အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 25, 2012

လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း


လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း


 
 လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာနှင့် သဲဖြူကျေးရွာတို့မှ လယ်သမားများ ပါဝင်သော
 ဆန္ဒထုတ်ဖော်သူ ၅၀ ခန့်သည် ယနေ့ နေ့လယ်ပိုင်းတွင် လပွတ္တာမြိုနယ်အတွင်း လှည့်
လည် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

ဆန္ဒဖော်ထုတ်ရသည့်အကြောင်းရင်းမှာ ၄င်းတို့၏ လယ်များအသိမ်းခံရခြင်းကြောင့်ဖြစ်ကြောင်း
သိရသည်။   မြောင်းမြမြို့မှ   ရှေ့နေ ဦးဖိုးဖြူ    လာရောက်ပြီး လယ်သမားများနှင့်  ဆိုင်သော
 အခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောပြသွားကြောင်းလည်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲ
သို့ လပွတ္တာမြို့နယ်မှ အဖွဲ့အစည်းများလိုက်ပါ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ 
 
သတင်းရင်းမြစ်    သစ်ထူးလွင်      
>>>ဆက်ဖတ်ရန်>>> >>

လွှတ်တော် ကိုယ်စားလှယ်များ နှစ်ကြိမ် သတိပေး ခံရ


   ယနေ့ ကျင်းပ နေသော ပြည်သူ့ လွှတ်တော်  အစည်းအဝေးတွင် ကွတ်ခိုင်   မဲဆန္ဒနယ်မှ
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆို တင်သွင်း ထားသော တိုင်းရင်းသား 
လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရန် ပြဌာန်း ပေးရန် အဆိုကို လွှတ်တော်
 ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့မှုများတွင်အဆိုနှင့် မသက်ဆိုင်သော အကြောင်းအရာ
များ ပါဝင်နေသဖြင့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့် တိုက်ရိုက် သက်ဆိုင်သည့် ကိစ္စရပ်
 များကိုသာ ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို နှစ်ကြိမ်တိုင် သတိပေးခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပြင်ဦးလွင် မဲဆန္ဒ
နယ်မှ ဦးကျော်သီဟတို့၏ ဆွေးနွေးမှု များတွင် ပုဂ္ဂိုလ်ရေး ထောက်ခံမှုများ  ပါဝင်နေသဖြင့်
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်းက လွတ်တော် ကိုယ်စားလှယ်  များအား ပြည်သူ့
လွတ်တော် နည်းဥပဒေ ၁၃၀ အပိုဒ်ခွဲ   (င)   အရ   သာမာန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အပြု
အမူနှင့် စပ်လျှင်း ၍ ဖော်ပြချက်  များ မပါရှိစေရန်နှင့် အပိုဒ်ခွဲ   (စ)  အရ   ဆွေးနွေးရာတွင် 
လွတ်တော် ၏ ဆွေးနွေးမှု အဆိုဖြင့်သာ ထောက်ခံ ဆွေးနွေးရန် သတိပေးခဲ့ခြင်းဖြစ်သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဦးအုန်းကြိုင်၏ ဆွေးနွေးမှုများတွင်
နှစ်ပေါင်းလေးဆယ်အတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအားအစားထိုး 
 နိုင်သည့် ခေါင်းဆောင် တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာကြောင်း၊ ဖွံ့ဖြိုး 
တိုးတက်သောဒီမိုကရေစီ နိုင်ငံဖြစ်ထွန်းရန်အတွက် နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်း
စုကြည်  ညီညီညွတ်ညွတ် အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသတိ ပေးပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေပြည်တော် 
ဥတ္တရ သီရိ မဲဆန္ဒနယ်မှ ဦးမင်းသူက တိုင်းရင်းသား အရေး ဆွေးနွေးရာတွင် ပွင့်ပွင့်လင်းလင်း
 မဆွေးနွေး နိုင်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စိတ်
အရ ပွင့်ပွင့်လင်းလင်း မပြောနိုင်သည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌက အဆိုပါက ပြောကြားချက်ကို ကန့်ကွက်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပြီး 
ဥက္ကဋ္ဌ ပြောကြားချက်ကို လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီး၍အားပေးထောက်ခံ
ခဲ့ကြသည်ဟု လွှတ်တော်   အစည်းအဝေး  သို့ သွားရောက် သတင်း  ရယူနေသူ The Voice 
Weekly သတင်းထောက်  က သတင်း ပေးပို့သည်။ထို့နောက် ဥက္ကဋ္ဌက  ဦးမင်းသူ အပါအ၀င် 
လွှတ်တော် ကိုယ်စားလှယ် အားလုံးအား   ထပ်မံ  သတိပေး ခဲ့ပြီး အသစ်ရောက်ရှိ  လာသော 
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရောက်နှင့်နေပြီးသော ကိုယ်စားလှယ်များနှင့် ပူးပေါင်း 
ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် 
စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်  အဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ 
 ဒေါ်အောင်ဆန်းစုကြည်  ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>

သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့  လွှတ်တော်မှာ ဇေကမ္ဘာခင်ရွှေ ပြောဆို

 
 
စက်မှုမြေအဖြစ် ရောင်းပြီး တဲ့ လယ်မြေတွေကို ပြန်မပေးနိုင်တဲ့အကြောင်း ရန်ကုန်တိုင်း မဲ
ဆန္ဒနယ်   အမှတ် (၉)  က အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဇေကမ္ဘာ  ဦးခင်ရွှေက 
ဇူလိုင်လ ၂၃ ရက်နေ့ မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်
ပါတယ်။

ဒါ့အပြင် - လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီးနောက် စက်မှုဇုန်နဲ့ အိမ်ရာ  စီမံကိန်း
တွေ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းမီဒီယာ တွေကနေ တဆင့် လယ်သမားတွေကိုသွေး
ထိုးမြှောက်ပင့် အရေးဆိုနေကြတဲ့ စွပ်စွဲချက်တွေ ဟာလည်း လွဲမှားနေတယ်လို့ ဦးခင်ရွှေက
 ပြောပါတယ်။ ဦးခင်ရွှေရဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ  ကျေးရွာအုပ်စု
 က လယ်မြေဧက ၁ ထောင် ကျော်ကို တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့
 ၂ဝ၁ဝ ခုနှစ်က သိမ်းယူခဲ့ပါတယ်။

လယ်တဧက အတွက် ကျပ်   ၅ သောင်းပေးပြီး ဒီ လယ်တွေကို စွန့်လွှတ်ကြောင်း လက်မှတ်
ထိုးဖို့ လယ်သမားတွေကို ပြောဆိုခဲ့ပေမယ့် လယ်သမားတွေက လက်မခံခဲ့ပါဘူး။အဲဒီနောက်
ငွေ မယူရင် လယ်တွေကိုသိမ်းယူမယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက လယ်သမားတွေကို ခေါ်ယူ
ပြောဆိုခဲ့တယ်လို့ သိရ ပါတယ်။
 
 သတင်းရင်းမြစ်    RFA     
>>>ဆက်ဖတ်ရန်>>> >>

သံလျင်မြို့နယ်အတွင်းမှာ စစ်တပ်က လယ်သမားတွေကို ဒီကနေ့ တပ်စိတ် တစိတ်နဲ့ ဝိုင်းထား

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေ ပေါ်မှာ 
မူလပိုင်ရှင် လယ်သမားတွေက ဒီကနေ့  သွားရောက် ထွန်ယက်ခဲ့ကြတဲ့ အတွက် စစ်တပ်က 
တပ်စိတ် တ?|Oο_gհwးထားတယ်လို့ သိရပါတယ်။

လယ်သမားတွေဟာ တားဆီးပိတ်ပင်ထားတဲ့ ကြားက ဒီလယ်မြေတွေမှာ သွားရောက်ထွန်ယက်
 ခဲ့ကြတာ ဒီကနေ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက်
ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ဆက်  မထွန်ယက်
ဘဲ ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတကြိမ်မှာတော့ ဆက်လက် ထွန်ယက်  သွားမယ်လို့ လယ်သမား
တွေက ပြောပါတယ်။

သံလျင်မြိုနယ်   အလွမ်းဆွတ်ကျေးရွာက လယ်မြေ  ဧက ၂ ရာကျော်ကို လွန်ခဲ့တဲ့  ၁၉၉၅ ခုနှစ်
လောက်က ခလရ (၉ဝ) က ကနဦး သိမ်းယူခဲ့တာဖြစ်ပြီး၊ လယ်သမားတွေကို သီးစားခ ချထားပေး
ခဲ့တာပါ။

နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်ကို လယ်မြေတွေ လွှဲပြောင်းပေး ခဲ့ပြီးနောက် 
 အခုနှစ်ဆန်းပိုင်းကစလို့ သီးစားစိုက်ပျိုးခွင့်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ သိမ်းယူခံထားရတဲ့လယ်
မြေတွေပေါ်မှာ လွတ်လွတ် လပ်လပ် လုပ်ကိုင် စားသောက်ခွင့် ရရှိရေးအတွက် လယ်သမားတွေက 
သမ္မတ ဦးသိန်းစိန်ကို အသနားခံစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်    RFA      

 
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့


ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေး  တိမ်းရှောင်
သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ 
စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။ 

ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး တိမ်းရှောင်လာသော ဘင်္ဂလီများမှာ 
စက်ဘုတ်၊ လှေနှင့် နယ်စပ်ခြံစည်းရိုး အကြားရှိ မှောင်ခိုလမ်းကြောင်း ၂၀   ကျော်တို့ကို ဖြတ်
aကျာ်ပြီး ဘင်္ဂလာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ယင်းတို့အား တာခ်နာ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၄၂ တပ်ဖွဲ့
(BGB)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းဆီးပြီး ပြန်လည်၍ တရားဝင် နစကသို့ လွှဲအပ်ပို့
ဆောင်ခြင်း မဟုတ်ဘဲ နယ်စပ်များမှ မြန်မာသို့ တရားမ၀င် အတင်းအဓမ္မ ပို့ဆောင်ခဲ့ခြင်းဖြစ်
ကြောင်း သိရှိရသည်။

ယင်း တရားမ၀င် ပို့ဆောင်ခဲ့သည့် ၁၅၆၅ ဦးမှာ ဇွန်လ ၈ ရက်နေ့မှ ယမန်နေ့ကအထိ ဖမ်းဆီး 
ရမိသူများဖြစ်ကြောင်း၊ ဘင်္ဂလာက သင်္ခါမကင်းသူ ၁၅ ဦးအား စစ်ဆေးအရေးယူမှုများ ရှိနေ
ေ ကြာင်းနှင့် ပို့ဆောင်ခံ  ရသော သူများအား ယခု အချိန်ထိ နစကနှင့် လ၀ကမှ တစုံတရာ 
လိုက်လံစစ်ဆေး အရေးယူမှုများ မရှိသေးကြောင်း သတင်းများ ရရှိသည်။ 

ရခိုင်ပြည်နယ်-ဘင်္ဂလာအကြား နယ်စပ်ဒေအတွင်း နေထိုင်နေကြသော ဘင်္ဂလီများမှာ မြန်မာ
ဘက်မှ ကာရံထားသည့် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးနှင့် သံတိုင်များကို အလွယ်တကူခိုးယူပြီး 
ဘင်္ဂလာသံဈေးကွက်သို့ တန်ဖိုးအနည်းငယ်ဖြင့် ရောင်းချ လျက်ရှိနေကြောင်း မျက်မြင်များက
 ပြောသည်။

ဘင်္ဂလာမှ ၄င်းတို့နိုင်ငံအတွင်း ဖမ်းဆီးရမိသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို လွန်ခဲ့သော
 ၂၀၀၀ ခုနှစ်မတိုင်ခင် ထောင်ဒဏ်ချလေ့ရှိပြီး နောက်ပိုင်းတွင် ဖမ်းဆီးအရေးယူစစ်ဆေးမှုများ 
မပြုလုပ်ဘဲ မြန်မာသို့ နယ်စပ်များကိုဖြတ်ပြီး တရားမ၀င် အဓမ္မပို့ဆောင်နေခြင်းမှာ ဆယ်စုနှစ် 
တစ်ခုကျော် လာပြီးဖြစ်ကြောင်းနှင့် ယင်း တရားမ၀င် ပို့ဆောင်မှု မှာ ရက်ပေါင်း   ၃၀ အတွင်း 
အနည်းဆုံး ၂၅ ရက် ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံ ပိုင်နက်အတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် များပြားလာခြင်းမှာ ယင်းကဲ့
သို့ တရားမ၀င်  ပို့ဆောင်ခြင်း  ခံရသူများ ရှိနေခြင်းကြောင့်ဖြစ်ကြာင်း၊ ဘင်္ဂလား မှ ရိုဟင်ဂျာ
ပြဿနာများအား လှုံ့ဆော်မှုများမှ ယခုကဲ့သို့ ထင်ပေါ်လာခြင်းဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေး
 တာဝန်ရှိသူများက ခြစား၊ လာဒ်စားမှုများရှိနေခြင်းကြောင်းနှင့် ဘင်္ဂလာတွင် မြန်မာ့ဒုက္ခသည်
စခန်းဟု အမည်တပ်ရှိနေရာမှ UNHCR အကူအညီဖြင့် တတိယနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာနေ
မှုအတွင်း များသောအားဖြင့် ရခိုင်-မြန်မာစကားနှင့် စာပေမတတ်သူများဖြစ်ပြီး ၎င်းတို့မှာဒသ
အတွင်း ဘင်္ဂလီများဖြစ်ကြောင်း လာဒ်ငွေပေး၍ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း လေ့လာသူ
များက ဆိုသည်။

ယင်းဘင်္ဂလီများက နိုင်ငံတကာတွင် လှေစီးရိုဟင်ဂျာ အမည်ခံ ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်
ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကွန်ပြူတာဆိုင်များနှင့် မောင်တော နစက - လ၀ကများမှ နိုင်ငံသားကပ်၊
 ထောက်ခံစာများအား ငွေပေးပြီး အတုလုပ်ဆောင်ကာ ထွက်ခွာသွားမှုများရှိနေကြောင်းဆိုသည်။ 

