အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, July 13, 2012

နယ်စပ် ဘုရားသုံးဆူ တပ်မြေအတွင်း ဖယ်ရှားခံအိမ်ခြေ(၁၀၀)ကျော် ရှိနေ


ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့ တပ်ပိုင်နယ်မြေအတွင်းရှိ နေအိမ်တစ်ရာကျော်မှာ အောက်တိုဘာလ (၁)ရက်နေ့   နောက်ဆုံးရွှေ့ပြောင်းရန် ခံဝန်လက်မှတ်ထိုးခဲ့ရသော်လည်း ပြောင်းရွှေ့ရမည့်နေရာ သတ် မှတ် ပေးခြင်း မရှိသဖြင့် အခက်အခဲဖြစ်နေကြောင်း နယ်ခံများထံက သိရှိရသည်။ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် တပ်မှအရာရှိငယ်အချို့ ပူးပေါင်း၍ မြေနေရာရောင်းစားနေခြင်းက အဆိုပါ အိမ်ခြေ (၁၀၀)ကျော်ကို အထက်အမိန့်အရ(၃)လအတွင်း အပြီး ပြောင်းရွှေ့ရမည်အမိန့် ထွက်ပေါ်စေခြင်း ဖြစ် သည် ဟု ဒေသခံများက ဆိုသည်။
 
“အဓိကကတော့ တပ်က ဆာဂျင်အဆင့်တွေနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ဒီနေရာတွေ ကို ရောင်းစား နေတာကို တပ်ရင်းမှူးက သိသွားတယ်လေ။ အုတ်တံတိုင်းတွေ၊ သံဆူးကြိုးတွေနဲ့ ခြံစည်း ရိုးတွေ အခိုင်အမာ ကာထားကြတာကလည်း တပ်ရင်းမှူး အိမ်နားထိ ရောက်သွားတယ်။ အဲလိုမျိုး အပိုင် ခတ်ထားတာတွေ တွေ့ သွားလို့ ပြောင်းခိုင်းတာ။” ဟု ဘုရားသုံးဆူ မြို့ တပ်ပိုင်နယ်မြေ အတွင်း မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
  အဆိုပါနေရာသည် ဘုရားသုံးဆူမြို့ရပ်ကွက်(၂)နှင့်(၃)အတွင်းပါဝင်၍ တပ်မတော်မှ ကွယ်လွန် သူစစ်မှုထမ်း ဟောင်းများ၏ ဇနီးသား သမီးများအပါအ၀င် ၀န်ထမ်းအချို့နှင့် ရပ်ဝေးမှ လာရောက် အခြေချသူလူဦးရေ (၈၀၀)၀န်းကျင် နေထိုင်သောနေရာလည်း ဖြစ်သည်။ဘုရားသုံးဆူမြို့တွင် တာဝန်ကျ သည့်တပ်ရင်းမှူး အစဉ်အဆက်ထံ လွန်ခဲ့သည့် (၁၀) နှစ်ခန့်ကတည်းက   မြေယာတောင်းခံ၍   နေထိုင် ခဲ့ရာ ပြဿနာ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် တာဝန်ရှိသူ အချို့က ရပ်ဝေးမှ ရောက်ရှိ လာသူများ အား ပေ (၄၀ X ၆၀) အကျယ်အ၀န်းခန့် မြေတကွက်လျင် ထိုင်းဘတ်ငွေ (၁၅၀၀) နှင့် (၂၀၀၀) ကြား သတ်မှတ်၍ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
 
ယင်းကိစ္စသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်း အနေဖြင့် ပြော ဆို ပိုင်ခွင့်မရှိကြောင်း ယခုကဲ့သို့ဖြေကြားခဲ့သည်။
   
 “ကျွန်တော်လည်း ဂဃနဏ မသိသေးဘူး။  ခရီးက ပြန်ရောက်တာလည်း မကြာသေးလို့ပါ။ ပြီးတော့ ပြော ဆို ခွင့်လည်း မရှိလို့ပါခင်ဗျာ။” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။ လက်ရှိနေရာမှ ပြောင်းရွှေ့ရန် လက်မှတ်ထိုးခဲ့ရသော်လည်း ပြောင်းရွှေ့ရမည့် နေရာအတည်တကျ သတ်မှတ်ပေးခြင်း မရှိသည့်အတွက် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
 
“အစကတည်းက ကျမတို့နေလာတာ ဘာပြဿနာမှ မရှိခဲ့ဘူး။ အေးအေးဆေးဆေးပဲ။ အခုသူတို့ပေါင်းပြီး လုပ်စားကြလို့ ကျမတို့ပြောင်းရတော့မယ်။ ဘယ်ကို ပြောင်းရမလဲ ဆိုတာလည်း မသိသေး ဘူး။ မြေ၀ယ်ရ အောင်ကလည်း ပိုက်ဆံကမရှိတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။” ဟု အဆိုပါ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိအနေအထားအရ  ရပ်ကွက်အုပ်ချုပ်ရေး မှူးအချို့ မှာ ၎င်းတို့ကိုယ်ပိုင် မြေယာများအား ခုတ်ထွင် ရှင်း လင်း၍   ပြောင်းရွှေ့ လာမည့်သူများ အား ရောင်းချ ရန် ပြင်ဆင်နေကြောင်းနှင့် နေရာအကျယ်အ၀န်းအလိုက် ထိုင်းဘတ်ငွေ တစ်သောင်းမှ သုံးသောင်း အထိ ဈေးသတ်မှတ်ထားရှိသည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။


 
 
>>>ဆက်ဖတ်ရန်>>> >>

ဘူးသီးတောင် မောင်တော ဒေသသို့ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် သွားရောက်ခဲ့သူ ဦးဘရှင်အား မေးမြန်းချက်

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဦးဆောင်သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၄ ယာက်သည် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့ အတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်
မောင်တောမြို့နယ်များသို့ သွားရောက်ပြီး ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသား များနှင့် တွေ့ဆုံ ကာ အကူအညီများ ပေးအပ်ခဲ့ကြသည်။ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးထဲမှ တစ်ဦးဖြစ်သူ 
 ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်အား ဘူးသီးတောင်၊ မောင်တော ဒေသ များသို့ သွားရောက်ပြီး အကူအညီ ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းခွင့် ရခဲ့ပါသည်။ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။


