အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Monday, August 13, 2012
၂၄ နှစ်မြောက် ရှစ်လေးလုံး(8888) အခမ်းအနား အမေရိကန်ပြည်ထောင်စုတွင် ကျင်းပ
၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုအုံကြွမှုအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို
 အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ မြန်မာ
ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဇေယျသုခဓမ္မရိပ်သာခန်းမမှာ သြဂုတ်လ ၁၂ ရက် 
တနင်္ဂနွေနေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
 သတင်းအပြည့်အစုံ အောက်တွင် ဖတ်ရှုပါရန်
သတင်းရင်းမြစ်  arakantimes     
13.8.12.3
>>>ဆက်ဖတ်ရန်>>> >>
ကျောင်းစဖွင့်ချိန်နှစ်လခွဲခန့်ကြာပြီးမှ မောင်တောတွင် ကျောင်းများစတင်ဖွင့်လှစ်နိုင်
DSC03200 copy
ရခိုင်တွင် ဆူပူအကြမ်းဖက်မှုကြောင့် အခြားမြို့နယ်များတွင် ပိတ်ထားသော ကျောင်း
များအား ယခင်လမှ ဖွင့်နိုင်ခဲ့သော်လည်း မောင်တောမြို့ရှိ ကျောင်းများကို ယခုလ(၁၃)
ရက်နေ့မှ စတင်ကာကျောင်း (၇) ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မောင်တောတွင်အထက(၅)ကျောင်း၊ အထက-ခွဲ(၃)ကျောင်း၊ အလက(၈)ကျောင်း၊ 
အလက-ခွဲ(၂) ကျောင်း၊ အလက- တွဲ(၁)ကျောင်း၊ မူလွန်(၁၇)ကျောင်း၊ အမက(၁၂၃)
ကျောင်းရှိရာ ယခုလ(၁၃)နေ့တွင် မြို့ပေါ်အထက၊ အမက(၁)၊ အမက(၃)၊ အမက(၄)၊
 လေးမိုင်အလက(၂)၊ ကျီးကန်းပြင် အလကကျောင်းပေါင်း (၇)ကျောင်းတို့ကို ယနေ့တွင်
ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
စာသင်ချိန်ကိုလည်း ရခိုင်များအားနံနက်ပိုင်း၊ ဘင်္ဂလီများကိုညပိုင်း၊ အချိန်ခွဲကာသင်ကြား
သွားမည်ဖြစ်ပြီး တက်ရောက်လာသော ဘင်္ဂလီကျောင်းသားများအား ဆူပူအကြမ်းဖက်မှု 
မပြုလုပ်ရန် ကတိခံဝန်ချက်လက်မှတ်ထိုးကာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။
" မောင်တောမှာ ဆူပူအကြမ်းဖက်မှုကြောင့် ကျောင်းဆရာတစ်ဦး အသတ်ခံခဲ့ရတယ်၊ 
အခြားမြို့တွေက တာဝန်ကျနေတဲ့ ဆရာ၊ဆရာမတွေဆိုရင် ကုလားတွေကို ကြောက်
လို့မလာရဲကြတော့ဘူး၊ ကျောင်းတွေအားလုံးကို ဖွင့်နိုင်ဖို့ကလည်း ကျောင်းတိုင်းမှာ 
လုံခြုံရေးတွေအပြည့်အ၀ရရှိဖို့ လိုတယ် "ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။
ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာတွင် ရခိုင်ပြည်နယ်၌ ဆူပူ  အကြမ်းဖက်မှု  များ
 ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ရသေ့တောင်၊ ကျောက်
တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ စာသင်ကျောင်းအချို့ကို
 ပိတ်ထားခဲ့ရာ တစ်ချို့ဒေသရှိကျောင်းများအား ပြန်လည်  ဖွင့်လှစ်နိုင်ခဲ့သော်လည်း 
အခြေအနေမတည်ငြိမ်မှုများကြောင့် မဖွင့်လှစ်နိုင်သော ကျောင်းများလည်း ရှိနေ
သေးကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် အမက(၂၂)ကျောင်း၊ ကျောက်တော်တွင် အမက(၁၅)ကျောင်း၊ 
 ရသေ့တောင်တွင် အမက(၁၀)ကျောင်း၊ ဘူးသီးတောင်တွင် အထက  (၂)ကျောင်း၊ 
 အထက-ခွဲ(၁)ကျောင်း၊ အထက- တွဲ(၁)ကျောင်း၊ အလက(၂)ကျောင်း၊ အလက-ခွဲ 
 (၂)ကျောင်း၊ မူလွန်(၂၂)ကျောင်း၊ အမက(၁၁၃)ကျောင်း   ဖွင့်လှစ်ရန်   ကျန်ရှိနေ
သေးကြောင်း သြဂုတ်လ(၇)ရက်နေ့ စာရင်းအရ သိရှိရသည်။
စစ်တွေမြို့နယ်တွင် ဘင်္ဂလီမူဆလင်ကျေးရွာများရှိ ကျောင်းများအား ဖွင့်လှစ်ရန်
 အစိုးရကလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ၊ဆရာ၊ ဆရာများသွားရောက်ခဲ့ သော်
လည်း ကျောင်းသားများရောက်ရှိ  မလာခဲ့ကြောင်းကို စစ်တွေ  ပညာရေးဌာနမှ 
တာဝန်ရှိသူတစ်ဦးက ပြောသည်။
သတင်းရင်းမြစ်  arakantimes     
>>>ဆက်ဖတ်ရန်>>> >>
နိုင်ငံရေးဆွေးနွေးရန်ဆန္ဒ အစိုးရတွင် မရှိဟု KNU ပြော
စံခလပူရီ (မဇ္ဈိမ)။   ။ အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့်
 နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စများကိုသာ အသားပေး ဆွေးနွေး
နေကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာမလာဘော က  သြဂုတ် 
လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့တွင် ပြောကြား
လိုက်သည်။
Saw-Ba-U-Gyi
ကရင် တော်လှန်ရေး ခေါင်းဆောင်
 စောဘဦးကြီး
“လက်ရှိ  အစိုးရသည်  တိုင်းရင်းသား  လက်နက်ကိုင်   အင်အားစုများနှင့်  ငြိမ်းချမ်းရေး 
တည်ဆောက်နေပါသည်ဟု နားထောင်ကောင်းအောင်ပြောနေသော်လည်းဘဲ လက်တွေ့
တွင် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးကို ပြုလုပ်ရန် ဆန္ဒရှိပုံ မပေါ်ပေ။ နိုင်ငံရေး 
အနှစ်သာရ ကင်းမဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမျိုး၊ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများ
ကိုသာ စောင်းပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုရရှိအောင်
 ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟု ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။
ကရင် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် နေ့ကို အစွဲပြု သတ်မှတ်ခဲ့
သည့် ကရင် အာဇာနည်နေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်
သည်။
ထို့ပြင် ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံသစ်သို့ ချီတက်လိုပါကတိုင်းရင်းသားများနှင့်
စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီးနိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံ
ဆွေးနွေးမှု ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အား တိုက်တွန်းလိုက်သည်။ သို့မဟုတ်ပါက
 ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေမည်ဟုလည်းထောက်ပြထားသည်။
ပြည်ထောင်စုအဆင့်   ငြိမ်းချမ်းရေး  ဖော်ဆောင်မှု   လုပ်ငန်းကော်မတီနှင့်   KNU တို့ 
ဘားအံမြို့တွင် တတိယအကြိမ် ငြိမ်းချမ်းရေး မဆွေးနွေးမီရက်ပိုင်းအလိုတွင် ပြောကြား
လိုက်ခြင်းလည်း ဖြစ်သည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတလျှောက်တွင် စီးပွားရေး လုပ်ငန်းများ 
လုပ်ဆောင်ရန် အစိုးဘက်မှ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး၊ KNU ဘက်ကစစ်မှန်သည့်
 ငြိမ်းချမ်းရေး တည်ဆောက်ပြီးမှသာလျှင် လုပ်ဆောင်သင့်သည်ဟု ရှုမြင်ကြသည်။
KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်သာကပေါ ကလည်း “တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ 
အပစ်အခတ် ရပ်စဲရေး လုပ်ပြီး နိုင်ငံရေး ဆွေးနွေး။ အဲဒီ ဖွံ့ဖြိုးရေးတို့ ဆိုတာက တည်တံ့
ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ပြီးမှသာလျှင် လုပ်သင့်တယ်” ဟု ဆိုသည်။
ယခုလ တတိယပတ်အတွင်း ပြည်ထောင်စုအဆင့်နှင့် တတိယအကြိမ် ဆွေးနွေးမည့်
 KNU အနေနှင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန်အတွက် တပ်များ ပြောင်းရွှေ့ လျှော့ချ
ရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များပြင်ဆင်ရေးကို အဓိက ဆွေးနွေးသွား
မည်ဟု စောဒေးဗစ်သာကပေါ က ပြောသည်။
“ဒါက အခြေခံပဲလေ။ အခုက အပစ်အခတ် ရပ်စဲရေး ပဏာမအဆင့်ပဲ ရှိသေးတယ်။ အဲဒီ
အဆင့်က  မတက်သေးဘူး။ အစိုးရဘက်က စခန်းတွေကို ပိုပြီး ခိုင်မာအောင်လုပ်နေတယ်။ 
လက်နက်တွေ ပို့နေတယ်။ အဆိုးဆုံးကတော့ စိုးမိုးနယ်မြေ တိုးချဲ့တာပေါ့ဗျာ။ အဲဒါဆိုတော့
 တိုက်ပွဲတွေ ပြန်ဖြစ်မှာပဲ။ ဒါ့ကြောင့် အဲဒီကျင့်ဝတ်တွေကိုချမှတ်ဖို့ဆွေးနွေးသွားမှာ” ဟု
မဇ္ဈိမကို ပြောသည်။
KNU သည် အစိုးရနှင့် ပုံမှန်ဆက်သွယ်ရေး ပြုလုပ်နိုင်ရန်အတွက် ယခုလ ၁၈ ရက်နေ့တွင်
 မြဝတီမြို့၌ ထပ်မံဖွင့်လှစ်သွားမည် ဖြစ်သည်။ ဧပြီလအတွင်းက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်
နှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်လည်းကောင်း၊ မေလက ကရင်ပြည်နယ်၊ ကြာအင်း
ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လည်းကောင်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
ကရင် အာဇာနည်နေ့ကို KNU လက်အောက်ခံ မြိတ်ထားဝယ်၊ ဒူးပလာယာ၊ ဘားအံ၊
 ညောင်လေးပင်  စသည့် ခရိုင် ခုနှစ်ခုရှိ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်
 (KNLA)တပ်မဟာ ၇ ခုတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် KNU သည် တော်လှန်ရေး သက်
တမ်း အရှည်ကြာဆုံးအဖွဲ့ ဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတွက် ၁၉၄၉ ခုနှစ်
ကတည်းက အစိုးရအဆက်ဆက်အား လက်နက်ကိုင်တော်လှန်လာခဲ့သည်။ 
သတင်းရင်းမြစ်    မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>
စစ်တွေ ဆန်ပြဿနာ (၄၅)နှစ်ပြည့် ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)မှ သဘောထား ကြေငြာချက် ထုတ်ပြန်
RSU 2 
အာရှစပါးကျီဟု တင်စားခေါ်ဆိုခံခဲ့ရသော ရခိုင်ပြည်သည် စစ်အာဏာရှင်လက်အောက်
 ရခိုင်ပြည်သူများ ထမင်းငတ်ကြရ၍ ဆန်တောင်းရာတွင် ဆန်အစား  ကျည်ဆန်  ကိုသာ
 ရခဲ့သောကြောင့် အပြစ်မဲ့  ရခိုင်ပြည်သူ (၃၀၀)ကျော် သေဆုံးခဲ့ကြရသည့် စစ်တွေ ဆန်
ပြဿနာ (၄၅)နှစ်ပြည့်နေ့ ယနေ့ သြဂုတ်လ (၁၃)ရက်နေ့တွင် ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)မှ
 သဘောထားထုတ်ပြန်ကြေငြာလိုက်ကြောင်း သတင်းရရှိသည်။
သဘောထား ထုတ်ပြန်ကြေငြာရခြင်း ရည်ရွယ်ချက်နှင့် ပက်သက်၍ “ဦးဇင်းတို့ဟာ ဘယ်
ဖြစ်စဉ်ဘဲဖြစ်ဖြစ် မမေ့အပ်ပါဘူး၊ သမိုင်းဆရာကြီးတွေပြောသလိုပေါ့ သမိုင်းကိုမသိရင် အ 
တယ်တဲ့၊ အဲဒါကြောင့် ဦးဇင်းတို့ရခိုင်ပြည်သူတွေလည်း ဖြတ်သန်းလာခဲ့ရတဲ့     ရခိုင်ပြည်
သမိုင်းကို အမှတ်ရနေဖို့လိုတယ်။ အဲဒီလို မိမိတို့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းတွေကို  သိမှ 
ဦးဇင်းတို့ ရခိုင်ပြည်သူတွေရဲ့ အနာဂတ်မှာ သင်ခန်းစာတွေယူတတ်မှာဖြစ်ပါတယ်။
 ဒီစစ်တွေ ဆန်ပြဿနာတောင်မကဘဲ တစ်ခြားသော သမိုင်းဖြတ်သန်းမှုတွေကိုလည်း 
ဦးဇင်းတို့ ရခိုင်ပြည်သူတွကို အမှတ်ရစေချင်တဲ့ဆန္ဒ၊ သင်ခန်းစာတွေယူစေချင်တဲ့ ဆန္ဒနဲ့
 အခုလို ကြေငြာချက်တွေကို ထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု ရခိုင်သင်္ဃာ့သမဂ္ဂ(RSU) ဥက္ကဌ
 ဆရာတော် ဦးသီဟမှ မိန့်သည်။
ကြေငြာချက် အပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်
သတင်းရင်းမြစ်  arakantimes             
13.8.12.2
>>>ဆက်ဖတ်ရန်>>> >>
ဒီမိုကရေစီပါတီ မုဒုံမြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ဖွဲ့စည်းပြီး
 မွန်ဒီမိုကရေစီပါတီ MDP ၊ မုဒုံမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အခမ်းအနားတစ်ရပ်ပြု
လုပ်၍ ယမန်နေ့တွင်ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
မွန်ဒီမိုကရေစီပါတီသံဖြူဇရပ်မြို့နယ်အလုပ်အမှုဆောင်ဖွဲ့စည်းခဲ့စဉ်
ယင်းအခမ်းအနားကို မုဒုံမြို့၊ ဗိုလ်ချုပ်လမ်း၊ အရှေ့ဗိုလ်တဲရပ်ကွက်ရှိ  နိုင်စိုးလွင်နေအိမ်၌ 
မွန်းတည့် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီကျင်းပခဲ့ရာ စိတ်ပါဝင်စားသူတစ်ရာဦးနီးပါးခန့်
 တက်ရောက်ခဲ့ကြသည်ဟု အခမ်းအနားဦးစီးကျင်းပသူများထံမှ သိရသည်။
သဘာပတိအဖွဲ့ဝင်တစ်ဦးအဖြစ်တက်ရောက်ခဲ့သူ မွန်ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေး
မှူး-၁ ဒေါက်တာမင်းကြည်ဝင်းက 
“လောလောဆယ်ဖြစ်ပေါ်နေတဲ့ မွန်နှစ်ပါတီပေါင်းစည်းရေးကိစ္စကို ကျနော်ရှင်းပြပါတယ်၊
အားလုံးကလည်း မွန်တစ်ပါတီပဲဖြစ်စေချင်ကြတဲ့ ဆန္ဒတွေရှိကြတယ်၊ တစ်ပါတီဖြစ်ဖို့ကို 
ကျနော်တို့ကြိုးစားနေပါတယ်၊ တချိန်ထဲမှာလည်း  ကျနော်တို့  ပါတီဝင်  အင်အားဖြည့်ဖို့
လုပ်သွားမယ်၊ မြို့နယ်၊ ကျေးရွာတွေမှာ ပါတီရုံးတွေဖွင့်လှစ်သွားမယ် ” ဟု ပြောသည်။
သဘာပတိအဖြစ် မွန်ဒီမိုကရေစီပါတီဒု-ဥက္ကဌ(၂) နိုင်တင်အောင်က ဆောင်ရွက်ပြီး အဖွဲ့
ဝင်များအဖြစ် နိုင်ပန်းအောင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့် အခမ်းအနားမှူးအဖြစ် 
မင်းစိုးဝင်း(ခ) နိုင်မွန်ရာဇာက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်အလုပ်အမှုဆောင် ၂၁ ဦးကိုအတည်ပြုရွေးချယ်ခဲ့ပြီး ဥက္ကဌ
အဖြစ် နိုင်သောင်းစိန်နှင့် အတွင်းရေးမှူးအဖြစ် နိုင်မြင့်လွင်တို့အား တင်မြှောက်ကြသည်။
အလားတူ သံဖြူဇရပ်မြို့နယ်တွင်လည်း ၁၉ ဦးပါဝင်သောအလုပ်အမှုဆောင်အဖွဲ့ကို ယခု
လ ၆ ရက်နေ့တွင် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
“ပါတီဝင်အင်အားကိုစုစည်းပြီး အနည်းဆုံးအင်အားတစ်ထောင်စာရင်းကို နေပြည်တော်
ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရပါမယ်၊ အခု ၂ မြို့နယ်ပဲဖွဲ့စည်းရပါသေးတယ်၊ ပါတီ
