အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, June 26, 2012

လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို

 
 
 
 
 
 
 
 
 
 
 
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေး
ဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
Photo:Myanmar President Office Web site
 
မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်နေတဲ့ မင်္ဂလာမြန်မာအဖွဲ့က ညှိနှိုင်းရေးမှူး မမြတ်စု က သမ္မတမိန့်ခွန်းနဲ့ ပတ်သက်လို့ ပြောပြတာက -
"သမ္မတကြီးအနေနဲ့ သူ့အနေနဲ့ပေါ့၊ ဒီမြန်မာနိုင်ငံမှာ အခုတံခါးဖွင့်ပေးနေတယ်ပေါ့နော်၊ တခါးဖွင့်ပေးနေတဲ့ အတွက် ပြည်ပက အကူအညီပေးဖို့ အဓိကအားဖြင့် အလုပ်လက်မဲ့တွေ၊ ဝင်ငွေနိမ့်ပြည်သူတွေကို အကူအညီပေးဖို့ အတွက်ပေါ့၊ လူမှုရေး အကာအကွယ် လုပ်ပေးဖို့ အတွက်ပေါ့။ နောက်တစ်ခုက တတိယဦးစားပေးပေါ့နော်၊ မက်ခရိုအဆင့် လူမှုရေးတွေကိုလည်း ကောင်းအောင်လုပ်ပေးပါ အဲဒီလိုပြော သွား ပါ တယ်ရှင့်"
အခုလို အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုပြီးရလာဖို့ လမ်းကြောင်းတွေ ဖွင့်ပေးမယ် ဆိုရင် မြန်မာနိုင်ငံ မှာ အကူအညီ လိုအပ်နေတဲ့ ကလေးသူငယ်တွေကို အရင်ကထက် ပိုပြီး ကာကွယ် စောင့်ရှောက် လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မမြတ်စုက ပြောပါတယ်။
သမ္မတရဲ့အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျနေ ဆဲ ဖြစ်တာကြောင့် ကျေး လက်နေ ပြည်သူတွေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား နယ်မြေတွေမှာ ဆင်းရဲမွဲတေမှု ဟာ မြို့ပြဒေသတွေနဲ့ ကွာဟမှုတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် ၀င်ငွေကွာဟမှု ကြီးမားနေ တာကြောင့် ဆင်းရဲသားတွေရဲ့ လူမှုဖူလုံရေးအတွက် အားလုံး လက်တွဲ လုပ်ဆောင်မှ ရမယ့်အခြေအနေ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွား ပါတယ်။
ဒီညီလာခံကို အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute နဲ့ ကုလသမဂ္ဂ လက်အောက် UNICEF တို့က ဦးစီးကျင်းပတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ အစိုးရ ၀န်ကြီးဌာန ပေါင်းစုံက တာဝန်ရှိသူတွေ အပြင် လူမှုအဖွဲ့ အစည်း ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။

သတင်းရင်းမြစ်    RFA     
>>>ဆက်ဖတ်ရန်>>> >>

SSPP နဲ့ အစိုးရတပ်များ ပစ်ခတ်မှုရပ်စဲ

သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌဌ ဦးသိန်းဇော်တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးအပြီးမှာ SSPP နဲ့ အစိုးရတပ်အကြား ဂျွန် ၁၇ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများရပ်စဲသွားပြီလို့ သျှမ်းပြည် တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလ က ပြောကြားလိုက်ပါတယ်။
 sspp1











