အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, July 7, 2012

သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးထဲက ကျင်းပခဲ့တဲ့ 7 July အခမ်းအနား(ဓာတ်ပုံ)

ည်းသည်းမည်းမည်း ရွာနေတဲ့ မိုးထဲက ကျင်းပခဲ့တဲ့ 7 July အခမ်းအနား(ဓာတ်ပုံ)
0 Comments - 07 Jul 2012
ဇူလိုင်(၇)အခမ်းအနားတွင်မိန့်ခွန်းပြောကြားနေသော ဗကသ ကျောင်းသားခေါင်းဆောင်ကိုကျော်ကိုကို။-Messenger journalဇူလိုင်(၇)အခမ်းအနားသို့တက်ရောက်လာသောသတင်းစာဆရာကြီးအဘဦးဝင်းတင်မိုးသဲသဲကြားမှာ 7th July ကိုကျင်းပနေကြတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်နေတဲ့ ဒီလူတွေရဲ့ စိတ်ဓါတ်ကို ဖမ်းဆီးမှုနဲ့ တားဆီးလို့ မရပါဘူး။ ရာသီဥတုက တားဆီးလို့မရပါဘူး။ နေရာထိုင်ခင်း အဆင်မပြေမှုကလည်း တားဆီးလို့မရပါဘူး။ အတိတ်က သင်ခန်းစာယူဖို့ ကျင်းပနေတဲ့ ဒီအချိန်မှာ အတိတ်က သင်ခန်းစာမျိုး...

More Link
ဇူလိုင်(၇)အခမ်းအနားတွင်မိန့်ခွန်းပြောကြားနေသော ဗကသ ကျောင်းသားခေါင်းဆောင်ကိုကျော်ကိုကို။-Messenger journal
ဇူလိုင်(၇)အခမ်းအနားသို့တက်ရောက်လာသောသတင်းစာဆရာကြီးအဘဦးဝင်းတင်
မိုးသဲသဲကြားမှာ 7th July ကိုကျင်းပနေကြတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်နေတဲ့ ဒီလူတွေရဲ့ စိတ်ဓါတ်ကို ဖမ်းဆီးမှုနဲ့ တားဆီးလို့ မရပါဘူး။ ရာသီဥတုက တားဆီးလို့မရပါဘူး။ နေရာထိုင်ခင်း အဆင်မပြေမှုကလည်း တားဆီးလို့မရပါဘူး။ အတိတ်က သင်ခန်းစာယူဖို့ ကျင်းပနေတဲ့ ဒီအချိန်မှာ အတိတ်က သင်ခန်းစာမျိုး နောက်တခါ ထပ်ယူစရာမလိုအောင် ဖမ်းဆီးထားတဲ့ သူများကို လွှတ်ပေးပါ သမ္မတကြီး
ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသော ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဒီငြိမ်းလင်း၏ ဖခင်သည် ယနေ့ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ကျင်းပသော 7 July အခမ်းအနားသို့ တက်ရောက်လာခဲ့သည်။



၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက် (ယနေ့) နံနက် ၉း၀၀ နာရီ ၊ 7 July အခမ်းအနား ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသားများရုံးရှေ့မှ မြင်ကွင်း တချို့
Ant Bwe Kyaw facebook

သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်    
>>>ဆက်ဖတ်ရန်>>> >>

သျှမ်းပြည် (မြောက်ပိုင်း) ရဲစခန်းတခု အား KIA ဝင်စီး

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရေပူရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခန့် က KIA တပ်ဖွဲ့မှ စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
KIA တပ်ဖွဲ့မှ အဆိုပါရဲစခန်းအား သိမ်းပိုက်ရန် ဝိုင်းရံစဉ် စခန်းအတွင်းရှိ ရဲတပ်သားများ တရုတ်နယ်စပ် ဘက် ထွက်ပြေး တိမ်းရှောင် သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရေပူရွာ ရဲစခန်းပေါ့ KIA က ရဲစခန်းကို သိမ်းဖို့လာဝိုင်းတော့ ရဲတွေအားလုံး တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတယ်၊ ပစ်ခတ်မှု တော့မဖြစ်ဘူး၊ ဒီအတိုင်းတက်သိမ်းသွားတာ ” ဟု ဒေသခံက ဆိုသည်။

