အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, June 22, 2012

မဲခေါင်ဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွင် အမြင့်ဆုံးဖြစ်၊ ယခုနှစ်အတွက် လူကုန်ကူးမှု စောင့်ကြည့်ရမည့် အဆိုးဆုံးအဆင့်မှ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက လျော့ချလိုက်ကြောင်းသိရ




မဲခေါင်ဒေသနိုင်ငံများအနက် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွင် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အားအနည်း ဆုံးနိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့ သည်။

အမေရိကန်အစိုးရက ယခုလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ သော Trafficking in Persons Report-2012 တွင် မြန်မာနိုင်ငံကို  လူကုန်ကူးမှုအတွက် စောင့်ကြည့် ရမည့် Tier 3 အဆင့်ရှိသည့်နိုင်ငံ အဖြစ်မှ  Tier 2  အဆင့်သို့ လျော့ချပေးခဲ့သည်။

မြန်မာနိုင်ငံ အစိုးရသည် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ရမည့် အနိမ့်ဆုံးစံနှုန်းများကိုပင် မမီသေးသော်လည်း ထင်ရှားသည့် ကြိုးပမ်းမှုများရှိကြောင်း အမေရိကန်အစိုးရမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရအနေနှင့် အဓမ္မစေခိုင်းမှုနှင့် ကလေးစစ်သားကိစ္စများကို ဖြေရှင်းရန် မမျှော်မှန်း နိုင်လောက် သည့် ခြေလှမ်းများကို စတင်ခဲ့ပြီး ယင်းခြေလှမ်းများသည် လာမည့်နှစ်များတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲသွားမည်ဟု ယုံကြည်နိုင်လောက်သည့် ခြေလှမ်းများဖြစ်ကြောင်း အစီရင်ခံ စာအရ သိရသည်။

"ဒီနှစ်အစီရင်ခံစာက ကျွန်မတို့အတွက် တိုးတက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံ ဟာ အဆင့်နိမ့်ရာကနေ မြင့်လာခဲ့ပါတယ်။ ဆိုလိုတာကတော့ အဲဒီနိုင်ငံတွေရဲ့ အစိုးရတွေဟာ မှန်ကန် တဲ့ခြေလှမ်းစခဲ့ ကြလို့ပါပဲ။ အဲဒီနိုင်ငံအစိုးရတွေဟာ ဥပဒေတွေကို ခိုင်မာအောင် ပြုလုပ်ကျင့်သုံးတာ၊ သူတို့လုပ် ဆောင်ရမယ့် လမ်းပြမြေပုံကိုချမှတ်တာ၊ ပြည့်တန်ဆာပြုခံရမှုတွေကို စုံစမ်းမှုအရှိန်မြှင့်တင် တာတွေ လုပ်ဆောင်ခဲ့လို့ဖြစ်ပါတယ်" ဟု အဆိုပါအစီရင်ခံစာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မှတ်ချက်ပြုပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လူကုန်ကူးမှု အတွက် စောင့်ကြည့်ရသည့် နိုင်ငံ စာရင်းတွင်  Tier 3 အဆင့်မှ တက်လာခြင်းမရှိပဲ ယခု ၂၀၁၂ ခုနှစ်ရောက်မှ  Tier 2  အဆင့်သို့ တက်လာနိုင်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်းကို ချမှတ်ဆောင် ရွက်လျက်ရှိပြီး လူကုန်ကူးမှုကို ၂၄ နာရီ တိုင်ကြားနိုင်သည့် အရေးပေါ်ဖုန်း နံပါတ်များ ကိုလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အမီ အဓမ္မ စေခိုင်းမှု ပပျောက်ရေးလုပ်ဆောင်ရန် နိုင်ငံတကာ အလုပ် သမားအဖွဲ့ အစည်း  ILO နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းတို့ပြီးခဲ့ သည့် မေလ အတွင်းက လတ်မှတ်ရေးထိုးခဲ့သည်။

