အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 11, 2012

စစ်တွေမြို့ပေါ် ရပ်ကွက်အချို့ မီးလောင်မှုထပ်မံဖြစ်ပွား



ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွား
ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဓည၀တီရပ်ကွက်၊ မကျည်းမြိုင် (၅) ရပ်ကွက်နှင့် နာဇီရွာတို့တွင် မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓည၀တီရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေပြီး စစ်တွေမြို့တွင်းသို့ ဘဂါင်္လီလူမျိုးအများအပြားဝင်ရောက်လာမှုကြောင့် ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်နေကြောင်း၊ ယင်းသို့ သေနတ်များဖြင့် ပစ်ခတ်သော်လည်း ဘဂါင်္လီလူမျိုးများမှာ ဆုတ်ခွာမသွားဘဲ ရှေ့ဆက်တိုးလာကြကြောင်း၊ ယခုအခါ စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများ ပိုများလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly က ဒေသခံများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ဖုန်းထဲမှ သေနတ်သံများကို ကြားနေရသည်။



သတင်းရင်းမြစ်    The Voice Weekly
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေ


စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်က တွေ့ရစဉ်။ ဓါတ်ပုံ - Eleven Media Group
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီရွာနှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။


သတင်းရင်းမြစ်    Eleven Media


>>>ဆက်ဖတ်ရန်>>> >>

စစ်တြွေုမို့ နောက်ဆုံးရ သတင်းများ (၁၁-၆-၂၀၁၂)


ဇွန်လ ၁၁ ရက်နေ့ ၁၃၀၀ နာရီ။ ကန်တော်လီရွာနှင့် ဗျိုင်းစုရွာ အချင်းချင်း ရိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့ ၁၄၃၅ နာရီ ။ နာဇီရပ်ကွက်(၁၂)၊ ဘင်္ဂါလီအများစုနေထိုင်သည့် အိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခလရ(၂၀)မှ တပ်မတော် သားများမှ သွားရောက် ရှင်းလင်းခဲ့သည်။ လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရသဖြင့် လူစုကွဲကာ မီးများလည်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။


ဇွန်လ ၁၀ ရက်နေ့ ၁၀၅၀ နာရီမှ ဇွန်လ ၁၁ ရက် ၀၈၃၀ နာရီထိ

ဇွန်လ ၁၀ ရက်၊ ၁၂၀၀ မှ ၁၃၀၀ နာရီထိ ။ တရားသီးစုပိုက်သယ် ကုလားရွာ၊ ဘင်္ဂါလီလူမျိုး (၂) ဦးမှ ၄င်းတို့၏ နေအိမ်များကို မီးရှို့၊ ဘေးအိမ် (၅) လုံးသို့ မီးကူး၊ မီးသတ်ကား(၂)စီးမှ ငြိမ်းသတ်။ (ဗလီ ၂ လုံး၊ ဘင်္ဂါလီလူမျိုးနေအိမ်(၁၀)လုံး ပျက်စီး)။

ဇွန်လ ၁၀ ရက်၊ ၁၂၂၅ နာရီ ။ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၊ ရခိုင်တိုင်းရင်းသား(၂)ဦး (မစိုး ရိမ်ရ)၊ ဒဏ်ရာဖြင့် ရောက်ရှိလာ။

ဇွန်လ ၁၀ ရက်၊ ၁၃၃၀ နာရီ ။ စစ်တွေမြို့အနီးရှိ အနောက်ဖရုံကာကျွန်းအနီးတ၀ိုက်၌ ဘင်္ဂါလီလူမျိုးများ ခိုအောင်လျက် ရှိပြီး ညပိုင်တွင် စစ်တွေမြို့သို့ တိတ်တဆိတ်တက်ကာ မီးရှို့လေ့ ရှိကြောင်း၊ မီးရှို့ပြီးနောက် စက်လှေများဖြင့် ပြန်လည်ထွက်ပြေးသွားလေ့ရှိကြောင်ူး စစ်တွေမြို့၊ ကမ်းနားလမ်းနေ ပြည်သူများမှ သတင်းပေးပို့ခဲ့သည်။ စစ်တွေရှိ ပြည်သူများမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းအချိန် အခွင့် ကောင်းယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်လေ့ရှိသောကြောင့် အကြမ်းဖက်မီးရှို့မှုများ ထပ်မံ မဖြစ်ပွားစေရေး အတွက် တပ်မတော်(ရေ)မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိရာ အနောက်ဖရုံကာ ကျွန်း၊ စကေးပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး (၁၀၀၀)ဦးခန့် တွေ့ရှိရကြောင်း သိရှိရသည်။

(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။) ဓါတ်ပုံ - မှူးဇော်  Facebook
>>>ဆက်ဖတ်ရန်>>> >>