အဆိုပါရဲစခန်းအတွင်း ရဲတပ်သား ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရပြီး ယမန်နေ့ ညနေပိုင်းကလည်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အလွန် နမ့်အွန်ရွာအနီးတွင် အစိုးရစစ်ယာဉ်တန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အစိုးရ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေတွင် ရခိုင်အမျိုးသမီး အလောင်းနှင့် လူမပါသော သရက်သီး အပြည့်ဖြင့် သမ္ဗာန်နှစ်စီး ဆယ်ယူရရှိ

စစ်တွေမြို့ ကျေးတော ရွာမ ပိုက်ဆိပ်တွင် ရခိုင် အမျိုးသမီး အလောင်းတစ်လောင်းနှင့် လူမပါသော သရက်သီး သမ္ဗာန် နှစ်စီးကို ဆယ်ယူ ရရှိခဲ့သည်ဟု သတင်း ရရှိသည်။
“ သီးခြားစီ ရရှိတာပါ ခင်ဗျား။ အမျိုးသမီး အလောင်းကို ရေထဲက သက်သက် ဆယ်ယူ ရရှိခဲ့တာ ဖြစ် ပါတယ်။ သရက်သီး အပြည့်နဲ့ သမ္ဗာန် နှစ်စီးကိုလည်း ကမ်းကပ်လာတဲ့ အတွက် သီးခြားစီ ရရှိခဲ့တာ ဖြစ်ပါ တယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စစ်တွေရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးမှာ မည်သူ မည်ဝါ ဖြစ်သည်ကို ယခု အချိန်ထိ မသိရှိရသေးကြောင်း သူက ဆက်ပြော သည်။သရက်သီး သသမ္ဗာန်နှစ်စီးတွင်လည်း သရက်သီး အပြည့်ပါရှိပြီး လူများ မပါရှိကြောင်း သူက ဆိုသည်။
“ အခုက စုံစမ်းတုန်းဘဲ ရှိသေးတယ်။ ဘယ်လို ဖြစ်ပြီး အလောင်းရော သသမ္ဗာန်တွေရော ဒီနေရာမှာ ကမ်းလာပါးသလဲဆိုတာ စုံစမ်းတုန်းဘဲ ရှိပါသေးတယ်” ဟုသူက ဆက်ပြောသည်။ စစ်တွေ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ကျေးတော ပိုက်ဆိပ်မှာ သူတို့စခန်း အပိုင် မဟုတ် သဖြင့် မပြောကြားနိုင်ကြောင်း
 ပြောကြားပြီး ဖုံးချ သွားခဲ့သည်။
၎င်းပြင် ပေါက်တောမှ စစ်တွေသို့ ထွက်ခွာလာသော စက်လှေ တစ်စီးကိုလည်း မသမာသူ ဆူပူ အကြမ်းဖက်သမားများက မြစ်မှ ဖြတ်၍ တိုက်ခိုက်ခဲ့သည် ဆိုသော် သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော်လည် လောလောဆယ်တွင် အတည်မပြုနိုင်သေးကြောင်း  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးမှ ပြောကြားသည်။

 သတင်းရင်းမြစ်   နိရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

ဇူုလိုင် ၇ ရက် အခမ်းအနား ပိတ်ပင်မှု မင်းကိုနိုင်ဝေဖန်

နှစ် (၅၀) ပြည့် ဇူလိုင် (၇) အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို နေရာ အသီးသီးမှာ ပိတ်ပင် ခံထားရပေမယ့် ရန်ကုန်မြို့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အဲဒီရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသား ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြား ပါတယ်။
Photo:88 Generation Student Face book
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ယာ)နှင့် ကိုကိုကြီး (ဝဲ)တို့ဖြစ်ပါသည်။