 သတင်းရင်းမြစ်    Eleven Media Group 
>>>ဆက်ဖတ်ရန်>>> >>

ဧရာဝတီ သတင်းဌာနအား ကန့်ကွက်ခြင်း



ဧရာဝတီ သတင်းဌာန၏ Website ၌ ဇွန်လ ၂၁ ရက်နေ့က "လျှပ်တစ်ပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ တရားစွဲပြီ" ဟူသော ခေါင်းစဉ်ပါသတင်းတွင် ထည့်သွင်းဖော်ပြထားသည့် ကိုဝေဖြိုး (Weekly Eleven Journal အယ်ဒီတာချုပ်) ၏ ပြောကြားချက်များသည် ဇွန်လ ၂၁ ရက်နေ့က Hotel Yangon တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မီဒီယာသမားများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သော အကြောင်းအရာကို အခြေပြု ဖော်ပြထားခြင်း ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော် ဧရာဝတီသတင်း website တွင် ဖော်ပြထားသည်များမှာ အမှန်တကယ်ပြောကြားခြင်း မရှိသည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားကို တွေ့ရှိရပါသည်။ မိမိတို့ထံတွင် အဆိုပါပြောကြားချက် အသံဖိုင်ရှိပါသည်။ ထို့အပြင် ကာယကံရှင်အား ဧရာဝတီသတင်းဌာနမှ တရားဝင် ဆက်သွယ်မေးမြန်းထားခြင်း လုံးဝမရှိပါ။ ထို့ကြောင့် ဧရာဝတီသတင်းဌာန၏ ကျင့်ဝတ်နှင့်လျော်ညီခြင်းမရှိသော သတင်းဖော်ပြမှုအတွက် ကန့်ကွက်ပါကြောင်းနှင့် အမြန်ဆုံးပြန်လည် တောင်းပန်ရန် တောင်းဆိုလိုက်ပါသည်။

ဇွန်လ ၂၁ ရက်နေ့က Hotel Yangon တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မီဒီယာသမားများ တွေ့ဆုံပွဲတွင် ကိုဝေဖြိုး ပြောကြားချက် "....... ...........လျှပ်တစ်ပြက်ဂျာနယ်အပေါ် အခုလိုမျိုး ပုဒ်မ ၅၀၅နဲ့ အရေးယူတဲ့ကိစ္စကို လုံးဝလက်မခံပါဘူး။ ကန့်ကွက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက အစရှိအနောင်နောင် ကျွန်တော်တို့အပေါ် အများကြီး ဖိစီးလာနိုင်ပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ လျှပ်တစ်ပြက်လို့ မခံယူပါဘူး။ ကျွန်တော်တို့ သတင်းမီဒီယာ လောကအားလုံးအတွက်လို့ ခံယူပါတယ်။ ဒါကို လုံးဝ ကန့်ကွက်ပါတယ်။ Eleven Media Group အနေနဲ့ ဒီလိုကိစ္စမျိုးက မဖြစ်သင့်ဘူးလို့ ကန့်ကွက်တောင်းဆိုမှုတွေ လုပ်သွားပါမယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားပြီး အကယ်၍ လိုအပ်ပါက မီဒီယာလောကအတွက် ကျွန်တော်တို့ကိုယ်တိုင် ဦးဆောင်ပြီး ဒါနဲ့ပတ်သက်လို့ ဆန္ဒဖော်ထုတ်သွားပါမယ်။"

ဧရာဝတီသတင်း Website တွင်ဖော်ပြထားချက်
irra 

 သတင်းရင်းမြစ်    Eleven Media Group 
>>>ဆက်ဖတ်ရန်>>> >>
ရခိုင်ဒုက္ခသည်များက ထပ်မံပြီး ပိုမို၍ စိုးရိမ်နေရဟုဆို
Written by သဇင်ဥ    Friday, 22 June 2012 01:34   







မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့ကတည်းက အကြမ်းဖက်သမား ဘင်္ဂလီမူဆလင် များ၏ သောင်းကျန်း ခဲ့မှုကြောင့် ယခုအချိန်ထိ ဒုက္ခရောက်နေကြသော ဒေသခံ ရခိုင်ဒုက္ခသည်များမှာ ပိုမိုစိုးရိမ်မှုများ ရှိနေသေးကြောင်း မောင်တောမှ ဒုက္ခသည် တစ်ဦးက ပြောသည်။
"လောလောဆယ် အခြေအနေက လုံးဝကို ငြိမ်နေတယ်လို့ ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ဒီမှာသောင်းကျန်းပြီး ထွက်ပြေးသွားကြတဲ့ ကုလားတွေနဲ့ ဘင်္ဂလာမှာရှိတဲ့ ကုလားတွေနဲ့ ပူးပေါင်းပြီး ဘယ်လိုစီစဉ်ပြီး ဘယ်ပုံစံပြန်လာတိုက်မလဲဆိုတာ စိုးရိမ်နေကြ ရပါတယ်။"ဟု မောင်တောမြို့မှ ကိုနိုင်နိုင်အောင်ပြောသည်။
သူက ဆက်လက်ပြီး "ခုအချိန်ထိ များသောအားဖြင့် ဈေးမသွားဖြစ်ကြသေးဘူး၊ အားလုံးအားထားရတဲ့ မြို့မဈေးကြီးလည်း မစည်ကားဘူး၊ ကရင်တန်းဆိုတဲ့ ကုလားဈေးလည်း မရှိသလိုဖြစ်နေတယ်၊ မီးစက်လမ်းဆုံဈေးလည်း ဘာမှမထူးခြားဘူး၊ ခုဈေးရောင်းနေကြတာက ကုလားတွေ သာ တွေ့ရပါ တယ်၊ ဈေးဆိုင်ပိုင်တဲ့သူတွေက ကုလားတွေများပါတယ်၊ လူတွေအားလုံးက ကုလားတွေသောင်းကျန်း ခဲ့တဲ့ ပြဿနာကို ပြန်ဖြစ်လာဖို့ကိုဘဲ စိုးရိမ်နေကြပါတယ်၊ မောင်တောမြို့နယ် တခုလုံး ၆ နေရာက ဒုက္ခသည် ၁၀၀၀၀ တသောင်းကျော်မှာလည်း အကူအညီကို အားကိုးပြီး ရပ်တည်နေ ရပါတယ်၊ နေ့စဉ်ဆေးရုံ လာပြနေကြတာ တွေ့ရပါတယ်၊ ရေနဲ့ အနေအထိုင်အခက်အခဲရှိတော့ အနည်း အများတော့ ရောဂါဖြစ်နေကြပါတယ်။"ဟု ရှင်းပြသည်။
မောင်တောမြို့နယ် လူထုများအနေဖြင့် ယခုအခါ စစ်တပ်၊ ရဲနှင့် လုံထိန်းများအပြင် အကူအညီများ အစောင့်အကြပ်ဖြင့် လုံခြုံမှုများ ရှိနေသော်လည်း ယင်းတို့မရှိသည်အချိန်အခါ မည်သို့ပြန်လည် အခြေချနေ ထိုင်ရမည့်အကြောင်းတွေးပြီး အထူးစိုးရိမ်မှုများ ကြီးထွား နေကြကာ သောက  များဖြစ်ပေါ်နေကြကြောင်း  မောင်တော မြို့ မှ ဦးမောင်ထွန်းအေးက ပြောသည်။
ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလီအကြမ်းဖက်သမားများက စတင်အကြမ်းဖက်သည့် ပြဿနာမှာ တည်ငြိမ်မှုမရှိသေးဘဲ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကူးစက်လာနိုင်ဖွယ် ရှိနေကြောင်း ယူဆနေကြသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လတ်တလော အခက် အခဲတွေ့ကြုံနေရသူ ဒုက္ခသည်ပေါင်း ၉၀၀၀၀ ကျော်ရှိလာနေပြီဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ပြောသည်ဟု APသတင်းတွင် ဦးစွာ ဖေါ်ပြခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများကြောင့် ပဋိပက္ခများဖြစ်ပွားနေမှုမှာ တည်ငြိမ်သွားခြင်းမရှိဘဲ ပိုမို၍ မြို့နယ်ကျေးရွာ အများအပြားသို့ တိုးပွားနေပြီး ဒုက္ခသည်များပါ ထပ်တိုးလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုများ ဆက်မဖြစ်ပွားစေရေးအတွက် အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ပြည်တွင်း၊ ပြည် ပနိုင်ငံများမှ စောင့်ကြည့်နေကြသူများက ထောက်ပြလျက်ရှိနေသည်။
မောင်တောမြို့နယ် လုံခြုံရေးကို သက်ဆိုင်ရာ တပ်မှူးက စနစ်တကျ နေရာယူချထားကြောင်း နစက ကပြောသည်။ မောင်တောမြို့နယ် အခြေ7w
ရခိုင်ပြည်နယ်အတွင်း စုစုပေါင်း ဒုက္ခသည်များ နေထိုင်နေကြသည့် နေရာများမှာ ၈၀ ကျော်အထိ တိုးမြင့်လာကြောင်း သိရှိရသည်။သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီမူဆလင်များ၏ ဒုက္ခသည်အဖြစ် နေထိုင်နေကြသည့် နေရာများကို မောင်တောမြို့ခံ များအား စုံစမ်းမေးမြန်းရာ မသိ ရှိကြောင်း ဖြေကြားသည်။

 သတင်းရင်းမြစ်  arakantimes     
248069 395696243801338 616852592 n
>>>ဆက်ဖတ်ရန်>>> >>

