အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော

စံခလပူရီ (မဇ္ဈိမ)။   ။ ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ 
၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်   သဘော ထိပ်သီး အစည်း
အဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက်   ပေးခဲ့ပြီး ဆိုင်ရာတပ်   အသီးသီး
သို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး  ဦးလနန်မှ 
မဇ္ဈိမကို ပြောကြားသွားသည်။


သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်
  
သတင်းရင်းမြစ်း  မဇ္ဈိမ
29-7-12-9
>>>ဆက်ဖတ်ရန်>>> >>

မြ၀တီတွင် MOU ပုံစံဖြင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်နေသော အလုပ်သမား (၇၀၀) ပွဲစားထံတွင် ငွေလိမ်ခံရ

Photo



ထိုင်း- မြန်မာ နယ်စပ် မြ၀တီမြို့ရှိ အလုပ်သမား ပါ့စပို့စ်ရုံးတွင် နားလည်မှုစာချွန်ဟုခေါ်သော 
Memorandum  Of   Understanding   (MOU) ဖြင့်   ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာ 
ရွေ့ပြောင်းအလုပ်သမား (၇၀၀) ခန့်မှာပွဲစားထံတွင် ငွေများအလိမ်ခံရကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်
 သတင်းရင်းမြစ်း arakantimes     

29-7-12-8
>>>ဆက်ဖတ်ရန်>>> >>

မြန်မာ-ဘင်္ဂလာအကြား ပါ့စ်ပို့စီးပွားရေးသမားများ အခက်အခဲကြုံနေရဆဲ



20120613y 







ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ် အကြားတွင် ပါ့စ်ပို့ဖြင့် တရားဝင် ကူးသန်းဖြတ်ကျော် နေကြသည့် စီးပွားရေးသမားများမှာ ယခုအချိန်ထိ စတင်သွားလာရန် အခက်အခဲဖြင့် ရင်ဆိုင်ကြုံနေကြရကြောင်း သိရှိရသည်။


သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်

 သတင်းရင်းမြစ်  arakantimes     


29-7-12-6
>>>ဆက်ဖတ်ရန်>>> >>

တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့


ရန်ကုန် ၊ ဇူလှိုင် ၂၉

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့   ဆက်သွယ်မည့်
တရုတ် -မြန်မာ စွမ်းအင်ပိုက်လိုင်း   တည်ဆောက်ရေး  ကုပ္မဏီမှ   ရခိုင်ပြည်နယ်
တာင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ    ငါးသောင်းထောက်ပံ့ပေး
ခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက   The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်အရှေ့တောင် အာရှ 
သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်
သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသောစားဝတ်
နေနရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီး
ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့်   အခွန်ဝန်ကြီး ဌာနသို့  ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း
အထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း တရုတ်  -မြန်မာ စွမ်းအင်  ပိုက်လိုင်း  လယ်မြေ ဧကများစွာကို 
အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ
 ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိ
ရသည်။

သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>

သီပေါမြို့မှာ သစ်တောဝန်ထမ်းများ အိပ်ပျော်နေခြင်း

 
 
ကျွန်တော်တို့ သီပေါမြို့တွင်း သစ်စက်နှင့် ပရိဘောဂ လုပ်ငန်းများ အရမ်းများနေပါသည်။ 
သူတို့ လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဆူညံမှုများ ဆက်တိုက်ဖြစ်နေပါတယ်။

သစ်ခွဲစက်အသံ၊ ရေပေါ်စက် အသံများ ဟာ ပတ်ဝန်းကျင်ကို အင်မတန် ဒုက္ခပေးနေပါတယ်
ခင်ဗျာ. သစ်တော ၀န်ထမ်းများမှာလည်း ပိုက်ဆံလောက်သာ လိုက်ကောက်ပြီး ဘာမှတာဝန်
ယူခြင်းမရှိပါ..သို့သော် လူကြီးလာတဲ့ အချိန်သာ သစ်စက်သံများ မကြားရတာဖြစ်ပါတယ်။

 ယခုလုပ်နေသောလုပ်ငန်းများမှာ တရားဝင်လုပ်ငန်းများဖြစ်ပါသလား? လမ်းဘေးရှိ ကျွန်းပင်
များတွင်သစ်တစ်ပင်ခုတ် ထောင် (၃) နှစ်လို့တော့ ရေးထားပါတယ်။ သစ်ခွဲစက်ပိုင်တဲ့သူတွေ
နဲ့ ပရိဘောဂ လုပ်ငန်းလုပ်တဲ့သူတွေကို အရေးယူရင် ဘယ်လို့အရေးယူကြပါသလဲခင်ဗျာ..

မြို့တွင်းရှိသစ်စက်များနှင့် ပရိဘောဂလုပ်ငန်းများကို ရပ်ဆိုင်းပေးပါရန်တောင်းဆိုအပ်ပါသည်၊ 
သစ်တောဝန်ထမ်းများ အိပ်ယာကနိုးသင့်ပါပြီ။

သီပေါမြို့ ခံတဦး
 
သတင်းရင်းမြစ်    သစ်ထူးလွင်      
>>>ဆက်ဖတ်ရန်>>> >>

ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်း
စီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ   ကျင်းပနို င်ရေး အတွက်   ပါဝင်ဆောင်ရွက်ပေးမယ်လို့
ဒီကနေ့ ကျင်းပတဲ့  အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်
တွေက သဘောတူညီခဲ့ပါတယ်။

88 Generation Students
၈ လေးလုံး အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပမည့် မန္တလေး
မြို့ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီး ကျောင်းတိုက် ဖြစ်
ပါသည်။ (Photo Courtesy of 88 Generation Students Facebook)

ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကလည်း ပူးပေါင်း
 ဆောင်ရွက်နေတယ် ဆိုတာ လက်တွေ့ ပြသချင်တာကြောင့် ဖြစ်တယ်လို့လည်း အစည်း
အဝေးကို တက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုပြုံးချိုက ပြောပါ
တယ်။

"အခုအချိန်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလည်းရေးမှာ အားလုံး ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်
အလမ်းကို ဖန်တီးနေကြတယ်  ဆိုတဲ့အတွက်၊ နောက်ပြီး   ဒီ  အရေးတော်ပုံကြီးဟာ နိုင်ငံနဲ့ 
အ၀န်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီအရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့သူများအားလုံးလည်း ဒီအပြောင်း 
အလဲတွေမှာ ပူးပေါင်း  ပါဝင်နိုင်မယ့်   နည်းလမ်းကောင်းတွေ အကြံဥာဏ်ကောင်းတွေနဲ့ စုစု 
စည်းစည်း ညီညီ  ညွတ်ညွတ် လုပ်ကိုင်နိုင်  မယ့် အနေအထားကို  ဆရာတော်တွေကလည်း 
သဘောပေါက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါ။"

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးကျောင်းတိုက် အတွင်း ကျင်းပမယ့် ရှစ်လေးလုံး
 အခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ တက်ရောက်နိုင်အောင် စီစဉ်  ဖိတ်ကြားထားတယ်လို့ 
ကိုပြုံးချိုက ပြောပါတယ်။ သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျ
 သတင်းယူနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>