မေး။ ။ဦးဘရှင်တို့ ဒီနေ့ စစ်တွေကိုရောက်ပြီးတော့ ကယ်ဆယ်ရေး စခန်းတွေကို လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတယ်လို့  ကြားပါတယ်။ ဒီနေ့ ဘယ်နေရာတွေ သွားဖြစ်ပါသလဲ။
- ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့နေ့လည်ပိုင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေပါကြပါတယ်၊ ကျနော်တို့ မောင်တောမြို့နယ် ဒုက္ခသည်စခန်းဖြစ်တဲ့ အလယ်သံကျော်မှာ
ရောက်နေတဲ့ သရေကုန်ဘောင်မှ ဒုက္ခသည်စခန်းနဲ့ သရေကုန်ဘောင်ရွာ ကို ရောက်တယ်၊ နောက်
ေ မာင်တောမြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေရာပေးထားတဲ့ ဒုက္ခသည်စခန်းကိုရောက်တယ်။
နောက်အုပ်ချုပ်ရေးအဖွဲ့က လူကြီးတွေနဲ့ တွေ့တာကတော့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံး မှာ တွေ့ပါတယ်။
မေး။  ။အဲဒီတော့ ဒုက္ခသည်တွေရဲ့အခြေနေကိုယော ဘယ်လိုမြင်ခဲ့ပါလဲ ခင်ဗျား။
- ဒုက္ခသည်တွေ အဓိကခံစားနေရတာကတော့ သူတို့စိုးရိမ်ကြောင်းကြမှုတွေရှိနေကြတာကို တွေ့ရ ပါတယ်။ နောက်တစ်ခုက မိုးရာသီဖြစ်တဲ့ အတွက်ကြောင်း သူတို့ ပြဿနာက ဘာလဲ ဆိုရင် လယ်လုပ်ဖို့ အတွက် အချိန်မမီ ဖြစ်မှာကို သူတို့ တွေးပူနေကြတယ်။ ဒါပေမဲ့ ချုပ်ရေးအဖွဲ့အစည်းတွေက ထွန်စက်တွေ ကူညီပေးမယ်ဆိုတော့ သူတို့  ပျိုးခင်း၊ ပျိုးထောင်ပီးတော့
စပါးစိုက်နိုင်တဲ့ အခြေနေရှိတယ်ဆိုတာ သူတို့ပြောပြလို့ သိလိုက်ရတယ်။
မေး။ ။ဦးဘရှင်အပါအ၀င် အခု မောင်တောကို သွားတဲ့ အထဲမှာ လူပေါင်းဘယ်လောက်များ ပါဝင်ပါသလဲ ပြီးတော့ မောင်တောကို ဘယ်လို သွားခဲ့ကြတာပါလဲ။
- နေပြည်တော်ကနေ စစ်တွေကို တပ်မတော်အထူးလေယာဉ်နဲ့ ကျနော်တို့ကို ပို့ပေးပါတယ်၊ စစ်တွေမြို့ လေဆိပ်က တပ်မတော်ရဟတ်ယာဉ် နှစ်စီးနဲ့ ကျနော်တို့သွားကြပါတယ်။ လွှတ်တော်ကိုယ်စား
လှယ်အားလုံး ၃၄ ယောက် ပါပါတယ်။ စစ်တွေကတော့ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌရယ်၊ ဒီမှာရောက်နင့် နေပြီးသားဖြစ်နေတဲ့ ကာကွယ်ရေးဝန်ကြီးရယ်၊ နောက်ဌာနဆိုင်ရာပြည်နယ် အဆင့် ပုဂ္ဂိုလ်တွေတစ်ချို့လည်း မောင်တောကို လိုက်ပါခဲ့ကြပါတယ်။
မေး။  ။အဓိကနေပြီးတော့လေ ဘာကြောင့်  လွှတ်တော်ဥက္ကဋ္ဌတွေအပါအ၀င် လွှတ်တော်က လူကြီးတွေ ပေါ့လေ ဘာရည်ရွယ်ချက်တွေနဲ့ အဲဒီလိုလာတာပါလဲ။ အဓိက ဘာကို ရည်းမှန်းချက် ထားပြီးတော့ အခုလို လာလည်ကြတာပါလဲ။
- အဓိကတော့ ကျနော်တို့ လွှတ်တော်က ဒီမှာ လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပါလာကြတဲ့ အဖွဲ့စည်းတွေက တိုင်းရင်းသား ရေးရာကော်မတီ အဖွဲ့ဝင်တွေနဲ့ ဒီဥပဒေရေးရာ အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင်က ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက်ကြောင်း တိုင်းရင်းသားရေးရာတွေကို အထူးဦးစားပေးပြီးတော့ တွေ့ချင်တယ်။  တိုင်းရင်းသားတွေရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း ကိုယ်တိုင်မြင်ချင်တယ်၊ တိုင်းရင်း သားတွေရဲ့ နေထိုင်နေရတဲ့ အခက်အခဲ့တွေကို အားပေးစကားပြောချင်တယ်၊ တိုင်းရင်းသားတွေ ရဲ့ ပြောကြားချက်ကိုလည်း ကြားချင်တယ်။ အဲလိုရည်ရွယ်ချက်တွေနဲ့လာတာပါ။
မေး။  ။နောက်ကျနော်တို့ကြားတာက လွှတ်တော်က သိန်း ၁၂၀ အလှူပေါလေ။ ကိုယ်စားလှယ်တွေရဲ့  နေ့တွက် စရိတ်တွေကို ကူညီပေးတယ်လို့ ကြားရပါတယ်၊ အဲဒီအလှူတွေကို ဒီနေ့ပေးတာရှိပါသလား။
- အဲဒီလွှတ်တော်က နေ့တွက် ၃ ရက်စာအတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလှူပေးတဲ့ ငွေတွေနဲ့ ဒီနေ့ ပစ္စည်းတွေ ကျနော်တို့ ဒုက္ခသည်စခန်းမှာ လွှတ်တော် ဥက္ကဋ္ဌကြီးတို့နဲ အဖွဲ့ဝင်တွေ ကိုယ်တိုင် ပေး ခဲ့ကြ ပါတယ်။
မေး။  ။ဦးဘရှင်တို့  စစ်တွေကို မောင်တောကနေ ဘယ်အချိန် ပြန်ရောက်ပါလဲ။
- ကျနော်တို့ အခု ဇူလိုင်လ ၇ ရက် ည ၆ နာရီထိုးခါနီးလောက်ကို စစ်တွေကို မောင်တော ကနေ ပြန်ရောက်ပါတယ်၊ ရာသီဥတု မကောင်းတဲ့အတွက်ကြောင်း ကျနော်တို့ နည်းနည်း ခရီးကြန့်ကြာ ခဲ့ပါတယ်။
မေး။  ။စစ်တွေမှာကော ဘယ်လိုအစီအစဉ်ရှိပါလဲ။
- စစ်တွေကိုတော့ အခုမှပဲရောက်တဲ့အတွက်ကြောင်း ရာသီဥတု အခြေအနေကြည့်ပြီးတော့ မနက်ဖြန်အတွက် ခရီးစဉ်မသတ်မှတ်ရသေးပါဘူး။
မေး။  ။အဲဒီလိုပေါ့လေ စစ်တွေတို့ မောင်တောတို့ကို အခုလို အကူညီတွေလာပြီးတော့ လုပ်တယ် ဆိုတော့ အဲဒီမှာ ဒုက္ခသည်တွေကို မြင်ရတဲ့ အခါ ဦးဘရှင်အနေနဲ့ အမြင်လေးတွေကို နည်းနည်း 
လောက် ပြောပြ ပေးပါလား၊ ဘယ်လိုမြင်ပါလဲ။ ဘယ်လိုခံစားရပါလဲ။
- ကျနော်တို့ အခုရောက်ခဲ့တာက မောင်တောမြို့နယ်က ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းတွေ ကို ရောက်ခဲ့တော့ တိုင်းရင်းသားဒုက္ခသည်တွေ တကယ့်ကို ဒုက္ခရောက်ကြပါတယ်၊ သူတို့မှာ တစ်ရွာလုံးကို မီးရှို့ ဖျက်ဆီးပစ် တာကို ခံထားရတဲ့ အတွက်ကြောင့် စားရေးရိက္ခာ ကျွဲ၊ နွားတွေ အကုန်လုံး ဘာမှမရှိတော့တဲ့ အတွက်ကြောင့်  စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြတာတွေတွေ့ရ တယ်။ 
 နောက်ပြီးတော့ သူတို့ အလုပ်မလုပ်ရတဲ့အတွက် သူတို့မှာက ၀င်ငွေလည်းမရှိဆိုတာကို တွေ့ရတယ်၊ စားစရာတွေကတော့ ကျနော်တို့လို အလှူရှင်တွေက ထောက်ပံ့ပေးထားတဲ့အတွက်ကြောင်း စားလို့တော့ရ တာပေါလေ၊ လယ်တွေကို သူတို့ လုပ်ချင်ကြတယ် နောက်ပြီးတော့ လုံလုံခြုံခြုံနေချင်ကြတယ် အဲဒါတော့ အဓိကပဲ၊ နောက်ပြီး သူတို့တင်ပြကြတာကတော့ ဒုက္ခသည်တွေလိုချင်ကြတာကတော့ ကျန်းမာရေး 
စောင့်ရှောက်မှုရေ၊ သူတို့ ရင်သွေးတွေရဲ့ ပညာရေး ကိစ္စတွေ ပြောတယ်၊ နောက်တခါ ပညာရေးကိစ္စမှာ ဆရာ၊ ဆရာမတွေက ဆူပူမှုကို အကြောင်းပြုပြီးတော့ ကြောက်လန့်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာကိုပြန် သွားကြတဲ့အခါ ဆရာ၊ ဆရာမတွေ မရှိတဲ့ အတွက်ကြောင်း ဒီဆရာ၊ ဆရာမတွေရောက်လာမှ စာသင်ရမယ် ဆိုလို့ရှိရင် နှောင့်နှေး ကြန့်ကြာ မှုတွေဖြစ်နိုင်တယ်။ နောက်တစ်ခါ စာသင်ကျောင်းလည်း မရှိတော့ဘူးလေ၊ စာသင်ကျောင်းက သူတို့ ဖျက်ဆီး ခံလိုက်ရတော့ အသစ်ပြန်လုပ်ရမှာ။ ပြီးတော့ နောက် ဆရာတွေ အလွယ်တကူ မရနိုင်လို့ရှိရင် သူတို့ ကျေးရွာမှာရှိတဲ့ ဘွဲ့ရ လူငယ်တွေကို ခန့်ပေးနိုင်ရင်လည်း ခန့်ထားပေးဖို့ သူတို့ တောင်းဆိုကြတာတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေ သွားရေးလာရေးတွက် လုံခြုံမှု မရှိတဲ့အတွက်ကြောင့် ဒီဘင်ဂလီရွာတွေကို ဖြတ်သန်းပြီးတော့ အလယ်'w=O_OCwျာင်းသွား တက်ရမယ် ဆိုလို့ရှိရင်  ဒီလုံခြုံရေးတွေ သူတို့စိုးရိမ်တဲ့အကြောင်း သူတို့ တင်ပြကြတာ တွေ့ရပါတယ်။
မေး။ ။ အဖွဲ့ထဲမှာ ပါဝင်တဲ့  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအ၀င် တခြားပါတဲ့ သူတွေ ကို ပြောပြပေးပါလား။
- ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌကြီးကိုယ်တိုင်ရယ်။  နောက်ကျနော်တို့ ကော်မတီဆိုင်ရာ တိုင်းရင်း သား ရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းမှု ကော်မတီ၊ နောက်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ဒီအဖွဲ့ဝင်တွေပါတယ်၊ နောက်ပြီးတော့ အမျိုးသားလွှတ်တော်ကတော့ တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘုန်းမြတ်တို့  ပါပါတယ်။
 
