ပြည်ပ အကျိုးဆောင်လိုင်စင်မရှိပဲ မလေးရှားနိုင်ငံသို့တရားမဝင်စေ လွှတ်သည့် ကုမ္ပဏီ
တစ် ခု၏ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကိုပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေ ဖြင့်
ဇူလိုင်၂ဝ ရက်တွင် ပုဇွန်တောင်တရားရုံး က အလု ပ်ကြမ်းနှင့်ထောင်ဒဏ် များ ချမှတ်
ခဲ့ကြောင်းအရှေ့ပိုင်းခရိုင် တရားရုံး မှသိရသည်။
ကုမ္ပဏီဒါရိုက်တာ သန်းဇော်လင်း အားအလုပ်ကြမ်းနှင့်ထောင်ဒဏ် ၈ နှစ်၊ ရုံးဝန်
ဦးမောင်မောင်ကြီး ကို အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၄နှစ်စသဖြင့် အသီးသီးကျ ခံရ
မည်ဖြစ်ကြောင်းအဆိုပါပြစ်ဒဏ် များကို သီးခြား စီကျခံစေရန် ပုဇွန်တောင် တရားရုံး
ကပြစ်ဒဏ်များချမှတ်ခဲ့သည်။ ပုဇွန်တောင်မြို့နယ် ၁ ရပ်ကွက်ရှိ ထိပ်တန်းရွှေကုမဏီ
အပြည်ပြည်ဆိုင် ရာဝန်ဆောင်မှု ကုမ္ပဏီ ဒါရိုက်တာ သန်းဇော်လင်း နှင့် ဦးမောင်
မောင်ကြီး
တို့နှစ်ဦးသည် ပြည်ပ အကျိုးဆောင် လိုင်စင်မရှိဘဲ ကေ့မှုးတွင်နေထိုင်သော အမျိုးသား
သုံးဦးထံမှငွေကျပ်၂၃သိန်း ဝန်းကျင်ခန့်ယူပြီး မလေးရှား နိုင်ငံသို့ စေလွှတ်ခဲ့ ကြောင်း၊
ရခိုင်ပြည်နယ်နေ သူနှစ်ဦးထံမှ ငွေကျပ်တစ်ဦးလျှင် ငွေကျပ် ရသိန်း ၊ကော့မှုး ဝါသခင်
ကျေး ရွာနေသူ ၅ဦးထံ မှငွေကျပ်၃ရသိန်းကျော်ယူပြီးမလေးရှားနိုင် ငံသို့တရား မဝင်စေ
လွှတ်ခဲ့သည့် အထောက်အထားများ ကိုအထူး စုံစမ်းစစ်ဆေးရေးဌာနမှ စစ်ဆေး တွေ့ရှိ
ရသဖြင့် ပုဇွန်တောင် ရဲစခန်း သို့တိုင်ကြား ခဲ့ ကြောင်းသိရသည်။
''ရဲစခန်းကနေတဆင့် ပုဇွန်တောင်မြို့နယ် တရားရုံးက ဒီအမှုကိုစစ်ဆေးတယ်။ ပြည်ပ
''ရဲစခန်းကနေတဆင့် ပုဇွန်တောင်မြို့နယ် တရားရုံးက ဒီအမှုကိုစစ်ဆေးတယ်။ ပြည်ပ
အလုပ် အကိုင် အက်ဥပဒေပုဒ် မ၂၆ အရအပြစ်ပေးခဲ့တာ။''ဟုအရှေ့ ပိုင်းခရိုင်တရားရုံး
မှတာဝန်ရှိသူတစ်ဦးက ပြော သည်။ ယင်းကဲ့သို့ပြည်ပ အလုပ် အကိုင် အကျိုး ဆောင်
လုပ်ငန်း လိုင်စင်မရှိ ပဲတရား မဝင်လုပ်ကိုင် နေသည့် ကုမ္ပဏီ များ ကို အများပြည်သူ
သိရှိစေ ရန်နိုင်ငံကူးလက်မှတ်ရုံးများတွင်တရားဝင် အေးဂျင့်များ၏ လိပ်စာများ ကိုဖော်ပြ
ထားပေးကြောင်း အလုပ်သမားဝန် ကြီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
''အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနအနေ နဲ့ဒီလိုတရားမဝင်လုပ်ကိုင်နေတဲ့အေး ဂျင့်တွေ
''အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနအနေ နဲ့ဒီလိုတရားမဝင်လုပ်ကိုင်နေတဲ့အေး ဂျင့်တွေ
ကို မရှိရအောင် အေးဂျင့်လုပ် ငန်းလိုင်စင်တွေလျှောက်တဲ့ အခါ ကန့် သတ်ချက် အမျိုးမျိုး
ထား ရှိတယ်။ ငွေကြေး ပမာဏကို သိန်းတစ်ထောင် ကန့် သတ်တယ်။ နာမည်ပျက်ကုမ္ပဏီ
မဖြစ်ရဘူး။ စသဖြင့်ပေါ့။ ကန့်သတ် ချက် အမျိုးမျိုးရှိတယ်။ ဒါတွေကို တင်ပြနိုင်မှ အေးဂျင့်
လိုင် စင်လျှောက်နိုင်မယ်။ တချို့ လုပ်ကိုင်ခွင့် လိုင်စင် မရှိပဲပြည် ပပို့နေတဲ့သူတွေကျတော့
ပို့တော့ပို့ လိုက် တယ်။ ဟိုကျ အဆင်မပြေတာ တွေ၊ အခက် အခဲဖြစ်တာတွေ အများ ကြီး
ရှိတယ်။တချို့ကျတော့ ငွေလိမ် ယူပြီးထွက်ပြေးတဲ့ တရား မဝင် အေးဂျင့်တွေလည်း ရှိတယ်။''
ဟုအလုပ်သမား ဝန်ကြီးဌာနမှတာ ဝန်ရှိသူက ပြောသည်။
၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလအတွင်းကရန်ကုန်တိုင်း ဒေသကြီးရှိတရားဝင်လိုင်စင်မရှိပဲ
ပြည် ပပို့နေသည့်ကုမဏီ၂၀ ဝန်းကျင်မှတာဝန်ရှိသူများ ကိုအထူးစုံစမ်းစစ်ဆေးရေးဌာန က
ဖမ်းဆီးစစ်ဆေး မှုများပြုလုပ် ခဲ့ကြောင်း လည်း သိရသည်။
သတင်းရင်းမြစ်
း Yangon times
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။