ဝင်အင်အား ၅၀ဝ ကျော်သွားပြီ” ဟု MDP ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။
နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၃၄/၂၀၁၂) အရ လာ
မည့်အောက်တိုဘာ ၁၀ ရက်နေ့မတိုင်မီတွင် မွန်ဒီမိုကရေစီပါတီက အနည်းဆုံးပါတီဝင်
အင်အားစာရင်းတစ်ထောင်ကို ရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည် ဖြစ်သည်။
မွန်ဒီမိုကရေစီပါတီအမည်သစ်ပြောင်းခဲ့သော ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား
ဒီမိုကရေစီအဖွဲ့သည် ယခင်ကပါတီဝင်ဦးရေ သောင်းဂဏန်းနှင့်ချီ၍ရှိခဲ့သည်။
သတင်းရင်းမြစ်    လွတ်လပ်သောမွန်သတင်းအေဂျင်စီ
>>>ဆက်ဖတ်ရန်>>> >>
မြ၀တီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီးနှောဖလှယ်
လူမှုအသိုင်းအ၀ိုင်းနှင့် အမျိုးသားရေးတွင် ကရင်လူငယ်များ ပါဝင်ပူးပေါင်းဆောင်ရွက် 
 ရည်ရွယ်၍ ကရင်လူငယ်အစည်း အရုံး-KYO က မြ၀တီမြို့နယ်ရှိ နို့ဖိုးရွာ၌ ကရင်လူငယ် 
၁၀၀ကျော်နှင့် သြဂုတ်လ ၁၁ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ဆွေးနွေးပွဲကို ဦးဆောင်သည့် KYO ဒုဥက္ကဌ စောအဲ့ကလူစေးက “အရင်ကဆို ဒီလိုနရာ
တွေမှာ လူငယ်နဲ့တွေ့ဆုံဖို့ ခက်တယ်။ ဒါပေမယ့် အခုလို အပစ်ရပ်စဲရေးကာလမှာ ဒီလူငယ်
မောင်မယ်တွေနဲ့ တွေ့ဆုံခွင့်ရတာ ၀မ်းသာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
နို့ဖိုးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခမ်းမ၌ ပြုလုပ်ခဲ့သည့် ၎င်းနှီးနှောဖလှယ်ပွဲတွင်
 နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲကျေးရွာများမှ လူငယ် များ တက်ရောက်ခဲ့ကြပြီး “ကရင်
လူငယ်နှင့် အမျိုးသားရေး” ခေါင်းစဉ်ဖြင့် ညဘက်တွင် အချိန်တစ်နာရီနီးပါး ဆွေးနွေး
ဖလှယ်ခဲ့ကြခြင်း ဖြစ်သည်။
နှီးနှောဖလှယ်ပွဲ တက်ရောက်သူ လူငယ်တဦးက “ဒီလို  နှီးနှောဖလှယ်ပွဲတွေ လာလုပ်ပေး
တာ ကောင်းတယ်။ ဖြစ်နိုင်ရင် ထပ်ပြီး လာလုပ် ပေးဖို့ မျှော်လင့်တယ်။ ဘာဖြစ်လဲဆိုတော့ 
တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်မှု ရဖို့ဆိုရင် ကျနော်တို့  လူငယ်တွေဟာ အမျိုးသား
ရေး စိတ်ဓါတ်ကို သိရှိဖို့လိုအပ်တယ်”ဟု ပြောသည်။
သို့သော် ယင်းဒေသရှိ လူငယ်များသည် ဖိနှိပ်မှုနှင့် အကြောက်တရားများအောက်တွင်
 ကြီးပြင်းလာခဲ့ရပြီး အများအားဖြင့် ပညာရေးအ ဆင့်အတန်း  နိမ့်ကျနေသေးခြင်းတို့
ကြောင့် အပြန်အလှန် ဆွေးနွေးမှု၌ အားနည်းနေသေးသည်ကို တွေ့ရကြောင်း   KYO 
တာဝန်ခံများက သုံးသပ်ပြောဆိုသည်။
“နောက်ဆက်တွဲအနေနဲ့ အခုလို ဆွေးနွေးပွဲမျိုးကို ထပ်လုပ်ဖို့ ရှိတယ်။ ဒါ့အပြင် ကေအဲန်ယူ
 ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ခုအတွင်းမှာ အလားတူ လူငယ်နှီးနှောဖလှယ်ပွဲမျိုးကို ဆက်
လုပ်သွားဖို့ ကေ၀ိုင်အိုထဲက အဖွဲ့ဝင်တွေနဲ့ ဆက်ပြီး တိုင်ပင်သွားမယ်”ဟု စောအဲ့ကလူစေး 
က ပြောသည်။
၎င်းနှီးနှောဖလှယ်ပွဲတွင် ကေ၀ိုင်အို တွဲဖက်အတွင်းရေးမှူး စောဂျစ်ပစီ၊ ကရင်အမျိုးသား
အစည်းအရုံး-KNU တပ်မဟာ(၆)မှ ခေါင်းဆောင် အချို့နှင့် တပ်မဟာ(၃)မှ ညောင်လေးပင်
ခရိုင် စည်းရုံးရေးဌာန တာဝန်ခံ စောပိုပိုထူးအောင်တို့က လူငယ်များနှင့်အတူ ပါဝင်ဆွေးနွေး
ခဲ့ ကြသည်။
သတင်းရင်းမြစ်    ကေအိုင်စီ 
>>>ဆက်ဖတ်ရန်>>> >>
ပေါင်းလောင်းဆည် စီမံကိန်းမလွတ်သည့် ရွာ ၂၃ ရွာ ဖယ်ပေးရတော့မည်
အထက်ပေါင်းလောင်ဆည် စီမံကိန်း အကောင်အထည်ဖော်နေသည့် မြင်ကွင်း
အထက်ပေါင်းလောင်းဆည် တည်ဆောက် ပြီးသွားသည့်အတွက် ရေ၀ပ်ဧရိယာတွင် 
 ပါဝင်နေသော ကျေးရွာ ၂၃   ရွာကို သက်ဆိုင်ရာ အာဏာပိုင်များက ယခု  လကုန်
 နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်း၏ ရေ၀ပ်ဧရိယာတွင် ပါဝင်နေသော ကျေးရွာ ၂၃ ရွာကို ရွှေ့ပြောင်း
ခိုင်းထားသော်လည်း    နေရာအစား ပြန်လည် ပေးအပ်ခြင်း မရှိသည့်အတွက် ယင်း
ကျေးရွာတွင်နေထိုင်သည့် အိမ်ထောင်စုများ   ဒုက္ခရောက်လျှက် ရှိကြောင်း  ကယန်း 
လူငယ်အဖွဲ့စည်းက သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေးမြို့ လမ်း  ၃၀   ရှိ   ယူနီစန် 
လက်ဖက်ရည်ဆိုင်၌ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အထက် ပေါင်းလောင်းဆည်ကြောင့် ရွာပေါင်း ၂၃ ရွာမှ ဒေသခံ   ၈ ထောင်ကျော်တို့
သူများကို နေရာထိုင်ခင်းအတွက် တောင်းဆိုရာတွင် လုံလောက်ပြည့်စုံအောင် ချထား
ပေးခြင်း မရှိသည့်အတွက် ယင်းကိစ္စကို သမ္မတထံ စာတင်   တိုင်ကြား  သွားမည် ဖြစ်
ကြောင်း ကယန်း လူငယ်အဖွဲ့စည်းမှ တာဝန်ရှိသူ တဦးက ရှင်းလင်းပြောကြားခဲ့သည်။
ကျေးရွာ ၂၃ ရွာရှိ အိမ်ခြေပေါင်း ၂၀၁၇ နှင့် လယ်ယာမြေဧက ၂၁၄၇ တို့သည် ရေ၀ပ် 
ဧရိယာအောက်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး ဘုန်းကြီးကျောင်း  ၂၀၊   စာသင်ကျောင်း 
၁၈ ကျောင်းနှင့် ဆေးပေးခန်း ၂ ခန်းလည်း ပါဝင်ကြောင်း သိရသည်။ 
ဆုံးရှုံးသွားမည့် ကျေးရွာများနှင့် လယ်မြေ ဧကများကို နိုင်ငံတော်က မည်ကဲ့သို့ ပံ့ပိုး
ကူညီနိုင်မည်ကို လွှတ်တော်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပင်လောင်းမြို့နယ်
မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက ဧရာဝတီကို ပြောသည်။
‘‘အဓိက ဆုံးရှုံးသွားတဲ့လယ်မြေတွေနဲ့ လူနေအိမ်တွေကို ပြန်အစားထိုးပေးဖို့နဲ့ သူတို့ရဲ့
အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့၊ သတ္ထုနဲ့ သယံဇာတ ပစ္စည်းတွေကို အသေးစား 
တပိုင်တနိုင် လုပ်ကွက်တွေနဲ့ လုပ်ပိုင်ခွင့် ရဖို့အတွက် တောင်းဆိုသွားမှာပါ” ဟု ၎င်းက
 ပြောသည်။အထက်ပေါင်းလောင်း စီမံကိန်းသည် ပေါင်းလောင်းမြစ်၏ အထက်ဘက်တွင်
 တည်ရှိပြီး လျှပ်စစ်တပ်ဆင်သည့် စွမ်းအား ၁၄၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ 
 တည်ဆောက်မည့် ဆည်အမြင့်မှာ ၁၀၃ မီတာ ဖြစ်သည်။
ယင်းစီမံကိန်းအောက်တွင် အောက် ပေါင်းလောင်းစီမံကိန်းကို တည်ဆောက်လျှက် ရှိ
သည်။ ယင်းဆည်မှ ၂၈၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးမည် ဖြစ်ပြီး ဆည်အမြင့် ၁၃၁ 
 မီတာဖြစ်သည်။ မြန်မာနိုင်ငံတွင် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် အကြီးမားဆုံး ဖြစ်ပြီး 
ယင်းမှ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်ပေးလျှက် ရှိသည်။
လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းသည် ၂၀၁၂ ခုနှစ် ဧပြီလ သတင်းစာ ရှင်းလင်းပွဲတခုတွင် မြန်မာ
နိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ထုတ်လုပ်မှုသည် မြန်မာနိုင်ငံအတွက် ပိုလျှံနေကြောင်း၊ ယင်းအတွက် 
ပိုလျှံနေသည့် လျှပ်စစ်များကို ဈေးကွက် သဘောအရ ပြည်ပသို့ ရောင်းချသွားမည် ဖြစ်
ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွက် မဂ္ဂါဝပ် ၁၅၀၀ ကို 
 ထုတ်လုပ်ပေးသော်လည်း ကုန်အောင် မသုံးနိုင်သေးကြောင်း ရှင်းလင်းခဲ့ဖူးသည်။
မေလအလယ်ပိုင်းက ၀န်ကြီး၏ ရှင်းလင်းမှုကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံ
တ၀န်းလုံး လျှပ်စစ်မီး ဖူလုံစွာ ရရှိရန် အတွက် ဖယောင်းတိုင်မီးများ ထွန်းညှိပြီး လမ်း
လျှောက် ဆန္ဒပြခဲ့သေးသည်။မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ် စာရင်းများအရ ယင်းနှစ်မှာ
ပင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း ၆ ခု၊ တည်ဆောက် ပြီးစီးခဲ့သည့် ရေအား
လျှပ်စစ် စီမံကိန်း ၄၁ ခုရှိသည်။
တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများမှာ ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း 
၂၈၀ မဂ္ဂါဝပ်၊ မုန်းချောင်း ရေအား လျှပ်စစ်စီမံကိန်း ၇၅ မဂ္ဂါဝပ်၊ ကျိုင်းတောင်း   ရေအား 
လျှပ်စစ်စီမံကိန်း ၅၄ မဂ္ဂါဝပ်၊ ရဲရွာရေအားလျှပ်စစ်စီမံကိန်း ၇၉၀ မဂ္ဂါဝပ်၊ ရွှေလီ  ရေအား
လျှပ်စစ်စီမံကိန်း ၄၀၀ မဂ္ဂါဝပ်၊ နမ့်ဟူးမွန် (ကောင်းခါး) ၀. ၃မဂ္ဂါဝပ်တို့ ဖြစ်ကြသည်။
ယင်းစီမံကိန်းများအနက် မုန်းချောင်း၊ ကျိုင်းတောင်း၊  ရဲရွာနှင့်    ရွှေလီရေအားလျှပ်စစ်
 စီမံကိန်းများ ပြီးစီးသွားပြီ ဖြစ်ပြီး ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသာ ကျန်ရှိနေ
သေးကြောင်း သိရသည်။
သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>
ကျောင်းကုန်းရေဘေးကယ်ဆယ်ရေး စခန်းများ အရေးပေါ် အကူအညီ လိုအပ်နေ
ဧရာဝတီတိုင်း၊  ကျောင်းကုန်းမြို့   အနောက်ဖက်ခြမ်းရှိ ရပ်ကွက်များမှ လူနေ  အိမ်များ
 ရေနှစ်မြုပ်လျှက်ရှိပြီး ယာယီ ဖွင့်လှစ်ထားသော ကယ် ဆယ်ရေးစခန်းများတွင် လက်ရှိ
အချိန်၌ အရေးပေါ် အကူအညီများ လိုအပ်လျှက်ရှိသည်ဟု ကျောင်းကုန်းမြို့ အမျိုးသား
ဒီမိုကရေစီ-NLD ဥက္ကဌက ပြောသည်။
ကျောင်းကုန်း NLD ဥက္ကဌ ဦးသိန်းဟန်က “အရင်ကလည်း မိုးတွင်းဆို    ရေကြီးပါတယ်။
 ဒါပေမယ့် ဒီလောက်မများသလို ရေပြန်ကျသွား တတ်ပါတယ်။ အခုက ရေပြန်မကျတော့ 
ကယ်ဆယ်ရေးစခန်းတွေမှာပဲ သွားနေရတယ်လေ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့မှ စတင်ကာ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့်
 ရေကျသွားခြင်းမရှိသဖြင့် အိမ်ထောင်စု ၁၅,၀၀၀ (တစ်သောင်းငါးထောင်)နှင့် လူဦးရေ
 ၃၅,၀၀၀ (သုံးသောင်းငါးထောင်) ဦးခန့်ရှိသည့် မြို့မ (၁)၊ (၂)နှင့် (၃)ရပ်ကွက်များမှာ
 ရေနစ်မြှုပ် သွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစခန်းများအဖြစ် ဘုန်းတော်ကြီးကျောင်းများ ၊  မိုးလုံ
လေလုံ အားကစားကွင်းနှင့် ဓာတ်ဆားဂိုဒေါင်များ အပါအ၀င် နေရာ ၁၃ခုကို   ဖွင့်လှစ်
ထားရှိသည်။ရေနစ်မျြုပ်ပြီး စတုတ္ထမြောက်နေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ  ပစ္စည်း
 ၆မျိုးပါ ပစ္စည်းထုပ် ၁၀၀ကျော်၊ စစ်တိုင်းမှူးမှ ဆန်အိတ် ၁၀အိတ်၊ NLD ပါတီမှ   ဆန်
 ၂၇အိတ် ပေးအပ်ကူညီခဲ့သော်လည်း နောက်ထပ်ကူညီမှုများ မရရှိသေးကြောင်း သိ
ရသည်။
ကျောင်းကုန်းမြို့ခံတစ်ဦးက “တချို့က ရေမမြုပ်တဲ့အိမ်တွေကို လိုက်တောင်းပြီး ရလာ
တာတွေနဲ့ချက်စားတာတွေ့ရတယ်။ ရေကိုလည်း မိုးရေခံသောက်ကြပါတယ်။ ကျန်းမာ
ရေးအတွက်ကတော့ တုပ်ကွေးလိုဖြစ်နေတာများပါတယ်။ မြို့နယ်ဆရာဝန်ကြီးနဲ့ ဆရာမ
တွေက တော့ တစ်ခေါက် လာကြည့်ပါတယ်”ဟု ပြောဆိုသည်။
ပုံမှန်အားဖြင့် ကျောင်းကုန်းမြို့တွင် လူမှုရေးကိစ္စများ၌ ကူညီပေးလေ့ရှိသူများ  ကလည်း 
၎င်းတို့ကိုယ်တိုင် နေအိမ်များ ရေနှစ်မြုပ်သည့်အ ထဲ ပါဝင်နေသောကြောင့်   ကူညီကယ်
ဆယ်ရေး ဆောင်ရွက်ချက်များမှာ အားနည်းမှုများ ဖြစ်နေရသည် ဟုလည်း သူက  ဆက်
ပြောသည်။ယခုလို ရေကြီး၍ နေအိမ်၊ အဆောက်အဦများ ရေနှစ်မြုပ်မှုဖြစ်နေသော်လည်း
 စာသင်ကျောင်းများကို ရေမမြုပ်ပါက မပိတ်ရန် တိုင်းမှုးက ပြောကြားထားသဖြင့် ကျောင်း
သူကျောင်းသား  များမှာ ကျောင်းသွား  ရာတွင် ရေဖြတ်ကျော်ကာ သွားနေရသလို ကူညီ
ကယ်ဆယ်ရေးအ တွက် လာရောက်မည့်အဖွဲ့များမှာလည်း ယခုအချိန်ထိ မရောက်ရှိ
သေးပေ။
ထို့အပြင် ရေနစ်မျြုပ်သဖြင့် ၎င်းဒေသရှိ လယ်ဧကပေါင်း ၇သောင်းကျော်မှ စပါးပင်များမှာ
လည်း ရေဖုံးလွှမ်းကာ ပျက်စီးနေပြီးဟု သိရ သည်။
 သတင်းရင်းမြစ်    ကေအိုင်စီ
>>>ဆက်ဖတ်ရန်>>> >>
သာပေါင်းမြို့နယ် ရေဘေးဒုက္ခရောက်
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင်  မြို့ပေါ် (၃)  ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု ၇၀ခန့်ရှိရာ ကျေးရွာ(၆၆)အုပ်စုမှာ ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရပါသည်။ ခန့်မှန်းခြေ အိမ်ခြေ(၁)သိန်းဝန်းကျင်ခန့် ရေလွှမ်းမိုးခြင်း ခံနေကြရပါသည်။   လောလောဆယ်တွင် မည်သည့်ကယ်ဆယ်ရေးမှ မရှိဘဲ ဘုန်းကြီးကျောင်းနှင့်  အားကစားရုံများ  တွင်သာ မိမိ
အစီအစဉ်နှင့် မိမိအဆင်ပြေသလို နေထိုင်နေကြရပါသည်။ သောက်ရေသန့်၊ ဆေးဝါးနှင့်
အစားအစာများ အထူးလိုအပ်နေကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်    BurmaVJ        
>>>ဆက်ဖတ်ရန်>>> >>
တရားသူကြီးများကို အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို
ရန်ကုန် (မဇ္ဈိမ)။  ။ တရားသူကြီးများကို အကာအကွယ်ပေးမှု လွန်စွာ များပြားနေ  သဖြင့်
၎င်းတို့ကို အရေးယူရန် အခွင့်အလမ်း မရှိသလောက် နည်းနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လွှတ်တော်တွင် တင်ပြအစီရင်ခံခဲ့သည်။
ရန်ကုန် ဗဟိုတရားရုံး (ဓာတ်ပုံ - yeowatzup/flickr)
ရန်ကုန် ဗဟိုတရားရုံး
 သတင်းအပြည့်အစုံ အောက်တွင် ဖတ်ရှုပါရန်
သတင်းရင်းမြစ်    မဇ္ဈိမ      
13.8.12.1
>>>ဆက်ဖတ်ရန်>>> >>
ဆည်မြောင်းကြောင့် လယ်တွေ ရေပိုမြုပ်
ဘိုကလေးမြို့နယ် ဟေမာန်ကျေးရွာအုပ်စုလတာ 
ချောင်းကျေးရွာမှ ရေမြုပ်နေသော လယ်မြေများ