တရုတ်-မြန်မာနယ်စပ် နောင်တောင်းကချင်စစ်ပြေးဒုက္ခသည်စခန်းရှိ ကျောင်းသားများ စာသင်ရန်အခက်ခဲရှိ

တရုတ်နယ်စပ်ဘက်ခြမ်း Laying စစ်ပြေးဒုက္ခသည်စခန်း

တရုတ်-မြန်မာနယ်စပ် နောင်တောင်းစစ်ပြေးဒုက္ခသည် စခန်းရှိ ကျောင်းသူကျောင်းသားများ အတွက် ကျောင်းအဆောက်အဦးနှင့် စာရေးကရိယာများ အခက်အခဲရှိ နေကြောင်း ဒုက္ခသည်ကူညီရေးအဖွဲ့ ကပြော သည်။

နောင်တောင်းမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၆ ခုရှိပြီး ၎င်းစခန်း ၆ ခုမှ မူလတန်း ကျောင်းသူကျောင်း သားများ ၁၃၈၃ ဦးနှင့် အထက်တန်းကျောင်းသူကျောင်းသားများ ၅၀၈ ဦး ဒုက္ခသည်ကျောင်း သူကျောင်းသား စုစုပေါင်း ၁၈၉၁ ဦး ရှိသည်။ မူကြိုအရွယ်ကလေးများမှာ ၃၇၁ ယောက်ရှိပြီး ၄င်းကျောင်းသူကျောင်းသားများ အတွက် ကျောင်းဆောင်နှင့် ကျောင်သုံး ပစ္စည်းများလို အပ်နေခြင်းဖြစ်ကြောင်း နောက်တောင်း ဒုက္ခသည်စခန်းများကို တာဝန်ယူ ကူညီကြည့်ရူပေးနေသော ဇင်လွမ်း (Zin Lum) စစ်ပြေး ဒုက္ခသည်ကူညီရေးကော်မတီဝင် ဆရာမ နန်ဘောက်ကပြောသည်။

၎င်းဒုက္ခသည် စခန်းများတွင် မူကြိုကျောင်းမှ လေးတန်းထိ ယာယီကျောင်းများဖွင့်လှစ်ထားပြီး စခန်းတစ်ခုတွင် ဆရာ/ဆရာမ ၄-၅ ယောက်ဖြင့်သင်ကြားပေးနေရာတွင် အဓိက စာရေးစားပွဲ၊ စာအုပ်၊ ခဲတံ၊ ဘောပင် စသည့် ကိရိယာများလည်း အခက်အခဲဖြစ်နေကြောင်း ဆရာမနန်ဘောက်က ဆက်ပြောသည်။

“လိုတာတွေ အများကြီးပဲ ပြောတောင် မပြောတတ်ဘူး။ စာအုပ်ခဲတံတွေ မလောက်ဘူး။ အခုလောလော ဆယ် လိုနေတာက ဖတ်စာအုပ်လေ ဖတ်စာအုပ်မရှိတော့ တခြားကျောင်းတွေမှာ အများကြီးသင်သွားလည်း ဒီမှာက တစ်ခုနှစ်ခုပဲကိုင်နေတော့ သင်ခန်းစာပြီးအောင်မသင်နိုင်ဘူးလေ” ဟု ကချင်သတင်းဌာန သို့ပြောသည်။

ဒုက္ခသည်မှ အထက်တန်းကျောင်းသူကျောင်းသားများသည် လနာ့ဇွပ်ဂျာ၊ မန်ဝင်း ၊နမ့်ခမ်း၊ ဗန်းမော် အစရှိသော ကျောင်းများသို့ သွားရောက်သင်ကြားရန်စီစဉ်ဆောင်ရွက်ပေးပြီး မူလတန်းကျောင်း သူ ကျောင်းသားများကိုမူ ဒုက္ခသည်စခန်းတွင် ယာယီစာသင်ကျောင်းများဖွင့်လှစ်၍ ပညာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် နာကောင်ကောင့် ဒုက္ခသည်စခန်းတွင် ကူညီကြည့်ရူနေသော ဆရာတစ်ဦးကလည်း “ကျနော်တို့ဆီမှာက သန်ဘက်ခါ မှစသင်မှာ။ဒီမှာက စာသင်စားပွဲတွေ ထိုင်ခုံတွေကို တောထဲက သစ်ပင်တွေကို ထွင်းယူပြီး လုပ်ယူတယ်။  စာသင်ဖို့ကျောက်သင်ပုန်းပဲရှိတယ်” ဟုပြောသည်။

