်းဆီးသွားစဉ်တွင် ဒုက္ခသည်စခန်းအတွင်း တစုံတရာရိုက်နှက်မှုမရှိသော်လည်း ရဲစခန်း အတွင်းသို့ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေ၍ ဒုက္ခသည် တာဝန်ရှိ သူများစိုးရိမ်နေသည်။

“သူ့တို့က ပေါက်ကွဲ (၃) ဆိုပြီးဖမ်းတယ်။ ဘာသက်သေ အထောက်အထား မရှိဘဲနဲ့လာဖမ်းတယ်။  စစ်ဆေး မေးမြန်းမယ် ဆိုပြီးဖမ်းသွားတာဖြစ်တယ်။ ဖမ်းသွားတဲ့ညက ကျနော်လည်းလိုက်သွားတယ်။ သူတို့ က အခန်းထဲမှာ စစ်ဆေးမေးမြန်းနေတယ်။ ကျနော်က ဧည့်ခန်းမှာနေတော့ ဘာတွေလုပ်လဲ ဘာမှမသိ လိုက်ဘူး။ မြစ်ကြီးနား စရဖရုံးမှာ ဟုတ်တယ်” ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။

ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးသွားစဉ် အပြစ်မတွေ့ပါက တစ်ရက်အတွင်း လွှတ်ပေးရန်ပြောဆိုခဲ့သော်လည်း ယခုချိန်ထိ မလွှတ်သေးသည့်အပြင် ၄င်းအားဘယ်နေရာတွင် ဆက်လက်ဖမ်းဆီးထားကြောင်းကိုလည်း သတင်းမရတော့ကြောင်း ဒုက္ခသည်တစ်ဦးဆက်ပြောသည်။

“ကျနော်တို့သိတာက စရဖရုံးမှာရှိတယ်လို့ထင်ထားတာ။ နောက်နေ့ညကျတော့ မသိတော့ဘူး လို့ပြော တယ်။ အဲဒီနေရာမှာမရှိတော့ဘူးလို့ပြောလာတယ်။ ဘယ်နေရာကို ခေါ်သွား သလဲဆိုတော့ အတိ အကျမပြောဘူး။ ဘယ်ကိုခေါ်သွားတာ တိကျမသိရတော့ ကျနော်တို့်လည်း မေးမြန်းနေတယ်။ သမ္မတဆီကို စာပို့ဖို့ ပြင်ဆင်နေတယ်” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

ဦးဘရန်ရှောင်ဦးဘရန်ရှောင်သည် ကလေး ၃ဦး ဖခင်ဖြစ်ပြီး   အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA များ လွန်ခဲ့သည့် လပိုင်းစမှ၍ တိုက်ပွဲဖြစ်ပွားနေသည့် နေရာ ၀ိုင်းမော်မြို့နယ် အင်ပေါန် (Npawn) ကျေးရွာမှဖြစ်သည်။ ဂျန်မိုင်ကောင်စခန်းတွင်ခိုလှုံနေသည်မှာ ၁ နှစ်ခန့်ကြာပြီဖြစ်ကြောင်းနှင့် ၄င်းသည် ဗမာစကား ကျွမ်းကျွမ်း ကျင်ကျင် မပြောတတ်သောကြောင့်လည်း မိသားစုဝင်များက စိတ်ပူ ပန်နေကြသည်။ 

“သူကဘာမှ မလုပ်ဘူး။ နေ့စားပဲလုပ်ရင်း ကျွန်မတို့ ကိုလုပ်ကျွေးနေတဲ့သူဟုတ်တယ်” ဟု ယောက္ခမ ဖြစ်သူ  ဒေါ်ဖောင်ဂျဲထုပြောသည်။

ဂျန်မိုင်ကောင် နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းတွင် လူဦးရေ ၇၀၀ ခန့်ခိုလှုံနေကြသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင်လည်း ဂျန်မိုင်ကောင် ကက်သလစ် အသင်းတော်ရှိ ဒုက္ခသည်စခန်းတွင်လည်း ဒုက္ခသည် ဦးမနမ်ပတ်တူး ဆိုသူအား စခန်းအတွင်းရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက် ၎င်း၏မိသားစုဝင်များနှင့် လည်း တွေ့ခွင့်မပေးတော့ကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ်များသည် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ အထူးသဖြင့် ကေအိုင်အိုနယ်မြေမှ ထွက်ပြေးခိုလှုံလာကြသော စစ်ပြေးဒုက္ခသည်အမျိုးသားများကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပြင် ဖောက်ခွဲမှုနှင့်ဆက်စပ်၍ မသင်္ကာသူတွေအဖြစ် နေ့စဉ်ဆိုသလိုဖမ်းဆီးမှုများပြုလုပ်နေသည်။