သတင်းရင်းမြစ်   နိရဉ္ဇရာ   
>>>ဆက်ဖတ်ရန်>>> >>

လွှတ်တော်သတင်းထောက်များ လွှတ်တော်တွင်းဝင်ရန် လက်ဗွေနှိပ်ရမည်


လာမည့်တနင်္လာနေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများမှစတင်ကာ လွှတ်တော်တွင် သတင်းရ ယူမည့် သတင်းထောက်များအားလုံး၍ လွှတ်တော်အဆောက်အဦများအတွင်းသို့ဝင်ရောက် သတင်း ရခြင်းပြုရမည်ဖြစ်သည်။

ယခင်က လွှတ်တော်တွင်း သတင်းထောက်များ သတင်းယူရန် ၀င်ရာတွင် မိမိတို့၏ ၀န်ထမ်းကဒ် မှတ်ပုံတင် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုခုအားပေး၍ ၀င်ခွင့်ကတ်ဖြင့်ဝင်ရောက် သတင်းယူရသော်လည်း လက်ဗွေစနစ် စတင်ချိန်တွင် မိမိတို့ထံမှ ကတ်များပေးရန် မလိုတော့ကြောင်း သိရသည်။

လက်ဗွေစတင်နှိပ်ရမည့် တနင်္လာနေ့တွင် သတင်းထောက်များသည် မိမိတို့၏ လက်ဗွေအား သုံးခါနှိပ်၍ လက်ဗွေအမှတ်အသား ရယူမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွှတ်တော်တွင်း သတင်းယူရန်အတွက် စာရင်းပေးသွင်းထားသည့် ပြည်တွင်း/ပြည်ပ သတင်းစာ များနှင့် တီဗီအစီအစဉ်များမှ သတင်းထောက်များမှာ အယောက် ၈၀ ကျော်ရှိပြီး ပုံမှန်နေ့ များတွင် တက်ရောက်သတင်းယူသူမှာ ဆယ်ဦးခန့်ရှိ၍ ထူးခြားသည့်နေ့များတွင် သတင်းရယူသူ များပြား သည်။

သတင်းရင်းမြစ်း  7 days News   
>>>ဆက်ဖတ်ရန်>>> >>

၂ ယောက်ပျောက် ၁ ယောက် ဒဏ်ရရခဲ့တဲ့ ပခုက္ကူက ဆိုင်ကယ် တိုက်မှု


ပခုက္ကူမြို့နယ် ၊ ဧရာဝတီတံတား(ပခုက္ကူ) တိုင်အမှတ် ၄ နှင့် ၅ ကြားတွင် ဇူလိုင်လ ၁၁ ရက် ည ၁၁ နာရီ အချိန်ခန့်က မော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားသည်ဟု ယူဆရသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးပျောက်ဆုံးလျှက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ည ၁၁ နာရီအချိန်က အဆိုပါနေရာတွင် အသက် ၄၂ နှစ်အရွယ် ဦးတိုးလွင်ကို ဒဏ်ရာများနှင့်အတူ သတိလစ်မေ့မြောနေသည်ကိုတွေ့ရှိရပြီး မတော်တဆ ဖြစ်ပွားထားဟန်တူသော ဆိုင်ကယ်နှစ်စီး ကိုလည်းတွေ့ရှိရကာ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးမှာ ပျောက်ဆုံးလျှက်ရှိကြောင်းသိရသည်။

ပျောက်ဆုံးနေသူနှစ်ဦးမှာ ပခုက္ကူမြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းနေထိုင်သူ ကိုကျော်စိုး (လျှပ်စစ် ၀န်ထမ်း)နှင့် ကိုဇာနည်ကျော်တို့ဖြစ်ကြောင်း ၊အခင်းဖြစ်ပွားရာနေရာမှာ မန္တလေးတိုင်း ဒေသကြီး ညောင်ဦး ခရိုင် လက်ပံချေပေါ် ရဲစခန်းအပိုင်ဖြစ်ပြီး ရဲအရေးပိုင်အဖြစ် အဆိုပါရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလျှက်ရှိကြောင်းသိရသည်။

ဒဏ်ရာများနှင့်အတူ သတိလစ်မေ့မြောလျှက်ရှိသော ကိုတိုးလွင်အား ညောင်ဦးဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူစေလျှက်ရှိကြောင်းသိရသည်။
သတင်းရင်းမြစ်း  Popular Myanmar News     
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်မိုးဟိန်းကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အခမ်းအနား၌ မွန်မြတ်စိတ်ဓါတ်ထားရန် RCSS/SSA ခေါင်းဆောင်ပြော

မွန်မြတ်သောစိတ်ဓါတ်နှင့် ထက်မြက်သောအရည်အချင်း ၂ ခုစလုံးရှိမှသာ ပြည့်စုံကြောင်း သျှမ်းတော် လှန်ရေးခေါင်းဆောင် တဦးဖြစ်သူ စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်း၏ ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်
 အောက်မေ့ သတိရ သည့်အခမ်းအနား၌ RCSS/ SSA ခေါင်းဆောင်ကပြောသည်။

21st-saogawnzurng-5
စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်း၏ ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်အောက်မေ့အခမ်းအနားတက်ရောက် လာကြသူများ

“ကျနော် စဝ်ကွဏ်းဇိဏ်းနဲ့အတူတူ ၄ နှစ်လောက်နေဖူးတယ်။ ဆရာက ကျနော့်ကို  မွန်မြတ်သော စိတ်ဓါတ်( လူတကာကို ဒုက္ခမပေးတဲ့စိတ်ဓါတ်)နဲ့ ထက်မြက်သော အရည်အချင်း(အများကောင်းကျိုး အတွက် လုပ်ဆောင်ပေးတဲ့အရည်အချင်း) ၂ ခုစလုံးရှိအောင်ကြိုးစားဖို့ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ ထိုင်း-မြန်မာ နယ်စ
စဝ်ကွဏ်းဇိဏ်း၏ အုဋ်ဂူ၌ စဝ်ယွက်စစ် ကအခမ်းအနားတက်ရောက်သူများအားပြောကြားသည်။

အဆိုပါလွမ်းဆွတ် အခမ်းအနား၌  သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်က ၂၀၁၅ ရွေးကောက်ပွဲ၌ သျှမ်းပြည်လူထုအားလုံး မဲပေးနိုင်အောင်ကြိုးစားရန် လိုကြောင်း ပြောသည်။

“ကျနော်တို့သျှမ်းပြည်မှာ လူဦးရေ ၈ သန်းကျော်ရှိတယ်လို့ အရင်က အစီခံစာတွေအရသိရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျတော့ သျှမ်းပြည်မှာ သန်းခေါင်းစာရင်း ၂ သန်းကျော်လေးဘဲရှိတော့တယ်။ ၆ သန်း ကပျောက်နေတယ်။ ၂၀၁၅ မှာလည်း ဒီလူတွေပြန်ပေါ်လာဖို့လိုတယ်” ဟု တိုက်တွန်းပြောဆိုခဲ့သည်။

မိမိတို့အမျိုးသားလွတ်မြောက်ရေးအတွက် သျှမ်းပြည်လူထုအားလုံးပူးပေါင်းတိုက်ပွဲဝင်ရမည်၊ မိမိ အသည်းကြား က မဲတပြား ပေးတာလည်း တိုက်ပွဲတခုဝင်နေတာနှင့်တူကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေး လမ်းစဉ်၊ လက်နက်ကိုင်တိုက်ပွဲဝင်သည့် လမ်း စဉ် နှင့် ဘောပင်(မှင်) လက်နက်ကိုင်တိုက်ပွဲဝင် သည့်လမ်း စဉ်ဖြင့် မိမိပြည်နယ် မိမိလူမျိုးဆုံးရှုံးနေသည့် အခွင့်အရေးများ ပြန်လည်ရယူကြရန် စဝ်ယွက်စစ် က တိုက်တွန်းသွားပါသည်။