စာသင်ရန်အခက်ခဲဖြစ်နေသော ကျောင်းသားများသည် နောင်တောင်းဒုက္ခသည်စခန်း ၆ ခုဖြစ်သော ခဒေါင်းပါ(Hka Dawng Pa)၊ ငါးနောင်းပါ(Nga Nawng Pa)၊ ယန်လု(Yang Lu)၊ နာကောင်ကောင့်(Na Kawng Kawng)၊ လော့ဖိုင်(Law Hpai)၊ လုံကရောတ် (Lung Krawk) စသည့်ဒုက္ခသည် စခန်းများမှဖြစ်သည်။

နောင်တောင်းဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၉၈၂ စု၊ လူဦးရေပေါင်း  ၄၅၉၆ ဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် တရုတ်နိုင်ငံမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့များ၊ မြစ်ကြီးနားမှ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ အကူညီပေးနေသော်လည်း အကူအညီဆက်လက်လိုအပ်နေကြာင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများပြောသည်။

သတင်းရင်းမြစ်   ကချင်သတင်းဌာန
>>>ဆက်ဖတ်ရန်>>> >>

ပြင်းထန်သည့် တိုက်ပွဲကြောင့် ဦးသိန်းဇော် နှင့် ဆွေးနွေးရန် SSPP ပြင်ဆင်


၃-၄ ရက်ဆက်တိုက် အစိုးရတပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှု အပေါ် ငြိမ်းချမ်းေ သာနည်း လမ်းဖြင့် ဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းအချို့  အစိုးရ၏ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးသိန်းဇော် နှင့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု သိရပါသည်။
theinzaw

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော်( ဓါတ်ပုံ- မဇ္ဈိမ)

“မနေ့တုန်းက အစိုးရတပ်အပြင်းအထန်ထိုးစစ်ဆင်တယ်၊ ကျနော်တို့ရဲ့ ရှေ့တန်း ကင်းစခန်း တဆင့် ဆုတ် ပေးတယ်၊ ဒါတောင်အစိုးရတပ်ကျနော်တို့ တပ်စခန်းဆီကို လက်နက်ကြီးနဲ့ တညလုံးထုနေ တုန်းဘဲ။ ငြိမ်းချမ်းရး လိုချင်လို့အပစ်ရပ်တာဘဲဗျာ။ ပြေလည်အောင်ဆွေးနွေးဖို့ ဒီကနေ့ ကျနော်တို့ ဦးသိန်းဇော် နဲ့တွေ့ဖို့ ချိန်းဆိုထားတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျွန် ၂၂ ယနေ့ နံနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းအချို့ဖြစ်သည့် စဝ်ခွန်ဆိုင်၊ စဝ်နော် လိတ်၊စဝ်ကျော်လှ၊ဗိုလ်မှူးခေးမောဝ်းတို့ကိုယ်စားလှယ်အဖွဲ့မန္တလေးမြို့သို့ရောက် ရှိနေကြောင်း နေပြည်တော်
ရှိနေကြောင်း၊ နေပြည်တော် မှလာမည့်ဦးသိန်းဇော်နှင့် မန္တလေးမြို့၌ တွေ့ဆုံရန်ချိန်းဆို ထားခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

“၁၇ ရက်နေ့က စတဲ့တိုက်ပွဲက ၁၈ ရက်တရက်ထဲ  နားတယ်။ အဲဒါသူတို့တောင်းဆိုချက်ကြောင့် ဗျူဟာမှူးက စစ်ဖြစ်နေတဲ့ နေရာကို လာရောက်စစ်ဆေးမယ်ပြောလို့ ကျနော်တို့လဲ အပစ်အခတ်မလုပ်ဘူး။  ဗျူဟာမှူးဝင် ရောက်စစ်ဆေးဖို့သဘောတူတယ်။ အပစ်အခတ်လဲမလုပ်ဘူး။ အဲဒါဗျူဟာမှူး တပ်အင်အား နှစ်ရင်း ထပ်ခေါ် လာတယ်။ ၁၉ ရက် ညနေပိုင်း တိုက်ပွဲပြန်စတယ်။ ၂၀ ရက် ၂၁ ရက် လူအင်အားနဲ့တက်တိုက်တယ်။ ကျနော်တို့စခန်းဆီကို လက်နက်ကြီး မရပ်မနား ပစ်တယ်” - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဇန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘောတူညီမှုရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေ ကပ်လျက် ရှေ့တန်းတပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေးဖူးသော်လည်း ယနေ့တိုင် တပ်မရုပ်သည့် အပြင်  ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှု  လုပ်လာခဲ့သည်ဟု ဆက်ပြောပါသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် သည် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရာ၌ ဒုတိယ ဥက္ကဌ (၃) အဖြစ်တာဝန်ယူထားသည့် ပုဂ္ဂိုလ်ဖြစ်သည်။