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဟေမာန်ကျေးရွာအုပ်စုမှာ  ရှိတဲ့     ကျေးရွာတွေမှာ
 ရေသွင်းရေထုတ် ဆည်မြောင်းတွေကြောင့် လယ်ဧက   ထောင် နဲ့ချီ ပျက်စီးနေတယ်
လို့ သိရပါတယ်။ ဟေမာန်ကျေးရွာအုပ်စု လတာချောင်းကျေးရွာက လယ်ယာမြေတွေ
မှာစနစ်တကျ တူးဖော်ထားတာ မဟုတ်တဲ့ ရေသွင်းရေထုတ်မြောင်းကြောင့် လယ်ယာ
တွေ ပျက်စီး ရေစီးများတဲ့အတွက် လယ်တွေ ကျိုးပေါက်မှုကို ခံစားနေရပါတယ်။ 
အကျယ် ၁၀ ပေ အနက် ၃ ပေ၂တောင်ရှိတဲ့ ဆည်မြောင်းတွေဟာ အခုအခါ ရေစီးရေ
လာ များတဲ့အတွက် လယ်တွေထဲ ပြိုကျပြီး အကျယ် ပေ ၂၀  ပေလောက် ရှိနေ တယ်
လို့ ဒေသခံ လယ်သမားကြီးက ပြောပါတယ်။  ဘိုကလေးမြို့နယ်   တခုတည်းမှာ  ကို 
အခုလို ရေသွင်းရေထုတ်မြောင်းတွေ ၂၄ ခု ရှိပြီး လယ်ဧကပေါင်း ကိုးထောင့်ခြောက်ရာ
ကျော် လယ်သမားပေါင်း တထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ အဆိုပါမြောင်းတွေ
ကို စတင် တူးဖော်စဉ်တုန်းက လုပ်အားပေးအနေနဲ့ မတူးမနေရ တူးဖော်ခဲ့ရတာ ဖြစ်
တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လယ်သမားတွေမှာ လယ်ယာမြေထဲ ရေစီးရေလာ
 များနေတဲ့အတွက် ထွက်သင့်သလောက် စပါး မထွက်ရှိတဲ့အပြင် ဘဏ်ချေးငွေတွေကို
လဲမဆပ်နိုင်တဲ့အတွက် အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 ရေသွင်းရေထုတ်မြောင်းတွေကို အစိုးရအနေနဲ့ စနစ်တကျ ဖော်ထုတ်ပေးသင့်ပြီး ရေထိန်း
တံခါး တပ်ဆင်ပေးကာ တမံတုတ်ပေးနိုင်မယ်ဆိုရင် လယ်သမားတွေ အနေနဲ့ လယ်ယာ
ကဏ္ဍကို တိုးတက် ကောင်းမွန်အောင် ဒီ့ထက်ပို ဆောင်ရွက်နိုင်မယ့်အပြင် လယ်သမားတွေ
ရဲ့ စားဝတ်နေရေးတွေလဲ ပြေလည်မှာဖြစ်တယ်လို့ လယ်သမားတွေက တောင်းဆိုနေကြ
ပါတယ်။
သတင်းရင်းမြစ်    BurmaVJ                
ရုပ်သံသတင်း ကြည့်ရှုရန်
>>>ဆက်ဖတ်ရန်>>> >>
မပြီးပြတ်သည့် မြို့ပတ်လမ်းစီမံကိန်း မူဆယ်ဒေသခံများ အခက်တွေ့
မူဆယ်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း  အချို့   လုပ်ကိုင်ခွင့်ရထားသည့် သိန်းသန်းချီ 
ကုမ္ပဏီ၏ မပြီး ပြတ်သည့် မြို့ပတ်လမ်း ဖောက်လုပ်ရေး စီမံကိန်းကြောင့် မူဆယ်ဒေသခံ
များ အခက်အခဲများ ရင်ဆိုင် နေရကြောင်း သိရှိရပါသည်။
“မြို့ပတ်လမ်းကို ၆ လနဲ့အပြီး ပြန်ဖောက်မယ်လို့ ပြောထားတယ်။ အခု ၁ နှစ် ကျော်ပေမဲ့ 
မပြီးသေး ဘူး။ လမ်းပြင်နေတော့ လေးလံတဲ့ ကုန်တင်ကားကြီးတွေ မြို့ထဲကို  ဝင်မောင်း
တော့ လမ်းတွေလည်း ပျက်ကုန်ပြီ။ လမ်းလွှဲတွေ၊ ကွင်းလမ်းတွေ လုပ်ထား  တာကြောင့် 
မြို့တွင်းလမ်းပေါ်မှာ ယာဉ်ကြောပိတ် ဆို့တာလည်း   ခဏခဏ ဖြစ်တယ်”   ဟု မူဆယ်
ဒေသခံတစ်ဦးက ပြောပါသည်။
မူဆယ်မြို့ပတ်လမ်းကို သျှမ်းပြည်နယ် အစိုးရက တင်ဒါခေါ်ယူခြင်းမရှိဘဲ   သိန်းသန်းချီ 
ကုမ္ပဏီကို လုပ် ပိုင်ခွင့်ပေးထားပြီး ၂၀၁၁   ခုနှစ်ကတည်းက ဆောက် လုပ်နေခြင်းဖြစ်
ကြောင်း၊ အရှည် ၂ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်ထု ၁ ပေ၊ နိုင်လွန် ကတ္တရာထု ၁   လက်မ၊ 
လမ်းအကျယ် ၂၄ ပေ၊ တဖက်လျှင် ရေမြောင်း အကျယ် ၂ ပေ၊ အနက် ၃ ပေကို ၆ လ
အတွင်း အပြီးဖောက်လုပ်မည်ဖြစ်ကြောင်း ဆို၏။
“လမ်းကွန်ကရစ်ထု ၁ ပေ မပြည့်သလို အကျယ် ၂၄ ပေလည်း မရှိဘူး။ ရေမြောင်းလည်း
 အရှည်ပေ ၂၀ဝ လောက်ဘဲ ဖောက်ထားတယ်။ အကျယ် ၂ ပေ အနက် ၃ ပေလည်း 
မပြည့်ဘူး။ လမ်းပေါ်နိုင် လွန် ကတ္တရာခင်းထားတာလည်း မရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး” 
ဟု ၄င်းက ဆက်ပြောပါသည်။
စီမံကိန်းအတွက် ပစ္စည်းသိုလှောင်ဂိုဒေါင် ဆောက်လုပ်ရန်ဟု အကြောင်းပြ၍ မြို့ပတ်လမ်း
ဘေးရှိ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံ တည်ဆောက်မည့် မြေ   ၇ ဧကကျော်မှ ၃.၈   ဧကကို 
သျှမ်းပြည်နယ်အစိုးရမှ ၁၀ နှစ် အသုံးပြုခွင့်ရထားကြောင်း၊ သို့သော် သိန်းသန်းချီ ကုမ္ပဏီ
မှ ဦးကျော်ဝင်း က မြေ ၃.၈ ဧက ကို တစ်ဧကလျှင်   ကျပ်သိန်း   ၈၀ဝ၀ ဖြင့် ရောင်းချနေ
ကြောင်း မူဆယ်ဒေသခံများက ဆို၏။
တဖက်၌လည်း မြေ ၁၂ ဧက ကျယ်ဝန်းသည့် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်
ရန် စီမံကိန်း ကို သိန်းသန်းချီ ကုမ္ပဏီအား ပေးအပ်သွားမည်ဟု သိရကြောင်း၊ မြို့ပတ်လမ်း
နှင့် အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်ခွင့်ရရန် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေး
မှူးချုပ် ဦးမင်းဇော် မှ ထောက်ခံလက်မှတ်ရေးထိုးပေးကြောင်း၊ မြေ ၁၂ ဧကနှင့် တည်ဆောက်
ရေးတွင်ပါဝင်သည့် ဆိုင်ခန်း များကို တင်ဒါခေါ်ယူသည့် ၂၀၁၂ မတ်လ မတိုင်ခင် ဦးကျော်ဝင်း 
က စီမံကိန်းလုပ်ငန်း မရရှိပါက တန်ဖိုးငွေ ၅ ဆ ပြန်ပေးလျော်မည်ဟု ကြွေးကြော်ထားကြောင်း 
မူဆယ်ကုန်သည်တစ်ဦးက ပြောပါ သည်။
 “မူဆယ်မြို့ကို  ထင်ရာစိုင်း လုပ်ချင်တိုင်း  လုပ်နေတဲ့  သိန်းသန်းချီ   ကုမ္ပဏီက မြို့ပတ်လမ်း
တည် ဆောက်နေတာကို ပြန်လည်စိစစ်ပေးဖို့၊ အဝေးပြေး ယာဉ်ရပ်နားစခန်းတည်ဆောက်
တာ သိန်းသန်းချီ ကုမ္ပဏီကို ပေးသင့်/မပေးသင့် စိစစ်ပေးဖို့ မူစယ်ဒေသခံတွေက လိုလား
ကြတယ်” ဟု ခေတ်ပညာတတ် မူဆယ်လူငယ်တစ်ဦးက ပြောပါသည်။
သိန်းသန်းချီကုမ္ပဏီမှ ဦးကျော်ဝင်းသည် သမ္မတကြီး  နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း၊
 မောက်မာစွာ ပြောဆိုတတ်ခြင်း၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများအား “  တိုင်ချင်ရာတိုင်
 ဂရုမစိုက်ဘူး” ဟု ခြိမ်းခြောက် ပြောဆိုခြင်းကြောင့်  မူဆယ်ဒေသခံများ မကျေနပ် ဖြစ်
နေသည်ဟု မူဆယ်ဝန်ထမ်းတစ်ဦးက ပြောပါ သည်။
သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>
လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော
ရန်ကုန် (မဇ္ဈိမ) ။     ။ လူကြိုက်များသော ဂျာနယ်တခုဖြစ်သည့်  7 Day တွင် ဖော်ပြခဲ့သည့် 
လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို မမှန်မကန် မှားယွင်းဖော်ပြသည်   ဆိုသည့် 
ကုမ္ပဏီတခု၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ တင်ပြသည့်သတင်းမှာ အထောက်အထား ပြည့်
စုံပြီး မှန်ကန်၊ ခိုင်လုံမှုရှိသည်ဟု ဂျာနယ်တာဝန်ရှိသူတဦးက တုန့်ပြန် ပြောဆိုလိုက်သည်။
“အမှုကိစ္စအတွက်တော့ ခုမှ တိုင်ပင်နေတုန်း။ ပြင်ဆင်နေတုန်းပါပဲ။ ဂျာနယ်ဘက်ကတော့ 
သတင်းက မှန်ကန်မှုရှိတယ်၊ ခိုင်လုံမှုရှိတယ်၊ အထောက်အထားတွေ အကုန်ရှိတယ်။ ဘာ