ဂျူလိုင်လ ၁၁ ရက်၌ကျရောက်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ SSRC ခေါင်းဆောင် စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်း၏ ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်အောက်မေ့ဂုဏ်ပြုသည့်အခမ်းအနားအား ယမန်နေ့မနက်ပိုင်းက ကျင်းပရာ လူ ၁၀ဝ ခန့် တက်ရောက်သည်။ အခမ်းအနားအစီအစဉ်အရ သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် က အမှာစကားပြောကြားခြင်း၊ လွမ်းသူ့ပန်းခွေ ချခြင်းနှင့် အလေးပြုခြင်းတို့ဖြစ်သည်။ နေ့ဆွမ်းကို ပိန်းလုံအုပ်စုနေ စဝ်ကွဏ်းဇိဏ်း ၏ဇနီး မယ်ထောက်ယာ အိမ်၌ ဆက်ကပ်ခဲ့ကြသည်။

စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်းသည် တော်လှန်ရေးအသိုင်းအဝိုင်းတွင်&nbs3wOϯ]Ggိုသေ လေးစားမှုကို ခံယူရရှိခဲ့သော ပုဂ္ဂိုလ်တယောက်ဖြစ်သည်။

သတင်းရင်းမြစ်း  သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>

နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့မှ အရေးပေါ် ကြေငြာချက်တစ်စောင် ထုတ်ပြန်

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး  လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့မှ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ကြေငြာချက်တစ်စောင် ထုတ်ပြန်ကြေငြာလိုက်သည်။

 သတင်းရင်းမြစ်း  ဒီမိုဝေယံ
 




>>>ဆက်ဖတ်ရန်>>> >>

ရခိုင်၌ ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ၀န်ထမ်းများ ရုံးထုတ်

ရခိုင်ပြည်နယ် အဓိကရုဏ်း အခြေအနေများကို လာရောက်လေ့လာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာကို ဇွန်လ ၁၄ ရက်က စစ်တွေလေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းများ နှင့် ဘာသာရေး ခေါင်းဆောင်တချို့ကို ရုံးထုတ် စစ်ဆေးနေကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံး  (UNHCR) ၀န်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန် တို့ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင် ၍ မောင်တော တရားရုံးတွင် ရုံးထုတ် စစ်ဆေး နေကြောင်း၊ ၎င်းတို့အား ပုဒ်မ(၁၅၃၊ ၁၄၇) ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေ မှုတို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
“ဒေါ်ချိုလေးမာခါတုန် နဲ့ အမျိုးသားဝန်ထမ်း နှစ်ဦးပါ၊ ရုံးထုတ်တာ ဒီနေ့ဆိုရင် ၄ ရက်ရှိနေပြီ၊ အမိန့်ချဖို့ ကြာဦးမှာပါ၊ ၀န်ထမ်း တချို့ကတော့ ခိုင်လုံမှုမရှိလို့ ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်”ဟု မောင်တောမြို့ခံ တဦးက ပြောသည်။ ဒေါ်ချိုလေးမာခါတုန် သည် အငြိမ်းစား အထက်တန်းပြ ဆရာမ တဦးလည်း ဖြစ်သည်။
မောင်တော အကြမ်းဖက်မှုအား ဦးဆောင်ခဲ့သည်ဟုဆိုကာ သင်္ကာမကင်း၍ ဖမ်းဆီးခံထားရသူ ဒေါက်တာ ထွန်းအောင်(ခေါ်) နုရ်ဟောက် နှင့် အဖွဲ့ဝင် ၉ ဦးကို စစ်တွေခရိုင် တရားရုံး၌ ဇူလိုင် ၉ ရက်နေ့မှ စတင် ရုံးထုတ် စစ်ဆေးနေကြောင်း၊ ၎င်းတို့အား သီးသန့်ပုံစံဖြင့် ရုံးထုတ်စစ်ဆေးနေပြီး ကြားနာစစ်ဆေး ရာသို့ ဒေသခံပြည်သူများ လာရောက် နားထောင်ခွင့် မရကြောင်း စစ် တွေ ဒေသခံ ရှေ့နေ တဦး က ပြောသည်။
78|N[oCgံးထုတ်စစ်ဆေးရာသို့ တရားရေး ၀န်ထမ်း တချို့နှင့် ပြည်နယ်အစိုးရ အဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တို့မှ တာ ၀န်ရှိသူ တချို့ တက်ရောက် နားထောင်ကြကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက် အား ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀ ၊ ၄၆၈ ၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မ တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။
ဒေါက်တာ ထွန်းအောင်ကို ဖမ်းဆီးထားသည့်ကိစ္စအား အာဏာပိုင်အဖွဲ့က အတည်ပြုသော်လည်း ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်က ကုလသမဂ္ဂ လက်အောက်ခံ ၀န်ထမ်းများအား ဖမ်းဆီးထားခြင်း မရှိကြောင်း ပြောဆိုသည်။
ဒေါက်တာ ထွန်းအောင်သည် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်ပြီး တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်း တခုတွင် ဆုတောင်းပွဲ ပြုလုပ်ရန်နှင့်ပြဿနာ တစုံတရာ မဖြစ်ပွားရန် တာဝန်ယူ သည် ဟု အာမခံချက်ပေးသည့်အတွက် ဒေသဆိုင်ရာအာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့နေ့၌ပင် မောင်တောမြို့၌ အကြမ်းဖက်မှု ဖြစ်ပွား ခဲ့ကြောင်း မောင်တော ဒေသခံများက ပြောသည်။
ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှု ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန် များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ၀န်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုကြောင်း အမေရိကန် The New York Times သတင်းစာ၌ ဇွန်လ ၂၇ ရက်နေ့ က ဖော်ပြထားသည်။
မောင်တောမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ရုံးမှ ၀န်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်ကို စစ်တွေ လေဆိပ် ၌ ဇွန်လ ၁၁ ရက်နေ့တွင် ခေတ္တခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဒေါ်မြနန္ဒာအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ တို့အား ရန်ကုန် တာမွေမြို့နယ်တရားရုံတွင် တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေါ်မြနန္ဒာအောင်သည် ဒေါက်တာ ထွန်းအောင် ၏ သမီးဖြစ်ပြီး UNHCR ၀န်ထမ်း တဦးလည်း ဖြစ်သည်။
ဒေါက်တာ ထွန်းအောင်နှင့် သမီးဖြစ်သူတို့ ထံမှ သင်္ကာမကင်းသည့် စာရွက်စာတမ်း အထောက် အထား တချို့ သိမ်းဆည်း ရမိ သကဲ့သို့ မောင်တောမြို့၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ လက်အောက် ခံ ၀န်ထမ်းတချို့ကိုလည်း ၎င်းတို့ သားအဖနှင့် ဆက်နွယ်ပတ်သက်နေသည့် အတွက် ဖမ်းဆီး ထားခြင်း ဖြစ်ကြောင်း အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများတွင် ပြော ဆို ဆွေးနွေးနေကြသည်။
ကုလသမဂ္ဂ လက်အောက်ခံ ၀န်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း တို့နှင့်ပတ်သက်၍ အတည်ပြုချက် ရယူ ရန် သက်ဆိုင်ရာ တရားရုံးများနှင့် ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံးများသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သတင်းရင်းမြစ်    ဧရာဝတီ  
>>>ဆက်ဖတ်ရန်>>> >>

အစိုးရတပ် ထိုးစစ်ဆင်မှု ရပ်သင့်ဟု ကိုမြအေး ပြော

ချင်းမိုင်(မဇ္စျိမ) ။          ။ ကချင်ဒေသတွင်း တိုက်ပွဲများ ရပ်တန့်ထားသင့်ပြီး အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်မှု များ ရပ်ဆိုင်းသင့်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သော ကိုမြအေး က ပြောဆို လိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံ ၍ ငြိမ်းချမ်းရေး ခရီးစဉ်မှအပြန် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် သွားရောက် တွေ့ဆုံ ပြီးနောက် မဇ္ဈိမကို ပြောကြားခြင်း ဖြစ်သည်။

“နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ ရွှေ့ရေးပေါ့နော်။ တွေ့ဆုံပွဲလုပ်နေတဲ့ အချိန်မှာတောင် တိုက်ပွဲတွေ
 ဖြစ်နေကြတယ် ဆိုတော့ တယောက်နဲ့တယောက် သံသယ ရှိနေတဲ့ အချိန်။ ဆွေးနွေးပွဲတွေလုပ်တဲ့ အချိန်မှာ တိုက်ပွဲတွေ ရပ်ထား သင့်တယ်။ တဖက်က (အစိုးရဘက်) ထိုးစစ်ဆင်တဲ့ ကိစ္စတွေ ရပ်သင့် တယ်”ဟု ကိုမြအေးက ပြောသည်။

