အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Monday, July 30, 2012
အကျင့်ပျက် ၀န်ထမ်းများကို အရေးယူပေးစေလို
သို
      နိုင်ငံတော်သမ္မတကြီးနှင့် တကွ သက်ဆိုင်သော သိသင့် သိထိုက်သူများသိရှိရန် အပြု
သဘောဖြင့် တင်ပြအပ်ပါသည်။ ဥပဒေဆိုသည်မှာ ပြည်သူ့   အသက်အိုးအိမ်   စည်းစိမ်ကို
ကာကွယ် ရန် ဖြစ်သည်ဟု  ပြည်သူ့  လွှတ်တော် အမတ်  များပြောဆို  တင်သွင်း သည်ကို
လ့လာသိရှိရပါသည်။
ပေးစာအပြည့်အစုံ အောက်တွင်ဆက်လက်ဖတ်ရှုပါရန်
သတင်းရင်းမြစ်း  သစ်ထူးလွင်       
30-7-12
>>>ဆက်ဖတ်ရန်>>> >>
ကုလ အထူး ကိုယ်စားလှယ် ရန်ကုန်မြို့ရောက်ရှိ
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas 
Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး
ကိုယ်စားလှယ် Tomas Ojea Quintana ရန်ကုန်မြို့သို့ ရောက်ရှိစဉ်။
ရခိုင်ပြည်နယ်တွင်း  ပဋိပက္ခတွေ ပြေငြိမ်းအောင်   အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်
ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတဲ့ပုံစံဖြစ်သွားတဲ့အတွက်   စိုးရိမ်ကြောင်း 
ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး   အကြီးအကဲက   ပြောဆိုခဲ့ပြီးတဲ့နောက် 
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က -
သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှု'8^}znﯜW{Aygမန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်
မှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့  မြန်မာပြည်ဟာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့  ရင်ဆိုင်
 နေရကြောင်း ပြောဆိုပါတယ်။
မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာ ဖြစ်ပြီး လာမယ့်   သောကြာ
နေ့ မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တွေ့ဆုံတဲ့အခါ ဘာ
တွေ ဆွေးနွေး ပြောဆိုမယ် ဆိုတာ  မသိရပေမဲ့   ရခိုင်ပြည်နယ်တွင်း   ကိစ္စဟာ     အဓိက
ဆွေးနွေး စရာ ဖြစ်ပါလိမ့်မယ်  လို့ အမည်  မဖော်လိုသူ  အစိုးရ   အရာရှိကြီး  တစ်ယောက်
က ပြောဆိုကြောင်း   အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်
ဘက် အဖွဲ့အစည်းတွေနဲ့လည်း  တွေ့ဆုံမယ်လို့ သိရပါတယ်။ဒီအတွင်း  အီရန်နိုင်ငံမှာရှိ
တဲ့  စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲက    မြန်မာနိုင်ငံက
 ဘင်္ဂါလီ ရိုဟင်ဂျာဒုက္ခသည်တွေကို  ကူညီဖို့အတွက် ဆေးဝန်ထမ်းတွေ၊ သူနာပြုတွေ ပါ
ဝင်တဲ့   ကူညီ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ကြောင်း
အီရန်  FARS  သတင်းဌာနက   ဖော်ပြပါတယ်။
 သတင်းရင်းမြစ်း  RFA     
>>>ဆက်ဖတ်ရန်>>> >>
နှစ်သီးစား သုံးသီးစား စစ်တပ်အရာရှိများ
မြန်မာနိုင်ငံ  လွတ်လပ်ရေးရပြီး  နောက်ပိုင်းမှာ စစ်တပ်က ရာစုနှစ်ဝက်လောက် အုပ်ချုပ် စိုးမိုး
ခဲ့တာမို့ ဒီမိုကရေစီခေတ်ကို ပြောင်းနေပါတယ်ဆိုတဲ့ ဒီနေ့ခေတ် ဒီနေ့အချိန်ထိကို စစ်တပ်ကနေ
 အရပ်ဘက် အုပ်ချုပ်ရေး ဘက်ကို ပြောင်းလဲလာသူတွေ ဆက်လက်   ရှိနေသေးသလို တိုးမြှင့်
ထားတဲ့ ပင်စင်ခံစားခွင့်တွေကို နှစ်မျိုးနှစ်ထွေ ရယူခံစားနေကြတာဟာ တိုင်းပြည် ဘတ်ဂျက်လို