အကြောင်း တစုံတရာနဲ့မှ တောင်းပန်မှာ မဟုတ်ပါဘူး” ဟု 7  Day ဂျာနယ် တာဝန်ရှိသူက
 မဇ္ဈိမကို ပြောသည်။
7day-electric-post
မုံရွာမြို့နယ်အတွင်းရှိ ခေတ္တာက္ကန်(မြောက်) ရွာတွင် ဖွံ့ဖြိုးမြန်မာကုမ္ပဏီ၏ ဆောင်ရွက်
ချက်ကို “ကျေးရွာ လျှပ်စစ်မီးလင်းရေး လေးနှစ်ကြာသော်လည်း လျှပ်စစ်မီးမရဘဲ မီတာ 
 လျှောက်ထားသူများသာ အကြွေးတင်” ဟူသည့် ခေါင်းစဉ်ဖြင့် ဇွန်လအတွင်း ထုတ်ဝေ
သည့် 7Day ဂျာနယ်တစောင်တွင် ဖော်ပြပါရှိခဲ့ရာ ထိုသတင်း မှားယွင်းသည်ဟု ဆိုကာ 
ကုမ္ပဏီဘက်မှ တွေ့ဆုံညှိနှိုင်းလိုကြောင်း နိုင်ငံပိုင် သတင်းစာမှ တဆင့် တနင်္ဂနွေနေ့က
ကြေညာခြင်းကို ဂျာနယ်က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ ကြေညာချက်တွင် သတင်းရေးသားသူ သတင်းထောက်အနေနှင့် နှစ်ပတ်
အတွင်း လာရောက်တွေ့ဆုံရန်တောင်းဆိုထားသည်။
“သူတို့ဘက်က နှစ်ပတ်နေလို့မှ ဘာမှ အကြောင်းပြန်တာမျိုးမရှိရင် တရားရုံးမှာပဲ ရင်ဆိုင်
သွားမှာပါ။ သူတို့ဘက်ကတော့ ခုချိန်ထိ ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး” ဟု ဖွံ့ဖြိုး
မြန်မာ ကုမ္ပဏီ၏ အင်ဂျင်နီယာ(စီမံ) ဦးတင်ကိုသန့် က မဇ္ဈိမကို ပြောသည်။
ခေတ္တာက္ကန်ရွာမှ လယ်မားများသည် မီတာ တလုံးအတွက် ကုန်ကျစရိတ် ခြောက်သိန်းကို
 လယ်မြေများ ပေါင်နှံကာ လျှပ်စစ်မီး သုံးစွဲခွင့် ရရှိရေး ဖွံ့ဖြိုးမြန်မာကုမ္ပဏီသို့ ပေးသွင်းခဲ့
သော်လည်း လျှပ်စစ်မီးမရဘဲ လယ်မြေများဆုံးရှုံးကာ အကြွေး တင်နေကြသည်ဟု ဂျာနယ်
က ရေးသားထားသည်။
ထိုရေးသားမှုနှင့် ပတ်သက်၍ သတင်းထောက်သည်    ကုမ္ပဏီနှင့် ကျေးရွာ  မီးလင်းရေး
 ကော်မတီသို့ လာရောက်တွေ့ဆုံ၍ သတင်းအတည်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ မီးလင်းရေး
 ကော်မတီနှင့် ကုမ္ပဏီတို့ကြား အသုံးပြုထားသည့်ငွေကြေးများမှာလည်း လွန်စွာကွာဟ၍ 
မှားယွင်းနေကြောင်း၊ ဖွံ့ဖြိုးမြန်မာ ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ခေတ္တာက္ကန်(မြောက်)ရွာ မီးလင်းရေးအတွက် ကျပ်ငွေ ၁၄၂ သန်း ကုန်ကျနိုင်သည် ဟုလည်း 
မြို့နယ် လျှပ်စစ် အင်ဂျင်နီယာဌာနကို ကိုးကား၍ 7Day ဂျာနယ်က ရေးသားထားသည်။ 
သတင်းရင်းမြစ်    မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ
မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန် တဲ့
 ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့
 ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
 သမ္မတ ဦးသိန်းစိန်အနေနဲ့  တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်
ထားပြီး (၂၀၁၅) ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခု ရရှိအောင် ကြိုးပမ်း   ဆောင်ရွက်သွား
လိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာအီးဂရက်အဖွဲ့  ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ဆွေးနွေးပွဲ
 မှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်အစိုးရလည်း မဟုတ်ဘူး။ အစိုးရတစ်ဖွဲ့လုံးကို ကျွန်တော်ကိုယ်စား မပြု
ဘူး။ ဒါပေမဲ့ ကျွန်တော်သိတဲ့ လူ ၃ ယောက်ကို ကျွန်တော်ပြောပါမယ်။  သမ္မတကြီး 
ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ၃ ယောက်ကတော့ ကျွန်တော်တို့နဲ့   သေချာ
 နားလည်မှု ရှိပါတယ်။ အဲဒီနားလည်မှုက ဘာလဲဆိုတော့ အစိုးရအဖွဲ့မှာ   ဒီနိုင်ငံရေး 
 ဆွေးနွေးပွဲလုပ်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ်မှာ သူတို့ပြောထားတဲ့ principal
 လေးတွေကလွှဲလို့ ကျန်တဲ့ဟာ preparation ဘာမှမရှိပါဘူး။   Political dialogue 
က open ပါ။ အဲတော့ ဘယ်လောက်ကြာမလဲ မေးရင် ကျွန်တော်အဲဒီ မေးခွန်းဖြေရရင်
 တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ်မှာပဲ မူတည်ပါတယ်။ သူတို့  ယူသလောက် ကြာပါ
မယ်။ ဒါပေမဲ့တော့ ဘာလဲဆိုတော့၊ နောက်ဆုံးအဆင့် တစ်ခုအနေနဲ့ကတော့   ၂၀၁၅
 ဒီအစိုးရ သက်တမ်းမကုန်ခင်မှာ အဖြေတစ်ခု ထုတ်ဖို့တော့ လိုတယ်ဆိုတာ ဒါကတော့ 
လက်တွေ့ကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"
ဒီကနေ့ အခမ်းအနားဟာ ကချင်ဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးအတွက် 
အဖြေရှာဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ အခမ်းအနား စီစဉ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက တာဝန်ရှိသူ 
တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာနန်က RFA ကိုပြောပါတယ်။
"သူတို့ဆီ ဒီလူ့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ
မှာ တစ်ဖက်တလမ်း ကနေ လုပ်ဆောင် နေကြပါတယ်။ အဲတော့ အခု  အခြေအနေမှာ 
သမ္မတကြီးရဲ့ မိန့်ခွန်းကြောင့်လည်း လမ်းစပိုပြီးတော့ ပွင့်လာတာပေါ့လေ။ အဲတာကြောင့် 
ဒီလူမှု အဖွဲ့အစည်းတွေ အနေနဲ့လည်း ဘယ်လို ပါဝင်လုပ်ဆောင်ရမလဲ ဆိုတဲ့  ဟာကို 
ဝိုင်းပြီးတော့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီနေ့ပွဲဟာ ဆိုလို့ရှိရင် ကချင် ငြိမ်းချမ်း
ရေး အတွက်လည်း ပါသလို တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလည်း ဦးတည်
ပါတယ်"
ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ၂ ရက်ကြာ 
ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး ဒုတိယ
 အကြီးအကဲ Mr. Arne Jan Flolo၊ TransNational Institute က Mr.Tom Kramer ၊
 မြန်မာအီးဂရက် ဥက္ကဋ္ဌ ဦးတင်မောင်သန်း စတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်ဆွေးနွေးခဲ့ ကြပါတယ်။
ဒီဆွေးနွေးပွဲကို တိုင်းရင်းသား အဖွဲ့အစည်း (၅၇) ဖွဲ့က ကိုယ်စားလှယ်တွေ အပါအ၀င် ငြိမ်းချမ်း
ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ် (၂၀၀)
 လောက်တက် ရောက်ခဲ့ပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် 
ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့   နေ့ လည်ပိုင်း  လွှတ်တော်  အစည်းအဝေး ခေတ္တ
 ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ 
တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်း   ထုတ်ပြန်ဖို့ 
မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်
က ပြောပါတယ်။
"နေ့ခင်း ၁၁ နာရီ ကျော်ကျော်လောက်မှာ အဲဒီကနေ တောက်လျှောက်တွေ့တာ နေ့