ငြိမ်းချမ်းရေးရရှိမှ ဒီမိုကရေစီရရှိ နိုင်မည်ဖြစ်၍ ကချင်တိုင်းရင်းသားအရေး အပါအဝင် အခြားသော တိုင်းရင်းသားများ၏ တန်တူညီမျှရေး၊ တရားမျှရေးတို့ကို ဝိုင်းဝန်း တည်ဆောက်လိုကြောင်း ကိုမြအေးက ဆက်ပြောသည်။

“ကျနော်တို့ မေတ္တာ ရပ်ခံပါတယ်။ အစိုးရ တပ်မတော်အရာရှိတွေကိုရော စိတ်ရှည်လက်ရှည်နဲ့ ပြဿနာကို ပညာရှိကြီးများ ပီပီ ဖြေရှင်းကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။ တိုက်ပွဲ များ ဖြစ်ပွားနေဆဲဖြစ်နေကြောင်းလည်း KIO ဘက်က သတင်းထုတ်ပြန်ထားသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ KIO ၏ တပ်မဟာ (၂ ) နယ်မြေ တနိုင်းမြို့နယ်၊ KIO ၏ တပ်မဟာ (၅) နယ်မြေလည်းဖြစ် KIO  ဌာနချုပ်အနီး တဝိုက်လည်းဖြစ်သော ဗန်းမော်မြို့နယ်တွင်းနှင့် ရှမ်းပြည် နယ် မြောက် ပိုင်း နမ့်ခမ်းမြို့နယ်ဘက် အစိုးရတပ်များ ထိုးစစ်ဆင်မှုများ ရှိနေသည်ဟု KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။ လိုင်ဇာမြို့နေ ဒုဗိုလ်မှူးကြီး ဂျီးနောင်သည် ယခင်ကတည်းက KIO ၏ ဆက်ဆံရေးတာဝန် ယူခဲ့သူ ဖြစ် သည်။ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင် ချိန်မှစတင်၍ KIOဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦးအဖြစ်ပါဝင်ခဲ့သည်။ သို့သော် ငြိမ်းချမ်းရေး
 ဖြစ်ထွန်းနိုင်ကြောင်း ကိုမြအေးက ပြောသည်။

“KIO ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အပြန်မှာ ဝန်ကြီး ဦးအောင်မင်းနဲ့ ဝင်တွေ့ တယ်။ နှစ်ဖက် လုံးရဲ့ အနေ အထား၊ သဘောထားကို သိခဲ့ရတာပေါ့။ အဲတော့ ချုံပြီးပြောရမယ်ဆို ရင် နှစ်ဖက်လုံး ဝန်ကြီး ဦးအောင်မင်းရော၊ကေအိုင်အို အနေအထားရော ငြိမ်းချမ်းရေး လိုလားတယ်ဆို တာ ယေဘုယျ အားဖြင့် ပြောနိုင်ပါတယ်”ဟု ပြောသည်။

ထိုစဉ်တွင် ဝန်ကြီးဦးအောင်မင်းမှာ ရထားဝန်ကြီးအဖြစ်မှ သမ္မတရုံးဝန်ကြီးအဖြစ် ရာထူး အပြောင်း အလဲ ဖြစ်လိမ့်မည် ဟူသော ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ဦးအောင်မင်းသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရအကြား အပစ်ခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး ရရှိအောင် သမ္မတ၏ အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နေခဲ့သူ ဖြစ်သည်။

အစိုးရတပ်နှင့် KIO တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ငြိမ်း ချမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု တစုံတရာ မရရှိဘဲ ဖြစ်နေချိန် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြအေး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မစန်းစန်းမော်၊ မနီနီလွင်တို့ ယခုလ ၆၊ ၇ ရက်နေ့က သွားရောက်၍ KIO ဒုစစ်ဦးချုပ်ချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် တွဲဘက်အတွင်းရေးမှူး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့သည်။ KIO မှ ဖမ်းဆီးထိန်းသိမ်းထားသော အစိုးရ တပ်သား သုံ့ပန်း (၃၄) ဦးကိုလည်း ၈၈ ကျောင်းသားများ လာရောက်စဉ်တွေ့ဆုံ ခွင့် ပေးခဲ့ ခြင်း ဖြစ် သည်။

ယခု ဇူလိုင်လ ၁၀ ရက်နေ့ထိ တိုက်ပွဲ အကြိမ်ပေါင်း ၄၀ ခန့် ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့သည့် ယမန်နှစ် ဇွန်လမှ ယမန်နေ့ထိ တိုက်ပွဲ ဖြစ်ပွားမှုအကြိမ် ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KIO က ထုတ်ပြန်ထားသည်။

သတင်းရင်းမြစ်    မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>

သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၁)

‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ် သည်များ (၁)
ဒေါက်တာလွဏ်းဆွေ

အခုခေတ်စားနေတဲ့ “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကားကို မျက်စိမှိတ် နှာခေါင်း ပိတ်ပြီးတော့ပဲ ထောက်ခံထောက်ခံ၊ မယုံဘူးဟေ့လို့ ဖင်ပိတ်ပြီးတော့ပဲ ငြင်းငြင်း လက်ရှိ မြန်မာနိုင်ငံကို အစိုးရနှစ်ရပ် အုပ်ချုပ်နေတာကတော့ အသေအချာပါပဲ။ ဘယ်လို အစိုးရနှစ်ရပ် အုပ်ချုပ်နေတာလဲဆိုတော့ …

(၁) ဦးသိန်းစိန် ဦးဆောင်တဲ့ ရှေ့ထွက် ကြံ့ဖွံ့အရပ်သားအစိုးရ (ရုပ်သေးအစိုးရ) နဲ့
(၂) ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ညွှန်ကြားမှုအောက်မှာရှိပြီး ကြံ့ဖွံ့အစိုးရကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ ကာလုံ (ရှဲဒိုးစစ်အစိုးရ) တို့ … အုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။

ခပ်တိုတိုပြောရင်တော့ ရုပ်သေးအရပ်သားအစိုးရနဲ့ ရှဲဒိုးစစ်အစိုးရတို့ အုပ်ချုပ်နေတယ်ပေါ့ခင်ဗျာ။

ဘယ်လိုအချက်တွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်မလဲဆိုတော့ …

(၁) အကျဉ်းသား လွှတ်ပုံလွှတ်နည်း

အစိုးရသစ် မည်သည်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်းဆိုရင် တိုင်းသူပြည်သားအားလုံး ၀မ်းမြောက်ပျော် ရွှင်ကြစေသတည်းဆိုပြီး ယခင်အစိုးရဟောင်းလက်ထက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ (နိုင်ငံရေးအကျဉ်း သားတွေ အပါအ၀င်) အကျဉ်းသားအားလုံးကို သမ္မတသစ်ရဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွှတ်ပေးကြစမြဲ (ထောင်ခါစမြဲ) ပါ။ ဦးသိန်းစိန်အနေနဲ့ အဲသလို လွှတ်မပေးရဲဘဲ အလီလီ စိစစ်ပြီး ခွဲလွှတ်နေရပုံကို ထောက်ရင် နောက်ကွယ်က ကြိုးကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဦးဆောင်တဲ့ ရှဲဒိုးစစ်အစိုးရ (ကာလုံ) ရဲ့ အစီအမံအတိုင်း လွှတ်နေရတယ် ဆိုတာ သေချာ ပါတယ်။ နောက် ကွယ်က ဦးသန်းရွှေတို့အနေနဲ့ သူတို့စစ်အုပ်စုအပေါ် ပိတ်ဆို့ထား တာတွေ ဖြေလျှော့ပေးအောင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအရ ပြန်ပေးဆွဲထားသလိုမျိုး နိုင်ငံတကာကို သွေးတိုးစမ်း အလဲအလှယ် လုပ်တဲ့ နိုင်ငံရေးကစားတဲ့နည်းနဲ့ လွှတ်ပေးခိုင်းနေတာပေါ့။ ဒီလို တဘက်သား (ပြည်သူ လူထု၊ ဒီမိုကရေစီအင်အားစုများနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း) မခံချိမခံသာဖြစ်အောင် အလီလီ ဈေးဆစ်ပုံ မျိုးနဲ့ လုပ်တတ်တဲ့အကျင့်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆီမှာရှိတဲ့ အရိုးစွဲနေပုံရတဲ့ ဆိုက်ကိုတခုပါ။ အဲဒီလို ဦးသန်းရွှေ အလိုအတိုင်း အကျဉ်းသားတွေကို လွှတ်ပေးနေရတဲ့အတွက် ဦသိန်းစိန်ဟာ အစိုးရသစ်တရပ်ရဲ့ သမ္မသစ်ဆိုတာကို ယုံရခက်စေပါတယ်။

