အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, August 14, 2012

အကြပ်ကိုင် နည်းဖြင့် ငြိမ်းချမ်းရေး ရစေသည့် နည်းကို KIA လက်ခံမည်မဟုတ်




အစိုးရသည် ရွှေပြည်သာ စစ်ဆင်ရေးနည်းဖြင့် KIA အား အကြပ်ကိုင်ပြီးမှ ၄င်းတို့၏
 ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား လက်ခံ စေသည့်နည်း အသုံးပြု နေခြင်းကို KIA 
က လက်ခံမည် မဟုတ်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။

သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်

သတင်းရင်းမြစ်   ရွှေဟင်္သာ 

14-8-12-1
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်နယ် တင်းမာမူ ဖြေရှင်းရေး ဗြိတိန်ကူညီ

The British Foreign Secretary 
William Hague

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်
တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဗြိတိန် နိုင်ငံခြားရေး  ၀န်ကြီး  William Hague က
 မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်  အရေး  ကိစ္စမှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်ပြီးတော့ တာဝန်ရှိ
သူတွေကို ဖော်ထုတ် အရေးယူဖို့၊ လူမျိုးရေး  အခြေခံ  အပေါ်မှာ မတရား   ဖမ်းဆီး  ခံရ
သူတွေ ပြန်လွှတ်ပေးဖို့ စတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး  ကိုယ်စား
လှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက် အပေါ် သူ့အနေနဲ့   အပြည့်အ၀ထောက်ခံ
ပြီးတော့ လူ့အခွင့်အရေး အသိအမှတ်ပြု လေးစားတဲ့ ကိုင်တွယ်ဖြေရှင်းမှုမျိုး လုပ်ဆောင်
ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး   Hague  က မြန်မာ  အာဏာပိုင်တွေကို တိုက်တွန်းလိုက်
ပါတယ်။

မြန်မာနိုင်ငံ  တွင်းမှာ အပြောင်းအလဲတွေ ပြုပြင်မှုတွေ ပေါ်ထွန်းလာချိန်မှာ၊ အခုလို မျိုး 
ရခိုင်ပြည်နယ်   အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာဖြစ်မိတယ်  လို့လည်း 
ဆိုပါတယ်။    ပြဿနာတွေ ပြေလည်အောင်လို့ ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့
လည်း အဲဒီမှာ ရှိတဲ့ လူမှု  အသိုင်းအ၀ိုင်းတွေကို  တိုက်တွန်းတဲ့ အကြောင်းလည်းဖော်ပြ
ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံတကာက 
အထူးသဖြင့် အနောက်နိုင်ငံတွေက အာရုံစိုက် ချီးကျူးမှုခံနေရချိန်မှာပဲ အခုလိုမျိုး ရခိုင်
ပြည်နယ်တွင်းမှာ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်လာတဲ့နောက် အနောက်နိုင်ငံတွေနဲ့ 
ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
 
 သတင်းရင်းမြစ်    VOA     
>>>ဆက်ဖတ်ရန်>>> >>

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုသမ္မတလောင်း အဖြစ် ရွေး ချယ် ခံရ

 
 
 
 
 
 
 
 
 
မြန်မာ့တပ်မတော် (ရေ)ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယ
သမ္မတလောင်းအဖြစ်ရွေးချယ် လိုက်ကြောင်း မြန်မာ ရေတပ် အသိုင်းအ၀ိုင်းမှ သတင်း
ရရှိပါတယ်။
 
အလုပ်ကြိုးစားသူ၊ ရိုးသားတည်ငြိမ်စွာ နေတတ်သူ အဖြစ် တပ်မတော်(ရေ) မိသားစု
များအတွင်း ထင်ရှားသူ စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ဆင်း ဗိုလ်ချုပ်ကြီး  ဥာဏ်ထွန်း
အား ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများအရသိရသည်။
 
ဗိုလ်ချုပ်ကြီး  ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက်  ရေတပ်အကြီး
အကဲ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဖြစ်လာခဲ့သူဖြစ်ပါတယ်။
 
ပြည်သူများနှင့် သမ္မတကြီး အားကိုးရသော ဒုသမ္မတ တစ်ယောက်ဖြစ်လာတော့မည်
လားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းမြန်မာ့ရေတပ် အသိုင်းအ၀ိုင်းမှာ
ပြောဆိုနေကြပါတယ်။
 