နှစ် ၅၀ ပြည့် ဆဲဗင်း ဇူလိုင် အခမ်းအနားတွေကို တော်ဝင်နှင်းဆီ စားသောက်ဆိုင်အပါအ၀င် ရန်ကုန်မြို့ က နေရာတချို့မှာ ကျင်းပဖို့ ကျောင်းသားခေါင်းဆောင်တွေက စီစဉ်ခဲ့တာရှိပေမယ့် ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ကျင်းပခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် မန္တလေး နည်းပညာကောလိပ်၊ မန္တလေး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာ ကောလိပ် စတဲ့ နယ်မြို့တွေမှာလည်း ဆဲဗင်းဇူလိုင် အခမ်းအနားတွေ ကျင်းပခွင့် ပိတ်ပင်ထား ပါတယ်။
အာဏာပိုင်တွေရဲ့ အခုလို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေကို လမ်းပေါ် မထွက် ထွက်အောင် တွန်းပို့နေသလို ဖြစ်ပေမယ့် မိမိတို့ ကျောင်းသား ခေါင်းဆောင်တွေအနေ နဲ့ နိုင်ငံနောက်
ကြောင်းပြန် လှည့်မယ့် လမ်းကြောင်းကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။
"အမှန်တကယ်က ဒီမိုကရေစီကို တကယ်ယုံကြည်လို့ သွားတယ်ဆိုရင် ဒီမိုကရေစီ အလေ့ အထ ဖြစ်တဲ့ အဲဒီအခမ်းအနားတွေ ကျင်းပတာကို ခွင့်ကို ခွင့်ပြုရမယ်။ အဲဒီအခမ်းအနားတွေက ကိုယ်နဲ့ သဘောချင်းတူချင်မှတူမယ်။ မတူရင်လည်း မတူဘူး။ ဒါက အရေးမကြီးဘူး။ ဒီမိုကရေစီဆို တာ ပြိုင်ဖက် ကို ရှင်သန်ခွင့်ပေးရတာ။ အခုက လမ်းပေါ်ထွက်မဲ့ ကိစ္စလည်း မဟုတ်ဘူး။ အမိုးအကာအောက် မှာ အေးအေးချမ်းချမ်း လုပ်မဲ့ကိစ္စကို လုပ်လို့မရအောင် မူလက ရည်ရွယ်ထား တဲ့ နေရာမှာပေါ့၊ ပိတ်လိုက်တယ်၊ တားလိုက်တယ် ဆိုတာဟာ လမ်းပေါ်ကိုတွန်းပို့သလို ဖြစ်နေတယ်"

 သတင်းရင်းမြစ်    RFA             
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြန်ခေါ်ဖို့ သမ္မတကို တိုက်တွန်း

ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လက်ရှိအစိုးရ အနေနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကိုလည်း ဆွေးနွေးသင့်တဲ့ အကြောင်းနဲ့၊ လွပ်လပ်ရေး ကြိုးပမ်းမှုမှာ ပါခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကို ပြည်တွင်းကို ပြန်လည် ဖိတ်ခေါ်သင့်တဲ့အကြောင်း ပြည်သူ့ရဲဘော်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဟောင်း ကိုးကိုးကျွန်းပြန် ဦးမျိုးထွဋ်က သမ္မတ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒီနေ့ ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။