သို့သော် ဖမ်းဆီးမှုပြုလုပ်စဉ်တွင် ၄င်းတို့ကို ရဲစခန်းတွင်း ရိုက်နှက်စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသော်လည်း ထို့နောက်တွင်မူ မိသားစုဝင်များနှင့်လည်းတွေ့ခွင့်မပေးပဲ မည်သည့်နေရာတွင် ဆက်လက်ဖမ်းဆီးထားသည် ကိုပင် မသိရတော့ကြောင်း မိသားစုဝင်များပြောသည်။

ဤကဲသို့ အစိုးရအုပ်ချုပ်နယ်မြေတွင်ရှိသော စစ်ဘေးဒုက္ခများခိုလှုံရာစခန်းများတွင် ဒုက္ခသည်များအား ဖမ်းဆီးမှုများ ပုံမှန်ဖြစ်ပေါ်နေသောကြောင့် စခန်းတွင် လုံခြုံမှုမရှိဟု ဒုက္ခသည်များ စိုးရိမ်ကြောက် လန့် နေကြသည်။အစိုးရစစ်တပ်သည် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍  မသင်္ကာမှု ဆိုကာ ကေအိုင်အို နယ်မြေကျွမ်းကျင်သူဒုက္ခသည်အမျိုးသားများကိုရွေးထုတ်ဖမ်းဆီးပြီး ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်မှုအပြင် နယ်မြေကျွမ်းကျင်မှုများကိုပါ မေးမြန်း၍ မိသားစုများနှင့် အဆက်သွယ်ဖြတ်ကာ စစ်ဆေးမှုပြု လုပ်နေကြောင်း ကိုသာ အကြောင်းပြန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

သတင်းရင်းမြစ်   ကချင်သတင်းဌာန
>>>ဆက်ဖတ်ရန်>>> >>

ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား


နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ် ဒေသအများစု၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း အစိုးရ က ကြေညာထားသော်လည်း ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုများ အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အိမ်ခြေ ၂ဝ ခန့်သာ ရှိသည့် ကူတောင်ရွာရှိ ရခိုင်တိုင်းရင်းသားတို့၏အိမ်များအား အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ရိုဟင်ဂျာများက နံနက်ပိုင်းတွင် လာရောက်မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ကိုးဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည့် သတင်းများ ကြားသိနေရ၍ ယခင် ရက်များကတည်းက ကူတောင်ရွာရှိ အမျိုးသမီးများနှင့်ကလေးများ တိမ်းရှောင်နေခဲ့ကြပြီး ဖြစ်သည်ဟု အမျိုးသား လွတ်တော် အမတ် ဦးခင်မောင်လတ်ကပြောသည်။

“သူတို့လာတော့ ဓါးနဲ့ခုတ်ပြီးတော့ ဒီအတိုင်း အလောင်းတွေကို ဆွဲသွားတယ်။ တချို့လူတွေကိုလည်း ဆွဲသွားတယ်။ အဲဒီရွာပြင်မှာပဲ သူတို့ခုတ်တဲ့ နေရာမှာပဲမြှုပ်တယ်။ အဲဒါကို ဒီအတိုင်း မြင်နေ ရတယ်။ နောက်တော့ ရသေ့တောင် စစ်တပ်က ၃ဝ လောက် အဲဒီရွာထဲ ဝင်သွားတယ်။ ပျောက်နေတဲ့ လူတွေရှာတယ်။ အလောင်းတွေ တောင်းတယ် လို့ ပြောတယ်။ တွေ့မတွေ့ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ကူတောင်ရွာတွင် ရဲစခန်းရှိသော်လည်း ရဲအင်အား နဲပါးကာ အခင်းဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်းနှ8g=N꯯UO~K်တချို့ မီးတိုက်ခံခဲ့ရကာ အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် ၄ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတဦးဖြစ်သည့် ကိုဆန်းအေး က ပြောသည်။