သတင်းရင်းမြစ်    မြန်မာ့သားကောင်း ဘလော့  
 
 
>>>ဆက်ဖတ်ရန်>>> >>

နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်





 ကေအိုင်အိုနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် 
တရုတ်နယ်စပ် ဒုက္ခသည်စခန်းက ကချင်ဒုက္ခသည်တွေ နေရပ်မပြန်ရဲသေးပဲဖြစ်
နေပါတယ်။ 
 
တရုတ်နိုင်ငံတွင်း ရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို  ပြန်နိုင်
အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင်လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်း နေပါ
တယ်။ ဒါကြောင့် ကေအိုင်အိုက ရွှေ့ပြောင်း ပေးဖို့   စတင်ပြင်ဆင် နေပေမယ့် လို့ 
ဒုက္ခသည်တွေ  ကတော့ ပြောင်းရွှေ့ကြဖို့ ဆန္ဒမရှိကြဘဲ   ဖြစ်နေ   ပါတယ်။    ဒါနဲ့
ပတ်သတ်လို့ကတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်
က ထိုင်းနိုင်ငံကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့။ တရုတ်နိုင်ငံ ရွှေလီခရိုင် ညောင်တောင်းမြို့နယ် အတွင်းမှာ ဒုက္ခသည်
စခန်း ခြောက်ခုရှိပြီး စုစုပေါင်း ကချင်ဒုက္ခသည် လေးထောင်းငါးရာလောက် နေ
ထိုင်နေတာဖြစ်ပါတယ်။ ဒီဒေသဟာ ဗန်းမော်- လွိင်ကျယ်- နမ့်ခမ်း ကားလမ်းရဲ့ 
 တစ်ဖက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။ တရုတ် အာဏာပိုင်တွေက ဒုက္ခသည်
တွေကို ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတဲ့ အကြောင်းကို ကေအိုင်အို ဒုက္ခသည်ရေး
ရာ တာဝန်ခံ ဦးဒွယ်ပီဆာက အခုလို ပြောပါတယ်။

“တရုတ်အစိုးရဘက်က ဒါ ပြန်ခိုင်းတာတော့ ကြာပြီ။   ဒါပေမယ့်   အရင်တုန်းက 
ကျွန်တော်တို့ အတွက်က အခက်အခဲ အများကြီး ရှိတယ်။ မတတ်နိုင်ဘူး   ဆိုမှ  
ခဏ  တောင်းပန်ထားတယ်။ ဆိုတော့ ထပ်ခါ ထပ်ခါ ပြန်ဖို့ တောင်းဆိုလာတော့ 
 ကျွန်တော်တို့ အရှေ့ပိုင်းတိုင်း ကော်မတီကို ၀ိုင်းပြီး အစီရင်ခံပါ ဆိုရင်။ ဇူလိုင်လ
ကုန် လောက်မှာ တစ်ခါ နှစ်ခါ သူတို့က သွားတွေ့တယ်။ သွားတွေ့တော့ တစ်လ
အတွင်းမှာ လူထုကို ပညာပေး ပြီးတော့မှ ပြန်ခေါ်ရမလား ဆိုပြီးမှ လက်ခံထားတဲ့ 
သဘောမှာရှိတယ်။”

KIOဖက်ကတော့ တရုတ် အာဏာပိုင်တွေက တိုက်တွန်း တာကြောင့် နောင်တောင်း 
 စခန်းနဲ့ ၁၆မိုင် လောက် အကွာ KIO ထိန်းချုပ်ရာ လနာဇွပ် ဒေသမှာ စခန်းသစ် 
 ဆောက်လုပ်ဖို့ ပြင်ဆင်ထားသလို ဒီရက်ပိုင်းတွေ အတွင်းမှာ တော့ ဒုက္ခသည်တွေ 
 ပြောင်းရွှေ့ရေးအတွက် သွားရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။ စခန်း ပြောင်းရွှေ့ဖို့ကို
 တော့ လူထု သဘောထားပေါ်မှာ မူတည်ပြီး ဆောင်ရွက်မှ ဖြစ်မယ်လို့  ဦးဒွဲပီဆာက
 ဆက်ပြောပါတယ်။

“ လူထုက ဘယ်လိုပြောလာမလဲ လူထုအခြေအနေက ဘယ်လိုလဲ ဒါတော့ အခြေ
အနေက မသိသေးဘူးလေ။ လူထုက လက်ခံနိုင်ဖို့ ပြင်ဆင်ထားတဲ့ နေရာကို မပြောင်း
ချင်ဘူး ဆိုရင် နည်းနည်းတော့ အခက်အခဲ တော့ ရှိမှာပေါ့။ ဒါက အတင်းအဓမ္မ 
 မောင်းထုတ်လည်း မရဘူး။ အဲ့သလိုဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။"

