အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့


ရန်ကုန် ၊ ဇူလှိုင် ၂၉

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့   ဆက်သွယ်မည့်
တရုတ် -မြန်မာ စွမ်းအင်ပိုက်လိုင်း   တည်ဆောက်ရေး  ကုပ္မဏီမှ   ရခိုင်ပြည်နယ်
တာင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ    ငါးသောင်းထောက်ပံ့ပေး
ခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက   The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်အရှေ့တောင် အာရှ 
သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်
သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသောစားဝတ်
နေနရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီး
ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့်   အခွန်ဝန်ကြီး ဌာနသို့  ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း
အထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း တရုတ်  -မြန်မာ စွမ်းအင်  ပိုက်လိုင်း  လယ်မြေ ဧကများစွာကို 
အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ
 ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိ
ရသည်။

သတင်းရင်းမြစ်    The Voice Weekly   

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။