အပ်မှုကို ပိုပြီး ကြီးမားစေတဲ့အတွက် မလိုအပ်ဘဲ   တိုင်းပြည်  ဘဏ္ဍာတွေ   ဆုံးရှုံးနေတယ်လို့
 ဝေဖန်ပြောဆိုမှုတွေ အခုရက်ပိုင်းမှာ ရှိလာခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မိတ္ထိလာအမတ် ဦးဝင်းထိန်ကတော့ ဒီလို တိုင်းပြည်
ဘဏ္ဍာ ဆုံးရှုံးတာအပြင် ထိပ်ပိုင်း  လူကြီး တဦးတည်းက  ပင်စင် နှစ်မျိုး   သုံးမျိုး  ခွယူထားပြီး၊
 အောက်ပိုင်းက လူတွေကျတော့ ပင်စင်အရ နည်းတာကြောင့် မမျှတမှုတွေ ဖြစ်နေတာတွေ ရှိ
တယ်လို့ ဘီဘီစီကို ပြောပါတယ်။
NLD ပါတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးတွေရဲ့   ရွှေ့ပြောင်းနိုင်တဲ့ 
ပစ္စည်း   မရွှေ့ပြောင်းနိုင်တဲ့  ပစ္စည်းတွေကို လူသိ  ရှင်ကြား  ထုတ်ဖော်  ကြေညာဖို့ အကြောင်း
 လွှတ်တော်တွင်း ဆွေးနွေးခဲ့ပါသေးတယ်။
ဒီလို ကိစ္စတွေဟာ   လုပ်ထုံး   လုပ်နည်း ကိစ္စတွေဖြစ်လို့  လွှတ်တော်တွင်းမှာ  အကျေအလည် 
 ဆွေးနွေးကြရဦးမယ်၊ ပင်စင် နှစ်မျိုး နှစ်ထွေ ရယူနေကြတဲ့ ကိစ္စဟာ တခြား ပင်စင်ခံစားသူတွေ
ကို ထိခိုက်မှုတွေ ရှိနိုင်တာက   တကြောင်း၊ ဒီထက်  အရေးကြီးတဲ့ တခြားကိစ္စတွေ ရှိနေတာက
 တကြောင်းမို့ ထိပ်တန်း အရေးတကြီး  ဆွေးနွေးစရာ ကိစ္စလို့တော့   သူ့အနေနဲ့   မယူဆဘူးလို့ 
ဦးဝင်းထိန်က ပြောပါတယ်။
စစ်တပ်ကနေ  အရပ်ဘက်ကို   ပြောင်းတဲ့သူတွေဟာ မဆလလို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ် 
လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း လက်ထက် ကထဲက ရှိခဲ့တဲ့ ကိစ္စဖြစ်တယ်၊ အဲဒီခေတ်က စစ်တပ်
ကနေ အရပ်ဘက်ပြောင်းရင် အစိုးရ အရာရှိလုပ်သူ လုပ်၊ အဲဒီက   တခါ ပါတီဘ က်ကူးလိုကူးနဲ့ 
ပင်စင်တွေ    အမျိုးမျိုး ခံစားကြလို့    စစ်တပ်တွင်းမှာဆိုရင် နှစ်သီးစား၊   သုံးသီးစားလို့ေ ခ်ါတဲ့
အထိ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
NLD ပါတီရဲ့ မိတ္ထီလာအမတ် ဦးဝင်းထိန်
အခုခေတ်မှာ ဒီလို နှစ်သီးစား၊ သုံးသီးစားတွေဟာ ရှိနေသေးတယ်။ စစ်ဘက်ကနေ အရပ်
ဘက်ကို ကူးပြောင်းကြတဲ့ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး   စသူတွေ
ဟာ အဲဒီလို နှစ်သီးစား သုံးသီးစားတွေ ဖြစ်ကြတယ်၊ နောက်ပိုင်းနှစ်တွေမှာတော့ တဖြည်း
ဖြည်း လျော့သွားနိုင်တယ်လို့ ဦးဝင်းထိန်က ခန့်မှန်းပါတယ်။
ဦးနေဝင်းခေတ်ကနေ အခုခေတ်အထိ  ကျင့်သုံးနေဆဲဖြစ်တဲ့  စာနဲ့  ရေးမထားတဲ့   လုပ်ထုံး 
လုပ်နည်းလို ဖြစ်နေတာမို့ အခုခေတ်အထိ အစဉ်အလာလို ရှိနေဆဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် 
တယောက် လစ်လပ်တာနဲ့ စစ်တပ်ကနေ အစားထိုး ဝင်ရောက် နေရယူလိုက်တာ၊ သံအမတ်
တယောက် လွတ်သွားတာနဲ့ စစ်တပ်ကနေ နေရာ ဝင်ယူတာတွေကို ဘယ်လောက်   လက်ခံ
တယ် လက်မခံတော့ဘူး ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရဦးမယ်လို့ ဦးဝင်းထိန်က
 ဘီဘီစီကို ပြောပါတယ်။
သတင်းရင်းမြစ်း  BBC     
>>>ဆက်ဖတ်ရန်>>> >>
၂၀၁၃ ခုနှစ်မှာ အကြွေးကတ်စနစ် စတင် သုံးစွဲနိုင်မယ်လို့ မျှော်လင့်
လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ  အကြွေးကတ်တွေ 
စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။
 ဒီကိစ္စအတွက် Visa အကြွေးကတ် ကုမ္ပဏီနဲ့ ဆွေးနွေး ညှိနှိုင်းနေပြီ ဖြစ်ကြောင်း ကမ္ဘောဇ
ဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောဆိုပါတယ်။အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်း နောက်
တစ်ဦးကတော့ Visa ကုမ္ပဏီနဲ့ သာမက Master Card/ China  Union  Pay   နဲ့   Japan
 Credit  Bureau  တို့နဲ့လည်း  ဆွေးနွေးနေကြောင်း၊၂၀၁၃  ခုနှစ်မှာ အကြွေးကတ်   စနစ်
စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ  ဥရောပသမဂ္ဂတို့က ၂၀၀၃ ခုနှစ်က စပြီး
 ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ ပိတ်ဆို့ တားဆီး  ထားခဲ့တာကြောင့်  မြန်မာနိုင်ငံကို 
လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ အကြွေးကတ်တွေ မသုံးစွဲနိုင်
ဘဲ ငွေစက္ကူတွေကိုသာ သယ်ဆောင်သုံးစွဲနေရပါတယ်။မကြာခင်ကတော့ မြန်မာနိုင်ငံတွင်း
 ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတဲ့အတွက် ပိတ်ဆို့မှု အများစုကို ယာယီ လျှော့ပေါ့
ပေးခဲ့ပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု
ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များ
နဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာ
အမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ  စတင်ကြားနာမယ်  ဆိုတဲ့
အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
"ပြစ်မှုဆိုင်ရာ  ဥပဒေပုဒ်မ   ၅၀၀   အရ အသရေဖျက်မှုနဲ့ အရေးယူပေးပါရန်  ဆိုပြီး ဦးတိုက်
လျှောက်လိုက်တာ ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားသူကြီးက အမှုကို လက်ခံလိုက်ပြီ
ပေါ့နော်။ လက်ခံလိုက်ပြီးတော့ ၃၀ ရက်နေ့မှာ ချိန်းပါတယ်။"
ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင် ဟာဂျူလီ(ကသာ)
တို့  ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ
အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက ဒီအမှုကိစ္စနဲ့ ပတ်သက်လို့   အခုလို အတည်ပြုပြောဆို
ပါတယ်
"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀  နဲ့  စွဲတယ်။ ဦးတိုက်
 လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။ အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့
မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့   ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine)
ကာရာအိုကေ က နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင်   တရားရုံးမှာ
စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။" နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့  တရားမ
မှုကို သြဂုတ်လ ကိုးရက်နေ့ ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>
မြန်မာ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် ထိုင်းပြင်ဆင်
ထိုင်းနိုင်ငံမှ မြန်မာ ရေလုပ်သားများ
ထိုင်းအစိုးရ အနေဖြင့် နှစ်နိင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို၍ မြန်မာနိင်ငံမှ လုပ်သားများကို
 ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းကို ရုပ်သံလိုင်း ၇ တွင် ကြည့်
လိုက်ရကြောင်း ဘန်ကောက် မဟာချိုင်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ တစ်ဦး
က ပြောကြားသည်။
>>>ဆက်ဖတ်ရန်>>> >>