နောင်တောင်း ဒုက္ခသည်စခန်းက အမျိုးသမီးတစ်ယောက်ကတော့ လောလောဆည် 
စခန်းပြောင်းဖို့ စေခိုင်း လာတာတော့ မရှိသေးကြောင်း ပြောပါတယ်။

“ ဒီပြောင်းဖို့ ရွှေ့ဖို့ ကိစ္စဆိုတာ အရင်ကတော့ ရှိပါတယ်။ အခု လောလောဆယ် မရှိ
ပါဘူး။ ကျွန်မတို့ ဒီမှာ အေးဆေးပါ။  နေမြဲပါပဲရှင့်။ ကျွန်မတို့က ဒီမှာ ရောက်တာ  
တစ်နှစ် နီးပါးရှိပါပြီရှင့်။"

အခြား ဒုက္ခသည် တစ်ဦးကတော့ မိုးတွင်း ကာလဖြစ်တာနဲ့ ကလေးတွေရဲ့ ပညာရေး
အတွက် ပြောင်းရွှေ့ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“အခုကတော့ မိုးတွင်းလည်း ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ကမ့်မှာကျတော့
 အသက်ကြီး ရွယ်အိုတွေလည်း ရှိတယ်။ ပြီးတော့ ဒီမှာ ကျောင်းသူ၊ ကျောင်းသား
တွေကလည်း သူတို့ ကျောင်းဆောင်တွေ ပေးပြီးတော့ သူတို့ကျောင်းဖွင့်တယ်။
 ဆိုတော့ ကျောင်းသားတွေက ပညာရေးမှာ ထိခိုက်သွားနိုင်တာပေါ့။ အဲ့တာကို 
ကျွန်တော်တို့ စိုးရိမ်ပြီးမှ အထက်ကလူကြီးတွေကို ဒီနှစ် ပညာရေး ကုန်တဲ့အထိ 
ဒီမှာပဲ ဆက်နေခွင့် တောင်းချင်တယ်လို့ ပြောတာပဲ။”

အခုအခါ နောင်တောင်စခန်းမှာ ကျောင်းသား ကျောင်းသူ ၈၀၀လောက် ရှိတာ
ဖြစ်ပါတယ်။ နောင်တောင်းစခန်းဟာ သူတို့ရဲ့ မူလကျေးရွာတွေ အနီးမှာပဲ တည်ရှိ
တာကြောင့် မပြောင်းရွှေ့လို တာကလည်း တကြောင်း ဖြစ်နေပါတယ်။ လောလော
ဆယ် သူတို့ရဲ့ နေရပ်ရင်း ကျေးရွာကို မပြန်နိုင်သေးတဲ့ အခြေအနေကိုတော့ သူက 
အခုလို ဆက်ပြောပါတယ်။

“ရွာဖက်ကိုတော့ သွားနေလို့ မရသေးဘူးလေ။ အခုကျွန်တော်တို့ရဲ့ ရွာတွေကတော့ 
ဗမာစစ်တပ်တွေက နေရာယူ ထားတယ်ဆိုတော့   သွားနေလည်း ကြောက်စရာကြီး
ပေါ့  အန္တရာယ်  ရှိတယ်ပေါ့။ သူတို့က  ဘယ်အချိန်မှာ   လူပ်ရှား လာမလဲ   ဆိုတာ
 ကျွန်တော်တို့က ကောင်းကောင်းမသိဘူး ဆိုတော့ ။ ပြီးတော့ ကေအိုင်အို ဘက် က
လည်း မိုင်းတွေ ဘာတွေ ထောင်ထားတာ ရှိတယ်။ ပြီးတော့ မြန်မာ   အစိုးရ စစ်တပ်
ဘက်ကလည်း မိုင်းတွေ ဘာတွေ ထောင်ထားတာ ရှိတယ်။ ကျွန်တော်က ဟိုမှာ သွား
နေလို့က မဖြစ်သေးဘူးပေါ့။”

