အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, July 16, 2012

ဇူလိုင်လအတွင်း လွိုင်ကော်တွင် တရားဝင်ဖွင့်လှစ်မည့် KNPP ဆက်ဆံရေးရုံး

 
မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့်အပစ်ခတ်ရပ်စဲရေးသဘောတူညီထားသည့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ဆက်ဆံရေးရုံးများအားဇူလိုင်လအတွင်း တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်သည်။
 

 “အားလုံးအတွက်နေရာတွေကတော့ ကျွန်တော်တို့ စီစဉ်ထားပြီးသွားပါပြီ၊နေ့ရက်က ဘယ်နေ့ဖွင့်ဖြစ် မလဲဆိုတာတော့ မဆုံးဖြတ် ရသေးဘူး။ ဒီလအတွင်းမှာပဲဆက်ဆံရေးရုံး(၃)ခုကို တရားဝင်ဖွင့် မှာတော့ သေချာပါတယ်”ဟု KNPP( Karenni National Progressive Party) အတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။ လွိုင်ကော်မြို့တွင် ဆက်ဆံရေးရုံးချုပ်အဖြစ်ဖွင့်လှစ်ပြီးရှားတောနှင့်ဖားဆောင်းမြို့များတွင် ရုံးခွဲအဖြစ် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

ရုံးချုပ်တွင် KNPP ဗဟိုကော်မတီဝင်ခူဒယ်နီယာနှင့်ကရင်နီပြည်တပ်မတော်စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် တို့နှစ်ဦးအားကြီးကြပ်သူများအဖြစ်ထားရှိမည်ဖြစ်ကြောင်းနှင့် ရှားတောရုံးတွင် ဗဟိုကော်မတီဝင် ခူးညေးရယ်နှင့် ဖားဆောင်းရုံးခွဲတွင် ပြည်ထဲရေးဌာနမှပဒိုဦးကွယ်တို့အား ထားရှိမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 “တခြားရုံးဝန်ထမ်းတွေအနေနဲ့တော့ ကျွန်တော်တို့တပ်မှူးအပါအ၀င်၊တပ်သားတွေ7zg==O?YgKgပါ၊   နောက်ပြီး ဒေသခံ   တွေကိုလည်းဝင်လုပ်ခွင့်ပြုဖို့ ရှိပါတယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။
ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီးပါက KNPP လုပ်ဆောင်ရမည့်လုပ်ငန်းများ၊အစိုးရနှင့် ပူးပေါင်းလုပ်ဆောင် သွားမည့် လုပ်ငန်းများ၊   ဒေသခံလူထုမှလာရောက်ပေးအပ်မည့် လုပ်ငန်းများကို ဆက်ဆံရေးရုံးများမှ တဆင့်  အဓိကလုပ်ဆောင်သွားမည်ဟု၍လည်း သိရသည်။
 
KNPP သည် ပြီးခဲ့သည့်မတ်လ(၇)ရက်နေ့ကကယားပြည်နယ်လွိုင်ကော်မြို့ပြည်နယ် ဧည့်ရိပ်သာ ကန္တာရ ၀တီ ခန်းမတွင် အစိုးရရထား ပို့ဆောင်ရေး ၀န်ကြီးဦးအောင်မင်းဦးဆောင် သည့်ငြိမ်းချမ်းရေးဖော်ဆောင်
ရေး ကိုယ်စားလှယ် အဖွဲ့တို့သည်   ပြည်နယ်အဆင့် ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သလို ဇွန် လ (၉)ရက်နေ့တွင် ထပ်မံ၍ပြည်ထောင်စုအဆင့် ထပ်မံ တွေ့ဆုံခဲ့ကြသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

သတင်းရင်းမြစ်   Shwe Myitmakha Media Group

 
>>>ဆက်ဖတ်ရန်>>> >>

ပေါက်တော သဲခုံရွာအနီး အမည်မသိ အဖွဲ့တစ်ခုနှင့် မြန်မာ့ရေတပ် ပစ်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံရွာအနီးတွင်  မြန်မာ့ရေတပ်နှင့် အမည်မသိ  အဖွဲ့တစ်ခုတို့ အကြား  ဇူလိုင်လ ၁၅ရက်နေ့ နံနက် မိုးလင်း အာရုံတွင် ပစ်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။


“ ဇူလိုင်လ ၁၅ရက်နေ့ မနက် ၅နာရီခွဲမှာ စက်လှေ ၃စီး ပေါက်တောမြို့နယ် အနောက်ဘက် စစ်ကဲရွာ ဘက် ကို ၀င် လာတယ်ဆိုပြီး သတင်းရတယ်လို့ သိရပါတယ်။ အဲ ဒီစက်လှေတွေ ကို ရေတပ်က လိုက်ပြီး 
တော့ စုံစမ်းတဲ့ အခါ အဲဒီကနေ  ပြန်ထွက်လာတယ်လို့ ယူဆရတဲ့ စက်လှေတစီးနဲ့ သဲခုံရွာအနီး မှာ တွေ့ တယ်လို့ သိရတယ်။ အဲဒီစက်လှေမှာ ပါလာ တဲ့ သူတွေက မြန်မာ့ ရေတပ်ကို စပစ်တယ်လို့ကြားတယ်။ သူတို့က ပစ်တဲ့အတွက် မြန်မာ့ရေ တပ်က ပြန်ပစ်တော့ ရင်ဘက်မှာ တယောက်ဒဏ်ရာရတယ်”  ဟု ပေါက်တော ဒေသခံ တစ်ဦးက သူကြားသလောက်ကို ပြောပြသည်။

၎င်းနေုာက်ပိုင်းတွင် စက်လှေပေါ် ပါလာသော အုပ်စုသည် ထွက်ပြေး၍ မလွှတ်မြောက်မှန်း သိသဖြင့် ပါလာသော သေနတ်များကို ချောင်းထဲလွှင့်ပစ်ခဲ့သည်ဟု သိရှိရကြောင်းသူက ဆိုသည်။“ အခု ကျွန်တော် တို့ ကြားတာက ချောင်းထဲကို လွှင့်ချပစ်တဲ့ သေနတ်တွေကို  ရေတပ်က ရရှိဖို့အတွက် ကြိုးစား ရှာဖွေနေ တယ်လို့ ကြားရပါတယ်။ လောလောဆယ်တော့ ဖမ်းဆီးလာတာက ၈ယောက်ပါ။ တယောက် က ဆေးရုံ တင်ထားတယ်။ နောက် ၇ယောက်ကို စစ်တွေ ထောင်ကို ပို့ထားတယ်” ဟု စစ်တွေမြို့မှ ကိုခိုင်ကောင်းစံ က နိရဉ္စရာသို့ ပြောသည်။

Yangon Press International (YPI) က ဖေါ်ပြသော သတင်းတွင် ပစ်ခတ်မှုကြောင့် ဒဏ်ရာရ သူမှာ အဒူဆလင်(၂၅နှစ်) ဖြစ်ကြောင်း၊ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ထားကြောင်း၊ စက်လှေပေါ်တွင် အမျိုးသား ရှစ်ဦးပါရှိပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းနေကြောင်း၊ သူတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှ ၀င်လာသူများဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြသည်။ဖမ်းဆီးခံထားရသူများမှာ စစ်ဆေး မေး 
မြန်းရာ ဘင်္ဂလာ ဘက်ကနေ အဖွဲ့အစည်းတခု က စေလွှတ်ကြောင်း၊ သူတို့ အထဲတွင် ရခိုင်စကားကို မတောက် တခေါက် ပြောတတ်သူများ ပါဝင်သည်ဟု  ဆိုသည်။ “အာဏာပိုင်တွေက စစ်ဆေးချက်အရ ဘင်္ဂလာ ဘက်က အဖွဲ့အစည်းတခု က စေလွှတ်တယ် လို့ ပြောကြောင်း ကျွန်တော်တို့ သိရတယ်။ သူတို့ လက်ထဲက ဘင်္ဂလာ မိုဘိုင်းလ်ဖုန်း ၂လုံးနဲ့ တာကာတချို့ သိမ်းဆည်းရမိတယ် လို့သိရတယ်” ဟု ကိုကောင်းစံ က ဆက် ပြောပြသည်။

