အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Thursday, July 26, 2012
ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဘ်ဆိုက် တချို့မှာတော့ ပြောဆိုချက်တွေကို မျဉ်းကြောင်းတားပြီး အတည်ယူနေပါပြီ..
ဒီမိုဝေယံ ဆိုဒ်မှာ တင်ထားတဲ့ ပို့စ်လေးပါ
缅甸有人对总统说不
缅甸前仰光市市长、现执政党“巩发党”中央执行委员、国会议员、国会“改革及现代化监督委员会”主席昂丁林接受《南方周末》采访,语出惊人,是个人物!
ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်ဆိုသလို တရုတ်ဆိုဒ်တွေမှာတော့ ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ပြောတဲ့ အင်တာဗျူးထဲက အချက်တွေ မျဉ်းတားပြီး ဖော်ပြနေကြပါပြီ.. နားလည်တဲ့သူတွေ မျဉ်းတားထားတဲ့ အကြောင်းအရာတွေကို ဘာသာပြန် ပေးကြပါ..။ ဒီလင့်ခ်မှာ အပြည့်အစုံ သွားကြည့်နိုင်ပါတယ်..။
ဘာသာပြန်တာ မှားလို့ပါဆိုပြီး ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဆိုက် တွေကတော့ ပြောပြီးစလစ် နံပါတ်တစ် ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ယိုး မရှိ ဘွားတေးမပါ ဆိုပြီး အတည်ယူနေပြီလားပဲ..
ဝိတ်ပြားရှင်နဲ့ အမေးအဖြေ ဒီလင့်ခ်ရဲ့  http://bbs.my0511.com/f152b-t3924362z-1 အထက်က ဒုတိယပုံမှာ လိုင်းတားထားတဲ့ အထဲက အချက်များအား Google Translate နဲ့ ဘာသာပြန်လိုက်တယ်..။
“密松大坝必须继续修建” 
မြစ်ဆုံဆည် ဆက်ဆောက်မယ်..
Myitsone dam must continue to build "
是的,这是他一个人的主意,不是国会决议。我们对此有反对意见。他试图隔断中缅的联系。သမ္မတရဲ့ တဦးတည်း ဆုံးဖြတ်ချက်ပါတဲ့ ပါလီမာန်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါ..။ ဒီဆုံးဖြတ်ချက်ကို ရှုံချပါတယ်.တဲ့
Yes, this is his idea of a person, not a congressional resolution. We have opposing views. He tried to cut
你觉得大坝有可能继续修建吗?
မြစ်ဆုံဆည် ပြန်စဖို့ ဖြစ်နိုင်ပါလားဆိုတော့
Do you think the dam is possible to continue the construction of it?
必须继续 
ဆောက်ကို ဆောက်ရမယ်။
Must continue to
不会的。我们对中国人很友好。当我们落难的时候,是中国人帮了我们。
တရုတ်ပြည်သူတွေနဲ့ အင်မတန် ရင်းနှီးချစ်ခင်ပါတယ်..။ ကျွန်တော်တို့ ဒုက္ခရောက်နေချိန်မှာ တရုတ်ပြည်သူတွေက ကူညီခဲ့ကြတာပါ..
We Chinese people are very friendly. When we are distressed, the Chinese people to help us.
ဒါကတော့ ယခုတင်ထားတဲ့ ပုံက လိုင်းတားထားတာတွေကို Google Translate ဘာသာပြန်လိုက်ပါတယ်..။ ဒီတော့ ဒီသတင်းကို တရုတ် ဝက်ဆိုဒ်တွေက အတည်ယူပြီး မျဉ်းကြောင်းတွေတား ဖော်ပြနေသလားပဲ..။
မူရင်းလင့်ခ် http://www.infzm.com/content/78148
ဓာတ်ပုံအား မျဉ်းကြောင်းတား ဖော်ပြတဲ့ လင့်ခ် http://bbs.my0511.com/f152b-t3924362z-1 မှာ မျဉ်းကြောင်း တားထားတာတွေ ဆက်လက်ဘာသာပြန်ပေး ကြပါ..။
ဒီမိုဝေယံ
[ 本帖最后由 山水清音 于 12-7-6 13:32 编辑 ]
တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနဲ့ အင်တာဗျူး၌ အမှတ်တရ ဓာတ်ပုံရိုက်ခံနေစဉ်
သတင်းရင်းမြစ်    ဒီမိုဝေယံ  
>>>ဆက်ဖတ်ရန်>>> >>
ပခုက္ကူမြို့မှ လူအင်အား ၃၀၀ က ဆန္ဒဖော်ထုတ်သွားမည်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ ပြည်သူအများကိုမျက်ကွယ်ပြု၍
ပြည်သူတွေ ရူးနေသည်ဟု တရုတ်နိုင်ငံထုတ် သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင်
ဖြေကြားခဲ့မှုများအပေါ် သဘောမတွေ့သဖြင့် ပခုက္ကူမြို့ခံ လူ ၃၀၀ ခန့်မှ ယခုလ ၃၀ ရက်
တွင် ဆန္ဒဖော်ထုတ်မှုတစ်ခုပြုသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်
ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးသို့ ယနေ့ ဇူလိုင်လ
 ၂၅ ရက် ရက်စွဲဖြင့်လျှောက်ထားခဲ့ကြောင်းသိရသည်။
““ရည်ရွယ်ချက်ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ပြည်သူတွေကို
အလေးမထားဘဲ ပြည်သူတွေကိုစော်ကားတဲ့  စကားမျိုးပြောတာရယ်။ နောက် တစ်ချက်က
ချစ်သော ဧရာဝတီ ထာဝရရှင်သန်ရေးအတွက်ရယ် ရည်ရွယ်ပါတယ်။””    ဟု ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အား  ရဲတပ်ဖွဲ့မှူးသို့  တင်ပြရာတွင်   ပါဝင်ခဲ့သူ  တစ်ဦး
ကပေါ်ပြူလာနယူးစ်သို့ပြောသည်။
ငြိမ်းချမ်းစွာစုဝေးပြီး စီတန်းလှည်းလည်ရာတွင် ပခုက္ကူမြို့ သာသနာ့ဗိမ္မာန် အနောက်ဖက်
ကားဂိတ်မှ စ၍ မြို့မလမ်းမှဖြတ်သန်းသွားပြီး ရွှေချောင်းတံတား အနောက်ဖက် တံတားဦး
သစ်စက်ရှေ့တွင် ပြည်သူအများကရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်
ဖြစ်ပြီးပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ရေး ကိစ္စဟောပြောပြီးနောက် ငြိမ7zg
သတင်းရင်းမြစ်း  Popular Myanmar News
>>>ဆက်ဖတ်ရန်>>> >>
မန္တလေး လမ်းပန်း/၀န်ကြီးနှင့် ကော်မတီဝင်များအား တရားစွဲမည်ဟုဆိုသည့် ပြည်သူ့ဒီမိုကရေစ်ီ်ပါတီဥက္ကဌ
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့် ယ.က.က ကော်မတီ
ဝင်များ အား တရားစွဲဆို   သွားမည်ဖြစ်ကြောင်း ပြည်သူ့  ဒီမိုကရေစီပါတီမှ   ဥက္ကဌဒေါက်တာ
သန်းထိုက်ဦးက မြစ်မခသို့ အသိပေးပြောကြားလိုက်သည်။
မန္တလေး ယ.က.က(မြို့တွင်း) (အဝေး) (ကုန်တင်ခေါက်တို)တို့အား လမ်းမကြီးများပေါ်တွင်
အခွန် ကောက်ခံ  ပိုင်ခွင့်မရှိပဲ အခွန်ကောက်ခံရန် ၀န်ကြီး  ဦးကျော်ဆန်းမှ လမ်းညွှန်ခွင့်ပြု
ခဲ့သောကြောင့် ဖြစ်သည်ဟု သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၅)နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေ(၄/၂၀၁၂)အရ
 ယ.က.က ရံပုံငွေ ကောက်ခံခွင့်မရှိပဲ ကောက်ခံနေ  သည်မှာ ဥပဒေ မဲ့ဖြစ်သည်ဟု ပြည်သူ့
 ဒီမိုကရေစီပါတီ  ဥက္ကဌ ဒေါက်တာ  သန်းထိုက်ဦး မှ မန္တလေးတိုင်း  ၀န်ကြီးချုပ်  ဦးရဲမြင့်ထံ 
တင်ပြတိုင်တန်းထား သောစာတွင် ထည့်သွင်းဖေါ်ပြထားသည်ကို တွေ့ရသည်။
ယ.က.က ရန်ပုံငွေကြေး ဟိုးယခင်က မထသရံပုံငွေကြေးဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ 
ဇယား (၅)မှာ ပါဝင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရက ကောက်ခံရတဲ့ အခွန်အခထဲမှာလည်း 
မပါဘူး ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့် လက်မှတ်ထိုးပြီးတော့မှ မန္တလေးတိုင်းဒေသကြီး
လွှတ်တော် က ပြဌာန်းထားတဲ့ဥပဒေအမှတ် (၄/၂၀၁၂)မှာလည်း ယ.က.က ကြေးကောက်ခံဖို့
ဆိုတာမပါဘူး ၊ တရားဝင်ရရှိသော ရံပုံငွေနဲ့ ရပ်တည်ရမယ်လို့ပဲပါတယ်ဟု ဒေါက်တာသန်းထိုက်ဦး
က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ တရားစွဲဆိုခွင့်မရခဲ့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနှင့် နိုင်ငံတော်
糸O]g[wwgyi-One","sans-serif"; font-size: 12pt;">သမ္မထံ သို့ တင်ပြသွားမည်ဖြစ်သည့်အပြင် ဥပဒေဘောင်  အတွင်းမှ   ဆက်လက်ဆောင်ရွက်
သွားမည် ဖြစ်သည် ဟူ၍လည်း ၄င်းကဆိုသည်။
ဥပဒေမှာမပါတဲ့ အခွန်အခကောက်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးလို့ကတော့ တရားစွဲဆိုခွင့်မရရင်လည်း
 ဖွဲ့စည်းပုံ အခြေခံခုံရုံးကိုတင်မှာပဲ ၊သမ္မတဆီကိုလည်းတင်မှာပဲ ၊ ဒီကနေ့ ပြည်ထောင်စု  အစိုးရနဲ့
 တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရအဖွဲ့တွေဟာ တရားဥပဒေကို လေးစားလိုက်နာမှုမရှိဘူး၊ဖွဲ့စည်းပုံ
အခြေခံဥပဒေကို လေးစားလိုက်နာမှု မရှိဘူးဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ  ခုံရုံးတို့ လွှတ်တော်တို့ 
လုပ်ထားတာတွေ ဒါတွေက ဘာအဓိပ္ပါယ်ရှိတော့မှာတုန်း ´´ ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
မန္တလေးတိုင်း   လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့်   ယ.က.ကကော်မတီဝင်များအား
 တရားစွဲဆိုနိုင်ရန်အတွက်မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်ထံ ပြည်သူ့ဒီမိုကရေစီပါတီမှဥက္ကဌဒေါက်တာ
သန်းထိုက်ဦးက စာပို့တင်ပြထားပြီး ဖြစ်သည်။
သတင်းရင်းမြစ်း  Shwe Myitmakha Media Group
>>>ဆက်ဖတ်ရန်>>> >>
အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်လုပ်ဆောင်ပြီ
ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်း
စစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့  နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ
 အဆိုအရ သိရပါတယ်။
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေး တွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)
တချိန်တည်းမှာပဲ အစိုးရ ပြည်ထောင်စုဝန်ကြီး ၈ ဦးခန့်လည်း ရာထူး အပြောင်း အလဲ ဖြစ်ဖို့ရှိပြီး
 ပြောင်းလဲမယ့် ၀န်ကြီးတွေ ထဲမှာ ခေါင်းမာ ဂိုဏ်းသားတွေလို့ ပြောကြတဲ့ လက်ရှိ ဘဏ္ဍာရေးနှင့်&n|O_w justify;"> အခွန်ဝန်ကြီး ဦးလှထွန်း တို့လည်း ပါဝင်မယ်လို့ ဆိုပါတယ်။
ပြည်တွင်းထုတ်zgO_ wမှာလည်း ၀န်ကြီး ဦးလှထွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ၊ 
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးတင်နိုင်သိန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊
 အားကစားဝန်ကြီးဌာန ဒု ၀န်ကြီး ဦးအေးမြင့်ကြူကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန3xgN_G Kwdiv style="text-align: justify;"> များ အဖြစ် ပြောင်းလဲခန့်အပ် မယ်လို့ ဖော်ပြထားပါတယ်။
ပြန်ကြားရေး   ဝန်ကြီးဌာန နဲ့ ယဉ်ကျေးမှု  ဝန်ကြီးဌာန   နှစ်ဌာန၀န်ကြီး ဦးကျော်ဆန်းကတော့
 ယဉ်ကျေးမှု ၀န်ကြီးဌာနကိုပဲ တာဝန် ယူရမှာဖြစ်ပါတယ်။  ဒီလို ၀န်ကြီး ရာထူး အပြောင်းအလဲ
တွေဟာ  ပြီးခဲ့  တဲ့မေလအတွင်းက သမ္မတ   ဦးသိန်းစိန် ပြောကြား  ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများ 
လုပ်ဆောင်ရာမှာ ရှေးရိုးစွဲ၊ ခေတ်နောက်ပြန် ဆွဲတဲ့ အမြင်  ရှိသူများ  ကို ချန်ထား  ခဲ့မယ်ဆိုတဲ့
 အစီအစဉ်ကို နောက်ဆုံးပိတ် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက
 သုံးသပ်ကြတယ်။
ပထမအဆင့်  အနေနဲ့ ခေါင်းမာဂိုဏ်သား  လို့ သတ်မှတ်ကြသူ  တောင်သာမြို့နယ် ပြည်သူ့
လွှတ်တော်အမတ် ဦးအောင်သောင်း ကို  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု   အဖွဲ့ကနေ 
ဖယ်ရှားပြီး သမ္မတ ဦးသိန်းစိန် ယုံကြည်   ရတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကို   ခန့်အပ်ခဲ့
ပါတယ်။ ယခုအခါ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံး ၀န်ကြီး (၁) အဖြစ် 
တာဝန်ပေးထားပြီး ဦးသိန်းစိန် အားကိုးရတဲ့ စက်မှုဝန်ကြီး ဦးစိုးသိမ်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံ
မှုတွေကို ကိုင်တွယ်ရတဲ့   အမျိုးသား စီမံကိန်းနှင့် စီးပွားရေး   ဖွံ့ဖြိုးတိုးတက်မှု  ၀န်ကြီးအဖြစ် 
 ပြောင်းလဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတရုံး ၀န်ကြီးဌာန (၁)၊ ရထား  ပို့ဆောင်ရေးဝန်ကြီးဌာန၊ 
ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး၊  ပို့ဆောင်ရေး ၀န်ကြီး၊  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း 
ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ၆ ခု ရှိ  ဒုတိယ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့
ပါသေးတယ်။
မကြာသေးမီက ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်  ရဲ့ လုပ်
ဆောင်မှု  တွေ ကို   ထောက်ခံ  ချီးကျူး မှုတွေ ရရှိ  ခဲ့ပါတယ်။ အတိုက်အခံ   ခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲ  ၀ံ့ဝံ့ ခေါ်ယူတွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ 
 တွေ့ဆုံခြင်းတို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း မကြာမီ တွေ့ဆုံဖို့ 
ရှိတယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရာမှာလည်း မျက်နှာကောင်းရရှိခဲ့ပြီး အမေရိကန်အပါအ၀င် အနောက်
နိုင်ငံများက ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ပေးတဲ့အပြင် အမေရိကန်နိုင်ငံက သံအမတ်
ကြီးအဆင့် ပြန်လည်ထားရှိဖို့ သဘောတူခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကလည်း   အကူညီပေး  မှုတွေ
အပြင် ကြွေးမြီတွေကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။
တပ်မတော်အနေနဲ့လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အား
ဖြည့်ဖို့ ရန်ကုန်တိုင်းဒေသကြီး  ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုသမ္မတ  အဖြစ် တင်မြှောက်ရေး 
ကျားကန်ပေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကာကွယ်ရေးဝန်ကြီး   ဒု ဗိုလ်ချုပ်ကြီး လှမင်းကလည်း  စင်ကာပူနိုင်ငံ မှာ ကျင်းပတဲ့   အာရှ
ဒေသ လုံခြုံရေးဆိုင်ရာ   ညီလာခံ  (Shangri-la  Dialogue) မှာ သင့်လျော်တဲ့ ကာလ  တခု
ရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင်ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချသွား မှာဖြစ်ပြီး
 သမ္မတကြီး   ဦးသိန်းစိန် ရဲ့   ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော် အနေနဲ့ 
ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကိုလိုက်နာသွား မည်ဖြစ်ကြောင်း 
 ပြောဆိုသွားခဲ့ပါသေးတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်သားတွေကတော့
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့   နာမည်ကို  သုံးပြီး ဟန့်တား   ဖို့ ကြိုးစားနေတယ်လို့
 နေပြည်တော်သတင်းရပ်ကွက်က ဆိုပါတယ်။ဒါပေမယ်လည်း ဦးသန်းရွှေကတော့ နိုင်ငံရေး
လောကထဲကို ပြန်လာတော့မှာ မဟုတ်ဘဲ လက်ရှိ အခြေအနေ အတိုင်း   အေးချမ်းလုံခြုံစွာ
 နေထိုင်တော့မယ်လို့ ပြောဆိုကြပါတယ်။
သတင်းရင်းမြစ်း  ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>
ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး
စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့်နား
လည် မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍
 ရှေ့ဆက်ရေး အလားအလာမှ မရေမရာဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို
 ပြောသည်။
“အခု အချိန်ထိ ကျနော်တို့ ၃၅ ယောက်လုံး ကယ်ဆယ်ရေး စခန်းမှာပဲ ရှိနေသေးတယ်။ ပွဲစား
 ဒေါ်မေကျော့ရှင်း ကတော့ ကုမ္ပဏီ ပြန်ဝင်ဖို့ ကျနော်တို့ကို တောင်းဆိုနေတယ်။ ကျနော်တို့နဲ့ 
စာချုပ်ချုပ်ထားတဲ့ KOSIT Business Group က အလုပ်သမားခေါင်း ကလည်း လာခေါ်တယ်။ 
ကျနော်တို့ မယုံလို့ မလိုက်ရဲသေးဘူး” ဟု အလုပ်သမား တဦး ဖြစ်သည့် ကိုညွှန့်မြိုင် က
 ပြောသည်။
အလုပ်သမားများ ဘက်မှ ကိုယ်စားလှယ်  လေးဦးခန့်ကို   Grass  Roots  Human Rights 
Education & Development (GRHRED) ၏ အစီအစဉ်ဖြင့် စာချုပ် ချုပ်ထားသည့် KOSIT 
Business Group ကုမ္ပဏီသို့ သွားရောက် လေ့လာရန် ရှိပြီး  လုပ်နိုင်/  မလုပ်နိုင် ပြန်လည် 
သုံးသပ်ကာ အဆင်မပြေပါက မြဝတီသို့ ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် ဇူလိုင်လ ၂ဝ ရက်နေ့မှ မြဝတီမြို့မှ ထွက်ခွာခဲ့ပြီး  ဖူးကက်ရှိ
 ဆောက်လုပ်ရေး ကုမ္ပဏီသို့ အသွား၌ ပွဲစားနှင့် အချေအတင် ဖြစ်ကာ ယခုထက်ထိ ကယ်
ဆယ်ရေး စခန်း၌ သောင်တင်နေဆဲ ဖြစ်သည်။
လုပ်စဉ်အရ ထိုင်းနိုင်ငံရှိ လုပ်သား လိုအပ်လျက် ရှိသည့် ကုမ္ပဏီများမှ လိုအပ်သည့် လုပ်သား 
ပမာဏ၊ အလုပ်ကုမ္ပဏီ တည်ရှိရာနေရာ စသည့် အထောက်အထား စာရွက်   စာတမ်းများဖြင့်
 မြန်မာအလုပ်သမားဝန်ကြီးဌာနသို့  အေးဂျင့်  များမှ တဆင့်    ပေးပို့ရပြီး အစစ် အဆေး  ခံရ
ကာ ဝန်ကြီးဌာန  မှ အတည်ပြုပါမှ လုပ်သားခေါ်ဆိုမှု Demand အား ခွင့်ပြုပေးခြင်းဖြစ်သည်။
“ကျနော့် သဘောထား တခုတည်းနဲ့ လွှတ်လို့ မရဘူးခင်ဗျ။ စာအုပ်ထုတ်ပြီး ထွက်ခွာခွင့် အမိန့်
ကိုလည်း နေပြည်တော် ကို တောင်းရတယ်။ နေပြည်တော်က ခွင့်ပြုမိန့် ရပြီးမှ ဒီအလုပ်သမား
တွေကို ထိုင်းဘက်ခြမ်းက ကိုယ်စားလှယ်၊ မြန်မာ ဘက်ခြမ်းက ကိုယ်စားလှယ်၊ သက်ဆိုင်ရာ 
လူကြီးတွေ ရှေ့မှာ စည်းမျဉ်း  စည်းကမ်းတွေ ပြောပြ၊ အဲလို ထွက်ခွာ  ပွဲ အခမ်းအနား  လိုမျိုး
 လုပ်ပေးပြီးမှ လွှတ် လို့ရတာပါ။ အဲဒီမှာ KOSIT ကုမ္ပဏီနဲ့ ဒေါ်မေကျော့ရှင်းတို့နဲ့ ဘယ်လိုဖြစ်
လဲတော့ မသိဘူး။ နောက်ပိုင်း မပြေလည်ဘူးလို့ ကြားရတယ်” ဟု အေးဂျင့် ဦးအောင်နိုင်စိုး က
 ပြောသည်။
ထိုသို့ မူလက သဘောတူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီသို့ မဝင်ရောက် နိုင်ခဲ့လျှင် အလုပ်
သမားများ ကိုင်ဆောင်ထားသည့် နိုင်ငံကူး လက်မှတ်များမှာ တရားမဝင် (black list) ဖြစ်သွားဖွယ်
 ရှိနေသည်။အလုပ်သမားများ အလုပ်  အဆင်မပြေ၍ မြဝတီသို့ ပြန်လာခဲ့   လျှင်လည်း နေစရိတ် 
  စားစရိတ်များ လျော်ပေးမည်ဖြစ်ကြောင်း ဦးအောင်နိုင်စိုး က သဘောထား ပြုထားသည်။
ပွဲစား ဒေါ်မေကျော့ရှင်းကမူ “kosit ကုမ္ပဏီက အလုပ်သမားလေးတွေအတွက် ပိုက်ဆံ ကြိုမ
ထုတ် ပေးနိုင်ဘူး။ သူတို့ မှာ အလုပ်သမားတွေ ပိုနေလို့ပေါ့။ အခြား လက်ခံတဲ့ ကုမ္ပဏီရှိရင်
 လွှဲပေးလိုက်ပါဆိုပြီး အင်္ဂလိပ်လို ရေးထားတဲ့ စာကိုပေးလာတယ်။ အဲဒီတော့ တခြားလိုချင်တဲ့ 
ကုမ္ပဏီ တခုကို ကျမ ချိတ်ပေးတယ်။ အလုပ်သမားတွေကိုလည်း ဒါက KOSIT   နဲ့   Branch 
(လက်ခွဲ) တွေပဲနော်။ Head office (ရုံးချုပ်)က မအားဘူး ဘာညာ ကျမ ပြောတယ်။ KOSIT 
ကို သွားမှာ မဟုတ်ဘူး၊ တခြားကို သွားမယ်လို့ အဲလို ကျမ ပြောလိုက်မိတယ်။ အဲဒီမှာ ကလေး
တွေက သူတို့ကို ရောင်းစား မှာ ဘာညာဆိုပြီး ထပေါက်ကွဲလာတာ” ဟု ပြန်လည် ရှင်းပြသည်။
အဆိုပါ စာအား kosit ကုမ္ပဏီမှ အတွင်းရေးမှူးနှင့် တာဝန်ခံ မစ္စတာအာနန်၏သမီးတို့ကိုယ်တိုင် 
လက်မှတ်ထိုးပြီးပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ကုမ္ပဏီမှ အလုပ်သမားများအား လက်မခံလို  ဟု ဆိုခဲ့ပြီးနောက် အလုပ်သမား  အရေး 
 ပြေလည်စေချင်သည့် သဘောထားဖြင့် အခြား မိမိအသိ ထိုင်းထောက်လှမ်းရေး ဗိုလ်မှူးဟောင်း
 တဦး၏ အဆက်ဖြင့် ၎င်းဆွေမျိုးများပိုင်ဆောက်လုပ်ရေး ကုမ္ပဏီ များသို့  လူများခွဲ၍ စေလွှတ်
ရန် လုပ်ဆောင်ခဲ့သည်ဟု ဒေါ်မေကျော့ရှင်း က ပြောသည်။
အလုပ်ရှင် အလုပ်သမား နှစ်ဦး သဘောတူ ချုပ်ဆိုထားသည့် စာချုပ်အရ kosit business
 group ဆောက်လုပ်ရေး ကုမ္ပဏီ၌ အလုပ်သမား ၅ဝ ဦးစလုံး နှစ်နှစ် အလုပ်လုပ်ကိုင်ရန် 
စာချုပ် ချုပ်ဆိုထားကြသည်။
၁၅ ဦး အဖွဲ့၌ လိုက်ပါသွားသည့် အလုပ်သမားများမှာ လုပ်ငန်းခွင်၌    အဆင်မပြေမှုများ ရှိ၍
 မြဝတီမြို့  သို့ ပြန်လိုကြောင်းအေးဂျင့်  ဦးအောင်နိုင်စိုးအား  ဖုန်းဆက် ၍ တိုင်တန်း   ခဲ့ကြ
သည်ဟု ဦးအောင်နိုင်စိုး က ပြောသည်။
ဒေါ်မေကျော့ရှင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အလုပ်သမားများ ကူညီကယ်ဆယ်ရေး ကိုယ်စား
လှယ် အဖွဲ့ဝင်ဖြစ်ပြီး ထိုင်းတက္ကသိုလ်  တခု၌  အင်္ဂလိပ်စာပြ  ဆရာမ တဦးလည်း ဖြစ်သည်။
အလုပ်သမားများအား လာရောက် ခေါ်ဆိုစဉ် ထိုင်းဘက်ခြမ်းမှ KOSIT ကုမ္ပဏီ၏ တရားဝင်
 ခန့်အပ်ထားသည့် ကိုယ်စားလှယ် ဒေါ်မေကျော့ရှင်း ကိုယ်တိုင် လာရောက် ခေါ်ဆိုခြင်း ဖြစ်
သည်ဟုလည်း သိရှိရသည်။
သတင်းရင်းမြစ်း  မဇ္ဈိမ
>>>ဆက်ဖတ်ရန်>>> >>
မြန်မာနိုင်ငံမှ သွင်းကုန်ကန့်သတ်ပိတ်ပင်ထားမှု ဖြေလျော့ရန် အချိန်သတ်မှတ်ချက်မရှိသေးပာု အမေရိကန်အစိုးရ တာဝန်ရှိသူပြော
(23 July 2012 ရက်စွဲပါ Reuters မှ Doug Palmer ရေးသားသော No timetable for easing
 import ban on Myanmar: US official ကိုဘာသာပြန်ဆိုသည်)
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်လုပ်ဆောင်နေသောစီးပွားရေးနှင့် နိုင်ငံရေးပြုပြင်
ပြောင်းလဲရေးများအပေါ်အားတက်မှုရှိကြောင်း၊သို့သော် မြန်မာနိုင်ငံမှပစ္စည်းများတင်သွင်းခြင်းကို
ကာလရှည်ကြာပိတ်ပင်ထားခြင်းကို ဖြေလျော့  မပေးမီ နောက်ထပ်  တိုးတက်မှုများ မြင်တွေ့ရန်
 လိုအပ်ကြောင်း ထိပ်တန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။
မကြာမီက နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံ
ရာတွင် အတူရှိနေခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဌာန တာဝန်ရှိသူ  ပုဂ္ဂိုလ် Robert Hormats   က 
Center for Strategic and International Studies သို့ပြောကြားရာတွင် မြန်မာနို င်ငံ က ပြုပြင်
ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေခြင်းအတွက် အကောင်းမြင်ကြောင်း ပြောကြား
ခဲ့သည်။
“ဝန်ကြီး ပီာလာရီကလင်တန်နဲ့ တွေ့ဆုံရာမှာ ဦးသိန်းစိန်ပာာ ပြောပြတာအလွန်ရှင်းပါတယ်။ သူပာာ 
သူ့နိုင်ငံသားတွေလူနေမှု အဆင့်မြင့်လာမယ့် အရာတွေ  လုပ်လိုတယ်လို့ ဆိုပါတယ်။ ဆွဲဆောင်မှု ရှိ
တယ် လို့ထင်ပါတယ်။ လက်ခံနိုင်ဖွယ်ရှိတယ်လို့လဲ ထင်ပါတယ်”ပာု Hormats ကပြောသည်။
သမ္မတ Obama အစိုးရသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုအချို့ကို ဖြေလျော့ပေး
ခဲ့ပြီး  အမေရိကန်ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပေးရန် ခွ8wO_gv style="text-align: justify;"> ခဲ့သည်။
အမေရိကန်မှ အမတ်များသည် အဆိုပါကိစ္စကို
အစိုးရကကိုင်တွယ်ရန် ယေဘူယျအားဖြင့် ထောက်ခံ
ခဲ့သည်။ ၎င်းတို့သည် လာမည့်ရက်များအတွင်း မြန်မာနိုင်ငံမှ သွင်းကုန်များ  ပိတ်ပင်  ထားမှုအား 
ဆက်လက် သက်တမ်းတိုး ရန်နှင့် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ကိုင်
လိုပါက အရေးယူမှုများ  ရုတ်သိမ်းနိုင်ရေး အိမ်ဖြူတော်  သို့ အာဏာ  အပ်နှင်းနိုင်ရေးတို့အတွက် 
ဆန္ဒမဲပေးကြရန် ရှိသည်။
အခြားအမေရိကန်အရေးယူမှုများတွင် မြန်မာနိုင်ငံမှထွက်ရှိသော
ပတ္တမြား၊ ကျောက်စိမ်းတို့နှင့်ပြုလုပ်