ဦးဒွဲပီဆာကတော့ ဒီရက်ပိုင်းတွေအတွင်း အဲဒီဒေသ   ဖက်မှာ တိုက်ပွဲဖြစ်တာတွေ 
 ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ နောင်တောင် ဒုက္ခသည်   စခန်းဟာ  အရင်နှစ် 
 စခန်းစဖွင့်ချိန်မှာ လူဦးရေ ၆၀၀၀လောက် ရှိပြီး တချို့တွေက တခြားအရပ်တွေကို 
 ပြောင်းရွှေ့ကုန် တာကြောင့် အခုအခါ ၄၅၀၀လောက်ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ KIO အကြား တနှစ်ကျော်ကြာ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် အခု  အခါမှာ 
ဒုက္ခသည် ၇သောင်းလောက်ဟာ တရုတ်မြန်မာ နယ်စပ်နဲ့ မြန်မာပြည်က မြို့ကြီးတွေ
မှာ ခိုလှုံနေကြရပါတယ်။ တရုတ် မြန်မာနယ်စပ်  KIO ထိန်းချုပ်ရာ ဒေသမှာတော့ ၅
သောင်း လောက် ရှိနေတာ ဖြစ်ပါတယ်။ အစိုးရ  နဲ့ KIO အကြားမှာ    ငြိမ်းချမ်းရေး 
အတွက် ဆွေးနွေးတာတွေ ရှိပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး။

ဒီလို မြန်မာနိုင်ငံဘက်က လက်နတ်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေကို 
တရုတ်အစိုးရက လက်မခံဘဲ မောင်းထုတ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်
မှာ စစ်ပြေးဒုက္ခသည်တွေကို ကာကွယ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က တိုက်
တွန်းပြောဆိုခဲ့သလို တရုတ်အစိုးရဘက်ကလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ
 ပေးနေကြောင်း တုန့်ပြန်ပြောဆိုထားပါတယ်။
 
သတင်းရင်းမြစ်    VOA      
>>>ဆက်ဖတ်ရန်>>> >>

မိုးထိမိုးမိတောင် ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်
                          သတင်း ထုတ်ပြန် ကြေငြာချက်

                ၁၃၇၄ ခုနှစ်၊ ဒုတိယ ၀ါဆို လပြည့်ကျော် (၁၀) ရက်နေ့
                          ( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် )

မိုးထိမိုးမိဒေသ၊ ရမည်းသင်းမြို့နယ် ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်လျှက် 
ရှိသော မိုးထိမိုးမိတောင်ပေါ် တွင် နိုင်ငံတော်ကာကွယ်ရေး  ဝတ်စုံ (ပျောက်ကျား
ဝတ်စုံ)များကို ဝတ်ဆင်ပြီး တုတ်(ရာဘာနံပါတ်တုတ်၊ဝါးရင်းတုတ်)၊ ဓါး၊ လက်ထိပ်
များတပ်ဆင်ထားသော အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု  ကုမ္ပဏီလီမီတက်မှ
 ခေါ်ယူဖွဲ့စည်း ထားသော လှုပ်ရှားတပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်း
များ ပြန်လည်လုပ်ကိုင်ရန်စောင့် ဆိုင်းနေသော ရွှေလုပ်သားများ၏နေအိမ်တဲများ
 အတွင်းသို့ အတင်းဝင်ရောက်ရှာဖွေသိမ်းဆည်းနေပါသည်။

ထို သို့ရှာဖွေသိမ်းဆည်းရာတွင် ရှာဖွေစစ်ဆေးခွင့် စာရွက်စာတမ်းများ ပြသခြင်း  
မရှိသလို  နိုင်ငံတော်မှ   တရားဝင်ဖွဲ့ စည်းထားသော    ပြည်သူ့ ရဲဝန်ထမ်းများ၊
 ခရိုင်အုပ်ချုပ်ရေးမှူးမှ နေရာချထားပေးထားသော ဈေးတန်း ရာအိမ်မှူး များ တစ်
ဦးမှမပါဝင်ပါ။

အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီ   သည်   မိုးထိမိုးမိတောင်ပေါ်တွင်
 ၁၄.၆.၂၀၁၂ရက်နေ့တွင် ရွှေလုပ်သားများနှင့် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီး
နောက်ပိုင်းတွင် စာချုပ်ပါ အချက်အလက်များကို    ချိုးဖောက်နေ သလို ရွှေ  
လုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက် နေပါသည်။

နိုင်ငံရေးအကျဉ်းသားများ မိသားစုအကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
 
 သတင်းရင်းမြစ်    သစ်ထူးလွင်     

မိုးထိမိုးမိတောင် ဇုံ-၉(ဘတ်ဖိုး)တွင် (၉.၈.၂၀၁၂)ရက်နေ့မြင်ကွင်းများ








>>>ဆက်ဖတ်ရန်>>> >>

ဟဂ်ျ ဘုရားဖူး ဗီဇာ ၁၀ ဦး ကော်မတီသာ လုပ်ခွင့်ရခြင်းကို မကျေနပ်၍ ဆန္ဒပြ

36 · ·
>>>ဆက်ဖတ်ရန်>>> >>

မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်

ဝန်ကြီး ဦးကျော်ဆန်းနှင့်ပတ်သက်သော MJA ရဲ့ ယနေ့ သတင်းထုတ်ပြန်ချက် ဖြစ်ပါတယ်။



----------------------------

မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၂
Posted on August 13, 2012 by MJA