“မနက် ၈ နာရီလောက်က မီးရှို့တာ။ မီးရှို့လို့ ငါတို့ရွာကို အကူအညီတောင်းလို့ ငါက သွားတာ။ အနီးအနားက ရွာတွေကို အကူတောင်းတာ။ ငါက ဦးကာရွာက။ ရွာတွေက နီးနီးလေး အရမ်းမဝေးဘူး။ ဓါတ်တိုင် တတိုင်လောက်ပဲဝေးကြတာ။ သူတို့က လာပြီး မီးရှို့တာကို ဒီရွာက ခုခံတာကို ဓါးနဲ့ခုတ် လို့သေတာ။ အကုန်လုံး ရခိုင်သားတွေ ချည်းပဲ” ဟု မဇ္ဈိမကို ပြောသည်။

ကူတောင်ကျေးရွာသည် စစ်တွေနှင့် ရသေ့တောင် ကြားရှိ ငါးစိမ်းကျွန်းပေါ်တွင် တည်ရှိပြီး ၎င်းကျွန်းတလျှောက်ကျေးရွာပေါင်း ၂၄ ခန့်ရှိသည်။ ကူတောင်ရွာ အနီးတွင် ဘင်္ဂါလီ ရိုဟင်ဂျာ များ နေထိုင် သည့် အနောက်ပြင်နှင့်ညောင်ပင်ကြီး ကျေးရွာများရှိကာ အိမ်ခြေ ၁,ဝဝဝ ခန့်ရှိကြောင်း သိရသည်။

အေအက်ဖ်ပီ သတင်းတရပ်တွင်မူ သေဆုံးသူ ၃ ဦးရှိပြီး “သေဆုံးသူ အရေအတွက် ထိထက်ပိုရှိနိုင်ပါတယ်” ဟု မြန်မာအရာရှိတဦးအား ကိုးကားဖော်ပြထားသည်။ စစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ငြိမ်သက်နေပြီး ညနေပိုင်းက ကူတောင်ရွာအား လာရောက် ကူညီရန်ရောက်ရှိနေသည့် အနီးအနား ရွာများမှ ရခိုင်လူမျိုးများအား စစ်တပ်မှ ပြန်ခိုင်း၍ ပြန်သွားကြကြောင်း သိရသည်။

တပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆၀ ခန့် သေဆုံးခဲ့ရပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့်ရှိနေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဘာသာရေးနှင့် လူမျိုးရေး အခြေခံသည့် မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုများ ရှေ့တန်းတင် လှုံ့ဆော်မှုများကြောင့် မင်းမဲ့စရိုက်များ ကျယ်ပြန့် ကြီးမားလာ၍ အခြေအနေများ တည်ငြိမ် အေးချမ်း သွားစေရေးအတွက် ပြည်သူများ အနေနှင့် အစိုးရနှင့် လက်တွဲကာ ပူးပေါင်းပါဝင် ထိန်းသိမ်းဖော်ဆောင်ပေးကြရန် သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံ ထားသည်။
 သတင်းရင်းမြစ်း  မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>

မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ


မြစ်ကြီးနားမြို့ပေါ်ရှိ တရုတ်လူမျိုးများမှ ကချင်စစ်ဘေးသင့်ဒုက္ခသည်များအတွက် ဇွန်လ ၁၈ ယမန်နေ့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး KBC သို့ ကျပ်ငွေ သိန်း ၂၀၀ ကျော်  ပေးအပ် လှူဒါန်းခဲ့သည်။

ထိုလှူဒါန်းငွေများသည် မြစ်ကြီးနားမြို့ရှိ တရုတ်အိမ်ထောင်စုများနှင့် တရုတ်ကျောင်းသူကျောင်းသားများမှ စုပေါင်းကာပေးလှူခြင်း ဖြစ်ကြောင်းသိရသည်။တရုတ်အိမ်ထောင်စုများထံမှ ကောက်ခံ ရရှိသော ကျပ်ငွေ သိန်း နှစ်ရာ့တစ်ဆယ်( ၂၁,၀၀၀,၀၀၀)နှင့်  တရုတ်အထက်တန်းကျောင်းသူကျောင်းသား များထံ မှ ကောက်ခံ ရ ရှိသော ကျပ်ငွေ လေးသိန်းခုနှစ်သောင်း (၄၇၀,၀၀၀)ကို လက်ခံရရှိခဲ့ကြောင်း KBC အတွင်းရေးမှူး ဆရာခလမ်ဆမ်ဆွန်ပြောသည်။