သတင်းရင်းမြစ်း  သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>

ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေဟု ဆို

ဆစ်ဒနီတက္ကသိုလ်က ရိုဟင်ဂျာလူမျိုးဆိုသူ ဒေါက်တာလှမြင့်မှ ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို အာဏာပိုင်တွေဟာ  ရိုဟင်ဂျာလူမျိုးလို ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကို ပြန်ပြီး မီးရှို့ထွက်ပြေးတာမျိုး လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ပြောကြားလိုက် ပါတယ်။
ရေဒီယို သြစတြေးလျ မြန်မာပိုင်းက ရသားတဲ့ သတင်းမှာ ဖေါ်ပြထားတာဖစ်ပါတယ်။ http://www.radioaustralia.net.au/burmese/2012-06-22/965130
ဒေါက်တာ လှမြင့်က ခုလို ပြောဆိုတာကို ဒီတပတ်အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့သတင်းမှာ ပြောဆို ပါတယ်။စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ မနေ့နေလည်ပိုင်းတုန်းက ရခိုင်အိမ်တွေအများစုရှိတဲ့နေရာမှာ အကြမ်းဖက်လို သူတွေက သူတို့ အိမ်သူတို့မီးရှို့ပြီး ထွက်ပြေးတာ မျိုးတွေရှိနေတယ် လို့ ပြည်နယ် အမတ် ဦးအောင်မြကျော်က ပြောပါတယ်။
ရခိုင်မှာ ပျောက်ဆုံးသူတွေရဲ့ အလောင်းတွေ တွေ့ပြီ ခေါင်းစဉ်နဲ့  ရေဒီယို သြစတြေး လျ မြန်မာပိုင်း က ရေးသားထားတဲ့ အဲဒီ သတင်းမှာ ခုလို ဒေါက်တာ လှမြင့် ပြောကြားချက်ကို ဖေါ်ပြထားပေမယ့် ဟိန္ဒူလူမျိုးတွေရဲ့  တုန့်ပြန်မူကိုတော့ ဖေါ်ပြထားတာ မတွေ့ရပါဘူး။

သတင်းရင်းမြစ်   နေရဉ္ဇရာ 
>>>ဆက်ဖတ်ရန်>>> >>

ဦးခင်ရွှေနှင့် လယ်သမားများအမှု စစ်ဆေး

၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ – Reuters)

ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများနှင့် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီ တို့အကြား ဖြစ်ပွားနေသော လယ်မြေ ဧက ၈၅၀ ကျော် နှင့် ပတ7xw
ယင်း လယ်ယာမြေများကို သီးစားစနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးရန်အတွက် ရန်ကုန်တိုင်း အစိုးရထံ ဇေကမ္ဘာ ကုမ္ပဏီနှင့် လယ်သမား များက ပြီးခဲ့သည့် ဧပြီလ အတွင်း အပြိုင် လျှောက်ထားခဲ့ကြရာ ဦးခင်ရွှေက အနိုင်ရခဲ့သည်။ ထို ကိစ္စအား သက်ဆိုင်ရာ လယ်ယာမြေ ကော်မတီသို့ တိုင်ကြားခဲ့သည့် အတွက် ခေါ်ယူ စစ်ဆေးခြင်း ဖြစ်သည်။
“ကျနော်တို့က သီးစား လျှောက်ထား တော့လည်း ရှုံးတယ်၊ အခုလည်းပဲ စစ်ဆေးတယ်၊ ကျနော်တို့ လယ်သမားတွေ ကတော့ ရှုံးသည်ဖြစ်စေ၊  နိုင်သည် ဖြစ်စေ ကျနော်တို့လယ် ကျနော်တို့ လုပ်ဖို့ သံန္နိဌာန် ချထားပြီးသားပါ”ဟု လယ်သမားကြီး ဦးကျော်စိန် က ဆိုသည်။
ရွှေနံ့သာကျေးရွာမှ လယ်သမား ၈၅ ဦးနှင့် ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်တို့ကို ကျေးရွာအုပ်ချုပ်ရေး အာဏာပိုင်များက မေးမြန်းကြောင်း၊ ထိုသို့ခေါ်ယူစစ်ဆေး မေးမြန်းသော်လည်း ထူးခြားမှု တစုံတရာ မရှိသေးကြောင်း ဦးကျော်စိန် က ဧရာဝတီ ကို ပြောသည်။
၎င်းက“ဒီလယ်တွေကို ဘယ်တုန်းက လုပ်တာလဲ၊ ဘယ်က နွးတွေ၊ ကျွဲတွေနဲ့ လုပ်တာလဲ၊ သူများကို အငှားပေးဖူးတာတွေ ရှိလား ဆိုတဲ့ မေးခွန်းတွေကို မေးတော့ ကိုယ်ပိုင်နွားတွေ နဲ့ လုပ်လာတာ ၁၉၉၀ တtNYo[gဖြခဲ့တယ်”ဟုလည်း ပြော ဆို သည်။
လယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီ တို့အား ခေါ်ယူစစ်ဆေးပြီးသည့်အတွက် မကြာခင်ရက်ပိုင်း အတွင်း ဆုံးဖြတ်ပေးနိုင်ဖွယ် ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာ လယ်ယာမြေကော်မတီ၏ လုပ်ပိုင်ခွင့်ရထား၍ ၎င်းတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း လယ်သမားများ ၏ တရားဝင် ကိုယ်စားလှယ်လွှဲအပ် ခံထားရသူ ဦးနေမျိုးဝေ က ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာ များမှ လယ် သမား ၈၀ ကျော် ၏ လယ်မြေဧက ၈၅၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်းက သိမ်းယူခဲ့သည်။ ထို့ကြောင့် ဇေကမ္ဘာ ကုမ္ပဏီ ကို လယ်သမားများက မင်္ဂလာဒုံမြို့နယ် တရားရုံး၌ မေလ တွင် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
လယ်သမားများသည် မိမိတို့ လယ်မြေများ၌ စပါးများစိုက်ပျိုးထားကြောင်း၊ စပါးပင်များသည် ယခုအခါ ၆ လက္မခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ထိုစပါးခင်းများ ပေါ်သို့ ဇေကမ္ဘာ ကုမ္ပဏီ ၀န်ထမ်းများကလည်း စပါးမျိုးစေ့များ ကြဲချနေကြောင်း လယ်သမားများက ပြောပြသည်။
“ကျနော်တို့ စပါးတွေက အပင်တွေဖြစ်နေပြီ၊ အဲဒီစပါးပင်တွေ အပေါ်က စပါးတွေ ထပ်ကြဲတော့ အကုန်ပျက်စီးတော့မှာပေါ့၊ ဇေ ကမ္ဘာ ကုမ္ပဏီက တမင်သက်သက် လိုက်လံဖျက်ဆီးနေတယ်”ဟု ဦးကျော်စိန် က ပြောသည်။
၁၉၆၃ ခုနှစ် လယ်ယာမြေ နည်းဥပဒေ၌ လယ်စိုက်ပျိုးသူ လယ်ပိုင်ရမည်ဟု ပါရှိသည့်အတွက် ဇေကမ္ဘာ ကုမ္ပဏီသည် လယ် သမားအဖြစ် ရုတ်တရက် ပြောင်းလဲလိုက်ကြောင်း၊ ထိုဥပဒေအား ၎င်းကိုယ်တိုင် အင်တာနက် စာမျက်နှာများ၌ ဖြန့်ပေး လိုက် သည့် နောက်ပိုင်း ဤသို့ ဖြစ်လာကြောင်း ဦးနေမျိုးဝေ ကလည်း ပြောဆိုသည်။
လယ်သမားများက မိမိတို့လယ်မြေများ ပြန်လည် ရရှိရေးအတွက် ရန်ကုန်တိုင်း အစိုးရထံ တင်ပြခဲ့ရာ ထိုလယ်မြေသည် နိုင်ငံ တော် က သိမ်းယူထားခြင်း မရှိဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ က ထိုလယ်မြေများအား ၎င်းတို့ ကုမ္ပဏီက သိမ်းယူခြင်း မဟုတ်ကြောင်း၊ အိုးအိမ် ဦးစီး ဌာနက သိမ်းယူခြင်းဖြစ်၍ ၎င်းနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိုမြေပေါ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းသာ လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုခဲ့သည့် အတွက် ဥပဒေ ပုဒ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှု တို့ဖြင့် ဦးခင်ရွှေအား လယ်သမားများက တရားစွဲဆိုထားခြင်း ဖြစ်သည်။
ထို လယ်ယာမြေ အမှုနှင့်ပတ်သက်၍ ဇေကမ္ဘာ ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေတွင် ကိုယ့်အိမ်ကိုယ် မီးရှို့၍ အမျိုးသမီးတဦး အဖမ်းခံရ