ထို့အပြင် ဖမ်းဆီးခံထားရသူများ ထွက်ဆိုချက်အရ စက်လှေတချို့ကျန်ရှိနေကြောင်း၊ ထိုစက်လှေ များကို ညနေ ၉နာရီခန့်တွင် စစ်တွေ လေးချိုင်းတောင်ဘက်၌ ရေတပ်အင်အား တိုးချဲ့ပြီး လိုက်လံ ရှာဖွေ နေ ရာ သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်နေကြောင်း စစ်တွေတွင် လူအများ ပြောဆိုနေကြသည်ဟု ဆိုသည်။သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရခိုင်ပင်ပြင်နှင့် စစ်တွေ အနီးတ၀ိုက် တွင် ရေတပ်အင်အား များကို တိုးမြှင့်ချထားသည်ဟု သတင်းရရှိသည်။ယခုကဲ့သို့ သတင်းများ စစ်တွေမြို့တွင် ကျယ်ကျယ်
 ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း အစိုးရပိုင်းမှ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယခု အချိန်ထိ တစ်စုံ တစ်ရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးပါ။

သတင်းရင်းမြစ်   နိရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

မွတ်ဆလင် လူငယ် တဦးကို သင်္ကန်းဝတ်ပြီး စစ်တွေတွင် ဖမ်းဆီးမိ

ထွန်းထွန်းနှင့် မောင်ရမ္မာ။။။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်း ၀တ်ပြီး ယမန်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။ယခုအခါ အဆိုပါ လူငယ်အား သင်္ကန်းချွတ်ပြီး ရဲလက်သို့ အပ်နှံလိုက် သည်ဟု စစ်တွေ  ဒေသခံ တစ်ဦးက ပြောသည်။


“ လူတွေ ပြောနေကြသလို သင်္ကန်းဝတ်ပြီး ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖို့ လာတာ မဟုတ်ပါဘူး။ နာဇီရွာ က  ဘုန်းတော်ကြီး တစ်ပါးက သင်္ကန်းဝတ်ပြီး သနားတဲ့ အတွက် အသက်ကို ကယ်တင်ထားလိုက် တာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားပြီး ဘုန်းကြီးကို လျှောက် ထား မေးမြန်းခဲ့ ပါတယ်။ အခုတော့ လူဝတ်လဲပြီး ရဲကို အပ်လိုက်ပါပြီ” ဟု ဆိုသည်။ မွတ်ဆလင် လူငယ် အား သင်္ကန်းစည်းပြီး ရဟန်း အဖြစ် သွတ်သွင်းထားသူ ဆရာတော်မှာ နာဇီရွာ အကွက်(၁) တွင် တည် ရှိသော စန္ဒာလောက ကျောင်းမှ ဆရာတော် စန္ဒာလောက ဖြစ်သည်ဟု သိရသည်။

အဖမ်းခံရသူ မွတ်ဆလင်မှာ ပူကီလာဆိုသူ ဖြစ်ပြီး လက်ရှိ စစ်တွေမြို့ နာဇီအကွက် (၁)တွင် နေထိုင် သူ ဖြစ်သည်။ သူ့ကို နာဇီအကွက် (၁) စန္နာလောက ကျောင်းတွင် ယမန်နေ့ နေ့လည် ၁၀ နာရီခွဲအချိန် တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ပူကီလာကို ဖမ်းဆီးရမိပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက် တောင်ချေရွာ ဘုန်းတော်ကြီးကျောင်းတွင် ဌာနဆိုင် ရာများနှင့် ယမန်နေ့က စစ်ဆေးခဲ့သည်ဟု သိရသည်။

စန္ဒာလောက ဆရာတော်မှ သဘောရိုးရိုးဖြင့် သင်္ကန်းစည်းပေခဲ့သော်လည်း သူတို့တွင် အကြံအစည်များ ပါဝင်သည်ဟု ပူလာကီကို စစ်ဆေးခဲ့ရာတွင် ကိုယ်တိုင်ပါဝင်သူ ရဟန်းပျို သံဃာတော်များအဖွဲ့ (စစ်တွေ) အဖွဲ့၏ ဒု အတွင်းရေးမှူး ဖြစ်သူ အရှင်8wO_gာသို့ ပြောသည်။“ မေးတဲ့ အခါ ဦးဇင်းတို့ တဖွဲ့ တည်း မဟုတ်ဘဲ ဌာနဆိုင်ရာက လူကြီးတွေ အားလုံးရှိပါတယ်။ ရဲကလည်းရှိ တယ်၊ SP ကလည်းရှိတယ်။ စစ်တပ်ကလည်းရှိတယ်၊ နယ်ထိန်းအဖွဲ့ကလည်း ရှိတယ်။ သာသနာရေး အဖွဲ့က လည်းရှိတယ်။ သူတို့က အားလုံး ၀ိုင်းပြီး မေးကြပါတယ်။သူက ပြောတာကတော့ သူတို့ကို အထက်က အ မိန့် ပေးတဲ့သူက ခိုင်းတာဖြစ်တယ်။ သူတို့အဖွဲ့မှာ ၇ ယောက်၊ သူတို့က ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖို့ ပုံစံ နဲ့ လုပ် တယ်လို့ ပြောပါတယ်။ သူရဲ့  ပြောပြချက် ပါ။ တိကျတဲ့ သတင်းကတော့ မရသေးပါဘူး” ဟု ဆိုသည်။

အဖွဲ့ပေါင်းစုံမှ စစ်ဆေးအပြီးတွင် အဆိုပါ ဖမ်းဆီးရမိသူ ပူကီလာကို ဥပဒေအရ ဆောင်ရွက်သွားနိုင် ရန်အတွက် ရဲစခန်းကို လွဲအပ်ပေးလိုက်သည်ဟု ဦးဇင်းက ဆက်လက်မိန့်ကြားသည်။ စစ်တွေမြို့ တွင် အဆိုပါ မွတ်ဆလင် လူငယ် သင်္ကန်းစည်းပြီး ရဟန်းဝတ်မူနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်းများ ပျံ့နှံ့ နေပြီး ပြောဆိုဝေဖန်မူများလည်း အမျိုးမျိုး ထွက်ပေါ်နေကြောင်း သိရသည်။ ထိုကဲ့သို့  သတင်းအမျိုးမျိုး ပျံ့နှံ့ နေသဖြင့် အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သူတို့တွင် ပြောပိုင်ခွင့် မရှိဟု ဆိုကာ ဖုံးချသွားခဲ့သည်။

 
ယခုကဲ့သို့ မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်းစည်းပေးခြင်းမှာ ၀ိနည်းတော်နှင့် ညီမညီကို ဆရာတော် စန္ဒာလောကအား မြို့နယ် သံဃာ့ကောင်စီမှ စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။
 
သတင်းရင်းမြစ်   နိရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

အာဇာနည်နေ့ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ



စံခလပူရီ (မဇ္ဈိမ) ။        ။ နှစ်ပေါင်း ၂၀ ကျော် ကျင်းပခွင့် ပိတ်ပင်ထားသည့် အာဇာနည်နေ့ အခမ်းအနား ကို လက်ရှိ အစိုးရသစ် လက်ထက်တွင် ပြန်လည် ကျင်းပခွင့် ပြုလိုက်သော်လည်း မြို့နယ်အချို့တွင် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ ၆၅ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားများကို ပဲခူးတိုင်း ပဲခူးမြို့နှင့် ပြည်မြို့တွင်လည်းကောင်း၊ မွန်ပြည်နယ်ရေးမြို့နှင့် သံဖြူဇရပ်မြို့တွင်လည်းကောင်း သက်ဆိုင် ရာ ဒေသအာဏာပိုင်များက ကျင်းပခွင့် မပြုကြောင်း သိရသည်။

ပဲခူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရှေ့၌လည်းကောင်း၊ ပြည်မြို့တွင် ဗိုလ်ချုပ် မြင်းစီး ကျောက်ရုပ် ရှေ့၌ လည်းကောင်း၊ ရေးမြို့တွင် အာဇာနည်ကျောက်တိုင် ရှေ့၌လည်းကောင်း အသီးသီး စီတန်းလမ်းလျှောက် ပန်းခွေချခွင့် ပြုရန် သက်ဆိုင်ရာသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် လူ့အခွင့်အရေး ကာကွယ် 
မြှင့်တင် သူများ ကွန်ယက်က ကျင်းပခွင့် ရရန် အသီးသီး တောင်းဆိုထားခဲ့ကြသည်။

အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ထားသော နေရာ မဟုတ်ခြင်း၊ အများပြည်သူ ဆိုင် ရာ နေရာဖြစ်ခြင်းနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်း တည်ရှိခြင်းကြောင့် ကျင်းပခွင့် မပြုနိုင်ကြောင်းကို ပဲခူး၌ ဇူလိုင်လ ၁ဝ ရက်နေ့ ကလည်းကောင်း၊ ပြည်၌ ဇူလိုင်လ ၁၁ ရက်နေ့ကလည်းကောင်း၊ ရေး၌ ဇူလိုင်လ ၁၄ ရက်နေ့ကလည်းကောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များက အသီးသီး အကြောင်းပြန် ခဲ့ကြခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်ကြေးရုပ်က လွမ်းသူ့ပန်းခွေ ချရမယ့်နေရာ အလေးပြုရမယ့်နေရာ မဟုတ်ဘူး။ အထိမ်းအမှတ် အနေနဲ့ လုပ်ထားတာတဲ့။ အဲဒါကြောင့် မြို့လယ်ခေါင်မှာ ခွင့်မပြုနိုင်ဘူးတဲ့။ ကျနော်တို့က ဘယ်နေရာကို ခွင့်ပြုပေးမလဲ၊ အာဏာပိုင်တွေ ခွင့်ပြုတဲ့နေရာမှာ ကျနော်တို့ လုပ်မယ်ဆိုတော့လည်း သူတို့ သတ်မှတ်ပေး လိ3w=Oϯ]g gု ပဲခူး NLD ပါတီဝင် ကိုဂျမားက ပြောသည်။ ၎င်းနေရာတွင် ခွင့်ပြုချက် မရသဖြင့် ပဲခူး နာရီစင် ပန်းခြံ၊ မိုးလုံလေလုံ အားကစားရုံနှင့် ရွှေမော်ဓော ဘုရားအနီး သီရိဟံသာခန်းမများတွင် ကျင်းပခွင့် ရရန် အစဉ်အတိုင်း ခွင့်တောင်းသော်လည်း မရရှိကြောင်း ကိုဂျမားက ပြောသည်။

မော်လမြိုင်မြို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်ကလည်း “အာဇာနည်နေ့ ကျင်းပတဲ့နေရာဟာ အစိုးရပိုင်မြေဖြစ်တယ်။ နောက်တခု အာဇာနည်နေ့ အခမ်းအနားက ရန်ကုန်မှာ ကျင်းပတဲ့အတွက် နယ်မှာ ကျင်းပဖို့ မလိုဘူး အဲဒီလို အကြောင်းပြတယ်” ဟု ရေးမြို့၌ ကျင်းပခွင့် မရကြောင်းကို ရှင်းပြသည်။ ယခုကဲ့သို့ ခွင့်မပြုခြင်း မှာ မွန်ပြည်နယ် အစိုးရ၏ သဘောထား မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များ၏ သဘောထားသာ ဖြစ်ကြောင်း သူက သုံးသပ်သည်။

“မော်လမြိုင်မှာ ကျင်းပခွင့် ပေးတယ်။ ဒေသတခုတည်းမှာပဲ ပုံစံ နှစ်မျိုး ဖြစ်နေတော့ အုပ်ချုပ်ရေး အဖွဲ့ အစည်းတွေ ရဲ့ သဘောထားလ}7WN_ု့ ယူဆတယ်” ဟု ဦးကိုကိုဇော်က ပြောသည်။ ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ကို မြို့နယ်အသီးသီးတွင် စစ်အစိုးရ က ပိတ်ပင်လိုက်ပြီးနောက်ပိုင်း NLD အနေနှင့် ဆွမ်းကပ်ခြင်းနှင့် အထိမ်းအမှတ် ဟောပြောပွဲများကို ဘုန်းတော်ကြီးကျောင်း၊ အိမ်နှင့် ရုံးများတွင်သာ ပြုလုပ်ခဲ့ကြရသည်။

“နှစ်ပေါင်း ၂၀ ကျော် အလေးမပြုခဲ့ရတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ကျနော်တို့ အလေးပြုချင်ကြ တယ်။ ပြည်သူ လူထု ရဲ့ ရင်မှာ အာဇာနည်နေ့ဆိုတာ သိအောင် ကျနော်တို့ လုပ်ချင်တယ်။ ဆူပူအကြမ်းဖက်တာမှ မဟုတ် တာ”  ဟု ပဲခူး NLD မှ ကိုဂျမားက ပြောသည်။ အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချခြင်း အခမ်း အနား ကျင်းပ ခွင့် မရသည့် သက်ဆိုင်ရာ မြို့နယ်ရှိ NLD အနေနှင့် ယခင်နှစ်များတွင် ကျင်းပသကဲ့သို့ ဆက်လက် ကျင်းပသွားမည်ဟု ဆိုသည်။

နေပြည်တော်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ရန် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က နိုင်ငံရေးပါတီတခုကို ကိုယ်စားလှယ် ငါးဦးစီ ဖိတ်ကြားထားပြီး ယမန်နှစ်က ဖိတ်ကြားခြင်း မရှိသည့်နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။ ၎င်းပြင် အာဇာနည်နေ့တွင် နံနက် ၈ နာရီမှ ၅ နာရီထိ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ် ပြတိုက်ကို အများပြည်သူများ လေ့လာ ကြည့် ရှုနိုင် ရန် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်းရင်းမြစ်း  မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>

ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း


Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စ အပေါ် ထောက်ခံ သည့်အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆိုခြင်းသည် အံ့သြဖွယ်မဟုတ် သလို၊ အငြင်းပွားဖွယ် ကိစ္စတခုလည်း မဟုတ်ပါ။

မိမိတို့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ရိုဟင်ဂျာပြည်သူများ လူ့အခွင့်အရေး ခံစားရရှိခွင့် ရှိရမည် ဆိုသည့်အချက်နှင့် နိုင်ငံတကာ ဥပဒေများအရ ပုံမှန် အခွင့်အရေးနှင့် ကာကွယ်ပေးမှုများ ခံစားရရှိပိုင်ခွင့် ရှိရမည်ဆိုသည်ကို မည်သူတဦးက သဘောကွဲ လွဲ အငြင်းပွားပါအံ့နည်း။

သို့သော်လည်း အချို့သောသူများက ဤသို့သဘောထား ထုတ်ဖော်ပြောဆိုချက်အပေါ် ဒေါသ အမျက်   ချောင်းချောင်း ထွက်ကြသည်။ Burma Campaign UK အဖွဲ့၏ ဝန်ထမ်းများကို မုဒိမ်းကျင့်သင့်သည်၊ သတ်ပစ် သင့်သည်ဟုပင် ထုတ်ဖော်ပြော ဆိုသည်များကြုံကြရသည်။ မိမိတို့ခံယူသည်မှာ မိမိတို့ "အပြစ် မသင့်" ၊ "သင်ခန်းစာ ပေးရမည့်သူများ" လည်းမဟုတ်ပါ။ "ကြိုးစင်တင် အပြစ်ပေးရမည့်သူများ" လည်း မဟုတ်ပါ။ ဤသို့သော အမြင်များနှင့် များစွာသော ရိုင်းပြအောက်တန်းကျသည့် တိုက်ခိုက်မှုစာများ မိမိတို့ ထံ အီးမေးလ် ပေးပို့ခဲ့ကြသလို၊ YouTube/ Facebook စသည့် လူမှုကွန်ရက်စာမျက်နှာ များတွင် လည်း တင်ပို့ ဖော်ပြသည်ကို တွေ့ခဲ့ကြရပါသည်။