အကြောင်းအရာ။ ။ ပြည်ထောင်စုဝန်ကြီး   ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ
                        တွေ့ဆုံဆွေးနွေးမှု

၁။ သြဂုတ် ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမြုတေ   စာနယ်ဇင်းကောင်စီ   ဖွဲ့စည်း
ခြင်း ကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းက လက်မခံ
နိုင်သည့် အချက်များကို ပြင်ဆင် ပြောင်းလဲရန်နှင့် ထိုသို့ ပြင်ဆင်ပြောင်းလဲခြင်း   မပြုပါ
က မြနိမာနိုင်ငံသတင်းစာဆရာအသင်းကို ကိုယ်စားပြုသော ကိုယ်စားလှယ်    များသည် 
အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့မည်မဟုတ်ကြောင်း    ၁၁ သြဂုတ် ၂၀၁၂
 နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် 
အတည်ပြုခဲ့ပါသည်။

၂။ ထိုနေ့ ညနေတွင် စာပေစိစစ်ရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ MJA ညီလာခံ ကျင်းပရာ 
ယုဇနဂါးဒင်းဟိုတယ်သို့ လာရောက်ပြီး ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက 
MJA ကိုယ်စားလှယ်များအား ဆွေးနွေးလိုကြောင်း ဖိတ်ကြားသဖြင့် ၁၂၊ ၈၊ ၂၀၁၂ နေ့နံနက်
 ၉နာရီခွဲတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗဟိုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ တွေ့
ဆုံ ရာတွင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိ
သူအချို့ပါဝင်ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ နာယက ဦးခင်မောင်လေး 
(ဖိုးသောကြာ)၊ ဥက္ကဌ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒုဥက္ကဌ-၁ ဦးကိုကို၊ ဒုဥက္ကဌ-၂ ဦးသီဟစော၊
 နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ဦး တက်ရောက်ခဲ့ပါသည်။

၃။ MJA ဘက်မှ ဆွေးနွေးချက်များမှာ MJA သဘောထားကြေညာချက်တွင် ရှင်းလင်းစွာ
 ဖော်ပြထားပြီးဖြစ်သည့် ပြင်ဆင်ဖြုတ်ပယ်ပေးရန် စာပိုဒ်နှင့်စာသားများကို ကျိုးကြောင်း
ဖော်ပြပြီး ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။ပြင်ဆင်ပြောင်းလဲပေးရန်    တောင်းဆိုထား
သော   စာပိုဒ်၊   စာသားများကို    ပြင်ဆင်ပြောင်းလဲပေးရန် နှင့် အမြုတေ   စာနယ်ဇင်း
ကောင်စီတွင် အခြား အမျိုးအစားများက များနေပြီး အဓိက  ကျသည့်  သတင်းစာဆရာ
အရေအတွက်နည်းနေခြင်းကို တိုးမြှင့်ပေးရန် MJA အဖွဲ့က တင်ပြခဲ့ပါသည်။ ထို့ပြင် စာ
နယ်ဇင်းကျင့်ဝတ်ရေးဆွဲရန်တာဝန်ရှိသည့် အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် စပ်လျဉ်းပြီး
 မေးခွန်းထုတ်ဖွယ် ဖြစ်နိုင်သူ(သို့)ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပါသည်။

၎။ MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ငန်း
များကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေး ပြီးပြတ်သည်အထိစောင့်ဆိုင်းမည်ဟု ပြန်ကြား
ရေးဝန်ကြီးကပြောကြားပါသည်။ အမြုတေ  စာနယ်ဇင်းကောင်စီ လုပ်ငန်း  လည်ပတ်နိုင်
ချိန်အထိ စာပေစိစစ်မှုများ ဆက်ရှိနေဦးမည်ဟု သိရပါသည်။

၅။ MJA ကိုယ်စားလှယ်များက ပြန်ကြားရေးဝန်ကြီးဌာနမှ အမြုတေစာနယ်ဇင်းကောင်စီနှင့်
 စပ်လျဉ်းပြီး နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုလျှင် မိမိတို့အား ကြို
တင် အသိပေးရန် ပြောကြားခဲ့ပါသည်။

