အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Monday, July 23, 2012
8888 ပြည်သူ့နေ့စဉ်က မြန်မာပြည်သူများအတွက် အရေးတကြီး ဆော်သြပြီ
၈၈၈၈ ပြည်သူ့နေ့စဉ်က ကွမ်းကြိုက်သော မြန်မာပြည်သူများကို အထူး သတိပြုရန် ကျေညာချက်တို တစ်ခုကို ယနေ့တွင် ထုတ်ပြန်သည်။ အဆိုပါ ကျေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
ကွမ်းကြိုက်သော ရွှေမြန်မာ များအထူးသတိပြုရန်
ရခိုင် ဘင်္ဂလားရိုဟင်ဂျာ မှုဆလင်ပြသာနာ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်၊ ကြားသိ
လိုက်ရသော အထိတ်လန့်ဖွယ် သတင်း၊ မြန်မာပြည်  ကွမ်းယာဆိုင် အများစုမှာ မှုဆလင် ဘာသာကိုးကွယ်သော ကုလား လူမျိုးအများစုဖြစ်သည် ၊ယခုအခါ ကွမ်းကြိုက်သော မြန်မာ
များအတွက်  ထုံးထဲတွင်၊ မှုးယစ် ထုံထိုင်းစေသော အရာ၊ မျိုးဆက်သန္ဓေကို မြုံစေသော
အရာ၊ ကင်ဆာရောဂါကို ဖြစ်စေနိင်သော ဓါတုဆေးဝါး များ ရောမွှေ ရောင်းချ နေကြောင်း
မွတ်ဆလင် အသိုင်းအ၀ိုင်းကြားမှ ထွက်ပေါ်လာသဖြင့် ကျွန်ပ်တို့ မြန်မာ စစ်စစ်များ အထူး သတိထားကြပါရန်  နှင့် လက်ဆင့် ကမ်းသတင်းပေး ကြပါရင်အထူးတိုက်တွန်းလိုက်ပါသည်။
( အယ်ဒီတာ မှတ်ချက်။ ။ လူမျိုးမရွှေး ဘာသာမရွှေး ဆိုးကျိုးကို ဖြစ်ပေါ်စေနိုင်သဖြင့် အများ
သူငှာ သိရှိစေရန် ထပ်ဆင့် ဖေါ်ပြပေးလိုက်ပါသည်။)
သတင်းရင်းမြစ်   နိရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>
သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လာသည့်ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများ
ဖောက်လုပ်နေသည့် တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း သည် ဒေသခံများ၏ 
လယ်ယာ မြေများနစ်နာသလို သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်  စီးနေသည့်အတွက် သဘာဝ
ပတ် ၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ က စိုးရိမ်နေကြပါသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လာသည့်ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများ
>>>ဆက်ဖတ်ရန်>>> >>
ဂရိတ်ဝေါလ်သကြားစက်ရုံရေဆိုးကိစ္စကြောင့် ဒေသခံပြည်သူတွေဆန္ဒထုတ်ဖော်မည့်သတင်းကြောင့် ရဲများလုံခြုံရေးတင်းကျပ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာရှိသည့် ဂရိတ်ဝေါလ်သကြား စက်ရုံကို ဒေသခံ
ပြည်သူတွေက ဆန္ဒထုတ်ဖော်မည်ဆိုသောကြောင့်  တကောင်းဒေသရှိအာဏာပိုင်
များ   ကလုံခြုံရေးတင်းကြပ်စွာချထား ကြောင်း သတင်းရရှိသည်။
ဂရိတ်ဝေါလ်သကြားစက်ရုံမှရေဆိုးများ
>>>ဆက်ဖတ်ရန်>>> >>
Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်
Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင်
 ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီ
များကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ
 ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲ
တွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူ
တို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာ
မသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင် ရမယ့် သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ
CEO ဖြစ်သူ ဦးသောင်းတင်က  ပြောကြားခဲ့ပါသည်။
 သတင်းရင်းမြစ်    Eleven Media Group         
>>>ဆက်ဖတ်ရန်>>> >>
အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တရားစွဲမည်
အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း RFA သတင်းဌာနက 22.7.2012 ရက်နေ့ တင်ပြတဲ့ သတင်းတစ်ပုဒ်မှာ အောက်ပါအတိုင်း တွေ့ရှိရပါတယ်...