ယမနေ့က မြန်မာကျပ် ၃၂၃၀၀၀ ငွေ၊ ကုန်စုံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအ၀င် ၃ 
ဦးအား နယ်စပ်စောင့်တပ်ဖွဲ့က မှောင်ခိုမှုဖြင့် ဖမ်းဆီးရမိပြီး တာခ်နာရဲဋ္ဌာနမှ   စစ်ဆေးချက်များ
 ယူနေကြောင်း သိရှိရသည်။

အဆိုပါ BGBမှ ပို့ဆောင်ခဲ့သော ဘင်္ဂလီအရေအတွက်မှာ ဒေသထုတ် သတင်းစာများက ဖေါ်ပြ
ချက်အား စုပေါင်းတွက်ချက် ထားခြင်းဖြစ်ပြီး တခြား စာရင်းမရှိ ပို့ဆောင် ခဲ့မှုများ အများအပြား
 ရှိနေသေးကြောင်းနှင့် ဖမ်းဆီးမမိခဲ့သော သူများလည်းရှိကြောင်း နယ်စပ် လေ့လာသူ  များက 
ဆိုသည်။

ယင်းစက်ဘုတ်၊ လှေနှင့် နယ်စပ်ဖြတ်ကျော်ဝင်လာသူ အများအပြားတွင် အမျိုးသမီးနှင့် ကလေး 
ငယ်များသာဖြစ်ကြကြောင်းနှင့် ယောက်ျားများမှာ အစောင့်  အနေဖြင့် လိုက်ပါလာခြင်း သာဖြစ်
ကြောင်း တွေ့ရှိရကြောင်း မျက်မြင်များကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နယ်စပ်လုံခြုံရေး တပ်ဖွဲ့ တချို့က နယ်စပ်မှ  လာသည့် ဘင်္ဂလီများအား
 ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် ငွေပေးလျင် ပို့ပေးကြောင်း၊ ဒုက္ခသည်အဖြစ် လက်မှတ်
ရပြီး ရိက္ခာထုတ်စား၍ရမည်သူများမှာ စခန်းခေါင်းဆောင်များအား ငွေပေးလျှင် ရရှိကြောင်းသိရှိ
ရသည်။ သို့သော်လည်း ငွေမပေးနိုင်သည့် ဘင်္ဂလီဒုက္ခသည် အများအပြားမှာ စခန်းအနီးတ၀ိုက်
တွင် ယာယီတဲများဖြင့် ခုံလုံနေကြပြီး ကျဘန်း လုပ်ကိုင်စားသောက်နေကြရာ မကြာခဏ ဒေသ
များနှင့် ခိုက်ရန်ဖြစ်ပွားလျက်ရှိနေသည်။ 
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှု (အပြည့်အစုံ)

ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်
သည့် ဥပဒေပြဌာန်းရေး အဆိုကို ဆွေးနွေးမှု ဖြစ်ပါတယ်။
 -----------------------------------------------------------

ကျွန်မ အနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသား   လူမျိုးများရဲ့ အခွင့်အရေး    ကာကွယ်စောင့်
ရှောက်ရေး အဆိုနဲ့ ပတ်သက်  လို့ အနည်းငယ်ဆွေးနွေး  ချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံ
ဥပဒေထဲမှာဆိုလို့ရှိရင် တိုင်းရင်းသား လူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်      မှတ်မှတ် 
အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ  ဆို|__w့ တိုင်းရင်း
သားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့အဓိပ္ပါယ်
ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု  ဆွေးနွေးချက်တွေအရ  ဆိုလို့ရှိ
ရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီး
တော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။

ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ 
အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် 
နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %
၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်
တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်  ရဲ့ ဆင်းရဲ မွဲတေမှုနှုန်းက
တော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး  ရဲ့ ပျမ်းမျှခြင်း ဆင်းရဲ  မွဲတေမှုနှုန်း   ဟာ ၂၅.၆ %
ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်
ဆိုတာကိုမြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ %  နဲ့   ပျမ်းမျှခြင်း ရာခိုင်နှုန်း
ထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်း
တွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်
ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း  ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်း  စစ်မီး 
လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး
များကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းထက်
များစွာကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံ
စိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူ  ညီမျှရေး အပြန် အလှန် လေးစားယုံကြည်
ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေး  အတွက် 
ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများ
ရဲ့ အခွင့်အရေး များကို ကာကွယ်နိုင်ဖို့ အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ် 
သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်
ရဲ့ အဆိုကို ထောက်ခံပါတယ်။

သတင်းရင်းမြစ်    ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုဒ်
>>>ဆက်ဖတ်ရန်>>> >>