စစ်တွေမြို့တွင် မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု (ဓာတ်ပုံ – ဧရာဝတီ)

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် အောင်ထွန်းဦးလမ်းတွင် ဇွန်(20)ရက်နေ့ည ၁၁ နာရီခွဲခန့်က ကိုယ့်အိမ်ကိုယ် မီးရှို့မှုတခု ဖြစ်ပွားကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ခံများအဆိုအရ အဆိုပါ မီးလောင်မှုသည် ဒေါ်ခင်ခင်ဆိုသည့် စာတိုက်ဝန်ထမ်း အမျိုးသမီး တဦးက မိမိ၏နအိမ်ကို ပြန်လည်မီးရှို့ခြင်းဖြစ်ကြောင်း၊ ၎င်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိ လိုက်ကြောင်း သိရသည်။စစ်တွေ့မြို့ခံ တဦးဖြစ်သည့် ကိုအောင်လှကျော်က “ရခိုင်ရပ်ကွက်နဲ့ ဘင်္ဂါလီရွာတွေ အကြား စစ်သားတွေခြားထားပေမယ့် ဒီအမျိုးသမီးက ၀န်ထမ်းကတ်ပြပြီး ရပ်ကွက်ကို ၀င်လာတာ။ ပြီးမှ ဓာတ်ဆီလောင်းပြီး မီးရှို့တာ” ဟု ဆိုသည်။
အဆိုပါ အမျိုးသမီးမှာ ဘင်္ဂါလီလူမျိုးတဦးဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ရွာနေ ပြည်သူများက အချိန်မီ မီးငြိမ်းနိုင်သည့်အတွက် ဘေးအိမ်များသို့ ကူးစက်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ ရခိုင်အမျိုးသမီး မသီတာထွေးကို ဘင်္ဂါလီလူမျိုး ၃ ဦးမှ အဓမ္မပြုကျင့်၊ လူသတ်ကာ ပစ္စည်းများ လုယူသည်မှစတင်၍ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်တွေမြို့နှင့် မောင်တောမြို့များတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ၊ မီးရှို့မှုများ နေရာ အနှံ့ ဖြစ်ပွားခဲ့သည်။ထို့ကြောင့် သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ပုဒ်မ ၁၄၄(ညမထွက်ရ) အမိန့် ထုတ်ပြန်ခဲ့သည်။
ယခုအခါ စစ်တွေမြို့ရှိ မီးလောင်ပြင်နေရာများကို လုံခြုံရေးတပ်ဖွဲ့များက စက်ယန္တရားနှင့် လူအင်အား အသုံးပြုပြီး ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း မကြာသေးမီက အဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်းတွင် လူပေါင်း ၉၀၀၀၀ ခန့် ဒုက္ခကြုံခဲ့ရပြီး စားနပ်ရိက္ခာလိုအပ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်တွေမြို:wO]߼wကြီးကျောင်းတွင်ပင် မီးလောင်ကျွမ်းမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ဒုက္ခသည်ဦးရေ ၁၂၀၀ ရှိကြောင်း၊ စောင်၊ ခြင်ထောင်နှင့် အ၀တ်အထည်များ လိုအပ်နေကြောင်း ရန်ကုန်မြို့မှ သွားရောက်ကူညီနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုကျော်စိုးနိုင်က ဆိုသည်။
“အားလုံးမီးထဲပါသွားပြီ။ အ၀တ်တထည် ကိုယ်တခု ပြေးလာတာများတယ်” ဟု ၎င်းက ဆိုသည်။ထို့အပြင် အဆိုပါဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေကြောင်း၊ လူ ၁၂၀၀ အသုံးပြုရန် အိမ်သာ ၅ လုံးသာ ရှိပြီး ၀မ်းရောဂါများဖြစ်ပွားနိုင်သည့် အခြေအနေရှိကြောင်း ကိုကျော်စိုးနိုင်က ရှင်းပြသည်။
စစ်တွေမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်နီးပါး အခြေအနေရောက်ပြီဟု ပြောဆိုနေကြသော် လည်း ဈေး တချို့ ပြန်လ;wN_z[wိင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်းရင်းမြစ်    ဧရာဝတီ


>>>ဆက်ဖတ်ရန်>>> >>