ရိုဟင်ဂျာများ လူ့အခွင့်အရေး ရရှိသင့်သည်၊ သူတို့၏ လူ့အခွင့်အရေးကို ခုခံကာကွယ်ပေးနိုင်ရန် ရိုဟင်ဂျာ များနှင့် အလုပ်ပူးတွဲ ဆောင်ရွက်သင့်သည်၊ စသည်ဖြင့် ဖော်ပြပြောဆိုခဲ့ကြသည့် Burma Campaign UK  နှင့် အခြားသော အဖွဲ့အစည်းများအပေါ် ဆန့်ကျင်ခဲ့ကြသော တိုက်ခိုက်စော်ကားမှုများ၊ မုန်းတီးမှု များ၊ ဒေါသ အမျက်များ မည်မျှပြင်းထန် စွာ ကြုံတွေ့ခဲ့ ရသည်ကတော့ အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။

ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြမှုများပင် ရှိခဲ့သည်။ ဗြိတိသျှသံရုံးရှေ့တွင် ပြည်ပရှိ သတင်းမီဒီယာအဖွဲ့အစည်း များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ယခင် စစ်အစိုးရက ဝါဒဖြန့်ချိထားသည့်အတိုင်း အလားတူ Burma Campaign UK အဖွဲ့ကို တိုက်ခိုက် စွပ်စွဲခဲ့ကြသည်။ ရိုဟင်ဂျာ ပြည်သူများအတွက် ဝါဒဖြန့်ပေးသည် ဟူ သည့်  စွပ်စွဲချက်ဖြင့် ဆန့်ကျင်ကြခြင်းဖြစ်သည်။ ၎င်းကဲ့သို့ ဆန္ဒပြသူများအနက်မှ မိမိတို့က "ဝါဒဖြန့်ချိ
 ပေးနေ သည်" (ဝါဒဖြန့် သည်ကို မည်သည့်သဘောဖြင့်ပြောဆိုသုံးနှုန်းခြင်း မသိပါ) ဟု စွပ်စွဲခဲ့ကြ သူများ အပေါ် သံသယဖြစ်မိပါသည်။ လက်ရှိ စိတ်ခံစားမှု အထွဋ်အထိပ်ရောက်နေချိန်၊ မစဉ်းစား မချင့် ချိန်နိုင် ဖြစ်နေ ချိန်၌၊ ကြားရသမျှ ရိုဟင်ဂျာ ဆန့်ကျင်ရေး ပြောဆိုချက်များကို အားလုံး ယုံကြည် မြိုချနေ ကြပုံ ရပါသည်။

မည်သို့ဖြစ်စေ ဤသို့ဆန္ဒပြခွင့် ပြုသည်ဆိုသည်မှာ ကောင်းသည့်လက္ခဏာတခုဟု ယူဆ၍ရပါသည်။ သို့သော်လည်း သူတို့ရရှိလာသည့် အသစ်သော လွတ်လပ်ခွင့်၊ ဆန္ဒပြခွင့်ကို အသုံးပြုကြသူများ အနေဖြင့်   ထောင်များထဲတွင် ကျန်ရှိနေသေးသည့် ရာနှင့်ချီသောနိုင်ငံရေး အကျဉ်းသားများ လွတ်လပ်ခွင့်အတွက် အသုံးပြုကြပါ၏လော။ သို့မဟုတ် ကချင်ပြည်နယ်တွင် မုဒိမ်းပြု ကျင့်ခံနေရစည့် အမျိုးသမီးများ  အတွက် ဆန္ဒပြကြပါ၏လောဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။

လူတို့၏ စိတ်ခံစားမှုက မဆင်ချင်နိုင်ဘဲ အမြင့်ဆုံးရောက်နေရာ၊ Burma Campaign UK အဖွဲ့က တနည်း တဖုံ အားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့် ပေးနေသည်ဟုစွပ်စွဲပြော ဆို နေကြသူများ ရှိသလို၊ လွန်လွန်ကျူးကျူး ယုံကြည်နေကြသူ အများလည်း ရှိနေပါသည်။ သူတို့က ယခုဖြစ်ပွားနေသည့် အကြမ်းဖက်များ အတွက် မိမိတို့ တာဝန်ရှိသည်ဟု စွပ်စွဲနေကြပါသည်။

Burma Campaign UK အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စ ထောက် ခံပြောဆိုနေသည့် အပေါ် ကာလကြာရှည်ကပင် ထူးထူးဆန်းဆန်း ဝေဖန်ပြောဆို ခံနေခဲ့ရပါသည်။ ၎င်းကိစ္စမှာ အမှန်တကယ် နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ပါသည်။

ဘလော့များ၊ အီးမေးလ်များ၊ ဖေ့စ်ဘုတ် (Facebook) ကဲ့သို့သော အင်တာနက် ဝက်ဘ်ဆိုက်ဒ်များတွင် လိမ်ညာပြောဆိုမှုများ၊ ကောလာဟလများ ပျံ့နှံ့နေပါသည်။ ရိုဟင်ဂျာများအတွက် အကျိုးဆောင်ပေး မှုကြောင့် ငွေရနေသည်ဟု ဆိုနေကြသည်။ Burma Campaign UK အဖွဲ့က ရိုဟင်ဂျာကိစ္စ ဆောင်ရွက်နေ မှုကြောင့် မည်သည့်ထောက်ပံ့မှုမျှ ရရှိခဲ့ခြင်းမရှိပါ။

ကိစ္စအများစုတွင် Burma Campaign UK အဖွဲ့၏ ဝင်ငွေများကို မြန်မာနိုင်ငံ လူ့အခွင?8}Oϯ[[w ကရေစီ 
ရေး လှုပ်ရှားဆောင်ရွက်မှုအပေါ် သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့သည် အကျိုးအမြတ် မယူ သည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။အလားတူ အခြားလိမ်ညာဖော်ပြမှုတခုမှာ အရှေ့အလယ်ပိုင်းနိုင်ငံ များက မိမိတို့ကို ရန်ပုံငွေထောက်ပံ့နေသည်ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ တခါတရံ ဖော်ပြနေမှုများတွင် အရှေ့အလယ်ပိုင်း နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းပိုက်၍ မူစလင်နိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေမှု အကြံအစည်တွင် မိမိတို့က တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုနေကြပါ သည်။ ၎င်းကိစ္စ အတွက် အထောက်အထားများ ရှိနေသည်ဟုပင် စွပ်စွဲပြောဆိုနေကြသည်။ ရိုဟင်ဂျာ အရေး လှုပ်ရှားနေ သူများက အစ္စလမ်မစ် အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်လာကြသည့်အခါ၊ မိမိဓာတ်ပုံဟုဆိုပြီး၊ တက်ရောက်လာသည့် အာရကန် ရိုဟင်ဂျာ သမဂ္ဂ (Arakan Rohingya Union) ကိုယ်စားလှယ်များကို ၎င်းတို့၏ ဘလော့တွင် တင်ပြထားခဲ့ရာ၊ ဤပုံကို ဖော်ပြ၍ မိမိတို့က အရှေ့အလယ်ပိုင်းနိုင်ငံ များမှ ငွေယူ ထား သည့်သက်သေဟု စွပ်စွဲပြောဆိုနေကြပါသည်။
ပြဿနာမှာ ၎င်းဓာတ်ပုံထဲတွင် မိမိ မပါဝင်ပါ။ ၎င်းအစည်းအဝေး ဖြစ်ပေါ်ခဲ့ကြောင်းပင် မိမိမသိရှိပါ။ ၎င်းဓာတ်ပုံတွင် ပါဝင် ဖော်ပြထားသည်မှာ မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ ဖြစ်ပါသည်။ ထိုအချိန်က မိမိတို့က စွပ်စွဲချက်များကိုကြည့်၍ ရယ်မောနေခဲ့ကြပါသည်။ ရှမ်းပြည်နယ်မှ မင်းသားတဦးနှင့် မိမိဓာတ်ပုံ ကိုမှ မခွဲခြားနိုင်လေခြင်းဟု ရယ်မောနေခဲ့ကြသည်။

မိမိတို့က အလေးအနက် မထားမိခဲ့ကြပါ။ သို့သော်လည်း ဤသို့လိမ်လည်ဖော်ပြမှုအပေါ် ယုံကြည်နေခဲ့ ကြကြောင်း သတိမမူမိခဲ့ကြပါ။ ဤသတင်းက အီး-မေးလ်များ၊ ဘလော့များ၊ Facebook များတွင် ပျံ့နှံ့နေခဲ့ ကြပြီး၊ လူအများက လည်း ယုံကြည် နေခဲ့ကြပါသည်။ မကြာသေးမီက မိမိမြန်မာနိုင်ငံသို့ သွားရောက်ခဲ့ သည့် ခရီးစဉ်တွင် ရန်ကုန်ရှိ အဆင့်မြင့် ဒီမိုကရေစီခေါင်းဆောင်များကပင် ဤအရေးဆွေးနွေး ပြောဆို ခဲ့ကြပါသည်။

လိမ်ညာပြောဆိုနေကြသည့် အချက်တခုမှာ မိမိတို့က ရိုဟင်ဂျာပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်
ပေးနေ ကြသည် ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ၎င်းကိစ္စ မိမိတို့က မည်သည့်အချိန်ကမျှ ပြောဆိုခဲ့ခြင်း မရှိပါ။ ရိုဟင်ဂျာ အဖွဲ့အစည်း အချို့က လွန်ခဲ့သည့် ဆယ်စုနှစ်များက ၎င်းကဲ့သို့ တောင်းဆိုခဲ့ကြသော်လဲ၊ ရိုဟင်ဂျာ အဖွဲ့အစည်းများထံမှ သူတို့ ကိုယ်ပိုင်ပြည်နယ် လိုချင်သည်ဟု ပြောဆိုသည်ကို မိမိတို့တခါမျှ ကြားခဲ့ ရခြင်း မရှိပါ။

အကယ်၍ ရိုဟင်ဂျာပြည်သူများကို တိုင်းရင်းသားဟု သတ်မှတ်လိုက်ပါက၊ သူတို့ကို နယ်မြေ /ပြည် နယ် ပေးရတော့မည် ဟူသည်မှာလည်း နားလည်မှုလွဲမှားနေသည့်ကိစ္စ သာ ဖြစ်ပါသည်။ ဤကိစ္စ မှာ မမှန်ကန်သလို၊ Burma Campaign UK အဖွဲ့ကလည်း ၎င်းကိစ္စကို ထောက်ခံပြောဆိုခဲ့ခြင်း အလျဉ်းမရှိပါ။
ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နောက်ထပ်မိမိတို့ တိုက်ခံခံနေရသည့် အကြောင်းအချက်တခုမှာ မိမိတို့တွင် မူစလင် ဘာသာဝင် ဝန်ထမ်းတဦး ရှိနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ မဝေနှင်းပွင့်သုန်က Burma Campaign UK အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှား လာချိန်မှစ၍ မြန်မာလူထု အချို့၏ ဖေ့စ်ဘုတ်စာမျက်နှာ များတွင် ဤသို့တိုက်ခိုက်မှုများ စတင်လာခဲ့ပါသည်။ အကြောင်းမှာ သူက မူစလင်ဘာသာဝင် တဦး ဖြစ်နေ ပါသည်။

ရိုဟင်ဂျာပြည်သူများအပေါ် ဖိနှိပ်ခံရမှုများအပေါ် ဆန္ဒပြပွဲများတွင် မဝေနှင်းပွင့်သုန် ပါဝင်ခဲ့သည့် ဓာတ်ပုံ ဖော်ပြခဲ့သည့် မကြာသေးခင်နှစ်များအထိ၊ မိမိတို့၏ စာမျက်နှာများတွင် ရိုဟင်ဂျာများနှင့် ပတ်သက် ၍ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုများကို ဖော်ပြနေသည်အထိ ယခုတိုက်ခိုက်မှု များ ဖြစ်ပေါ် ခဲ့ခြင်းမရှိသေးပါ။ ယခုအခါ မဝေနှင်းပွင့်သုန်မှာ စ်ာကား တိုက်ခိုက်မှုများအတွက် ပစ်မှတ်တခု သဖွယ် ဖြစ်နေ ပါသည်။ မူစလင် ဘာသာဝင် မဟုတ်သူ မိမိတို့ အခြားဝန်ထမ်း များကလည်း အလားတူ ဆန္ဒပြပွဲ များတွင် ပါဝင်ခဲ့ကြပါသည်။

လိမ်ညာဖော်ပြမှုများတွင် မဝေနှင်းပွင့်သုန်က တိတ်တဆိတ် ရိုဟင်ဂျာလူမျိုးတဦး ဖြစ်သည်ဟု ဆိုနေကြ သည်။ မမှန်ပါ။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization) တွင် လုပ် ကိုင် နေသည်ဟု စွပ်စွဲကြ၏သည်။ မမှန်ပါ။ မြန်မာနိုင်ငံတွင် Caliphate ကို ဖန်တီးနေသည်ဟု စွပ်စွဲ 
ဖော်ပြနေ သည်။

သူက ဤသို့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများထံမှ ငွေယူထားသည်ဟု ဆိုကြပြန်သည်။ ဤကိစ္စလည်း မမှန်ပါ။ ထို့အပြင် ရိုဟင်ဂျာ ယောက်ျားအများနှင့် ကလေးရထားသည်ဟု ဆိုကြပြန်သည်။ မှန်ကန်ခြင်း မရှိပါ။ သူ့အပေါ် ဤသို့လိမ်ညာတိုက်ခိုက် နေခြင်းမျှသာမဟုတ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြားလည်း ကြုံနေရပါသည်။

အလိမ်အညာ သတင်းများ၊ ဇာတ်လမ်းများကိုကြား၍ ယုံကြည်နေကြသူ အများစုက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆက်နွယ်ထောက်ခံသည်ဟုဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ရန်၊ စော်ကား ရန်၊ ခြိမ်းခြောက် ရန် အကြောင်း အချက် လုံလောက်သည်ဟု ထင်မြင်ယူဆနေကြပါသည်။ သူတို့ ၏ ခေါင်းဆောင် များက ဤသို့ပြု မူနေကြသည့် အတွက် လည်း၊ အံ့သြဖွယ်တော့ မဟုတ်ပါ။

ပြီးခဲ့သည့် တနှစ်ခန့်က ဒေါက်တာအေးချမ်းနှင့် သူ၏ နောက်လိုက်နောက်ပါများနှင့် စကားစမြည် ပြော ဆိုရန် မိမိ ကြိုးပမ်းခဲ့ဖူးပါသည်။ သူတို့က အာဏာရှင်များထက်၊ ရိုဟင်ဂျာများကို ပြစ်တင်ဝေဖန်ရန် ပို၍အချိန်ပေးနေကြပါသည်။ဒေါက်တာအေးချမ်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဤသို့ မပါဘဲနှင့် ဆွေးနွေးပြောဆိုရန် မဖြစ်နိုင်ခဲ့ပါ။ အီးမေးလ်ဖြင့် စာပို့ဆွေးနွေးမှုကိုလည်း အခြားသော အီးမေးလ် အုပ်စုများထံ ဖြန့်ဝေခဲ့ပါသည်။မိမိ၏ အီးမေးလ် စာတိုက်ပုံးထဲသို့လည်း စော်ကားတိုက်ခိုက် သည့် အီးမေးလ်များ ပြည့်လျှံ နေခဲ့ပါသည်။ သူ၏နောက်လိုက်နောက်ပါများက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ခြိမ်းခြောက် မှုများ မပြုပါရန် မိမိက ဒေါက်တာအေးချမ်းကိုတောင်းဆိုခဲ့သည့်အခါ၊ ဤသို့ဆောင်ရွက်သူ များကို ရှုံ့ချပါရန် တောင်းဆိုခဲ့သည့်အခါ သူက လုပ်ဆောင်ရန် ငြင်းဆို ခဲ့ပါသည်။ ခေါင်းဆောင်များက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများကို ရှုံ့ချငြင်းပယ်ရန် ပျက်ကွက်ခဲ့ပြီး၊ သူတို့ ကိုယ်တိုင်က ဤသို့ ဆောင်ရွက်နေသည့်အခါ၊ နောက်လိုက်များကလည်း ၎င်း အမူအကျင့်ကို လိုက်လံ အတုခိုးကြမည် သာ ဖြစ် ပါသည်။

မကြာသေးမီကာလက မိမိတို့ကို ရိုဟင်ဂျာ လိုလားထောက်ခံသူများအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ဤသို့ ပြောဆို သည်မှာ မည်သည့် အဓိပ္ပါယ်ဆောင်သည်ကို မိမိကိုယ်တိုင် မရှင်းလင်းသေးပါ။  သေချာသည်မှာ မိမိတို့က ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကိစ္စအတွက် လိုလားထောက်ခံသူများ ဖြစ်ပါသည်။ သို့ဆိုလျှင် အခြားသော ဒီမိုကရေစီ/ လူ့အခွင့် အရေး ယုံကြည်သူ များကလည်း ဤသို့မဖြစ်နိုင်ရ ပါမည်နည်း ဟု မေးစရာ ရှိပါသည်။

သို့သော်လည်း အကျိုးဆက်မှာ မိမိတို့က ရိုဟင်ဂျာ လိုလားထောက်ခံသူများ ဖြစ်သောကြောင့်၊ တနည်းတဖုံ အားဖြင့် မိမိတို့က ရခိုင်ဆန့်ကျင်သူများ ဖြစ်နေကြရသည်။ လူအများက ဤသို့အမြင်နှစ်ခု ယှဉ်တွဲ၍ ရှိနေကြပုံမှာ အထူး စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ Burma Campaign UK က မြန်မာနိုင်ငံရှိ လူထုအားလုံး၏ လူ့အခွင့်အရေးကိစ္စကိုထောက်ခံပါသည်။ ၎င်းလူထုများတွင် ရိုဟင်ဂျာနှင့် ရခိုင်တို့လည်း အပါအဝင် ဖြစ်ပါသည်။ ရိုဟင်ဂျာများတွင် လူ့အခွင့်အရေးရှိသည်ဟု ပြောဆိုခြင်းကြောင့်၊ မိမိတို့ကို ရခိုင်ဆန့်ကျင်ရေးဟု အမည်တပ်၍ မရနိုင်ပါ။ မိမိတို့က ရခိုင်ကိစ္စနှင့် ပတ်သက်သည့် အရေးကိစ္စများစွာကို လှုံ့ဆော်ကမ်ပိန်းများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ရခိုင် နိုင်ငံရေး အကျဉ်း သား များ ကိစ္စအပါအဝင် ဖြစ်ပါသည်။ အိန္ဒိယတွင် ထောင်ကျခံနေရသည့် ရခိုင်နှင့် ကရင်တိုင်းရင်း သား ၃၄ ဦးကိစ္စအပေါ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကမ်ပိန်းအုပ်စု အနည်းငယ်အနက် မိမိတို့ က တဖွဲ့အပါအဝင် ဖြစ်ပါသည်။

Burma Campaign UK အဖွဲ့အပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ လုံလောက်စွာ မဆောင်ရွက်ခဲ့ မှုကြောင့်လည်း ပြစ်တင်ဝေဖန် ခံရပါသည်။ ဤသည်ကိုထောက်ပြ၍ ရိုဟင်ဂျာတို့ကို လိုလားထောက်ခံ ဘက်လိုက်ရပ်တည် သည်ဟုလည်း စွပ်စွဲကြပါသည်။ သို့သော်လည်းရခိုင်တို့နှင့် ပတ်သက် သည့် ပြဿနာ များကို ဆောင်ရွက်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်း များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ တောင်းခံလာပါက မိမိတို့က မည်သည့်အချိန်မျှ ငြင်းပယ်ခဲ့သည်ဟူ၍မရှိပါ။

ရခိုင်အရေးနှင့် ပတ်သက်၍ မိမိတို့က 38Oϯ_z[ပေးဖွယ်ပင် ရှိပါသည်။ သို့သော်လည်း အင်္ဂလန်ရှိ အချို့သော ရခိုင် လူမှုအဖွဲ့ဝင်များက မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပါ။ အကြောင်းမှာ မိမိတို့က ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးကို ထောက်ခံပေးခဲ့ကြသည့်အတွက် ဖြစ်ပါသည်။ မိမိတို့က ရခို:WO]߼wဝန်း ခေါင်းဆောင်များနှင့် ဆုံတွေ့ရန် စီစဉ်ခဲ့ကြသည့်အခါ၊ တလခန့် ကြာမြင့်ပြီးမှ လူတဦး ထံမှသာ အကြောင်းပြန်ခဲ့ပါသည်။ အတိတ်ကာလ တွင်လည်း မိမိတို့က အင်္ဂလန်ရှိ ရခိုင်လူမှု အသိုက် အဝန်း အဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများအပေါ်ထောက်ခံပံ့ပိုးနိုင်ရန် သင်တန်းမျိုးစုံ စီစဉ်ပေးရေး ကမ်းလှမ်းခဲ့ပါသည်။ မည်သူကမျှ လက်ခံခဲ့ခြင်း မရှိပါ။

Burmese Rohingya Organisation UK ထံမှ ယခု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းများကို Burma Campaign UK အဖွဲ့က ဖြန့်ဝေပေးခဲ့သည့် အတွက်ကြောင့်လည်း မိမိတို့ကို ပြင်းထန် စွာ ဝေဖန်
 ပြစ်တင် ခံရပါသည်။ သတင်းများကို ဖြန့်ဝေပေးခြင်းမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဓိကလုပ်ငန်း တခု ဖြစ်ပါသည်။ နှစ်စဉ်ဆိုသလို ပင် မိမိတို့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဲန်ဂျီအိုများမှ သတင်းမီဒီယာ ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများ၊ အကျဉ်းချုပ်တင် ပြချက်များ ကို ဖြန့်ဝေပေး ခဲ့ကြပါ သည်။ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့်အဖွဲ့အစည်း တခုခုက သတင်းများ ပေးပို့လာ ပါက၊ မဖော်ပြခံရဘဲ ရှိနေပါက၊ မိမိတို့က ဆက်လက်ဖြန့်ဝေပေး မည်သာ ဖြစ်ပါ သည်။ သို့သော်လည်း ဤသို့ပေးပို့လာ ခဲ့ခြင်း မရှိပါ။

မိမိနှင့် Burma Campaign UK ကို ဘက်လိုက်သည်ဟု ဝေဖန်ပြောဆိုနေသည့်သူ အချို့နှင့်လည်း စကား စမြည်ပြောဆိုခဲ့ဖူးပါသည်။ ဘက်လိုက်သည်ဟု ပြောရလောက်အောင် လုပ်ဆောင်မှုများ ဥပမာပေးပါ ဟု တောင်းခံခဲ့ဖူးသည်။ မည်သူတဦးကမျှ မည်သည့်အချက်တခုကိုမျှ ထောက်ပြခဲ့ခြင်း မရှိပါ။ သို့သော် လည်း ၎င်းကဲ့သို့ အထင်မြင်က ဆက်လက်တည်ရှိနေဆဲသာ ဖြစ်ပါသည်။

ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်ပေးခြင်းသည် ရခိုင်လူမျိုးများကို ဆန့်ကျင်သည် ဟူသည့် ယုံကြည်ချက်အမြင်ကို ပယ်ဖျက်အောင် ဆောင်ရွက်ရသည်မှာ မဖြစ်နိုင်သကဲ့သို့ ရှိနေပါသည်။ မိမိတို့ အမြင်တွင်မူ၊ ယခုကိစ္စသည် အစွန်းရောက်အင်အားစုတို့က တမင်တကာ ဖန်တီးနေကြသည့် နည်းပရိယာယ် သာဖြစ်ပြီး၊ ဆွေးနွေးငြင်းခုန်မှုများကို ပို၍ သဘောထားကွဲလွဲအောင်၊ အမုန်းတရားနှင့် သည်းညည်းမခံနိုင်မှုကို ပို၍ ဖြစ်လာအောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ပါသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုများနှင့် ဓာတ်ပုံမှတ်တမ်းများသည် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာစေရန် မီးမွှေးပေးမည့် လျှပ်စစ်မိုးကြိုး သွားနှယ် ဖြစ်နေ ပါသည်။ ယခု ဆောင်းပါး အပေါ်တွင်လည်း အလားတူ တုံ့ပြန်တိုက်ခိုက်မှုများ ကြုံကြရပါလိမ့်ဦးမည်။ သို့သော် လည်း အမှန်တရားအတိုင်း ဖြစ်စေရန် အချိန်ယူရဦးမည်ဟု မိမိတို့ မျှော်လင့်ထားပါသည်။ Burma Campaign UK အနေဖြင့် ဤသို့ဘက်လိုက်သည်ဟု အထင်ခံရစေရန် မည်သည့်အကြောင်းအချက်၊ မည်သည့်အကျိုးစီးပွားများ ရှိနေပါ သနည်း။

မိမိတို့ အဓိကဆောင်ရွက်နေကြသည့် ခေါင်းစဉ်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသာ ဖြစ်ပါသည်။ ယခုကိစ္စ အပေါ် နှစ် ၂ဝ ကျော် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများလည်း ဖြစ်ပါသည်။ မည်သည့် အတွက်ကြောင့် လူများက လိမ်လည်စွပ်စွဲမှုများကို အလွယ်တကူ ယုံကြည်နေကြပါသနည်း။ သူတို့အရေး တက်ကြွစွာ အားကျိုးမာန် တက် ထောက်ခံ ဆောင်ရွက်နေကြသူများအပေါ် မကောင်းပြောဆိုချက်များကို လူအများက မည်သည့်အတွက် အလွယ်တကူ လက်ခံနေ ကြပါသနည်း။ လိမ်ညာပြောဆိုမှုများကို အတင်း စကားမဆိုမီ၊ အခြားသူများထံ မဖြန့်ဝေမီ မည်သည့်အတွက်ကြောင့် အမှန်တရားကိုမမေးမြန်းဘဲ နေကြ ပါသနည်း။

Burma Campaign UK အဖွဲ့နှင့် သဘောထား မတူညီသူများသည်ပင်၊ သဘောထားကွဲလွဲရုံမျှနှင့် ခြိမ်းခြောက်စော်ကားမှုများ လက်ခံရရှိသင့်ပါသလော၊ ဤသို့ လက်ခံရရှိသည်မှာ မှန်ကန်ပါ၏လော ဟု ပြန် ၍ မေးခွန်း ထုတ်လို ပါသည်။ ဤသည်မှာ အာဏာရှင်စနစ်တွင် ထားရှိကြသည့် ချည်းကပ်ပုံမျိုး၊ စိတ်နေ စိတ်ထား မျိုးသာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ဆောင်ရွက်ကြသည့် နည်းမှန်လမ်းမှန် မဟုတ်ပါ။ လူအများက လိမ်ညာမှုများကို အလွယ်တကူ လက်ခံယုံကြည်နေကြသည့်အချိန်၌ သူတို့ကိုယ်တိုင် လည်း ပြန် ၍ မေးခွန်းထုတ်ကြည့်ကြရန် အထူးလိုအပ်နေပါသည်။

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ၎င်းကိစ္စအပေါ် လူတို့၏ တုံ့ပြန် ခံစားနေရ မှုများသည် မြန်မာနိုင်ငံအပေါ် အရိပ်မဲလွှမ်းမိုးနေပါသည်။ အကြမ်းဖက်မှုများနှင့် သည်း ညည်းခံ လိုစိတ် မရှိသည့်အခြေ အနေက ခိုင်မာခြေကုတ်ရလာပါသည်။ မြန်မာပြည်သူများက သူတို့၏ အနာဂတ် ကို ဤသို့မြင်လိုကြ ပါ၏လော။ မေးခွန်း ထုတ်ဖွယ် ရှိပါသည်။

ဒီမိုကရေစီရရှိရေးကိစ္စ၏ အကြောင်းအချက်များအနက် တခုမှာ မတူကွဲပြားမှု အငြင်းပွားမှုများ ကို တွေ့ဆုံ
ဆွေးနွေး၊ငြင်းခုန်ဖြေရှင်းခြင်းဖြင့်နိုင်ငံရေးအရ ဖြေရှင်းကြရန်   မဟုတ်ပါလော။ အကြမ်းဖက်မှုများ   ၊ခြိမ်း
ခြောက်မှု များဖြင့်ဖြေရှင်းကြရန် မဟုတ်ပါ။မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသည် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုသာ ဖြစ်ပါသည်။ ထို့အတူ လူ့အခွင့်အရေး၊ သည်းညည်းခံမှု ရှိစေရေးနှင့် တန်းတူညီမျှမှုအတွက် လှုပ်ရှားမှုလည်း ဖြစ်စေသင့်ပါကြောင်း။မာ့ခ် ဖာမနာ (Mark Farmaner) သည် အင်္ဂလန်နိုင်ငံ တွင် မြန်မာ့ အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။

Mark Farmaner ရေးသားသည့် Supporting Rohingya human rights draws ugly attacks ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။

သတင်းရင်းမြစ်း  မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>

ဒု-သမ္မတ နေရာအတွက် ဦးမြင့်ဆွေအား ရာထားချက်ကို ရွေးချယ်ရေး အဖွဲ့က လက်မခံ


U_Myint_Swe_02လစ်လပ် သွားသည့် ဒုတိယ သမ္မတ နေရာအတွက် ရန်ကုန် တိုင်း ၀န်ကြီးချုပ်အား အစားထိုး ခန့်အပ်မည့် ကိစ္စကို ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့က လက်မခံကြောင်း ရွေးချယ်ရေး အဖွဲ့နှင့် နီးစပ်သူ လွှတ်တော် အမတ်တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။


လက်မခံသည့် အကြောင်းပြချက်ထဲ၌ ဦးမြင့်ဆွေ၏သမက် သြစတြေးလျားနိုင်ငံသားဖြစ်နေခြင်း၊ ၂၀၁၀ ခုနှစ် လှုပ်ရှားမှုကို အမိန့်ပေးထား ခြင်းမရှိဘဲ ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့ခြင်း၊ (ဤကိစ္စ နေပြည်တော် မှ ၄င်းအား ခေါ်ယူ စစ်ဆေး ခဲ့ဖူးပါသည်)။ ထို့အပြင် သီတဂူ ဆရာတော် အရှင်ဥာဏိသရ ကျောင်းအား ရဲအင်အားဖြင့် ၀ိုင်းခြင်း၊ ဆရာတော် ကိုလည်း မလိုအပ်ဘဲ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခဲ့ခြင်း၊ အချက်များ လည်း ပါဝင်သည်ဟု ဆိုပါသည်။ 
လက်မခံသည့် ဒုတိယသမ္မတ၏ ရွေးချယ်ရေးအဖွဲ့တွင် ပြည်ထောင်စု လွှတ်တော်နာယက အပါအ၀င် အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့ (ဇူလိုင် ၁၂)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။  ရွေးချယ်ရေး အဖွဲ့ကို အမျိုးသား လွှတ်တော် နှင့် ပြည်သူ့ လွှတ်တော် လွှတ်တော် ဥက္ကဌ များ၊ ဒု ဥက္ကဌ ၂ ဦး၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ် တော်မှ  မန္တလေးတိုင်းဒေသကြီးမှ အမတ် ဦးဇော်မြင့်ဖေ၊ ပြည်သူ့ လွှတ်တော် အမတ် ဦးဌေးဦးနှင့် တပ်မတော်သား ကိုယ် စားလှယ် ကိုယ်စားပြု ၁ ဦး တို့ ပါဝင်ပါသည်။

U_Myint_Swe
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ယင်းအဖွဲ့က ဒုတိယသမ္မတ အရည်အချင်းနှင့် ညီညွတ်မှု ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် များနှင့် ကနဦး စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။ အရည်အချင်းနှင့် ညီညွတ်ပါက ယခု အပတ် ပြည်ထောင် စု လွှတ်တော်တွင် အတည်ပြုနိုင်ဖွယ် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါသည်။
ဦးမြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် တစ်ဦးဟု အကယ်၍ ဦးမြင့်ဆွေကို ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့က လက်မခံခဲ့ပါက ဗိုလ်ချုပ်မှူးကြီး၏ အခန်းကဏ္ဍလည်း မှေးမှိန်လာသည့် လက္ခဏာဟု ဝေဖန် သူများက သုံးသပ် နေပါသည်။

 သတင်းရင်းမြစ်း  ရွှေဟင်္သာ
>>>ဆက်ဖတ်ရန်>>> >>

ပိတ်ဆို့မှု ရုပ်သိမ်းရေး ကိုယ်စားလှယ်ကိစ္စ NLD ဝေဖန်



NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုရုပ်သိမ်းရေး ကိုယ်စားလှယ် ကိစ္စကို အလွတ် သဘော ဝေဖန်ခဲ့သည် (ဓာတ်ပုံ – Reuters)

ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုလိုက်သော “မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆို တွင် လက်မခံနိုင်စရာအချက်တချို့ပါရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အလွတ်သဘော ဝေ ဖန် 
ထာက်ပြ ခဲ့ သည်ဟု သိရသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် သင့်တော်သည့် လူပုဂ္ဂိုလ်တဦးကို ရွေးချယ်ပေးရန် ဖြစ်သော အထက်ပါ အဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက လွှတ်တော်တွင် ကြားဖြတ်တင် သွင်း ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်သော တနင်္သာရီတိုင်းမှ ဦးဌေးမြင့် (ယုဇန ဦးဌေးမြင့်)၊ ဦးဝင်းသန်း၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေ တို့ က ထောက်ခံဆွေးနွေးကာ ပြည်သူ့လွှတ်တော်က အရေးကြီးအဆိုအဖြစ် လက်ခံ အတည်ပြုခဲ့သည်။
ဒေါ်နန်းဝါနု၏ အဆိုကို ထောက်ခံခဲ့သူ ယုဇန ဦးဌေးမြင့်က ယင်းနေ့ လွှတ်တော် အစည်း အဝေး ခေတ္တ နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်စဉ် ဒေါ်ေzt_o Kည်က ၎င်းအဆိုနှင့် ပတ်သက်၍ မနှစ်သက်သော အချက်များကို ထောက်ပြပြောဆို သွားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ယုဇနဦးဌေးမြင့်နဲ့ စကားပြောရင်း အဓိက ပြောတာက တဘက်နိုင်ငံက စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ စေချင်ရင် တဘက်က မကြိုက်မယ့် စကားလုံး ဘာလို့သုံးရသလဲ၊ နောက်ပြီး စီးပွားရေး ပိတ်ဆို့မှုကြောင့် ပြည်တွင်း စစ်ပွဲ မရပ်နိုင်ဘူးဆိုတာ သဘာဝမကျဘူး၊ နောက်တခုကတော့ အဆိုမှာ သုံးထားတဲ့ မည်သူမဆို (Anyone) မည်သည့် နည်းလမ်းမဆို (Any Way) အသုံးပြုပြီး စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းဖို့ ညှိနှိုင်း ဆောင်ရွက်ရမယ် ဆိုတဲ့ စကားလုံးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မသင့်လျော်ဘူးလို့ ပြောတယ်” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။
ယင်းနေ့ လွှတ်တော်အစည်းအဝေး အပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ခေါ်ခဲ့ သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံခဲ့ကြကြောင်း၊ မည်သည့် အကြောင်းအရာ များ ဆွေးနွေးသည်ကိုမသိရှိရကြောင်း ဦးအုန်းကြိုင်က ဆိုသည်။
ဒေါ်နန်းဝါနု အဆိုတင်သွင်းစဉ် NLD လွှတ်တော်အမတ် တချို့က ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကြိုးစားခဲ့ သော်လည်း မိုက်ကရိုဖုန်း ပြဿနာကြောင့် ဆွေးနွေးခွင့် မရခဲ့ကြောင်း သိရသည်။
“ကျနော်နဲ့ ဦးဝင်းထိန်နဲ့က အဲဒီစီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းရေး တိုက်တွန်းကြောင်း အဆိုနဲ့ ပတ်သက် လို့ ဆွေးနွေးဖို့ မိုက် ခလုတ်ကို နှိပ်တယ်။ ဒါပေမယ့် မိုက်ကရိုဖုန်းက မီး လင်းမလာဘူး။ ပြောခွင့်မရခဲ့ဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အကျိုးတရားများသည် ယခင် စစ်အာဏာရှင် အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ အကြောင်း တရားများကို ပြုပြင်မှသာလျှင် ပိတ်ဆို့မှုများ တဖြည်းဖြည်း လျော့ ကျ၍ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီအဆိုကို မထောက်ခံရင် အမျိုးသားသစ78wO_ g ရောက်သွားမယ့် ပုံမျိုး လုပ်ထားတယ်။ ကျနော်တို့ကလွှတ်တော်ထဲကို လာတာ နိုင်ငံရေး ကစားဖို့ လာတာမဟုတ်ဘူး။ ပူးပေါင်း ဆောင်ရွက် ဖို့လာတာ။ အဲဒီတော့ အခုလိုမျိုး နိုင်ငံရေး ကစားကွင်း ဖန်တီးတာမျိုးကို စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။အမေရိကန်ပြည်ထောင်စုသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း အမေရိကန် ကုမ္ပဏီ များ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုလိုက်ပြီး စီးပွားရေး ပိတ်ဆို့မှု တချို့ကို သမ္မတ အိုဘားမား၏ အမိန့်ဖြင့် ရုပ်သိမ်းခဲ့သည်။
စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုသော်လည်း ရင်းနှီးမြှုပ်နှံမှု များ ပြု လုပ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ၎င်းက AFP သတင်းဌာနသို့ထုတ်ဖော် ပြောဆို ထားသည်။
သတင်းရင်းမြစ်း  ဧရာဝတီ  
>>>ဆက်ဖတ်ရန်>>> >>

မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့်မရ

မွန်ပြည်နယ် ရေးမြို့နယ်တွင်  အာဇာနည်၌ ချီတက်အလေးပြုခွင့်ရရှိရေး လျှောက်ထားမှုအား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ကြောင်း သိရှိရပါတယ်


ငြင်းပယ်ကာ ခွင့်မပြုကြောင်း အမိန့်ထုတ်သည့် စာ


>>>ဆက်ဖတ်ရန်>>> >>