ဦးသိန်းဇော်နဲ့ မန္တလေးမှာ ဆုံတယ်လေ။ ၁၁ နာရီခွဲကနေ ၁ နာရီလောက်အထိ ညှိနှိုင်း ဆွေးနွေးကြတယ်။ ကျနော် တို့ဘက်က ဖြစ်စဉ်တွေ တင်ပြတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ရှေ့ဆက်မဖြစ်ဖို့ကို ဆွေးနွေးတယ်။ အဲဒါတွေကို သူက သမ္မတဆီ တင်ပြတယ်။ သမ္မတကလည်း ဦးသိန်းဇော် ကတဆင့် ကျနော်တို့ဆီ အကြောင်းကြားလာတယ်။  နှစ်ဖက်တပ် ရောက်ရှိနေတဲ့ နေရာမှာ ရပ်ဆိုင်းထားပြီးတော့ ပစ်ခတ်မှု မလုပ်ဖို့၊ ပြီးတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးဖို့ နှစ်ပတ်အတွင်း ဆောင်ရွက်ဖို့၊ တပ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပစ်ခတ်မှု မဖြစ်အောင် ကာကွယ်ရေး ဦးစီးချုပ်ကို သူက ပြောထားပြီးပြီ။ ကာကွယ်ရေး ဦးစီးချုပ် ကလည်း အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို အကြောင်းကြား ထားပြီး ဖြစ်တယ် လို့ ဦးသိန်းဇော်က ပြောတယ်” လို့ ဗိုလ်မှူးစိုင်းလကပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌဌ ဦးသိန်းဇော် နဲ့ သျှမ်းပြည်တိုးတက်ရေး ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီခန့်အထိ မန္တလေးမြို့ မှာ တွေ့ ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ် အဖွဲ့မှာ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်၊ ဗိုလ်မှူးကျော်လှ၊ ဗိုလ်မှူးခေးမောဝ်၊ ဗိုလ်ကြီးနော်လိတ် တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် SSPP နဲ့ အစိုးရတပ်များ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတာကို ကူညီဖြေရှင်းပေးရန် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးက သမ္မတ ဦးသိန်းစိန် ဆီကို မေတ္တာရပ်ခံတဲ့ စာတစ်စောင် ဂျွန် ၂၁ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးစိုင်းလ က – “ခွန်ထွန်းဦး က သမ္မတ ဆီ မေတ္တာရပ်ခံတဲ့ စာဖြစ်ပါတယ်။ နှစ်ဘက် ပစ်ခတ်မှု မဖြစ်ဖို့ရယ်၊ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့လို့ပါပါတယ်။ အဲဒီစာက အထောက်အကူ ပြုပါတယ်။ အဖက်ဖက်ကနေ ဝိုင်းဝန်းပြီး အကောင်းဘက်ကို ဆောင်ရွက်ဖို့ တိုက်တွန်း တဲ့စာပဲလေနော့်။ ကျ နော်တို့ ထာဝရငြိမ်းချမ်းရေးကို ချီတက်နေတဲ့အချိန်မှာ နိုင်ငံရေး ပါတီတွေကော၊ ကျနော်တို့ လက်နက်ကိုင် တွေကော ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ရင်တော့ အောင်မြင်မယ် လို့တော့ ကျနော်တို့ မျှော်လင့်တယ်လေ” လို့ ပြောပါတယ်။

ဂျွန် ၁၇ ရက်နေ့မှာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ နဲ့  ဟွေ့လွတ် ဒေသ ရှိ SSA တပ်ဖွဲ့များ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ် ဗျူဟာမှူးရဲ့ တောင်းဆိုမှုအရ ဂျွန် ၁၈၊ ၁၉ ရက်နေ့များမှာ SSA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်း မရှိပေမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အစိုးရတပ်က SSA ရဲ့ လွယ်ဖာဖင့်စခန်းကို တက်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ နှစ်ဖက်တပ်များ ရောက်ရှိရာမှာ အခြေပြု တပ်စွဲနေကြပြီးပစ်ခတ်မှုမရှိတော့ဘူးလို့ သိရပါတယ်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>

ဆန္ဒပြ Famoso အလုပ်သမား များအား အလုပ်ထုတ် ပစ်မည်ဟု သူဌေး အကြပ်ကိုင်

 
 
 
 
 
 
 
 
 
 
 
 
  ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

“အလုပ်ရှင်ကတော့ လစာ တိုးမပေးနိုင်တဲ့ အကြောင်းကို ပဲပြောတာရှင့်။ သူ့ဘက်က ဖိအားပေးတာက ဒီအလုပ်ကို မဝင်ရင် သမီးတို့ကို အလုပ်က ထုတ်ပစ်မယ်။ ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးလို့ ပြောတယ်ရှင့်။ အဲဒီရက်နေ့ အလုပ်ကို မဝင်ဘူးဆိုရင် ကိုယ့်သဘောနဲ့ကိုယ် အလုပ်က ထွက်တယ်လို့ သတ်မှတ်တယ်။ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲရင် လစာ လာထုတ်လို့ ပြောပါတယ်ရှင့်။ စက်ရုံအပြင်ထွက်ပြီး ဆန္ဒပြနေတာမို့လို့ သူ့ရဲ့အလုပ်သမားလို့ မသတ်မှတ်ဘူးတဲ့ရှင့်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေးကိစ္စကို ဇွန်လ၂၅ ရက်နေ့ နေ့လည်က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင် ကြားနာခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရသည်။

“ခုံသမာဓိရုံးက ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ အဆုံးအဖြတ်ကိုပဲ ပေးမှာ။ သူတို့က ဒီတပါတ်အတွင်း မှာပဲ ဖြေရှင်းပေးမယ်ပေါ့။ ဒီတော့ သမီးတို့က ဆက်စောင့်ရမှာပေါ့။ သူတို့ဆီက ဆုံးဖြတ်တာကို မကျေနပ် ဘူးဆိုရင် သမီးတို့က ခုံသမာဓိ ဗဟိုကို တက်ဖို့ပဲ ရှိတော့တယ်ရှင့်။ မကျေနပ်ရင်တော့ သမီးတို့က ဆက်ပြီး ဆန္ဒပြဖို့ အစီအစဉ် ရှိတယ်ရှင့်။ ဒီလောက် အထိ တောင့်ပြီး ဆန္ဒပြခဲ့ပြီးပြီ။ ကျမတို့ အလုပ်သမားတွေ က ဆက်ပြီး တောင့်ခံပြီး ဆန္ဒပြသွားမှာပါ” ဟု အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

စတင်ဆန္ဒပြခဲ့ကြသည့် ဇွန်လ ၈ ရက်နေ့က အလုပ်သမားဌာနမှ ညွှန်/မှူး ဦးဝင်းရှိန်၏ ညှိနှိုင်းဆောင် ရွက်ပေးမှုဖြင့် အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏တောင်းဆိုချက် ၉ ချက်အနက် ၆ ချက်ကို သဘော တူညီခဲ့သော်လည်း အလုပ်ရှင်၏ အမည်သာပါရှိပြီး လက်မှတ်ထိုးထားခြင်း မရှိတာကြောင့် တရားမ ဝင်ကြောင်း ယနေ့ ခုံသမာဓိတွင် အလုပ်ရှင်မှ ပြောဆိုကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်မှ ဒု-ညွှန်/ချုပ် ဦးမျိုးအောင် နှင့် အလုပ်သမား ညှိနှိုင်းရေးအဖွဲ့မှ ဦးသက်နိုင်ဦးတို့ လာရောက် ညှိနှိုင်းပေးသော်လည်း လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြား ပြေလည်မှု မရရှိသေးပေ။

အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တောင်းဆိုရခြင်းကို ယခင်က အလုပ်ရှင်ဘက်မှ လိုက်နာမည်ဟုပြောဆိုထားပြီး ယခုအခါ ပြင်ဆင်ပြောဆိုနေကြောင်းလည်း မဟေမာန်ချစ်က “အလုပ်ရှင် က ခန့်ထားတဲ့ Supervisor (ကြီးကြပ်ရေးမှူး) တွေရဲ့ စကားကို သေချာ တသွေမတိမ်း နာခံရမယ်ဆိုတဲ့ အချက် ပယ်ဖျက်ဖို့။ ဂိတ် Pass (ဝင်/ ထွက်ခွင့်) အတွက် အလုပ်သမား ခေါင်းဆောင်တွေထဲက တယောက်ယောက်ကို ရွှေးပြီးတော့ ခန့်ထားပေးဖို့တောင်းