အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, August 6, 2012

ဂျာနယ် ၂ စောင် ပြန်ထုတ်ခွင့် ရပြီ

သတင်းသမားများ ဤကဲ့သို့ ဆန္ဒထုတ်ဖော်ကြပြီးနောက် ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်
 ပြန်ရခဲ့သည် (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)

ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက စည်းကမ်းချိုးဖောက်သည်ဟု ဆိုကာ ပိတ်ပင်
ထားသော The Voice Weekly နှင့် Envoy သတင်းဂျာနယ်နှစ်စောင်ကို သြဂုတ်လ ၁၅
ရက်နေ့မှ စတင်၍ ပြန်လည် ထုတ်ဝေခွင့်ပြုမည် ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ယနေ့ ပြောဆိုလိုက်သည်။

အဆိုပါ ဂျာနယ် နှစ်စောင်ကို နှစ်ပတ်သာပိတ်ပင်ခြင်း ဖြစ်ကြောင်းနှင့် ပြန်လည်ထုတ်ဝေခွင့်
 ပြုမည်ဖြစ်ကြောင်း    ရန်ကုန်မြို့ ရှိ စာပေစိစစ်ရေး ရုံးတွင်   သတင်း  ဂျာနယ်နှစ်စောင် မှ အယ်ဒီတာအဖွဲ့များ  ကို ခေါ်ယူတွေ့ဆုံ၍   ဦးတင့်ဆွေ က ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း
 Envoy ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

“မွန်းလွဲ ၃ နာရီမှာ အယ်ဒီတာအဖွဲ့တဖွဲ့လုံးကို ခေါ်တွေ့တယ်။ သူတို့ပြောတာကတော့ သူတို့
လည်း မပိတ်ချင်ဘူး၊ အထက်က အဆင့်ဆင့် ညွှန်ကြားချက်ကြောင့် ပိတ်ရတာပါ၊ အခု ပြန်
ဖွင့်ပေးပါတယ်၊ အဲဒါကြောင့် ဒီသြဂုတ်လလယ်မှာ ပြန်ထုတ်လို့ရပါပြီ။ သူတို့နဲ့လည်း ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ပါ ဆိုပြီး ပြောတာပါ” ဟု ဦးတင့်ဆွေနှင့် သွားရောက် တွေ့ဆုံရာတွင် ပါဝင်
ခဲ့သူ Envoy ဂျာနယ် အယ်ဒီတာက ရှင်းပြသည်။

ဦးတင့်ဆွေက The Voice Weekly မှ အယ်ဒီတာများနှင့်လည်း တွေ့ဆုံပြီး ဂျာနယ် ပြန်လည် ထုတ်ဝေခွင့်ပြုကြောင်း ပြောကြားလိမ့်မည်ဟု ၎င်းက ဆိုသည်။

ဂျာနယ်နှစ်စောင် ပြန်လည်ထုတ်ဝေခွင့် ပြုကြောင်း တရားဝင် ညွှန်ကြားချက် ရုံးစာ  များကို
 သြဂုတ်လ ၇ ရက်နေ့တွင် ဂျာနယ်တိုက် များသို့ စာပေစိစစ်ရေးမှ    ပေးပို့မည်ဟု ပြောဆို
ကြောင်းလည်း သိရှိရသည်။The Voice Weekly ၏ facebook   စာမျက်နှာတွင်မူ လာမည့်
သြဂုတ်လ ၁၈  ရက်နေ့မှ စတင်ပြီး   ဂျာနယ်   ပြန်လည်   ထုတ်ဝေတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သတင်းဂျာနယ်နှစ်စောင် အကန့်အသတ်မရှိ ပိတ်ပင်ခံရမှု  အပေါ် သတင်း  လွတ်လပ်ခွင့်
 ကော်မတီ (ယာယီ) က လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီးနောက် ယခု
ကဲ့သို့ စာပေစိစစ်ရေးက ပြန်လည်ခွင့်ပြုခြင်း ဖြစ်သည်။

သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

ပြည်ထောင်စုဝန်ကြီးတွေ မုံရွာမှာ ရန်ဖြစ်


 
 

သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်

သတင်းရင်းမြစ်    ဧရာဝတီ


6-8-12-3
>>>ဆက်ဖတ်ရန်>>> >>

ကချင်နယ်မြေတွင်း စစ်တပ်လှုပ်ရှားမှုရှိဆဲ


ကချင်လွတ်မြောက်ရေးတပ်

ကချင်ပြည်နယ်တွင်း မှာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကြားမှာ မပြီးနိုင်သေးတဲ့ တိုက်ခိုက်
မှု တွေ ကိုရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အတွက် ပိုမိုရှေးရှု ဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့  ရက်ပိုင်းက
 မြန်မာနိုင်ငံ ကို လာရောက်ခဲ့ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး  ကိုယ်စား
လှယ် သောမတ်အိုဟေးကင်တားနား က ထုတ်ဖေါ် ပြောသွားပါတယ်။  သြဂုတ်လ   ၄ ရက်
 နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ ကင်တားနား ရဲ့ ထုတ်ပြန်ချက် ထဲ မှာ ကချင်ကိစ္စ ကို လည်း သူ့အနေ
နဲ့ အလေးထား ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီအချက်ပေါ် ကေအိုင်အို ရဲ့ သဘောထား ကို အဖွဲ့ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်
တဲ့ ဉီးလာနန်း      ကတော့   ကေအိုင်အို   ကိုယ်စားလှယ် အဖွဲ့   အနေ  နဲ့ ရန်ကုန်  မှာရော
 နေပြည်တော် မှာပါ ကိုယ်စားလှယ် အဖွဲ့ မရှိတဲ့ အတွက် ကင်တားနား နဲ့ တွေ့ခွင့် မရသလို 
သူ မြန်မာနိုင်ငံမှာ ရှိချိန် မှာ ရှေ့တန်းစခန်းတွေ ငြိမ်သက်မှု ရှိနေပေမယ့် သူပြန်သွားတာနဲ့ ပြီး
ခဲ့တဲ့ စနေ ည ကစလို့ ရှေ့တန်း က ညွှန်ကြားချက် တွေ ပိုပြီးပြင်းထန်လာပုံ တွေ ဘီဘီစီ ကို
 ပြောပြပါတယ်။

စစ်တပ် ရဲ့ ညွှန်ကြားချက် စာတွေထဲမှာ ကေအိုင်အေ ကို အပြတ်ရှင်းရမယ်၊   ထိပ်တိုက် ရင်
ဆိုင် ရှင်းလင်းရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ  ပါဝင်ကြောင်း  ဘီဘီစီ  ကို ဉီးလာနန်း   က
 ပြောပါတယ်။

နိုင်ငံတော် သမ္မတ ဉီးသိန်းစိန် က တိုင်းရင်းသား ပါတီ   ၁၄   ခု နဲ့     တွေ့ဆုံတဲ့    အခါမှာ
 ကေအိုင်အို နဲ့ ဆောင်ရွက်မှု    အပိုင်းမှာ ယုံကြည်မှု တည်ဆောက်နေ  ပါတယ်၊ အဆက်
အသွယ်လည်း ရှိပါတယ် လို့ ဆိုပေမယ့် ရှေ့တန်း အခြေအနေ နဲ့ ကွာခြားနေပုံ ကို ထောက်
ပြပါတယ်။

ဒါ့အပြင် ရှေ့တန်းက တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ တိုက်ပွဲ ဝင်လိုစိတ် မရှိရင်လည်း တပ်က
 ဖြုတ်ပစ်တာတွေ ရှိနေကြောင်း ဘီဘီစီ ကို ဉီးလာနန်း က ပြောပါတယ်။

သတင်းရင်းမြစ်   BBC     
>>>ဆက်ဖတ်ရန်>>> >>

ကျောက်တော်တွင် နေအိမ် ၁၆၀ကျော် မီးရှို့ခံရ


မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာ ရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ် 
လာနေသည့် နိုင်ငံ၏ အနောက်ဖက် ကျောက်တော်  မြို့နယ်တွင်   သြဂုတ်လ    ၅ရက်နေ့
 မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၆၀ ကျော် မီးရှို့ခံ
ရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိ ရခိုင်တိုင်းရင်းသား များတိုးတက်
ရေးပါတီနှင့် ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  
ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ 
၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ   တံတား အနီးတွင်
 ဘင်္ဂါလီလူမျိုး လေးဦးခန့် က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါး  ခဲ့ခြင်းဖြစ်ကြောင်း၊   ရခိုင်
တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။

“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရ
သွားတယ်။“ ဟု ၄င်းက ဆိုသည်။

ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာ
နှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး 
လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေး
ကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။

အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီ  
လူမျိုးများက၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်  မီးရှို့  ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ 
အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း 
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရ
သိရှိရသည်။

ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံ 
ရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြောင်း၊
 အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် 
 အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အစိုးရအဖွဲ့ 
သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။

ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်း
သား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့်
 နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင် 
မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား
သည်။

သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေ တက္ကသိုလ်ပြန်ဖွင့် ကျောင်းသား ၆၀ သာ တက်ရောက်

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့်
 ပိတ်ထားရသော    စစ် တွေ တက္ကသိုလ်ကို  ယနေ့  သြဂတ်စ်လ   ၆    ရက်နေ့တွင် 
စတင်ဖွင့်လှစ်ရာ ကျောင်းသား ၆၀ တက်ရောက် ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ စစ်တွေ တက္ကသိုလ်ဖွင့်ပါတယ်။ ကျောင်းသူ/သား စုစုပေါင်း   ၆၀   ခန့်ရောက် 
ပါတယ်။ ရောက်တဲ့  သူတွေထဲ မှာ  ကျောင်းသားက     ၅၄   ယောက်၊ ကျောင်းသူ က 
၆ ယောက်ဘဲ ရောက် ပါတယ်” ဟု English မေဂျာ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး
က နိရဉ္စရာသို့ ပြောသည်။

ကျောင်း ပြန်ဖွင့်သော်လည်း ကျောင်းသူကျောင်းသားများ မစုံလင်သည့်အတွက်ကြောင့် 
စာသင်ကြားခြင်း မရှိ ဟု သိရသည်။

ယနေ့ စစ်တွေ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော နေ့တွင် လုံခြုံရေးကို ကျောင်းလမ်း
တလျှောက် အပြည့်ချ ထားသည့်အပြင် အနီးအနားရှိ မူဆလင်ကျေးရွာများမှ မူဆလင်
များကိုလည်း ရွာအပြင် ထွက်ခွင့် မပြုဟုလည်း သူက ပြောသည်။

“ စစ်တွေမြို့ကနေ ကျောင်းသွားတဲ့ လမ်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြည့်ချ
ထားပါ တယ်။ နောက်ပြီး တော့ ကျောင်းအနီးအနားမှာ ရှိတဲ့ ဘုမေရွာက မူဆလင်တွေကို 
ရွာပြင်ကို ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါ  ကြောင့် ဘာအနှောင့်အယှက်မှ မရှိပါဘူး။”

ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းသွားချိန် အကြိုအပို့ ကားများကို နံနက် ၇ 
နာရီမှ ၉ နာရီထိ ပို့ဆောင်ပေးပြီး ကျောင်းလွတ်ချိန် အကြိုအပို့ကားကို နေ့လည် ၁ နာရီ
မှ ညနေ ၄ နာရီထိ ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

သတင်းရင်းမြစ်   နိရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

ယနေ့ (သြဂုတ် ၆ ရက်) လွှတ်တော်မြင်ကွင်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်ကို ယနေ့ သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီ အချိန်တွင် စတင်ကျင်းပ နေပြီဖြစ်သည်။ အစည်းအဝေးလုံခြုံရေးစစ်ဆေးမှုတွင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်း စစ်ဆေးရေး ၀င်ပေါက်မှ ၀င်ရောက် ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော် ဥက္ကဌ နားနေဆောင် မုဒ်ဦးဝင်ပေါက်မှ ၀င်ရောက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတို့ကခွင့်ပြုခဲ့ကြောင်း တွေ့ရသည်။


ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေးမှ စ၍   လွှတ်တော်   ကိုယ်စား  လှယ်တော် 
ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော်  အစည်း အဝေး 
အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် 
များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာ  များတွင် 
 ရေးသားဖော်ပြကြသည့်သတင်းအချို့ကြောင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် 
ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။

သတင်းရင်းမြစ်    Popular Myanmar News



>>>ဆက်ဖတ်ရန်>>> >>

မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီ ကျန်းမာရေး ၀န်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်

ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ ဆရာဝန်များ မယ်တော်ဆေးခန်း
တွင် လာရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များအရ မယ်တော်ဆေးခန်းမှ
လူနာအချို့ကို မြ၀တီရှိဆေးရုံတွင်  လွှဲပြောင်းကုသပေး မည့်  အစီအစဉ်ပါရှိပြီး  မကြာမီ
လုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦး
က”ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့  စားရိတ် ထက်မြန်မာ  ဘက်က
ဆေးရုံကိုပို့ရင်  သုံးပုံတပုံဘဲ  ကုန်ကျမယ်ဖြစ်တယ် ဒီက  အခြေအနေတွေကို ကျန်းမာရေး 
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။ အစိုးရ 
ဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာ 
သည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း 
အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး
များဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့
တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့
ပြန်လည်ထွက်ခွာသွားကြသည်။

သတင်းရင်းမြစ်    Popular Myanmar News
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည်၏အထ္တုပတ္တိအသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ

စာအုပ်ကို ပြုစုသူ Peter Popham က အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။ 
 ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍   ရေးသား
ဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီး မကျန်းမာခြင်းကြောင့်   မြန်မာနိုင်ငံသို့
ရောက်ရှိလာရခြင်းမှ အစပြုကာ  နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ရောက်ရှိလာခြင်း 
အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသား
ထားပါသည်။

တတိယပိုင်းတွင်မူ ပူဆွေးသောကရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများစသည့်
ဖြင့်ရေးသားထားပြီး စတုတ္ထပိုင်းတွင်မူ ၉၉၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ
ပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အစ ရှိသည်တို့ကို
ရေးသားဖော်ပြထားသည်။ နောက်ဆုံး  အပိုင်းတွင်မူ   သူ ၏ေ တွ့ဆုံဆွေးနွေးမှုများ၊ 
သူ၏ရည်မှန်းချက်များ၊ ရွှေဝါရောင်တော်လှန်ရေး ခွပ်ဒေါင်း၏အကျိုးသက်ရောက်မှု
များ စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 ထိုစာအုပ်တွင်ေ ဒ်ါအောင်ဆန်းစုကြည်၏   ရှားပါး   ဓာတ်ပုံပေါင်း ၄၃ ပုံ  ပါရှိသည်။ 
 ယခုစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိသစ်ဟုဆိုကြသည်။   ငြိမ်းချမ်းရေး
 နိုဘယ်ဆုရင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက "လက်ဖျားခါရအောင်ကောင်း
သည်"ဟုမှတ်ချက်ချသည်။ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် 
Rider စာအုပ်တိုက်မှထုတ်ဝေခြင်းဖြစ်သည်။

သတင်းရင်းမြစ်    Popular Myanmar News
>>>ဆက်ဖတ်ရန်>>> >>

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနေဖြင့် အမျိုးသား
လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင် X Ray 
စက်များ တပ်ဆင်ထားသည်ကို သြဂုတ်၆ရက်က တွေ့ရစဉ်။(ဓာတ်ပုံ-သီဟ)

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနေဖြင့်  အမျိုးသားလွှတ်တော်နှင့်
 ပြည်သူ့လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင်  X  Ray   စက်များ   တပ်ဆင်လိုက်ပြီး 
ယနေ့(သြဂုတ် ၆ ရက်)မှစတင်ကာ လွှတ်တော်အဆောက်အအုံများအတွင်း ၀င်ရောက်သူများ 
X Ray ဖြတ်ပြီးမှသာ ၀င်ကြရကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်

လွှတ်တော်အဆောက်အအုံဝင်း အ၀င်ဝတွင်လည်း ယခင်ကပင် X Ray စက်တပ်ဆင်ထားပြီး
ဖြစ်သ်ာလည်း ယခု အတွင်းဂိတ်တွင်ပါ ထပ်မံတပ်ဆင်လိုက်သည့်အတွက် နှစ်ကြိမ်ဖြတ်သန်း
စေသည့်သဘောဖြစ်သည်။ 
 
သတင်းရင်းမြစ်   7 days News           
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်စု အမေရိကန်ခရီး ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်း ပြင်ဆင်

မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ် အတွင်း
 ဒေသခံ မြန်မာ အသိုင်း အ၀ိုင်းတွေနဲ့ တွေ့ဆုံနိုင် ဖို့အတွက် မြန်မာ  အဖွဲ့  အစည်းတွေ စုစည်း ဆွေးနွေး ပြင်ဆင်မှုတွေ လုပ်နေကြပြီ ဖြစ်ကြောင်း    VOA    သတင်း  ဌာနက
တင်ပြထားပါတယ်။

သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်

သတင်းရင်းမြစ်    VOA      

6-8-12-2
>>>ဆက်ဖတ်ရန်>>> >>

ကျောက်တော်မြို့နယ်အတွင်း မီးရှို့မှုတွေဖြစ်


ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်က မီးရှို့ ဖျက်ဆီး တာတွေ ဖြစ်ခဲ့ပါတယ်။
မနေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် အတွင်းမှာ ရှိတဲ့ ဂုပ္ပီထောင့်နဲ့
 အပေါက်ဝ ကျေးရွာတွေမှာ မီးရှို့မှု တွေဖြစ်ပွား ခဲ့ပါတယ်။

ဒီမီးရှို့မှု တွေ နဲ့ ပတ်သက်လို့ ရွာခံ တဉီးက ဘီဘီစီကို ပြောပြရာမှာတော့ မြို့ပေါ်က
 လူတွေက အဲဒီနေရာ တွေကို လိုက်လာ ခဲ့ကြတဲ့ အကြောင်းနဲ့ လုံခြုံရေးတွေက
အဲဒီ လိုက်လာခဲ့ကြ သူတွေကို လူစုခွဲခဲ့ တဲ့အကြောင်း တွေကို ပြောပြသွားပါတယ်။

ကျောက်တော် မြို့နယ်ဟာ ရခိုင် အများစု နေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ကျောက်တော် မြို့နယ်မှာသာ မကဘဲ ကျောက်ဖြူ မြို့ဘက်မှာလည်း မီးရှို့ဖို့ ကြံစည်
သူတွေကို ဖမ်းမိတဲ့ အကြောင်း သတင်းရရှိ ပါတယ်။

သတင်းရင်းမြစ်   BBC     
>>>ဆက်ဖတ်ရန်>>> >>

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ KNU နဲ့ အကြို ဆွေးနွေး

ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေ အတွင်း
 နှစ်ဘက် တပ်မတော် က လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက်လို့
 ဆွေးနွေးကြဖို့ အတွက် မြ၀တီမြို့ မှာ ဒီကနေ့   အကြို  ညှိနှိုင်းခဲ့ကြကြောင်း  VOA သတင်း
ဌာနက တင်ပြထားပါတယ်။

သတင်းရင်းမြစ်    VOA      





6-8-12-1
>>>ဆက်ဖတ်ရန်>>> >>

အခန်းခ ဈေးနှုန်းကြီးမြင့် သဖြင့် မြရိပ်ညို ရွှိုင်ရယ် ဟိုတယ်အား ခရီးသွား ကုမ္ပဏီတစ်ခုမှ တိုင်ကြား

ဟိုတယ် အခန်းခ ဈေးနှုန်းများ  အဆမတန်တိုးမြင့် ကောက်ခံ နေသောကြောင့်
 မြရိပ်ညို ရွိုင်ရယ် ဟိုတယ်အပါအ၀င် ပြည်တွင်း တိုင်းရင်းသားပိုင် ဟိုတယ်များ
အား မျှတသောဈေးနှုန်း သတ်မှတ်ပေးပါရန် ပြည်ထောင်စုဝန်ကြီးထံ ခရီးသွား
ကုမ္ပဏီတစ်ခုက အကြောင်းကြားစာ ပေးပို့ ခဲ့ကြောင်းသိရှိရပါတယ်။

သတင်းရင်းမြစ်    သစ်ထူးလွင်      


>>>ဆက်ဖတ်ရန်>>> >>

သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ ဆန္ဒထုတ်ဖော်

၅.၈.၂၀၁၂ခုနှစ် နေ့လည် ၁၂နာရီက မန္တလေး မီဒီယာသမားများစုပေါင်းပြီး Stop Killing
Press ဆိုသောတီရှပ်များ နှင့် မြို့တွင်းသို့ လှည့်လည်ခဲ့ကြပါတယ်။

 မန်းသတင်းထောက်များ သဘောထား





သတင်းရင်းမြစ်    DVB



>>>ဆက်ဖတ်ရန်>>> >>

ကလေးစစ်သား အသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နဲ့ ကရင်နီ အဖွဲ့ လက်မှတ်ရေးထိုး

အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ 
သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး
ပါတီ (KNPP) တို့က သြဂုတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် 
သဘောတူ လက်မှတ် ရေးထိုးလိုက်တယ်လို့ သိရပါတယ်။ 
 
 
 
ကလေးသူငယ်များ စစ်မှု မထမ်းခိုင်းရေးအတွက် Deep of Commitment စာချုပ်ကို 
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး( ၁ )  ခူးဦးရယ်၊ အမြဲတမ်း ဗဟို
ကော်တီဝင် ဦးရီမာန်ထူး တို့နဲ့အတူ မွန်ပြည်သစ်ပါတီ (NMSP) က ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်မှူးချုပ် လဝီကောင်းတို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ ဒီသဘောတူ စာချုပ်
ပါ အချက် (၆) ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က 
အခုလိုပြောပါတယ်။

“စစ်ပွဲတွေအတွင်းမှာ ကလေးတွေကို အသုံးမပြုမိစေမိဖို့၊ စစ်ဇုန်အတွင်းမှာ ကလေးတွေ 
ပါဝင် ပတ်သက်ခြင်း မရှိအောင် လုပ်ဖို့၊ တကယ်လို့ စစ်ပွဲတွေအတွင်းမှာ ကလေးစစ်သား
တွေ ပါလာခဲ့ရင်လည်း သတ်ဖြတ်တာတွေ  ညှဉ်းပန်း နှိပ်စက်တာတွေ  မလုပ်ဖို့၊ ကလေး
တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး အတွက် ကူညီ စောင့်ရှောက်ပေးမယ့် 
အသင်းအဖွဲ့တွေ ကို ကျနော်တို့က ပြန်လည်  ဆက်သွယ် မှုတွေ လုပ်ပေးဖို့၊  ကလေးတွေ 
အများဆုံးရှိတဲ့ နေရာတွေကို စစ်ဇုန်တွေ အဖြစ်နဲ့ အသုံးမချဖို့ ကျောင်းတွေ ဘာတွေပေါ့
ဗျာ၊ နောက်ဆုံး တချက်ကတော့   ကျနော်တို့  အဲဒီ   Geneva   call နဲ့   အခု Deep  of 
Commitment ကို လက်မှတ်ထိုးပြီးတဲ့ေ နာက်ပိုင်းမှာ  သူတို့က  ဒီ အချက်အလက်တွေ 
အပေါ်ကို ကျနော်တို့  အဖွဲ့အစည်းက လိုက်နာမှု ရှိမရှိ လာရောက် စုံစမ်းတဲ့အခါမှာ ကျနော်
တို့က ပူးပေါင်းဆောင်ရွက်ဖို့”

ဒီလိုသဘောတူ လက်မှတ်ထိုးတဲ့ အဆင့်မရောက်မီ ၂၀၁၁ ခုနှစ်ကတည်းက Geneva Call 
ကနေ သူတို့ တပ်မှူးတွေကို  လာရောက်ပြီး ကလေး   အခွင့် အရေးဆိုင်ရာ သင်တန်းတွေ 
ပေးခဲ့ပြီး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းခဲ့ပြီး အခုလို လက်မှတ်ထိုးတဲ့အဆင့် ဖြစ်လာ တယ်လို့ 
သူက ပြောပါတယ်။မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာကတော့ အရင်  ကာလတွေ
ကတည်းက Geneva Call က ကိုယ်စားလှယ်တွေ မွန်ပြည်သစ်ပါတီကို ခဏခဏ ရောက်ရှိ
ပြီး  မြေမြုပ်မိုင်း ကိစ္စနဲ့ ဆွေးနွေးခဲ့တာတွေ ရှိကြောင်း၊ အဲဒီနောက်ပိုင်း အမျိုးသမီးနဲ့ ကလေး
သူငယ်တွေ စစ်ပွဲအတွင်း အန္တရာယ် မကျရောက်ရေး ဆွေးနွေးလာတဲ့ အခါမှာ နဂို ကတည်း
ကိုက ကလေးစစ်သား အသုံးပြုခဲ့တာ မရှိတဲ့အတွက် လိုလိုလားလား သဘောတူ  ခဲ့တာလို့
 ပြောပါတယ်၊ အဲဒီနောက် ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ သဘောထားကိုလည်း သူက
 အခုလိုပြောပါတယ်။ 

“ကျနော်တို့ တနိုင်ငံလုံးမှာ ကလေးစစ်သားတွေကိုပေါ့နော်။ မသုံးရင်တော့ ကောင်းတာ
ပေါ့ဗျာ။ ကလေးတွေက အဓိကအားဖြင့် ကျောင်းနေတဲ့ အရွယ်တွေလေ။ သူတို့ကို ကျနော်
တို့ကတော့ ပညာအရည်အချင်းတွေ များများ မြှင့်တင်ပြီးတော့မှ တချိန်မှာတော့ ကျနော်
တို့နိုင်ငံ တိုးတက်ဖို့ ကောင်းမွန်လာဖို့ အဓိက သယံဇာတ သဘောမျိုးလိုဖြစ်တော့ ကလေး
တွေကို အကျိုးရှိအောင် အကောင်းဆုံး အသုံးချနိုင်ဖို့ အတွက် လိုတယ်လေ။ သူတို့က တစ်
ဘက်က အသိညာဏ်ရော စွမ်းအားရော မရှိခင်မှာ ကျနော်တို့က စစ်ထဲမှာ မသုံးရင်ကောင်း
မယ်။ ဒါကတော့ ကျနော်တို့ သက်ဆိုင်ရာအဖွဲ့ အားလုံးကိုပေါ့နော်။ ကျနော်ကတော့ အဲဒီလို
 ပြောချင်တယ်ဗျ။”

KNPP အနေနဲ့ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့  အစောပိုင်း   အစီရင်ခံစာတွေမှာ 
စွပ်စွဲခံထား ရတာတွေ ရှိခဲ့ကြောင်း၊ ဒါကြောင့် ၂၀၀၅ ခုနှစ် KNPP    ရဲ့ ဖွဲစည်း အုပ်ချုပ်ပုံမှာ
 အသက် (၁၈) နှစ်အောက် ကလေးတွေကို စစ်သားအဖြစ် ခေါ်ယူအသုံးမပြုရဘူးလို့ အတိ
အလင်း ပြဋ္ဌာန်းထားခဲ့တယ်လို့လည်း  ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
အခုလို Geneva Call နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးတယ် ဆိုတာ သူတို့အဖွဲ့အစည်း
တွေ အနေနဲ့ ကလေး အခွင့်အရေးတွေ လေးစားလိုက်နာကြောင်း ပြသချင်လို့ လက်မှတ် ထိုး
တာ ပါလို့လည်း ဦးအောင်ဆန်းမြင့်က ပြောဆိုပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>

ဦးကျော်သူရဲ့ ပုံတူ ရေးဆွဲထုလုပ်တဲ့ အခမ်းအနားကျင်းပ

နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို ဂုဏ်ပြုတဲ့အနေနဲ့
 မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်) က  ပန်းချီ၊ 
ပန်းပုပညာရှင် (၄၀) က ဦးကျော်သူရဲ့  ပုံတူရေးဆွဲ ထုလုပ်တဲ့ အခမ်းအနား  တစ်ရပ်ကို 
မနေ့က ကျင်းပခဲ့ပါတယ်။ 



ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက နာရေးကူညီရေး အသင်းရုံးချုပ်မှာ မနေ့ မနက် (၉)
 နာရီ ကနေ ညနေ (၅) နာရီအထိ ကျင်းပခဲ့တာပါ။ အခုလို အနုပညာသည်တွေ လာရောက်
ပြီး အနုပညာနဲ့ ဂုဏ်ပြုတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးကျော်သူက 
RFA ကို ပြောပါတယ်။

အနုပညာရှင်တွေ ရေးဆွဲထုလုပ်ခဲ့တဲ့ ဦးကျော်သူရဲ့ ပုံတူ လက်ရာအများစုကို နာရေးကူညီမှု
အသင်း ရုံးခန်းမှာ ချိတ်ဆွဲ ပြသထားမှာဖြစ်ပြီး တချို့ကိုတော့ တခြားရန်ကုန်မြို့က အနုပညာ
ပြခန်းနဲ့ ပြပွဲတွေမှာ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာရှင်တွေဟာ   လူမှုရေး  ပရဟိတ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေ
တဲ့ ဦးကျော်သူရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို ထင်ဟပ်ပြီး ပုံဖော် ရေးဆွဲကြတာလို့ ပန်းချီဆရာ
တစ်ဦးက RFA ကို ပြောပါတယ်။

နာရေးကူညီမှုအသင်း အနေနဲ့ မျက်စိ ဝေဒနာရှင်တွေကို ဆေးဝါး   အခမဲ့  ခွဲစိတ်  ကုသရေး
 လုပ်ငန်းအပြင် အရေးပေါ် ကယ်ဆယ်ရေး   လုပ်ငန်းကိုပါ တိုးချဲ့  လုပ်ကိုင်သွားဖို့  စီစဉ်နေ
တယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန်  နက်နဲ  သိမ်မွေ့ 
တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသား
တွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ အဂတိ 
လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် 
 ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။ 

88 Generation Student Group
၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" 
ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ   ရုံးချုပ်မှာ  ၂၀၁၂   ခုနှစ်
 သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။
 
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ 
ဒီကနေ့ ညနေပိုင်းက ပြုလုပ်တဲ့ (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ ရခိုင်ပြည်နယ်ခရီး
စဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလိုပြောကြားခဲ့တာ
 ဖြစ်ပါတယ်။

"ဒီကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ ကျနော်တို့ နိုင်ငံရဲ့
 သမိုင်းကြောင်းနဲ့ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော် 
ဝင်ရောက်နေမှုတွေ၊ အဲဒီမှာလည်း မတရားသဖြင့်  ဒီက  အကျင့်ပျက်တဲ့  ၀န်ထမ်းတွေ
ကြောင့် တချိန်တုန်းက ၀င်ရောက်လာတဲ့သူ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်လာသူတွေ
 ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား   အကျိုး  စီးပွားအတွက်  နိုင်ငံသားတွေရဲ့ 
အခွင့်အရေးတွေ နဲ့ တိုင်းရင်းသား ဆိုလည်း  တိုင်းရင်းသားတွေ  နဲ့   အခွင့်အရေးတွေ 
အားလုံး ခြုံပြီး ကြည့်ရပါမယ်။ "

ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့   လွတ်လပ်တဲ့ စုံစမ်း
 စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အခြေအနေ မှန်တွေ ဖေါ်ထုတ်ဖို့ မြန်မာနိုင်ငံ   ဆိုင်ရာ 
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ တိုက်တွန်း
ချက် အပေါ် ၈၈   မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့  သဘောထား  နဲ့ ပတ်သက်လို့ 
ကိုယ်တိုင် သွားရောက် စုံစမ်း လေ့လာခဲ့တဲ့ မမီးမီးက အခုလို ပြောပါတယ်။

"လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်မယ့်သူတွေဟာ တကယ်ကို လွတ်
လွတ်လပ်လပ် စုံစမ်းခွင့် ရသလား၊  မရသလား  ဆိုတဲ့ အပေါ်မှာလည်း  မူတည်  သလို
 အာဏာပိုင်ကလည်း  လွတ်လွတ် လပ်လပ် စုံစမ်းခွင့်ကို ခွင့်ပြုရမှာ  ဖြစ်သလို  ဒေသခံ
 တိုင်းရင်းသား ပြည်သူတွေကလည်း ကိုယ့်ရဲ့ ဒေသ အကျိုးစီးပွားအတွက်  ဒီကော်မရှင်
နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

(၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ မကြာသေးခင်က ရခိုင်ပြည်နယ်ကို (၃) ကြိမ် 
သွားရောက်ခဲ့ပြီး၊ ကျပ်သိန်း  (၃၅၀) ဖိုး  ခန့်ရှိတဲ့ အကူအညီတွေ ကို ဒုက္ခသည်တွေထံ
 ပေးအပ်ခဲ့ပါတယ်။ ဒီ  ခရီးစဉ်တွေနဲ့   ပတ်သက်တဲ့ အတွေ့အကြုံတွေကို ကိုမင်းကိုနိုင်၊ 
ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီးမီးတို့က သတင်း မီဒီယာတွေကို ရှင်းလင်း
ပြောကြား ခဲ့ကြပါတယ်။
 
သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား

ကမ္ဘာမှာ    မူဆလင် ဘာသာဝင် အများဆုံးရှိရာ   နိုင်ငံဖြစ်တဲ့   အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ
 ဆူဆီလို ယူဒိုယူနိုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့   ပတ်သက်လို့  မြန်မာနိုင်ငံ 
အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယူဒိုယူနို(Susilo Bambang Yudhoyono) ကို ၂၀၁၂ 
ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က သြစတြေလျနိုင်ငံ ဒါဝင်မြို့တွင် သြစတြေလျ နိုင်ငံ ၀န်ကြီးချုပ်
 နဲ့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။

အနောက်ဂျားဗားရှိ သူ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနိုက 
သူ့ အနေနဲ့  မြန်မာနိုင်ငံ   ရခိုင်ပြည်နယ်က  အခြေအနေကို တတ်နိုင်သမျှ   မှန်မှန်  ကန်ကန် 
 ပြည့်ပြည့်စုံစုံနဲ့ ဘက်မလိုက်ဘဲ ကြိုးစား  ရှင်းပြနေတာ  ဖြစ်ကြောင်းလည်း   သတင်းထောက်
တွေကို ပြောပါတယ်၊

ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြား ဖြစ်ပွား
တဲ့ ပဋိပက္ခသာဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့  ရိုဟင်ဂျာတွေက မူဆလင်ဖြစ်ပြီး  ရခိုင်တွေက 
ဗုဒ္ဓဘာသာ ဖြစ်နေတာသာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတ ကပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက် လေးဆက်လောက် နေ
ထိုင်လာတဲ့ သူတို့ကို မြန်မာအစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူးလို့
လည်း ပြောပါတယ်။

ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလာကြောင်း၊ စာရင်းအရ
 ရခိုင်   ဒုက္ခသည်  ၂၄၀၀၀    ရှိနေကြောင်း၊ ဝေဖန်   သူတွေက မြန်မာ   အစိုးရဟာ ရခိုင်တွေ 
ကို ဦးစားပေး နေတယ်လို့ ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂရဲ့ အကူ
အညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း
 ပြောဆိုပါတယ်၊


မြန်မာနိုင်ငံက ပြဿနာ ဖြရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်း
က တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ မျှော်လင့်
မှုတွေနဲ့ ပတ်သက်လို့  စာပေးပို့မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>