(Photo: RFA
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇောတို့၏ (နေ့စွဲမသိ) မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးမျိုးထွဋ်က RFA ကိုပြောတာက-
"ပါတီစုံ စနစ်ကျင့်သုံးတယ်ဆိုရင်တော့ ဗကပ ကလည်း ဒီနေ့မတရားအသင်း ကြေညာထားတဲ့ ပါတီတရပ် အနေနဲ့ စေ့စပ် ဆွေးနွေးသင့်တယ်။ နောက်တစ်ခုက တခြားပါတီတွေကို အခွင့်အရေးပေး သလို သူ့ကိုလည်းပဲ တရားဥပဒေအရ တရားဝင်ပါတီ တည်ရှိခွင့် ပေးသင့်တယ်လို့ ကျွန်တော်တို့ ဆိုချင်တာပေါ့ဗျာ။ နောက် ဗိုလ်မှူးချုပ် ကျော်ဇော တို့ဆိုတာက တိုင်းပြည် လွတ်လပ်ရေး အတွက် တကယ် ရှေ့တန်း ကပါဝင်ပြီး တိုင်းပြည်ကာကွယ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဦးနုကိုတောင်မှ ဒီလိုပဲ ပြန်ခေါ်ခဲ့တာ ပဲလေ၊ အဲဒီတော့ နောက်ဆုံး ခေါင်းချတာ ကတော့ ပြည်တွင်းမှာ ပဲ ခေါင်းချဖို့ ခွင့်ပြုဖို့ ကောင်းတာပေါ့ ဗျာ။ သမ္မတကြီးရဲ့ စိတ်သဘာထား အတိုင်းဆိုရင် ဒါလုပ်သင့်တယ် ဆိုတဲ့ ဟာကို ကျွန်တော် တင်ပြချင်တာပါဗျ"
လက်ရှိကာလမှာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ဟာ တော တွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့အပေါ် အားတက်ကျေနပ်မိတယ်လို့လည်း ဦးမျိုးထွဋ်က ပြောပါတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူ နိုင်ငံရေးအဖွဲ့တွေ အားလုံး ပါဝင်ခွင့်ပြုဖို့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာအစိုးရကို အစဉ်တစိုက် တိုက်တွန်းနေကြပါတယ်။

 သတင်းရင်းမြစ်    RFA             
>>>ဆက်ဖတ်ရန်>>> >>

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲ

7 July အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က သတင်းမီဒီယာများသို့ ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ ၆ ရက်နေ့ ညဦးပိုင်းက ရန်ကုန်မြို့မှ ဗကသအဖွဲ့ဝင်များဖြစ်ကြသော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့အား စစ်ဆေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ခေါ်ယူသွားခဲ့ကြောင်း၊ အလားတူပင် မန္တလေး၊ ရွှေဘို၊ မုံရွာ၊ မြင်းခြံ၊ လားရှိုးမြို့များရှိ ဗကသ အဖွဲ့ဝင်များကိုလည်း စစ်ဆေးရန်အတွက် ခေါ်ယူသွားခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က 7 july အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်က "7 July အထိမ်းအမှတ် အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း ကျနော်တို့ရုံးခန်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားမှာပါ။ ဆူပူမှုကို ကျနော်တို့လည်း မလိုလားပါဘူး။ ကျောင်းသားသမဂ္ဂအဆောက်အဦကြီး မရှိတော့တဲ့အတွက် ဘယ်လောက်ထိ နစ်နာခဲ့တယ်ဆိုတာမျိုးလောက်ပဲ ပြောသွားမှာပါ။ သမိုင်းမှာ သင်ခန်းစာယူနိုင်အောင် ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်" ဟု ပြောကြားပါသည်။

သိရှိရသော သတင်းများအရ မန္တလေးမြို့မှ ခေတ္တခေါ်ယူသွားခြင်းခံရသူများမှာ ကိုအောင်မှိုင်းဆန်း၊ ကိုအောင်၊ ကျော်မိုး (ခ) မိုးထက်နေ၊ ကိုသန်းထိုက်၊ ကိုမင်းခန့်တို့ဖြစ်ကြောင်း သိရသည်။
ရွှေဘိုမှ ခေါ်ယူသွားခြင်းခံရသူများမှာ ကိုပြည့်ဖြိုးကျော်၊ ကိုဝက်သိုး အပါအ၀င် ယောက်ျားလေး ၄ ဦးနှင့် မဌေးဌေးဝင်းတို့ဖြစ်ကြောင်း သိရသည်။

သိရှိရသော အရေအတွက်များအရ မုံရွာမှ ၄ ဦး၊ လားရှိုးမှ ၄ ဦးနှင့် မြင်းခြံမှ ၇ ဦးဖြစ်ကြောင်း သိရသည်။
 
 သတင်းရင်းမြစ်    ဒေါက်တာလွဏ်းဆွေဘလော့   
>>>ဆက်ဖတ်ရန်>>> >>