(၂) ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ပုံပြန်ခေါ်နည်း

ဦးသိန်းစိန်အနေနဲ့ ပုံစံအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အထွေထွေလွတ်ငြိမ်းချမ်း သာခွင့် အမိန့်ဒီဂရီ တိတိကျကျ ထုတ်ပြန်ပြီး ပြန်မခေါ်ရဲဘဲ ပါးစပ်ကနေပဲ ပြန်လာပါ ပြန်လာပါနဲ့ ခွဲခြားစိစစ်ပြီး ပြန်ခေါ်နေပုံကို ထောက်ချင့်ရင်လည်း ဦးသိန်းစိန်ကို နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းနေ တဲ့ ရှဲဒိုစစ်အစိုးရဟာ ပြည်ပရောက် နိုင်ငံသားတွေအားလုံးအပေါ် တန်းတူရည်တူ ခွင့်မလွှတ်နိုင်၊ သဘော ထား မကြီးနိုင်သေးဘူးဆိုတာ သေချာနေတယ်။ နောက်တခုဖြစ်နိုင်တာက နောက်ကွယ်က စစ်အုပ်စုအနေ နဲ့ တိုင်းသူပြည်သားတွေအပေါ် စစ်ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ထားခဲ့သူတွေဆိုတော့ လူစုံတက်စုံ ပြန်ပေး ၀င်ပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ရင် သူတို့ ပြစ်ဒဏ်ပြန်အကျခံရမှာကို အစိုးရိမ်လွန် အကြောက်ကြီးနေတာ (ကိုယ့်လိပ်ပြာကိုယ်လန့်နေတာ) လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့လည်း ငြိမ်းချမ်းရေး အောင်သွယ်
တော် ဦးအောင်မင်း ဆီက “သမ္မတကြီးက ပြန်လာဖို့ ခေါ်ခိုင်းလို့ ကျနော်ကိုယ်တိုင် လာခေါ်တာပါ” လို့ အလုပ်မရှိ အလုပ်ရှာစကားမျိုး ထွက်လာတာပေါ့။ မဲဆောက် မယ်တော်ဆေးခန်းမှာ ဦးအောင်မင်း အဲသလို ပြုံးဖြီးဖြီးကြီး ပြောသွားတာကို ကြားလိုက်ရတာ တော်တော့်ကို ရယ်ချင်စရာ …။ အားလုံးပြန်လာစေချင်ရင် သဘောထားကြီးကြီးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်လိုက် ပြီးနေတာပဲဥစ္စာ …။ ရှင်းနေတာကို ရှုပ်အောင်လုပ်နေပုံများ … ပြည်ပရောက် နိုင်ငံသားတွေအားလုံးအပေါ် တန်းတူစေတနာ မထားနိုင်သေးတာ၊ ခွင့်မလွှတ်နိုင် (အငြှိုးကြီးနေ) သေးတာ အတော့်ကို ပေါ်လွင်နေပါတယ် (အပေါ်မှာပြောခဲ့သလို အကြောက်လွန်ရောဂါ စွဲကပ်နေတာလည်း ဖြစ်နိုင်ပါတယ်)။

(၃) အတိုက်အခံ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်ပိုင်းတွေကို နှိပ်ကွပ်ပုံနှိပ်ကွပ်နည်း

အရပ်သားအစိုးရဖြစ်ပြီဆိုတော့ နိုင်ငံတကာကို အပြကောင်းအောင် နိုင်ငံရေးအရ လွတ်လပ်ခွင့်အချို့ မပေးချင်ပေးချင် ပေးထားရပေမယ့် အရှင်ဂမ္ဘီရနဲ့ ရွှေည၀ါဆရာတော်တို့ကို အရေးယူပုံ၊ မန္တလေးမှာ လျှပ်စစ်မီးဆန္ဒပြသူတွေကို ခေါ်ယူစစ်မေးပုံနဲ့ အခုနောက်ဆုံး ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ဆဲဗင်းဂျူလိုင်မတိုင်မီ နေရာအနှံ့ ဖမ်းဆီးထိန်းသိမ်းပုံတွေကို ကြည့်ရင် အရင်စစ်အစိုးရတွေရဲ့ လုပ်ပုံလုပ်နည်းတွေအတိုင်း နောက်ကွယ်က လက်မဲကြီး (ကာလုံ) ရဲ့စနက်တွေ ပါနေတယ်၊ အတိုင်း အတာ တခုရောက်ရင် စစ်ဘီလူးအစွယ်တွေ ထွက်ထွက်လာနေတယ် ဆိုတာကို ရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လူမှုရေးသမားတွေ သူတို့ခွင့်ပြုထားတဲ့ အတိုင်းအတာထဲမှာ ပါးစပ်ပိတ်ပြီး တေမိလိုမနေဘဲ ထောင်ထောင် ထောင်ထောင်လုပ်ရင်၊ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အာဏာပိုင်အဆင့်ဆင့်ကို အာခံရင် နာမယ်လို့ အချက်ပြလိုက်ခြင်းပါပဲ။

(၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ပုံလုပ်နည်း

UWSA၊ RCSS/SSA နဲ့ KNU … … တို့လို (ကြံ့ဖွတ်အစိုးရစစ်တပ်က စစ်ရေးအရ အတိုင်းအတာတခုအထိ သူတို့ကို အန်တုနိုင်တယ်လို့ အသိအမှတ်ပြုထားပုံရတ?|Nʯ_GŸwင်အဖွဲ့အစည်းကြီးတွေသာမက ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသေးအဖွဲအားလုံးနဲ့ နိုင်ငံရေးအဖွဲ့အစည်း ဘုစုခရုတွေကိုပါ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွေ အူယားဖားယား လိုက်လုပ်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ယူ မှတ်တမ်းတင်နေပေမယ့် KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ကိုကျတော့ သမ္မတက ရပ်ပါတော့ ဆိုတာတောင် ဆက်တိုက်နေတာကို ကြည့်ရင် နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စု (ကာလုံ) ရဲ့လက်တံ ငေါငေါကြီး ထွက်နေတာကို မှန်းဆနိုင်ပါတယ်။ သမ္မတတယောက်လုံး အမိန့်ပေးတာတောင် အမိန့်မနာခံတဲ့ စစ်တပ်အတွက် ဦးသိန်းစိန်လည်း တော်တော် အရှက်ရနေမယ် ဆိုတာ အဝေးကနေ စာနာမိပါရဲ့။ သူလည်း မစွမ်းသာလို့နေမှာ … လို့ပဲ နှလုံးသွင်းလိုက်ရတယ်။

(၅) ဒီပဲယင်းအရေးအခင်းလို ရခိုင်ပြည်နယ် တောင်ကုတ်မှာ လူ ၁၀ ဦးကို လက်သည်မပေါ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခိုင်းမှု

ရခိုင်မှာဖြစ်တဲ့ ပထမအဆင့် မောင်တောဖြစ်စဉ်မှာ မသီတာထွေးကို မုဒိမ်းကျင့်မှုကတော့ ကြံ့ဖွံ့အစိုးရ ဖမ်းဆီးပြသူ ၃ ဦးက သွေးရိုးသားရိုး သူတို့ဆန္ဒနဲ့သူတို့ ပြစ်မှုကျူးလွန်တာ ဖြစ်နိုင်သလို (လျှပ်စစ် မီးဆန္ဒပြမှု၊ အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုတွေ၊ ကချင်အရေးတွေအပေါ် ပြည်သူတွေ အာရုံပြောင်းအောင်) ကုလား-ဗမာ အဓိကရုဏ်းမျိုး ဖန်တီးလိုတဲ့ ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာရှိတဲ့ ရှဲဒိုးစစ်အစိုးရ ထဲက အကြံပက်စက်သူတချို့ရဲ့ မဆင်မခြင် ငွေပေးခိုင်းစေမှု မဟုတ်ဘူးလို့လည်း ဘယ်သူမှ ယတိပြတ် ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးစနစ်က ရှဲဒိုးစစ် အစိုးရ ရဲ့ သေနတ်ပြောင်းအောက်မှာပဲ ရှိနေတုန်းဆိုတော့ ဘယ်သူမှ အမှန်တရားကို သိနိုင်ဖို့ မလွယ်ကူ လှလို့ပါ။ ဒီကြားထဲ ဖမ်းထားတဲ့ ၃ ဦးထဲက တယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတော့ ပိုပြီးတော့ သံသယဖြစ်စရာ …။ ထားလိုက်ပါတော့။ ပထမဖြစ်စဉ်ကတော့ ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာရှိတဲ့ ရှဲဒိုးစစ်အစိုးရအဖွဲ့ဝင်တချို့ရဲ့ လက်ချက် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ၅၀-၅၀ ပဲ ဆိုပါတော့ …။