၆။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ထူးခြားလျှင် 
ဆက်လက်သတင်းထုတ်ပြန်ပါမည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
၁၃ သြဂုတ် ၂၀၁၂ 

သတင်းရင်းမြစ်   Shwe Myitmakha Media Group

>>>ဆက်ဖတ်ရန်>>> >>

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်အား တံတားအနီး ထိုင်းနိုင်ငံ ဘက်တွင် ကျင်းပမည်

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကို ချစ်ကြည်ရေး
တံတားအနီး ထိုင်းဘက်ခြမ်းမှာ သြဂုတ် ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ကျင်းပမယ့်
အကြောင်း ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊



သတင်းရင်းမြစ်    DVB


>>>ဆက်ဖတ်ရန်>>> >>

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ရိုဟင်ဂျာလိုလားသူ ၂၀၀ က လန်ဒန်တွင် ဆန္ဒပြ


လန်ဒန်သို့ ရောက်ရှိနေသော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာအား ရိုဟင်ဂျာ
လိုလားသူ ၂၀၀ ခန့်မှ  တနင်္ဂနွေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြသည်။


Global Hunger အစည်းအဝေးသို့ တက်ရောက်နေသော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်။
လန်ဒန် အမှတ် (၁၀) ဒေါင်နင်းလမ်းတွင် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်းနှင့် တွေ့
ဆုံရန် လာရောက်စဉ် ထိုသို့ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ်အား ကန့်ကွက် ဆန္ဒပြရခြင်း အကြောင်းမှာ ရခိုင်တွင် ဖြစ်ပေါ်
ခဲ့သော ဆူပူ  အကြမ်းဖက်မူ ဖြစ်ပွားစဉ်ကြောင့် ထွက်ပြေးလာသူများကို ဘင်္ဂလာဒေခ်ျ့
ဘက်က ခိုလုံခွင့်ပေးရန် ငြင်းဆို သောကြောင့်  ဖြစ်သည်ဟု ဆိုသည်။

ရှိတ်ဟာဆီးနာ ဦးဆောင်သော ဘင်္ဂလာဒေခ်ျ့ အစိုးရသည် မြန်မာနိုင်ငံဘက်မှ ထွက်ပြေး
လာသူများကို လက်ခံလိုက်ပါက မြောက်မြားစွာသောသူများ ထွက်ပြေးခိုလုံလာမည်ကို စိုးရိမ်သောကြောင့် မြန်မာမှ ထွက်ပြေးလာသော မွတ်ဆလင်များကိုဘဲ လက်မခံဘဲ
 ပြန်လည် နှင်ထုတ်ခဲ့သည်။

သို့အတွက် နိုင်ငံတကာမှ ဘင်္ဂလာဒေခ်ျ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့  အစိုးရမှ မြန်မာနိုင်ငံမှ မွတ်ဆလင် ရိုဟင်ဂျာ ဆိုသူများ အရေးမှာ ဗမာ
ပြည်နှင့် သက်ဆိုင်အရေး ကိစ္စသာ ဖြစ်ပြီး မိမိတို့အား ဖိအားပေးခြင်းထက် ဗမာပြည်
အစိုးရအား ဖိအားပေးခြင်းက ပိုမို အကျိုး ရှိလိမ့်မည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
အကူအညီပေးလိုသော နိုင်ငံခြား အန်ဂျီအိုများ အနေဖြင့်လည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ
ထဲသို့ ၀င်ရောက် ကူညီပေးခြင်းထက် ဗမာပြည်ထဲသို့ သွားရောက်ပြီး  အကူအညီ
 ပေးခြင်းက ပိုမို ထိရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

၎င်းနောက်ပိုင်းတွင် နယ်စပ်တွင် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြား အန်ဂျီအို (၃) ခု
 ဖြစ်သော MSF Medecins Sans Frontieres အဖွဲ့၊ ACF (Action Against Hunger)
 နှင့် Muslim Aid (UK) တို့ကို အကူအညီပေးနေမူများအား ရပ်ဆိုင်းရန် ဘင်္ဂလာဒေခ်ျ့
အစိုးရက အမိန့်ထုတ်ခဲ့သည်။ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ကမ္ဘာလုံး
ဆိုင်ရာ ငတ်မွတ်မူ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရန် လန်ဒန်သို့ သွားရောက်
စဉ် ယခုလို ဆန္ဒပြခံရခြင်း ဖြစ်သည်။