 “သူတို့ပြောတာက ကချင်လူမျိုးတွေ တိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခရောက်နေတာလည်း တစ်နှစ်ရှိပြီ ဒါပေမဲ့ အခုချိန်ထိ ကျွန်နော်တို့ တရုတ်လူမျိုးတွေလာရောက်ပါဝင်ကူညီတာ မရှိဘူး။ အဲဒါကြောင့် စိတ်မကောင်း ဘူး အဲဒါကြောင့် လာရောက်ကူညီတာဟုတ်တယ် လို့ပြောတယ်” ဟု ဆရာခလမ်ဆမ်ဆွန် ကချင် သတင်းဌာနသို့ပြောသည်။

တရုတ်အမျိုးသားများမှ ယခုလိုကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရကြား ဖြစ်ပွားနေသောတိုက်ပွဲကြောင့် အိုး၊ အိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များအတွက် ကူညီပေးခဲ့ခြင်းသည် ပထမအကြိမ် လည်း ဖြစ်ကြောင်း KBC ဆရာများမှသိရသည်။

၎င်းထောက်ပံ့ငွေများကို သက်ဆိုင်ရာ တရုတ်လူကြီး ၂၇ ယောက်တို့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ရုံး KBC သို့ ယမန်နေ့က လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့လှူဒါန်းသော ထောက်ပံ့ငွေများကို KBC မှ ယခုချိန်လိုအပ်နေသော ပညာရေးနှင့်ပတ်သက်ပြီး အခက် အခဲရှိနေသော ဒုက္ခသည်များသို့ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ဇူလိုင်လတွင်လည်း  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းစီရင်စုအာဏာပိုင်များက ယွမ်ငွေ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅၆၂၅) ခန့်တန်ဖိုးရှိ ဆေးဝါးများကို တရုတ်နယ်စပ်ရှိ ကချင်ဒုက္ခသည်များအ တွက် ကူညီထောက်ပံ့ပေးခဲ့သည်။

ဇွန် ၉ ရက်မှစတင်ခဲ့သည့်  အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ပြည်တွင်းစစ်ကြောင့် အစိုးရထိန်းချုပ် နယ်မြေ ၀ိုင်းမော်၊ မြစ်ကြီးနား၊ ဗန်မော်မြို့တို့တွင် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ ၂ သောင်း ခန့်ရှိပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ဒုက္ခသည်ကြည့်ရှုစောင့်ရှောက်နေသူများပြောသည်။

သတင်းရင်းမြစ်   ကချင်သတင်းဌာန
>>>ဆက်ဖတ်ရန်>>> >>

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်


ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“စစ်တပ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတယ်။ တပ်ရုပ်သိမ်းဖို့ ကျနော်တို့တပ်နဲ့ သူတို့ တပ်တွေ ဘယ်မှာ ဘယ်လိုတွေ့ကြ မယ်။ ဦးအောင်မင်းက အထက်လူကြီးတွေနဲ့ တင်ပြထားတဲ့ အကြောင်းတွေ။ မြေပုံက ဘယ်လို system သုံးတယ်။ သူတို့သုံးတဲ့ မြေပုံနဲ့ ကျနော်တို့ ဘယ်မြေပုံ ညှိပြီး ဘယ်နေရာမှာ ဘယ်လို ရွှေ့မယ်ဆိုတာ ထပ်ဆွေးနွေးကြမယ်” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က မဇ္ဈိမကို ပြောသည်။

အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် ဇွန်လ ၁ ရက် ဆွေးနွေးပွဲအတွင် KIO ဘက်မှ တောင်းဆိုချက် အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူပြီး တချို့အား ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“ကျနော်တို့ တင်ပြလိုက်တဲ့ တပ်တွေကို တချို့ သဘောတူတယ်။ သူတို့ ကာ/ချုပ် မှာလိုက်တဲ့ စကား။ တချို့ကဆွေးနွေးဖို့ လိုသေးတယ်။ ဒါကြောင့် တပ်အချင်းချင်းတွေ့ဖို့ မြေပုံညွန်ပြဖို့ လိုလာပြီ” ဟု ပြောသည်။ ထို့ပြင် KIO ဘက်မှ တပ်ကိစ္စများကို ပြည့်ပြည့်စုံစုံ တင်ပြပေးသည့်အတွက် သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်ကြောင်း စကားပါးလိုက်သည်ဟုလည်း ပြောသည်။