ဒါပေမယ့် ဒုတိယဖြစ်စဉ် တောင်ကုတ်မှာ လူ ၁၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကတော့ ဒီပဲယင်း အရေးအခင်းနဲ့ ပုံစံတူပါပဲ။ ဒီကနေ့အထိ လူအများရှေ့မှာ အချိန်ကြာမြင့်စွာ ရက်ရက် စက်စက် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမမိသေးဘူးဆိုတာ ရယ်၊ တောင်ကုတ်မြို့ခံတွေ ကိုယ်တိုင် က ပြစ်မှုကျူးလွန်တဲ့အထဲမှာ တောင်ကုတ်က လူတွေ မတွေ့မိဘူးဆိုတာရယ်၊ ဟန်ပြစုံစမ်း စစ်ဆေးရေးကော်မတီထံ သက်သေအဖြစ် လာရောက်ထွက်ဆိုရဲသူ မရှိဘူးဆိုတာရယ်၊ ကြံ့ဖွံ့ပါတီက လူသတ်မှုကို လူသေမှုလို့ ပြောင်းပေးပါလို့ တောင်းဆိုတာရယ်ကို ထောက်ချင့်ရင် နောက်ကွယ်က ရှဲဒိုးစစ်အစိုးရရဲ့ အကျပ်ကိုင် ခြိမ်းခြောက် ခိုင်းစေထားမှုတွေကြောင့်ဆိုတာ ရာနှုန်းပြည့်နီးပါး သေချာနေပါ တယ်။

ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလီလူမျိုးတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားလာတဲ့အခါမှာလည်း တွေးလို့ရတာက ကြံ့ဖွတ်စစ်အစိုးရက မိမိနိုင်ငံသား ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာ အကွယ်ပေး သယောင်ယောင်နဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ ရခိုင်ပါတီတွေကိုသာ မဲပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေကို ခပ်ပါးပါးလေး သင်ခန်းစာပေးတာလည်း ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တကယ်တမ်း အကာအကွယ်ပေးချင်တယ်ဆိုရင် ရှစ်လေးလုံးတို့၊ ရွှေဝါရောင်တို့လို အရေးတော်ပုံကြီးတွေကိုတောင် လက်သံပြောင်ပြောင် နှိမ်နင်းခဲ့တဲ့ လုံခြုံရေးအင်အားမျိုး အပြည့်ရှိတဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ မနှိမ်နင်းနိုင်စရာ အကြောင်းမရှိပါဘူး။ ရိုးသားတဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေအမြင်မှာ ဇာတ်နာအောင် ဘင်္ဂလီတွေ မီးရှို့တာတွေကို စိမ်ပြေနပြေ လက်ပိုက်ကြည့်နေပြီးမှ ကယ်တင်ရှင်အထာနဲ့ မင်းသားဝင်လုပ်တဲ့ အပေါက်မျိုးကို ချိုးတာဖြစ်နိုင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ရခိုင်မှာ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးတာနဲ့ ပတ်သက်ပြီး သင်ခန်းစာ လည်း ပေးလိုက်ရ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်မှာ ကယ်တင်ရှင်လို့လည်း အထင်ခံလိုက်ရ၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ရ ဆိုသလိုပေါ့။ သူတို့ ၀င်ထိန်းမှ ဆူပူအကြမ်းဖက်မှု ရပ်သွားသယောင်နဲ့ အမှန်က သူတို့ပဲ ဆူပူအကြမ်းဖက်နိုင်အောင် တမင် ဟပေးခဲ့တာဖြစ်ဖို့များပါတယ်။

တကယ်တော့ ဆူပူအကြမ်းဖက်တယ်ဆိုတဲ့ တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလီတွေ နဲ့ နိုင်ငံသားဖြစ်ပြီးသား ဘင်္ဂလီလူမျိုးတွေ အမြောက်အမြား ရှိနေတယ်ဆိုတာကလည်း စစ်အစိုးရအ ဆက်ဆက် အကျင့်ပျက်ခြစားမှုတွေ ဗွက်ပေါက်ခဲ့လို့ အခုလို ပိုပိုတိုးပွားနေတာမဟုတ်လား။ ဒါပေမယ့် ဒီလိုဝင်ရောက်ခွင့်ပေးထားတာကလည်း လူ့အခွင့်အရေးချိုးဖောက်ဖို့ ၀န်မလေးတတ်တဲ့ စစ်အုပ်စု အဆက်ဆက်အနေနဲ့ သူတို့ကိုင်တွယ်ချင်ရင် အချိန်မရွေး ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်လို့ ခွင့်ပြုထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ အဲဒီလို ပြောရတာလဲဆိုတော့ ဇာတိမြို့မှာ ကုလား-ဗမာ အဓိကရုဏ်းဖြစ်ခဲ့တုန်းက စစ်အုပ်စုရဲ့ ဘာကိုမှ ဂရုမစိုက် အရှည်မတွေးဘဲ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေကို အမှတ်ရပြီး ပြောတာပါ (ချစ်ခင်ရင်းစွဲရှိကြပြီးသား အပြစ်မဲ့ ပြည်သူတွေအကြား ဘာသာရေးအရ အမုန်းပွားမှုတွေ ပိုကြီးထွားမှာစိုးလို့ အကျယ်တ၀င့် မရေးပြတော့ တာကို နားလည်ခွင့်လွှတ်ပေးပါ)။ အခုတော့ နောက်ကွယ်က ရှဲဒိုးစစ်အစိုးရအဖွဲ့ဝင် တချို့တချို့ရဲ့ စိတ်ထဲမှာ ရခိုင်ပြည်သူတွေ သူတို့ရဲ့ရုပ်သေးကြံ့ဖွံ့အစိုးရကို ကယ်တင်ရှင်အနေနဲ့ အကြီး အကျယ် ကျေးဇူးတင်နေပြီထင်ပြီး ၂၀၁၅ မှာတော့ ငါတို့ရဲ့ ရုပ်သေးကြံ့ဖွံ့ပါတီ မဲရချည်သေးရဲ့လို့များ စိတ်ကူးယဉ် ဒူးနှန့်နေလေမလား … …။

(၆) သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ပုံထိန်းချုပ်နည်း

သတင်းမီဒီယာတွေကိုလည်း ပြီးခဲ့တဲ့ ဇွန်လကုန်မှာ စာပေစိစစ်ရေးပဲ အပြီးအပိုင် ဖြုတ်ပေးတော့မလို အငွေ့ရှူခိုင်းထားပြီး ဇွန်လကုန်လောက်မှာ ရခိုင်သတင်းဖော်ပြပုံ အကြောင်းပြချက်နဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ လူယုံ လျှပ်တစ်ပြက် အယ်ဒီတာချုပ် ကိုမြတ်ခိုင်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ဂျာနယ်ပိတ်၊ အရေးယူ၊ တရားစွဲ၊ ထောင်ချဖို့ လုပ်ပြ (အစွယ်ထုတ်ပြ) လိုက်တာကို ကြည့်ရင်လည်း နောက်ကွယ်က ကာလုံရဲ့လက်မဲကြီး ထွက်လာတာကို ရှင်းရှင်းကြီး မြင်နိုင်ပါတယ် (ကြည့်ရတာ ကိုမြတ်ခိုင်ကိုကျတော့ မီဒီယာကိစ္စဖြစ်ပေမယ့် ပြန်ကြားရေးဝန်ကြီး ဗ#w4OYg{Kရဲ့ လူယုံမို့ ဗိုလ်ကျော်ဆန်းကို မကိုင် တွယ်ခိုင်း ဘဲ ဦးသန်းရွှေက သူ့လူယုံ ဦးမြင့်ဆွေကို ဘာမဆိုင် ညာမဆိုင် ၀င်ကိုင်တွယ်ခိုင်းလိုက် ပုံပေါ် တယ်။ နောက်တချက်က ရခိုင်အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင်လည်း ကာလုံစစ်အုပ်စုက မီးမွှေးစေ ခိုင်းတယ်ဆိုတာ မီဒီယာတွေပေါ်မှာ အထောက်အထားတွေ ပိုပိုပြီး ခိုင်လုံလာလို3O鎯YŘwစစ်အုပ်စု ရှက်ရမ်းရမ်းပြီး ရခိုင်အရေး သူတို့လက်ချက်မဟုတ်ကြောင်း ပြန်ကြားဝန်ကြီးလူယုံ ကိုမြတ်ခိုင်ကိုတောင် မညှာဘူးနော် ဆိုတဲ့သဘော အပြစ်ရှာ အရေးယူပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်)။

(၇) ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ သမ္မတမိန့်ခွန်းတွေ ဆင်ဆာအဖြတ်ခံရခြင်း