 သတင်းရင်းမြစ်   နိရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

မန္တလေး ဗုံးပေါက်ကွဲမှု သုံးနှစ်သား ကလေးတဦးနှင့် လူကြီးတဦး ဒဏ်ရာရ

(၁၃-၈-၂၀၁၂) ရက်နေ့  အချိန်နံနက်(၀၈း၃၀) နာရီအချိန်တွင်မန္တလေးတိုင်း ဒေသကြီး၊
 အောင်မြေ သာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ်  (၆  /  ၇)   ရှိ အိမ်ရှင် 
ဦးထွန်းမင်းလတ်(ဘ) ဦးထွန်း ၏ နေအိမ် နောက်ဖေး ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါး
ခဲ့ပါတယ်။



အိမ်ရှင် ဦးထွန်းမင်းလတ်မှ ကောက်ယူ လာသော အမှိုက်များအား စုပုံထားပြီးပြန်
လည် ရွေးနေစဉ်   အမှိုက်ပုံထဲမှ   မီးခိုများ အူလာသဖြင့်   ထွက်ပြေးရာပေါက်ကွဲ
သံ တစ်ခုကြားရပြီး ခဲစများ ပွင့်ထွက်လွင့်စင် လာပါတယ်။

လွင့်ထွက်လာတဲ့ ခဲစများကြောင့် အိမ်သွပ်မိုးအား အပေါက်(၁၇) ပေါက်ခန့် ပေါက် 
သွားပြီး၊ အိမ်အတွင်း တီဗီကြည့်နေသော မိုးအောင်သူ(ဘ) ဦးဇော်ဝင်းထိုက်(၃) နှစ် 
  သားအား လည်ပင်းနှင့်ဘယ်ဘက်နားထင် တို့တွင် ဒဏ်ရာပြင်းစွာထန်ရရှိ
ခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများ က Myanmar News Now ကို ပြောပါတယ်။

အခုအခါ ဒဏ်ရာရရှိတဲ့ ခလေးကို မျက်စိနားနှာခေါင်း ဆေးရုံသို့ အမြန်တင်ပို့
ထားကြောင်း သိရပါတယ်။ ဒါအပြင် ကိုခိုင်မင်း(ဘ) ဦးသောင်းစိန် အသက် (၂၈)
 နှစ်၏  ညာဘက် လက်ကောက် ၀တ်တွင်လည်း ဒဏ်ရာ အနည်းငယ် ရှိခဲ့ပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှု ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ အမှုမှန်ပေါ်ပေါက်စေရန်
ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါတယ်။

သတင်းရင်းမြစ်    DVB ၊ သစ်ထူးလွင်

>>>ဆက်ဖတ်ရန်>>> >>

လိုင်စင်မဲ့ အကျိုးဆောင် ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကို ပုဇွန်တောင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်

ပြည်ပ အကျိုးဆောင်လိုင်စင်မရှိပဲ မလေးရှားနိုင်ငံသို့တရားမဝင်စေ လွှတ်သည့် ကုမ္ပဏီ
တစ် ခု၏ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကိုပြည်ပအလုပ် အကိုင်ဆိုင်ရာ  ဥပဒေ ဖြင့်
ဇူလိုင်၂ဝ ရက်တွင် ပုဇွန်တောင်တရားရုံး က   အလု ပ်ကြမ်းနှင့်ထောင်ဒဏ် များ  ချမှတ်
ခဲ့ကြောင်းအရှေ့ပိုင်းခရိုင် တရားရုံး မှသိရသည်။


ကုမ္ပဏီဒါရိုက်တာ သန်းဇော်လင်း အားအလုပ်ကြမ်းနှင့်ထောင်ဒဏ်  ၈   နှစ်၊  ရုံးဝန် 
ဦးမောင်မောင်ကြီး ကို အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၄နှစ်စသဖြင့် အသီးသီးကျ ခံရ
မည်ဖြစ်ကြောင်းအဆိုပါပြစ်ဒဏ် များကို သီးခြား စီကျခံစေရန် ပုဇွန်တောင် တရားရုံး
ကပြစ်ဒဏ်များချမှတ်ခဲ့သည်။ ပုဇွန်တောင်မြို့နယ် ၁ ရပ်ကွက်ရှိ ထိပ်တန်းရွှေကုမဏီ
အပြည်ပြည်ဆိုင် ရာဝန်ဆောင်မှု ကုမ္ပဏီ  ဒါရိုက်တာ သန်းဇော်လင်း နှင့်  ဦးမောင်
မောင်ကြီး
တို့နှစ်ဦးသည် ပြည်ပ အကျိုးဆောင် လိုင်စင်မရှိဘဲ ကေ့မှုးတွင်နေထိုင်သော အမျိုးသား 
သုံးဦးထံမှငွေကျပ်၂၃သိန်း ဝန်းကျင်ခန့်ယူပြီး မလေးရှား နိုင်ငံသို့ စေလွှတ်ခဲ့ ကြောင်း၊ 
ရခိုင်ပြည်နယ်နေ သူနှစ်ဦးထံမှ ငွေကျပ်တစ်ဦးလျှင် ငွေကျပ် ရသိန်း ၊ကော့မှုး ဝါသခင်
ကျေး ရွာနေသူ ၅ဦးထံ မှငွေကျပ်၃ရသိန်းကျော်ယူပြီးမလေးရှားနိုင် ငံသို့တရား မဝင်စေ 
လွှတ်ခဲ့သည့် အထောက်အထားများ  ကိုအထူး စုံစမ်းစစ်ဆေးရေးဌာနမှ စစ်ဆေး တွေ့ရှိ
ရသဖြင့် ပုဇွန်တောင် ရဲစခန်း သို့တိုင်ကြား ခဲ့ ကြောင်းသိရသည်။