နောက်တကြိမ် တွေ့ဆုံသည့်အခါတွင် အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)တို့မှ တာဝန်ရှိသူများ တက်ရောက် လာနိုင်မည်ဟု သူက ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းတို့နှင့် KIO ကိုယ်စားလှယ်များ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေစဉ်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း မုန်ဂိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က ပြောသည်။ အစိုးရ ကိုယ်စားလှယ်များနှင့် KIO ခေါင်ဆောင်းများ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် တိုးတက်မှု ရှိသည်ဟု ရှုမြင်ကြောင်း အကျိုးဆောင် ဦးလှမောင်ရွှေက သုံးသပ်ပြော ဆိုသည်။
 
သတင်းရင်းမြစ်    မဇ္ဈိမ              
>>>ဆက်ဖတ်ရန်>>> >>

ပလက်ဝတွင် ရခိုင် ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံမူ တားမြစ်ခံရ

ချင်းပြည်နယ် ပလက်ဝမြို့တွင် ရခိုင် ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံမူကို မြို့နယ် အုပ်ချုပ်ရေး မှူးက တားမြစ်ပိတ်ပင်ထားကြောင်း  သတင်း ရရှိသည်။

“ ဒီလ ၁၅ ရက်နေ့ လုပ်တဲ့ အစည်းအဝေးမှာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဘယ်လိုပြော လဲဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်ဟာ သီးခြားစီဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဟာ ချင်းပြည်နယ်နဲ့ မသက်ဆိုင်ဘူး၊ ချင်းပြည်နယ်မှာလဲ ငွေ ကောက်စရာမလိုဘူး ဆိုပြီး ပြောသွားပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က ပလက်ဝမြို့တွင် ကျင်းပခဲ့သော အရေးပေါ်အစည်းအဝေး တွင် ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်မှ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကြောင့် ဒုက္ခရောက်နေသူ ထောင်ပေါင်း များစွာကို မြန်မာနိုင်ငံ တ၀န်းလုံးမှ အကူအညီများ ပေးပို့ လှူဒါန်းနေချိန်တွင် ရခိုင်ပြည်နယ်နှင့် ကပ်ရပ် တည်ရှိသော ပလက်ဝမြို့တွင် ယခုကဲ့သို့ တားမြစ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ ပလက်ဝမှာက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေ အများအပြားရှိနေတော့ ဟိုမှာ အခက်အခဲ ကျရောက် နေ တဲ့ အချိန်မှာ အတတ်နိုင်ဆုံး အကူအညီပေးချင်တဲ့ အတွက် အလှူငွေ စုဆောင်း ကောက်ခံ တာ ဖြစ်ပါတယ်။ ရခိုင်အပါအ၀င် မြို၊ ခမီး၊ ချင်းအမျိုးသားတွေကလည်း နိုင်သလောက် ထည့်ဝင်ကြပါ တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်တဲ့ အတွက် အခုတော့ လျို့ဝှက်ဘဲ ကောက်ခံနေရပါတယ်” ဟု သူက ပြောကြားသည်။

ပလက်ဝမြို့မှ ပြည်သူများ အပါအ၀င် အန်ဂျီအိုများကလည်း စေတနာပေါက် ထည့်ဝင်ကြသဖြင့် ယခုအခါ အလှူငွေ ကျပ်ငွေ ၁၀ သိန်းကျော် ရရှိနေပြီဖြစ်ကြောင်း သူက ပြောသည်။

ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာ စုစုပေါင်း ၄၈ ရွာတည်ရှိပြီး  ထိုအထဲမှ  ရခိုင်လူမျိုး သီးသန့် နေထိုင် သော ကျေးရွာ ၂၈ ရွာနှင့် ရခိုင်နှင့် ခမီးလူမျိုးများ စုပေါင်းနေထိုင်သော ကျေးရွာ ၂၀ ရှိသည်။ ပလက်ဝမြို့ နယ်တွင် ရခိုင်လူဦးရေ စုစုပေါင်း ၂၇၀၀၀ ခန့်ရှိပြီး  ၎င်းအထဲတွင် မဲထည့်နိုင်သူ ၁၈ နှစ်အထက် ရခိုင်လူဦးရေ ၁၈၀၀၀ ခန့် ရှိကြောင်း  သိရသည်။

ယခုကဲ့သို့ တားမြစ်မူနှင့် ပတ်သက်ပြီး တိတိကျကျ မသိရှိရသော်လည်း  ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်နှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ ရှိမည်ကို မလိုလား၍ ဖြစ်နိုင်ကြောင်း  သူက သုံးသပ်ပြောဆိုသည်။
 
သတင်းရင်းမြစ်   နေရဉ္ဇရာ

>>>ဆက်ဖတ်ရန်>>> >>