ဒီကိစ္စကလည်း လူသိရှင်းကြား ဖေ့စ်ဘွတ်ခ်မှာ ပျံ့ပွားပြီးသားမို့ အထူးတလည်း ပြောပြနေစရာမလိုပါဘူး။ ဒီလို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်တို့လို ထိပ်သီးနှစ်ဦးရဲ့ မိန့် ခွန်းတွေ နိုင်ငံ ပိုင် သတင်းစာမှာ ဆင် ဆာဖြတ်ခံထိတယ်ဆိုတော့ အဲသလို ဆင်ဆာဖြတ်ရဲ တာ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း ဖြစ်နိုင်ပါ့မလား။ အားလုံးက တုန်နေအောင် ကြောက်ရတဲ့ ဦးသန်းရွှေ ခိုင်းစေလို့သာ ဗိုလ်ကျော်ဆန်း ဆင်ဆာဖြတ်ရဲပြီး ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့လည်း ဘာမှ အတွန့်မတက်ရဲတာ ဆိုတာ ကလေးတွေတောင် တွေးသိနိုင်ပါတယ်။

(၈) မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ချီတက်ဆန္ဒပြပွဲကို လုံထိန်တပ်သားအင်အား မြောက်မြားစွာနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း

အလုပ်သမား၊ လယ်သမားဆန္ဒပြပွဲတွေ နေရာအနှံ့ဖြစ်ပွားနေတာကို လွှတ်ပေးထားပြီး မိုးထိမိုးမိရွှေ လုပ်သားတွေ နေပြည်တော်အထိ ချီတက်ဆန္ဒပြတဲ့အခါမှာတော့ ရခိုင်မှာ ချထားတဲ့ လုံထိန်းအင်အားထက် အဆပေါင်းများစွာနဲ့ နှိမ်နင်းဖို့ ပြင်ဆင်ပြလိုက်တာကို ကြည့်ရင် ရခိုင်အရေးကို မိုးထိမိုးမိ ရွှေလုပ်သား အရေးလောက် အရေးမကြီးဘူးလို့ ရှဲဒိုးစစ်အစိုးရ (ကာလုံ) က တွက်ချက်တယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်၊ ရခိုင်အရေးက သူတို့ရှဲဒိုးစစ်အစိုးရ စိတ်ကူးယဉ်သလို တပြည်လုံးအတိုင်းအတာနဲ့ ကုလား-ဗမာအဓိကရုဏ်းမျိုး ဖြစ်မလာခဲ့ဘဲ မိုးထိမိုးမိလုပ်သားတွေရဲ့ ဆန္ဒပြမှုက စောစောစီးစီး မထိန်းသိမ်းရင် သူတို့ရဲ့ကုလားထိုင်တွေကိုပါ လာလှုပ်တော့မှာကိုး။ တပြည်လုံး က လယ်သမား၊ အလုပ်သမားတွေ မိုးထိမိုးမိရွှေလုပ်သားတွေလို နေပြည်တော်ကို ချီတက်လာမှာကို သူတို့ ဖင်မတုန်ဘဲ ဘယ်နေပါ့မလဲ။ ဒါကြောင့် မိုးထိမိုးမိကိစ္စကို ရခိုင်ထက် အင်အားပြပြီး အပြတ်ရှင်းတာပေါ့ (ကာလုံတဲ့နော် … အာဏာထိ သေနတ်ကြည့် ဆိုတဲ့သဘော အစွယ်ထုတ်ပြလိုက်တာပေါ့)။

(၉) အတိုက်အခံတွေကို လှုပ်ရှားခွင့်ပြုပုံပြုနည်း

ကာလုံစစ်အုပ်စုက နိုင်ငံရေး၊ လူမှုရေး အားသန်တဲ့ အတိုက်အခံတွေကို ဒုက္ခသည်အကူအညီပေးရေး၊ လူမှုအကူအညီပေးရေးနဲ့ အခြားသော နိုင်ငံရေးမဆန်တဲ့ သာမန်အခမ်းအနားတွေမှာလောက်သာ အချိန်ကုန် ပျော်မွေ့စေချင်ပုံပေါ်တယ် (ပြည်သူတွေ လမ်းပေါ်ထွက်အောင် လုပ်ရင် နောက်ပြန်လှည့်လိုက် မှာနော်လို့လည်း ခြိမ်းခြောက်တတ်သေး၊ အဲလို ခြိမ်းခြောက်တာကို ကြောက်သူကလည်း ကြောက်သေး)။ အဲဒါကြောင့်လည်း အကူအညီတွေ ပေးနေရတာကို အားသန်တဲ့၊ နိုင်ငံရေးကို သိပ်ပေါ်ပေါ် တင်တင်ကြီး ရှေ့တန်းတင် မလုပ်ဆောင်ရဲသေးတဲ့ အတိုက်အခံတွေအတွက် ကူညီရမယ့် အခွင့် အလမ်းတွေ နဲ့ လက်မလည်အောင် ဈေးတွေကို မကြာမကြာ မီးရှို့ခိုင်း၊ အိမ်ရာတွေကို ကျူးကျော် အကြောင်းပြပြီး မကြာမကြာ နှင်ထုတ်ခိုင်း၊ ဒုက္ခသည်တွေ ပိုပိုများအောင် ရခိုင်လို အရေးအခင်းတွေ ဖန်တီးပေး၊ ကချင်မှာလို ပြည်တွင်းစစ်ကို မငြိမ်းအောင် အဆက်မပြတ် မီးမွှေးပေးနေတာများလားလို့ ထင်မိမြင်မိရင် မဟုတ်ဘူးလို့ ဘယ်သူ ယတိပြတ်ငြင်းနိုင်မလဲ။ ဒါမျိုးတွေက သူတို့စစ်အုပ်စု အုပ်ချုပ်ခဲ့ ချိန်တလျှောက်လုံး အကြင်နာကင်းကင်း ရက်ရက်စက်စက် လုပ်နေကျ လုပ်ရပ်တွေကိုး။

(၁၀) ဒုတိယသမ္မတသစ် ရွေးချယ်ပုံရွေးချယ်နည်း

ဝါးတီးများလို့ အနားပေးလိုက်တယ်ဆိုပြီး သတင်းထွက်နေတဲ့ ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးနေရာကို အစားထိုးဖို့လည်း အစပိုင်းမှာ ဦးရွှေမန်းလိုလို ဦးတင်အေးလိုလို ဦးဌေးဦးလိုလို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း လိုလို … လိုလိုတွေ သတင်းမျိုးစုံထွက်ပေါ်ခဲ့ပေမယ့် အခုနောက်ဆုံးမှာတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဆိုပြီး ဘွားကနဲ ထွက်ပေါ်လာတာကိုကြည့်ရင် ဦးသန်းရွှေရဲ့ လူယုံဖြစ်လို့ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲသလို မထင်မှတ်တဲ့အကွက်ကို ရွှေ့ပြပုံကိုက ဦးသန်းရွှေ ရဲ့ လက်ရာအစစ်အမှန်ဖြစ်ပြီး ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာ သူ အခုအထိ ရှိနေတုန်းဆိုတာ ဗေဒင်မေးစရာ မလိုအောင် သက်သေပြလိုက်တာပါ။

စာလည်း တော်တော် ရှည်သွားပါပြီ။ အခုလိုတွေ လျှောက်ရေးနေလို့ ကျနော်မျိုး ဒေါက်တာလွဏ်းဆွေကို အဆိုးမြင်ဝါဒီလို့များ စာဖတ်သူတွေ ထင်မှတ်ကြလေမလားပဲ။ တကယ်တော့ ကျနော်လည်း တိုင်းပြည် အပေါ် စေတနာထားပုံရပြီး ပင်ကိုယ်စိတ်သဘောထား ကောင်းပုံရတဲ့ ဥပဓိမျိုးရှိတဲ့ သမ္မတဦးသိန်းစိန် အပေါ် ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြချက်မပေးဘဲ အထပ်ထပ်အခါခါ ပြောနေ ဆိုနေသလို “သမ္မတကြီးကို ယုံတယ် … သမ္မတကြီးကို ယုံတယ်” လို့ ရဲရဲကြီး ကျူးရင့်လိုက်ချင်သူပါ (ကျနော် က ဒေါ်အောင်ဆန်းစုကြည်ထက်တောင် ပိုတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ကျူးရင့်မှုထဲမှာ “ဦးရွှေမန်းကိုလည်း ယုံတယ်၊ ဦးရွှေမန်းကိုလည်း ယုံတယ်” လို့ နောက်ဆက်တွဲ ပါနေလို့ပါ)။ သို့ပေသော်ငြားလည်း အထက်က အချက်အလက်တွေက ဘယ်လိုကနေဘယ်လို ကျနော့်ခေါင်း ထဲကို ၀င်လာမှန်းမသိတဲ့အခါကျတော့ ကျနော်လည်း “ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော် လည်း ယုံရခက်ခက်” ဆိုသလို ဖြစ်နေတော့တယ် …။ ။

(ဆက်ပါဦးမယ်)

သတင်းရင်းမြစ်    ဒေါက်တာလွဏ်းဆွေဘလော့   
>>>ဆက်ဖတ်ရန်>>> >>