သောရတနာများပိတ်ပင်ခြင်းနှင့်ကမ္ဘာ့ဘဏ်နှင့်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့သော ငွေချေး
သောအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ ငွေချေးခြင်းကို ပိတ်ပင်ထားခြင်းများ ပါဝင်သည်။
Hormatကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးခြင်းကဲ့သို
့သော  နောက်ထပ်လုပ်ဆောင်မှုများရှိလာပါကတုန့်ပြန်မှုအနေဖြင့်အမေရိကန်အစိုးရကအရေးယူမှု
များပိုမိုဖယ်ရှားပေးရန် ပြင်ဆင်ထားကြောင်းဆိုသည်။  သို့သော် အကောင်းဆုံးအခြေအနေများဖြစ်
လာခဲ့လျှင်ပင် သွင်းကုန်ပိတ်ပင်ထားမှုကို မည်မျှလျင်လျင်မြန်မြန် ရုတ်သိမ်းပေးနိုင်မည် ဆိုသည်ကို 
၎င်းက ပြောကြားသွားခြင်းမရှိပေ။
အမေရိကန်သို့မြန်မာ့ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကန3wOϯ]Ggးအား ရုတ်သိမ်းပေးခဲ့ပါက 
အလုပ်လက်မဲ့နှုန်း ၂၅%  ခန့်ရှိပြီး အလုပ်လက်မဲ့နှုန်း ဆိုးဝါးစွာမြင့်တက်နေမှုကို  ကူညီဖြေရှင်းပေး
 နိုင်မည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည်၂၀၀၂ခုနှစ်က မြန်မာနိုင်ငံမှအဝတ်အထည်နှင့် အခြားကုန်ပစ္စည်းများ
 ဒေါ်လာ(၃၅၆.၄)သန်းဖိုး တင်သွင်းခဲ့ရာ၊ သွင်းကုန်ပိတ်ပင်ခြင်းမပြုမီ အပြည့်အဝတင်သွင်းခဲ့သော 
 နောက်ဆုံးနှစ်ဖြစ်ခဲ့သည်။
သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်    
၂၀၀၃ ခုနှစ်တွင် သွင်းကုန်မပိတ်မီ ဒေါ်လာ(၂၇၅.၇)သန်းဖိုး တင်သွင်းခဲ့ပြီး နောက်နှစ်များတွင် 
ပိတ်သွားခဲ့သည်
yangonchronicle
>>>ဆက်ဖတ်ရန်>>> >>
မဲဆွယ်သည့် အချိန်တုန်းက ဘာ/ ညာလုပ်ပေးမည်ဟုပြောဆို ဂတိပေးလေ့ ရှိသော်လည်း မဲရရှိပြီးနောက် မည်သည့် အကျိုးပြုလုပ်ငန်းကိုမျှ ထိထိရောက်ရောက်လုပ်ဆောင်ခြင်းမရှိ
ယနေ့ည ၇ နာရီအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမကြီး  (ယခင် တာမွေ
အ၀ိုင်းအနီး) ပေါ်တွင် မိုးရေများ လျှံနေလျှက်ရှိရာ ဘတ်စ်ကားကြီးများပင်  သွားလာမရဘဲ 
ရပ်ထားကြရသည်။ အချို့ အရဲစွန့် မောင်းခဲ့သော ဆလွန်းကားများမှာ လမ်းလယ်ခေါင်တွင်
 ရေတစ်ဝက်မြုပ်လျှက် ရပ်သွားသည်အထိ ဒုက္ခရောက်လျှက် ရှိနေသည်။
"ကျွန်တော်တို့ က ဘတ်စ်ကားကြီးနဲ့ လာခဲ့တာ။   ရေမြုပ်နေတဲ့ နေရာမှာ   ကားက စက်ရပ်
သွားလို့ ဆင်းပြီးလမ်းလျှောက်လာရတယ်။ ဘယ်မြို့တော်ဝန်ဘဲ အုပ်ချူပ်အုပ်ချူပ် လမ်းတွေ
ကတော့ မိုးရွာရင်ပင်လယ်ပြင် ဖြစ်တော့တာဘဲ။" ဟုခြေလျှင်လမ်းလျှောက်လာသူ တာမွေမြို့
နယ်သား ကိုကျော်မြင့် က ပြောသည်။
မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့်ရန်ကုန် မြို့တော်ကြီးကို   အဆင့်မှီ မြို့တော်
ကြီးဖြစ်စေရမည်ဟု ကြွေးကြော်ခဲ့သော်လည်း ယခု  အချိန်အထိ တိုးတက်မှု အရိပ်အရောင်မျှ
ပင် မြင်တွေ့ရခြင်း မရှိသေးကြောင်း အချို့ပါတီများရှိ လွှတ်တော် အမတ်များ အနေဖြင့်လည်း 
မဲဆွယ်သည့် အချိန်တွင်သာ ဘာလုပ်ပေးမည်  ညာလုပ်ပေးမည်ဟု ပြောဆို ဂတိပေးလေ့ ရှိ
သော်လည်း မဲရရှိပြီးနောက် မည်သည့် အကျိုးပြု   လုပ်ငန်းကိုမျှ ထိထိရောက်ရောက်   လုပ်
ဆောင်ခြင်း မရှိကြောင်း အဆိုပါ တာမွေသားမှ ဆက်လက်ပြောကြားခဲ့သည်။
သတင်းရင်းမြစ်    ဒေါင်းမာန်ဟုန်   
>>>ဆက်ဖတ်ရန်>>> >>
ဇူလိုင်လ(၂၅)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးရဲ့ထူးခြားသောဖော်ပြချက်။
၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးပါ ဓာတ်ပုံရဲ့
ထူးခြားချက် တစ်ခုကို ဒေါင်းမာန်ဟုန်  ဆိုဒ်မှာ ဖော်ပြထားတာပါ။
တိုက်ဆိုင်မှုလား တမင်လားဆိုတာတော့ .......
သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်     
>>>ဆက်ဖတ်ရန်>>> >>
ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော
မဇ္ဈိမသတင်းဌာန ။       ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှု
များသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း 
ထိုက်သင့်သော နိုင်ငံတကာ၏   အာရုံစိုက်မှုကို  မရရှိခဲ့ကြောင်း   Burma Campaign (UK) ၏ 
အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်
သည့် အဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း ဤကြေညာချက်တွင် ရေးသားထားသည်။
Anna-Roberts-BCUK 
 Burma Campaign (UK) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် 
(ဓါတ်ပုံ :: Facebook)
 ရဲ တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး  တပ်ဖွဲ့ဝင်များနှင့် စစ်သားများက   ရိုဟင်ဂျာ အရပ်သား  များကို 
အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်  ညှဉ်းပန်းခြင်းနှင့် အရမ်း  ကာရော သတ်ဖြတ်ခြင်း
များကို ကျူးလွန်ခဲ့ကြောင်းလွန်ခဲ့သော ရက်သတ္တပတ်များ အတွင်း သတင်းများ ရရှိထားသည်
ဟု BC (UK) က ပြောသည်။
ဒုက္ခသည် စခန်းများတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့်ဆေးဝါးကုသပေးမှုများ မရှိ
ကြောင်းလည်း သတင်းများ ရရှိထားသည်ဟု သူတို့က ဆိုသည်။
“အရေအတွက် မသိရသည့် ထောင်ပေါင်း   များစွာသော လူများသည်   ဘင်္ဂလားဒေ့ရှ်နို င်ငံသို့ 
 ထွက်ပြေး ဝင်ရောက်ခဲ့ကြပြီး သူတို့သည်  အကာအကွယ်ပေးမှု  သော်လည်းကောင်း၊    အကူ
အညီ အထောက်အပံ့သော်လည်းကောင်း မရရှိခဲ့ကြဘဲ ထောင်ပေါင်းများစွာသည် ဘင်္ဂလာဒေ့ရှ် 
အာဏာပိုင်များက နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာသေနတ်နှင့်ချိန်၍ ပြန်လည် နှင်ထုတ်ခြင်း
ကို ခံခဲ့ရသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။
ဒေသန္တရ အာဏာပိုင်များသည် ရိုဟင်ဂျာ အများအပြားကို သူတို့၏ ကျေးရွာများ၊ ဈေးဆိုင်များ၊ 
အိမ်များသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ဘဲ ယင်းသည် ဒေသအတွင်း ရိုဟင်ဂျာလူမျိုး `သန့်စင်ရေး´
ရည်ရွယ်ပြုလုပ်သည့် မူဝါဒတရပ် လည်း ဖြစ်ကြောင်း BC (UK) က ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန် က လူမျိုးသန့်စင်ရေး ပြုလုပ်ရာရောက်သည့် မူဝါဒတရပ်ကို တင်ပြခဲ့ပြီး ယင်း
မူဝါဒ     အရ  ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ  ရှင်းလင်း  ဖယ်ရှားပြီး တတိယနို င်ငံသို့ ပို့ဆောင်
ပေးရေး စီစဉ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ သည်။
      “ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန်  စိုးရိမ်ဖွယ်ရာ ကောင်းသည့်
 အခြေအနေတရပ် ဖြစ်ပြီး အခြေအနေမှာ အလွန်လျှင်မြန်စွာပင် ယိုယွင်းလာနေသည်” ဟု BC 
(UK) ၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောသည်။
“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံ
 တကာ၏ တုံ့ပြန်မှု မျိုးကို မရရှိခဲ့ပါ။ အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ဖမ်းဆီးခြင်း
 လုံခြုံစွာ ပြန်ခွင့်ပြုနိုင်ရေးတို့အတွက် လိုအပ်သော အရေးယူဆောင်ရွက်  မှုများကို ပြုလုပ်ရန်လို 
အပ်ပါသည်” ဟု ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပြည်တွင်းတွင် သိရှိကာ အရေး
တယူ ရှိလာရေး အတွက် ဗြိတိန်နိုင်ငံအနေဖြင့်   သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံသို့ လာရောက် 
လည်ပတ်ရန် ဖိတ်ကြားထားချက်အား ပြန်လည် ရုတ်သိမ်းသင့်ကြောင်း ရောဘတ် က ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းကို 
 နိုင်ငံတကာ   အသိုင်း အဝိုင်းက အရေးတယူ  ရှိလာရေး   လှုပ်ရှားဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံ 
အနေဖြင့်    ဦးဆောင် ပါဝင်သင့်ကြောင်း လည်း သူ ကပြောသည်။   သို့သော်   အစိုးရသည် အပြု 
သဘော ဆောင်သည့် သတင်းများအပေါ်တွင်သာ ပိုမိုအာရုံစိုက်နေပုံရပြီး ဝန်ကြီးများ အနေဖြင့်လည်း 
လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ပြောကြားမှုများမှာလည်း ရှားရှားပါးပါးသာ ရှိသည်ဟု 
သူက ဆိုသည်။
“ဤသို့ ပြုလုပ်ခြင်းဖြင့် ရိုဟင်ဂျာများကို ဝိုင်းဝန်းဖမ်းဆီးပြီး တိုင်းပြည်တွင်းမှ နှင်ထုတ်ရေး ဆောင်ရွက်
နေသည့် သမ္မတ ဦးသိန်းစိန်ကို ပိုအားရှိသွားအောင်လုပ်ပေးလိုက်သလို ဖြစ်မည်မှာ သံသယဖြစ်
စရာ မလိုပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်း မရှိပါက အခြေအနေ
သည် ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။
သတင်းရင်းမြစ်    မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>