အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, July 30, 2012

ကုလ အထူး ကိုယ်စားလှယ် ရန်ကုန်မြို့ရောက်ရှိ

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas 
Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။


AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး
ကိုယ်စားလှယ် Tomas Ojea Quintana ရန်ကုန်မြို့သို့ ရောက်ရှိစဉ်။

ရခိုင်ပြည်နယ်တွင်း  ပဋိပက္ခတွေ ပြေငြိမ်းအောင်   အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်
ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတဲ့ပုံစံဖြစ်သွားတဲ့အတွက်   စိုးရိမ်ကြောင်း 
ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး   အကြီးအကဲက   ပြောဆိုခဲ့ပြီးတဲ့နောက် 
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က -
သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှု'8^}znﯜW{Aygမန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်
မှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့  မြန်မာပြည်ဟာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့  ရင်ဆိုင်
 နေရကြောင်း ပြောဆိုပါတယ်။

မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာ ဖြစ်ပြီး လာမယ့်   သောကြာ
နေ့ မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တွေ့ဆုံတဲ့အခါ ဘာ
တွေ ဆွေးနွေး ပြောဆိုမယ် ဆိုတာ  မသိရပေမဲ့   ရခိုင်ပြည်နယ်တွင်း   ကိစ္စဟာ     အဓိက
ဆွေးနွေး စရာ ဖြစ်ပါလိမ့်မယ်  လို့ အမည်  မဖော်လိုသူ  အစိုးရ   အရာရှိကြီး  တစ်ယောက်
က ပြောဆိုကြောင်း   အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်
ဘက် အဖွဲ့အစည်းတွေနဲ့လည်း  တွေ့ဆုံမယ်လို့ သိရပါတယ်။ဒီအတွင်း  အီရန်နိုင်ငံမှာရှိ
တဲ့  စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲက    မြန်မာနိုင်ငံက
 ဘင်္ဂါလီ ရိုဟင်ဂျာဒုက္ခသည်တွေကို  ကူညီဖို့အတွက် ဆေးဝန်ထမ်းတွေ၊ သူနာပြုတွေ ပါ
ဝင်တဲ့   ကူညီ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ကြောင်း
အီရန်  FARS  သတင်းဌာနက   ဖော်ပြပါတယ်။

 သတင်းရင်းမြစ်း  RFA     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။