 သတင်းရင်းမြစ်း  RFA     
အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တရားစွဲမည်
>>>ဆက်ဖတ်ရန်>>> >>
တည်ဆောက်ပြီးတစ်နှစ်ခန့် အထိ မဖွင့်ရသေးတဲ့ စာကြည့်တိုက်
မဖွင့်ရသေးတဲ့ စာကြည့်တိုက်
 အမှတ် ၄၈ ရပ်ကွက် ဒဂုံမြို့ သစ် မြောက်ပိုင်းမှာရှိတဲ့ စာကြည့်တိုက်ကို ရပ်ကွက်နေ
 ပြည်သူများ အလှူရှင်များ၏ စေတနာဖြင့် ၂၀၁၁ ခုနစ် နှောင်းပိုင်းမှာ တစ်လအတွင်း
 အပြီး တည်ဆောက်ခဲ့ပါတယ်။
စာကြည့်တိုက် အတွင်းမှာလည်း ခေတ်မီကွန်ပျူတာ ၄ စုံ ၊ စာအုပ်စာတမ်းမျိုးစုံ ၂၀၀ ခန့်
နှင့် မီးအားမြှင့်စက် watt - 5000  တစ်လုံးလည်း အဆင်သင့် တပ်ဆင်ပြီးဖြစ်ပါတယ်။
စာကြည့်တိုက်ကို တာဝန်ရှိသူများအမြန်ဆုံး ဖွင့်ပေးပါရန် ရပ်ကွက်နေပြည်သုများမှ တင်ပြ
ထားပါတယ်။
သတင်းရင်းမြစ်    သစ်ထူးလွင်     
>>>ဆက်ဖတ်ရန်>>> >>
ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေ စေလွှတ်ပေးဖို့
အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို
မနေ့က တိုက်တွန်းလိုက်ကြောင်း သိရှိရပါတယ်။
 သတင်းရင်းမြစ်း  RFA     
>>>ဆက်ဖတ်ရန်>>> >>
နယ်မြေအေးချမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူပြီး မှောင်ခိုကားများ တစ်ခေတ်ထနေ
နယ်မြေအေးချမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူပြီး မှောင်ခိုကားများ တစ်ခေတ်ထနေ ကြောင်း 
သစ်ထူးလွင် ဆိုဒ်မှာ တင်ပြထားတာပါ
သတင်းရင်းမြစ်    သစ်ထူးလွင်      
မှောင်ခိုကား များကြောင့် ပျက်စီးနေသည့် လွယ်ဂျယ်မြို့ တွင် လမ်းများ
မှောင်ခိုကား များကြောင့် ပျက်စီးနေသည့် လွယ်ဂျယ်မြို့ တွင် လမ်းများ
>>>ဆက်ဖတ်ရန်>>> >>
အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ
ကျောက်ဆည်မြို့  စုကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီအား မြို့နယ် အုပ်ချုပ်
ရေးမှူးမှ ရုံးမိန့်တစ်ထိုင်နှင့် ခံဝန်လက်မှတ်ရေးထိုးပြီးအရေးယူခံခဲ့ရပါတယ်။
 ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ အမျိုးသားဒီမိုကရေစီလူငယ်များကျင်းပခဲ့သော ဇူလိုင်(၁၉)
အာဇာနည်နေ့အခမ်းအနားကို စုကြီးရပ် ရွှေလှံထောင်ကျောင်းတွင်ကျင်းပခဲ့ခြင်းအပေါ်
သတင်းပေးပို့ခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။
ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အာဇာနည်နေ့ကြီးများ၏ အောက်မေ့ဖွယ်
အခမ်းအနားများကို အောက်ခြေ   (မှဟုဆိုသော်လည်း အထက်မှ အမိန့်ပေးမှုမရှိပဲ)
လိုက်လံ  နှောင့်ယှက်  ဟန့်တားခြင်းမှာ တစ်နိုင်ငံလုံးနှင့် အာဇာနည်ကြီးများ  ကိုပါ
 စော်ကားနေခြင်းပင်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
သတင်းရင်းမြစ်    သစ်ထူးလွင်     
>>>ဆက်ဖတ်ရန်>>> >>