ဘင်္ဂါလီအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထား

‎မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော် ရှိသည့်အနက် ရိုဟင်ဂျာ ဟူသော အမျိုးအနွယ် မပါပါဘူး။ ဘယ်တုန်းကမှလည်း ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။
(ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး)

“ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ(၁၄-၁-၂၀၁၂)"

မေး-ခင်မောင်ညို(ဘောဂဗေဒ) - တာလီဘန်ကိစ္စ စိတ်ဝင်စားပါတယ်။ လုံခြုံရေးအရ ပြော လို့ရမယ်ဆိုတာ တာလီဘန်နဲ့ မြန်မာနိုင်ငံ မည်ကဲ့သို့ ဆက်နွယ်နေသည်ကို သိလိုပါတယ်။

ဖြေ-ပြည်ထောင်စုဝန်ကြီး - တာလီဘန် ၀င်ရောက်သော နေရာ ဘယ်နေရာဖြစ်မယ်လို့ ခန့် မှန်းပါသလဲ။ အဲဒီနေရာကနေ ထိုးဖောက်ဝင်ရောက်လာပြီး စည်းရုံးခြင်း၊ သင်တန်းပေးခြင်း များ ရှိ၍ ဖော်ထုတ်ဖမ်းဆီး အရေးယူလိုက်ရပါတယ်။ ၀င်ရောက်ဖမ်းဆီးချိန်တွင် အကုန် မမိဘဲ တစ်ချို့တစ်ဝက်မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ နိုင်ငံအတွက်လည်း တာလီ ဘန်ကိစ္စသည် အရေးကြီးပါတယ်။

(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။)


သတင်းရင်းမြစ်    သစ်ထူးလွင်

>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နားပြီး ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား


ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နား
ရန်ကုန်- ဇွန်၁၁
ရန်ကုန်မြို့မှစစ်တွေမြို့သို့ထွက်ခွာမည့် အဝေးပြေးယာဉ်လိုင်းအားလုံးကို ဇွန်လ၁၁ရက်နေ့တွင် စတင်ရပ်နားလိုက်ကြောင်း အောင်မင်္ဂလာအဝေးပြေးအခြေစိုက် စစ်တွေအဝေးပြေးဂိတ်များထံမှ စုံစမ်းသိရသည်။
“နယ်မြေအေးချမ်းမှု့အပေါ်မူတည်ပြီး ပြန်ထွက်မယ်။”ဟု ရန်ကုန်-စစ်တွေ တိုးရတနာဂိတ်မှတာဝန်ရှိသူတစ်ဦးက
7Day News Journal ကို ပြောသည်။

ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား
ရန်ကုန်- ဇွန် ၁၁
စစ်တွေမြို့နှင့်သံတွဲမြို့များမှ ပြန်လာသည့်ခရီးသည်များကို ရန်ကုန်လေဆိပ်တွင်စနစ်တကျစစ်ဆေးမှု့များပြုလုပ်နေကြောင်း ရန်ကုန်လေဆိပ်မှအဓိက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“လူဝင်မှု့ကြီးကြပ်ရေး(လ၀က)ကိုစစ်ခိုင်းထားတာပါ။မှတ်ပုံတင်နဲ့လူနဲ့တိုက်စစ်ဖို့။ နိုင်ငံကူးလက်မှတ်နဲ့လူနဲ့တိုက်စစ်ဖို့၊ နောက်ပြီးသတင်းကြားထားတဲ့ လူတွေပါလာမလာစစ်ဖို့ ညွှန်ကြားထားတာပါ”ဟု လေဆိပ်မှ အဆိုပါတာဝန်ရှိသူကပြောကြားသည်။

သတင်းရင်းမြစ်   7 days News

>>>ဆက်ဖတ်ရန်>>> >>

အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သော အကူအညီများ ပေးနိုင်ရန် ဆွေးနွေးနေ



ယနေ့(ဇွန် ၁၁) မွန်းလွဲ တစ်နာရီ ခွဲတွင် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ် ၊ရခိုင်တန်ဆောင်းတွင် ရောက်ရှိစုဝေးနေသော လူ၂၀၀ကျော်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ကန့်ကွက်ဆန္ဒပြခြင်းထက် ပိုထိရောက်မည့် အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သောအကူအညီများ ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်လျှက်ရှိကြကြောင်း ထိုနေရာတွင်ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ယခင်ရက်များကကဲ့သို့ ဆန္ဒပြ လှည့်လည်ခြင်းများသည် မလိုလားအပ်သော ပြသနာများ ထပ်မံပေါ်ပေါက်နိုင်သည့်အတွက် ဒုက္ခသည်များကို မည်သို့ထိရောက်အောင်ကူညီနိုင်မည်ကို နည်းလမ်းရှာဖွေကြရန် ပါဝင်သော သံဃာတော်များနှင့် အချို့လူပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးနေကြသည်ဟု သတင်းထောက်ကသတင်းပေးပို့သည်။


သတင်းရင်းမြစ်   7 days News
>>>ဆက်ဖတ်ရန်>>> >>