''ရဲစခန်းကနေတဆင့် ပုဇွန်တောင်မြို့နယ် တရားရုံးက  ဒီအမှုကိုစစ်ဆေးတယ်။ ပြည်ပ
အလုပ် အကိုင် အက်ဥပဒေပုဒ် မ၂၆ အရအပြစ်ပေးခဲ့တာ။''ဟုအရှေ့ ပိုင်းခရိုင်တရားရုံး
မှတာဝန်ရှိသူတစ်ဦးက ပြော သည်။ ယင်းကဲ့သို့ပြည်ပ အလုပ် အကိုင် အကျိုး ဆောင်
လုပ်ငန်း  လိုင်စင်မရှိ ပဲတရား မဝင်လုပ်ကိုင် နေသည့် ကုမ္ပဏီ များ ကို အများပြည်သူ
သိရှိစေ  ရန်နိုင်ငံကူးလက်မှတ်ရုံးများတွင်တရားဝင် အေးဂျင့်များ၏ လိပ်စာများ ကိုဖော်ပြ 
ထားပေးကြောင်း  အလုပ်သမားဝန် ကြီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။

''အလုပ်သမား ညွှန်ကြားမှု  ဦးစီးဌာနအနေ နဲ့ဒီလိုတရားမဝင်လုပ်ကိုင်နေတဲ့အေး ဂျင့်တွေ
ကို မရှိရအောင် အေးဂျင့်လုပ် ငန်းလိုင်စင်တွေလျှောက်တဲ့ အခါ   ကန့် သတ်ချက်  အမျိုးမျိုး
ထား ရှိတယ်။ ငွေကြေး ပမာဏကို သိန်းတစ်ထောင် ကန့် သတ်တယ်။  နာမည်ပျက်ကုမ္ပဏီ
မဖြစ်ရဘူး။ စသဖြင့်ပေါ့။ ကန့်သတ် ချက် အမျိုးမျိုးရှိတယ်။   ဒါတွေကို တင်ပြနိုင်မှ  အေးဂျင့်
လိုင် စင်လျှောက်နိုင်မယ်။ တချို့ လုပ်ကိုင်ခွင့် လိုင်စင် မရှိပဲပြည် ပပို့နေတဲ့သူတွေကျတော့
ပို့တော့ပို့ လိုက် တယ်။ ဟိုကျ အဆင်မပြေတာ တွေ၊ အခက် အခဲဖြစ်တာတွေ  အများ ကြီး
ရှိတယ်။တချို့ကျတော့ ငွေလိမ် ယူပြီးထွက်ပြေးတဲ့ တရား မဝင် အေးဂျင့်တွေလည်း ရှိတယ်။''
ဟုအလုပ်သမား  ဝန်ကြီးဌာနမှတာ ဝန်ရှိသူက   ပြောသည်။ 

၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလအတွင်းကရန်ကုန်တိုင်း ဒေသကြီးရှိတရားဝင်လိုင်စင်မရှိပဲ
ပြည် ပပို့နေသည့်ကုမဏီ၂၀ ဝန်းကျင်မှတာဝန်ရှိသူများ ကိုအထူးစုံစမ်းစစ်ဆေးရေးဌာန က
ဖမ်းဆီးစစ်ဆေး မှုများပြုလုပ်  ခဲ့ကြောင်း လည်း သိရသည်။

သတင်းရင်းမြစ်    Yangon times 
>>>ဆက်ဖတ်ရန်>>> >>