အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 3, 2012

ကြံ့ ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲထားတဲ့အမှု NLD ကကျေအေး



ပဲခူးတိုင်း ဝေါမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ရွေးကောက်ပွဲ စည်းကမ်း ဖောက်ဖျက်လို့  တရားစွဲထားတဲ့အမှုကို NLD က ကျေအေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ကျုံပါချောင်းဝ ရွာ မဲရုံမှာ ကြံ့ ခိုင်ရေးပါတီဝင် ဝေါမြို့ နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့အတွက် NLD ပါတီက တရားစွဲ ခဲ့ပါတယ်။
ဒီအမှုမှာ ဝေါမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ကျုံပါချောင်းဝရွာက NLD ပါတီ မဲရုံကိုယ်စားလှယ် ဦးဇော်လင်းဦးနဲ့ ဦးစန်းဦးတို့က တရားစွဲခဲ့တာဖြစ်ကြောင်း ပဲခူးတိုင်း အောင်နိုင်ရေးတာ ၀န်ခံ ဒေါက်တာစိုးမြင့်သန်းက ပြောပါတယ်။
"သနပ်ပင်မြို့ နယ် ကျုံပါချောင်းဝရွာမဲရုံမှာ ဝေါမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်က မဲရုံထဲကိုဝင်လာပြီး ကြံ့ ခိုင်ရေးပါတီကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို လိုက်လက်ဆွဲ နှုတ်ဆက်ပြီး စည်းရုံးတာကို NLD က မဲရုံကိုယ်စားလှယ် ကိုဇော်မင်းဦးရယ်၊ ကိုဆန်းဦး ရယ်၊ မဲရုံမှုးတွေက ကန့်ကွက်တာကို မဲရုံထဲကနေ သူက ချက်ချင်းမထွက်ဘူး၊ မင်းတို့ တိုင်ချင်တဲ့ ဆီတိုင်၊ လုပ်ချင်တာလုပ် ငါဂရုမစိုက်ဘူး။ ငါလွှတ်တော်ကိုယ်စားလှယ်ကွ ဆိုပြောတော့ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တယ်။ အဲဒီကိစ္စကို မင်းရွာရဲစခန်းမှာ အရေးယူပေးဖို့ တိုင်ကြားပြီး သနပ်ပင်မြို့ နယ် တရားရုံးမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ က သနပ်ပင်တရားရုံးမှာ တရားစွဲခဲ့တဲ့ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုကော်မတီရဲ့ လမ်းညွှန်အကြံပြုချက်အတိုင်း အမှုကို ကျေအေးပေးလိုက်သလို ဦးအောင်နိုင် ဘက်ကလည်း အမှုကျေအေးပေးတဲ့ အပေါ်ကျေးဇူးတင်ကြောင်း လက်မှတ်ရေးထိုးပေး တယ်လို့ ပြော ပါတယ်။
"သူ့ ဝန်ခံ တောင်းပန်ချက်မှာကတော့ မဲဆန္ဒရှင်တွေ၊ ကိုယ်စားလှယ်တွေကို သူရွေးကောက်ပွဲ ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်မိတာ မှန်ကန်ကြောင်း၊ NLD ပါတီ နဲ့ မဲဆန္ဒရှင်တွေက သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လက်မှတ် ထိုးပေးပါတယ်။ ယနေ့ အချိန်အခါမှာ ပါတီတွေ အကုန်လုံးက နိုင်ငံတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ ကာလဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ကို မျှော်တွေးပြီးတော့ ကျွန်တော်တို့က အခုလို ကျေအေးပေးလိုက်တာ ဖြစ်ပါတယ်" လို့ ပဲခူးတိုင်း အောင်နိုင်ရေး အဖွဲ့ တာဝန်ခံ ဒေါက်တာ စိုးမြင့်သန်း ခေါ် စာရေးဆရာ အောင်ထိပ်က ပြောပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>

အကောင်းဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်


မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာပေါ်က အဆိုးရွားဆုံး အဖိနှိပ် ရက်စက် ဆုံးနိုင်ငံ အဆင့်ကနေ အကောင်း ဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်း မှာ ရောက်ရှိ လာကြောင်း မနေ့က ထုတ်ပြန်တဲ့ Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ်။
၂၀၁၁ ခုနှစ်လောက်က စတင်ပြီး နိုင်ငံရေးအရ သဘောထား ပျော့ပြောင်းမှုရှိတဲ့ လမ်းစတွေ ပွင့်လင်းလာခဲ့တဲ့အတွက် အကောင်းဘက်ကို ဦးတည်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဟာ အဆိုး တကာ့ အဆိုး ဆုံးနိုင်ငံတွေ စာရင်းထဲမှာ ပြီးခဲ့တဲ့နှစ်ကအထိ အနှစ်နှစ်ဆယ်မျှ ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့အတူ တရုတ်၊ လာအို၊ ချတ်၊ ဘယ်လာရုစ် နိုင်ငံတွေအပြင် လစ်ဗျားနိုင်ငံမှာလည်း အာဏာရှင် ကဒါဖီပြုတ်ကျ သွားခဲ့တဲ့အတွက် အခြေအနေတွေ အကောင်းဘက်ကို ဦးတည်လာကြောင်း ထည့်သွင်းဖော်ပြ ထားပါတယ်။
ကမ္ဘာပေါ်က အဆိုးတကာ့ အဆိုးဆုံး နိုင်ငံတွေထဲမှာတော့ အီရိထြီးယား၊ မြောက်ကိုရီးယား၊ ဆီးရီး ယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်၊ ဆိုမားလီယား၊ ဥစဘက်ကစ္စတန် စတဲ့နိုင်ငံတွေ ပါဝင်ကြပါတယ်။
အရင်က အကောင်းဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်းမှာပါခဲ့တဲ့ ဆီးရီးယား နဲ့ ဆော်ဒီ အာရေးဗီးယားနိုင်ငံတွေဟာ ပြည်တွင်းဖိနှိပ်မှုတွေကြောင့် အဆိုးတကာ့ အဆိုးဆုံး နိုင်ငံစာရင်း ထဲ ရောက်သွားခဲ့ပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>