လည် ၁၂ နာရီခွဲလောက်အထိ အဲဒီမှာတွေ့ပါတယ်။ သီးသန့်လာပြီးတော့   ဖိတ်ကြား
ပြီးတော့ အဲတာ ဆွေးနွေးတာ။ ဘာတွေဆွေးနွေးလဲ မပြောပါဘူး။ ဘာမှ ထပ်ပြီးထုတ်
ပြန်ဖို့ မပြောဘူး။ မနေ့က ဆွေးနွေးချက်တွေလည်း မပြောဘူး"
လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ  လွှတ်တော်ရေးရာ 
 ကော်မတီ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့    ပြည်သူ့ လွှတ်တော် 
အစည်းအဝေးမှာ   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ပါဝင်တဲ့   တချို့ ပုဒ် မတွေ 
အတည်ပြုကြောင်းလည်း သိရပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို NLD တရားစွဲ
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ
 ချိတ်ဆွဲရေးကို ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်
မရှိဘဲ NLD ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်း
ဆောင်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
တွံတေးမြို့နယ် NLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက -
"တွံတေးမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ညွန့် ကို 
ကျွန်တော်တရားတင် စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့  အမျိုးသား   ဒီမိုကရေစီ 
အဖွဲ့ချုပ် ဆိုင်းဘုတ်တွေ လိုက်ရောက် တင်တာကို ဟန့်တားနှောင့်ယှက်တယ်။ 
တားဆီး ပိတ်ပင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က တရားတင်စွဲတာ"
ဒီအမှုကို မြို့နယ်တရားရုံးက အခုလ ၂၇ ရက်နေ့မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ 
တွံတေးဒေသခံ NLD ပါတီဝင်တွေဟာ ပါတီ စည်းရုံးရေးအတွက် ကျေးရွာတွေမှာ 
ဆိုင်းဘုတ်စိုက်ထူဖို့ကို ဒီလ ၃ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ စာ
တင်ခဲ့တာကို ကော်မရှင်က ခွင့်မပြုဘူးလို့ သိရပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
နေရာအစားပြန်ပေးဖို့ တောင်းဆိုဆန္ဒပြ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း အစိုးရမြေပေါ် ကျူးကျော်နေထိုင်သူတွေကို
 လျော်ကြေး တစ်သိန်းပေးပြီး အပြီးအပိုင် ဖယ်ရှားခိုင်းတဲ့အတွက် အဲဒီမှာနေထိုင်နေသူ 
(၁၅၀) လောက်က နေရာအစားပြန်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းက 
 တူညီဝတ်စုံဝတ်ပြီး စက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့မှာ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါ
တယ်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်
အိမ် ၉၀ ကျော်ကို အာဏာပိုင်တွေက သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားခိုင်း
တဲ့အတွက် နေထိုင်သူတွေက တခြားနေရာ တစ်ခုမှာ နေစရာ အစားပြန်ပေးဖို့ ဆန္ဒပြ
 တောင်းဆိုတာလို့ ဆန္ဒပြသူ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ နေရာတစ်ခုရဖို့ ရည်ရွယ်ချက်ပါ။ သူတို့ကတော့ အဲဒီနေရာ
ကို ၁၅ ရက်နေ့ နောက်ဆုံးဖယ်ပေးပါ။ ကျွန်မတို့က ခက်ခဲလို့ မထွက်တာ အမှန်ပဲ။ 
တခြားမိသားစုတွေလည်း ဒီလိုပဲ ခက်ခဲနေကြတာပဲ။ သူတို့မှာလည်း ကျောင်းသား
တွေရှိတယ်။ စားဝတ်နေရေး ဒီလိုပေါ့နော်။ ရေတွေကြီး၊ မိုးတွေကအကြိုက်ကိုရွာ
 အဲဒီလိုရွာနေတဲ့ အခါကျတော့ ပြောင်းဖို့၊ ရွှေ့ဖို့ ဒီပိုက်ဆံ တစ်သိန်းနဲ့ အစ်မကြီးတို့ 
ဘယ်လိုလုပ်မလဲ။ အိမ်စဘော်တောင် မရှိဘူး။ မဖြစ်မနေပြောင်းရမယ်ဆို ဘယ်ကို 
သွားရမလဲ။ အစီအစဉ်တောင် မရှိဘူး။ ပိုင်ဆံပေးပြီးနေရတဲ့ အတွက် အစ်မ  တို့ကို 
သူတို့နေရာ တစ်ခုပြန်ပေးသင့်တယ်။ မပေးပဲနဲ့ ထွက်ခိုင်းတော့ အစ်မတို့မှာ ဘာဖြေ
ရှင်းရမလဲ"
အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ ၈ ရက်နေ့က လျှောက်ထားခဲ့  တာဖြစ်ပြီး 
တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ   မနက် 
၁၀ နာရီကနေ နေ့လည် ၁၂ အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေေ ရွှပြည်
သာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာ   ဖြစ်ပါတယ်။   အာဏာပိုင်ေ တွက
 တစုံတရာ တားဆီး နှောင့်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ် 
 စောင့်ကြည့်တာတွေ ရှိခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ် အများစု
ဟာ အဲဒီနေရာမှာ နေထိုင်လာတာ ၅   နှစ် ကနေ  ၁၀   နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။
 နေထိုင်ဖို့အတွက် ရပ်ကွက်  အာဏာပိုင်တွေကို   ငွေကျပ်   နှစ်သောင်းခွဲ လောက်အထိ
 ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။အဲဒီ အတောအတွင်း အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက်
 စက်မှု (၁) ၀င်းထဲမှာရှိတဲ့ ဆိုင်ခန်း ၂၀ ကျော်ကိုလည်း အခုသီတင်းနှစ်ပတ်အတွင်း ဖယ်
ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေ
က သမ္မတရုံးကို လက်မှတ်ရေးထိုး တင်ပြထားသလို   ၈၈   မျိုးဆက်    ကျောင်းသားတွေ
ကိုလည်း အကူအညီ တောင်းခံထားတယ်လို့ ပြောပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
ဘင်္ဂါလီရိုဟင်ဂျာအတွက် ဒေါ်လာ သန်း ၅ဝ ကူညီဖို့ ဆော်ဒီဘုရင် အမိန့်ထုတ်ပြန်
မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah က 
အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 
ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်
ဖြတ်မှုတွေ၊ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ အပါအ၀င် လူ့အခွင့်အရေး 
ချိုးဖောက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
တခြားသတင်း တစ်ပုဒ်မှာတော့ မြန်မာနိုင်ငံက   မူဆလင်  ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့
 ဗြိတိန်   အပါအ၀င် တခြားနိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုပဲ ဖိအားပေးနေတာမျိုး 
မဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်   Mrs. Sheikh 
Hasina က ပြောလိုက်ပါတယ်။ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ 
(RNDP) က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
 တောမတ်စ် ကင်တားနား (Tomas Qintana)   ရဲ့  မြန်မာပြည် ခရီးစဉ်အပြီး ရခိုင်ပြည်နယ် 
အရေး ပြောဆိုချက်တွေကို ကန့်ကွက်လိုက်ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြေညာချက်တွေထဲမှာ 'ရိုဟင်ဂျာ'
ဆိုတဲ့ စကားလုံးကို တောမတ်(စ်) ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေ
ရဲ့ သမိုင်း အစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုရာ ရောက်နေတဲ့အတွက် အဲဒီ 
စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်
ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။
"မစ္စတာ ကင်တားနား ပြန်သွားတဲ့ အခါမှာ လေယာဉ်ကွင်းမှာ သတင်းစာ  ရှင်းလင်းပွဲ 
လုပ်သွားတယ်လေ။ အဲဒီသတင်းစာရျင်းလင်းပွဲမျာ "ရိုဟင်ဂျာ" ဆိုတဲ့ ဟာကို သုံးသွား
တဲ့ အချက်တစ်ချက်ရယ်၊ ခွဲခြားဆက်ဆံခြင်း ခံနေရတယ်ဆိုတဲ့ အချက်တစ်ချက် ရယ်၊ 
၁၉၈၂ ဥပဒေ  ကို ပြန်လည် သုံးသပ်သင့်တယ်  ဆိုတဲ့ အချက်  ၃   ချက်၊ ကင်တားနား
ပြောသွားတဲ့ အချက် ၃ ချက်ပေါ့ဗျာ။ အဲဒီအချက် ၃ ချက်ကို ကျွန်တော်တို့က ကန့်ကွက်
တဲ့ အနေနဲ့ သဘောထား ထုတ်ပြန်တာပါ"
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ (Burma Citizenship Law) ကို ပြန်လည် သုံးသပ်ပေး
ရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ 
ဥပဒေကို လေးစားလိုက်နာဖို့ တိုက်တွန်းကြောင်း၊ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခ
 ဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်  နဲ့  ဖိအားပေး   ပြောဆိုခြင်းကြောင့် အဖြစ်မှန်တရား ပေါ်
ထွက်နိုင်စရာ အကြောင်း မရှိတဲ့အတွက် ကမ္ဘာ့  ကုလသမဂ္ဂ အနေနဲ့ သမာသမတ်  ကျတဲ့
 အထူး ကိုယ်စားလှယ်တစ်ဦး ပြောင်းလဲ တာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီ
ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
၈၈ မျိုးဆက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပ
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မနေ့က ပခုက္ကူ
ခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေး စတင်ချိန်က အရေးပါခဲ့တဲ့  အလယ်
တိုက် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြိုင်မြို့နယ်မှာ လူထု
စည်းဝေးပွဲ ကျင်းပခဲ့တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။
"မနက်စောစောပိုင်းမှာ ကျွန်တော်တို့ ပခုက္ကူ  အလယ်တိုက် ခေါ်တာပေါ့နော်။   အဲဒီ
နေရာက ကျွန်တော်တို့ ရွှေဝါရောင် တော်လှန်ရေး အစမှာ အများကြီး  အထောက် 
အကူ ပြုခဲ့တဲ့ ကျောင်းတိုက်တွေပေါ့ဗျာ။ အစည်းအဝးတွေ ဘာတွေလုပ်ခဲ့တဲ့ ကျောင်း
တိုက်၊ အဲဒီက ဆရာတော်ကြီးဆီကို ကျွန်တော်တို့သွားပြီး သင်္ဃန်းသွားကပ်တယ်လေ။
 အဲဒီကနေ ကျွန်တော်တို့ မြိုင်မြို့နယ်၊ ဆရာမြသန်းတင့်ရဲ့ မြို့ပေါ့ဗျာ။ မြိုင်မြို့နယ် မှာ 
ကျွန်တော်တို့ လူထု အစည်းအဝေးပွဲ လုပ်တယ်။ အဲဒီမှာ ကျွန်တော်နဲ့ ကိုမင်းကိုနိုင်က 
လမ်းကြောင်းနှစ်ကြောင်း ခွဲရတယ်။ မြိုင်ရဲ့တစ်ဖက်မှာက သရက်မ ဆိုတဲ့ရွာက၊ ရွာရှစ် 
ရွာလောက်ရောက်တော့ ကိုမင်းကိုနိုင်က အဲဒီကိုပြေးရတယ်။ ကျွန်တော်က ကံမကို
 ကျွန်တော်ကပြေးရတယ်။ ပြီးတော့ ကျွန်တော်တို့ ပခုက္ကူမှာ ပြန်ဆုံတယ်"
(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ သွားရောက်ခဲ့တဲ့ ပခုက္ကူနဲ့ မြိုင်မြို့ခရီးစဉ်မှာ 
အာဏာပိုင်တွေဘက် တစုံတရာ အတားအဆီး အနှောင့်အယှက် မရှိဘူးလို့ သိရပါတယ်။
ဒီအတောအတွင်း ကိုမြအေး၊ ကိုဌေးကြွယ်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ကတော့  ကော့ကရိတ်
မြို့နယ် ကေအန်ယူ ထိန်းချုပ်  နယ်မြေမှာ  ကျင်းပခဲ့တဲ့   (၆၂)  နှစ်မြောက် အာဇာနည်နေ့ 
အခမ်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
 သတင်းရင်းမြစ်    RFA     
>>>ဆက်ဖတ်ရန်>>> >>
ကိုင်းတန်းညဈေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦး ဆူပူလှုံ့ဆော်မှုနှင့် စစ်ဆေးမည်
အခုလ (၆) ရက်နေ့ ညက မန္တလေးမြို့ ကိုင်းတန်းညဈေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ 
ကိုအေးသိန်းအပါအ၀င် အဖမ်းခံခဲ့ရသူ (၃) ဦးကို ဒီကနေ့ သြဂုတ်လ (၁၃) ရက်နေ့မှာ
 ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်တယ်
လို့ အဲဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြော
ပါတယ်။
ကိုအေးသိန်းနဲ့အတူ ကိုင်းတန်း ဈေးသည်များအဖွဲ့ ခေါင်းဆောင် ဦးဝင်းဆွေမြင့်နဲ့ ဂျာနယ်
ရောင်းချသူ ဦးစိန်အောင်တို့ အဖမ်းခံ   ခဲ့ရပါတယ်။ ဒါပေမဲ့ ဦးဝင်းဆွေမြင့်  ဟာ အဲဒီညက 
ဆန္ဒပြပွဲမှာ မပါဝင်ခဲ့ဘဲ    ဈေးသည် ကိုယ်စားလှယ် တစ်ဦးအဖြစ် မြို့တော်ဝန်  နဲ့ တွေဆုံ
ဆွေးနွေးခဲ့ပြီး တရားဝင် ဆန္ဒပြဖို့ အတွက် လျှောက်လွှာတင်  ထားသူ ဖြစ်တယ်လို့ သိရပါ
တယ်။အခုလို မိသားစုကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေပြီး ဥပဒေအတိုင်း မှန်မှန်ကန်
ကန် ဆောင်ရွက် ခဲ့တဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီး  သွားတာကြောင့် မိသားစုမှာ ဒုက္ခကြုံတွေ့
 နေရကြောင်း ဦးဝင်းဆွေမြင့်ရဲ့သမီးဖြစ်သူ မမကြီးက ပြောပါတယ်။
"သမီးတို့ အဖေ အဲဒီလိုမျိုး ခေါ်သွားတဲ့အတွက် စားဝတ်နေရေးအတွက် မကဘူးပေါ့
နော်။ သမီးတို့မှာ ညီအစ်မ လေးယောက်ရှိပါတယ်။ ကျောင်းသူတွေပါ။ အမှန်တရား
အတိုင်း ရိုးသားစွာ စားဝတ်နေရေးကို ဖြေရှင်းနေတဲ့ လူတစ်ယောက်ကို ဒီလိုမတရား 
လုပ်သွားတာဟာ ဒီသမ္မတကြီး ပြောနေတဲ့ လူမှုရေး စီးပွားရေးမှာ နိုင်ငံတော် အစိုးရ 
တစ်ခုတည်းနဲ့ ဆောက်တည်လို့ မရဘူး။ ပြည်သူ ပြည်သားတွေ တတ်နိုင်တဲ့ဘက်က 
 နေပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှသာလျှင် နိုင်ငံတော် ဖွံ့ဖြိုး  တိုးတက်မယ်
ဆိုတဲ့ စကားက၊ စကားပဲလား   ပြည်သူ ပြည်သားတွေကို   တကယ်ပဲ    ငြိမ်းချမ်းစွာ
 လုပ်ပေးချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ လုပ်ပေးတာလား၊ အဲဒီလိုမျိုး လုပ်ပေးတယ်ဆိုရင် သမီး
အဖေ ရိုးသားစွာနဲ့ ရှာဖွေ စားသောက်နေတဲ့ လူတစ်ဦးအပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ် 
ချက်ကိုပဲ ချပေးစေချင်ပါတယ်။ မတရားမှုကို မလုပ်စေချင်ပါဘူး"
တရားစွဲဆိုခံရသူတွေကို ဒီကနေ့ ရုံးထုတ်တဲ့အခါ အာမခံရရေး ဆောင်ရွက်သွားမယ်လို့
ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။
 သတင်းရင်းမြစ်    RFA     
>>>ဆက်ဖတ်ရန်>>> >>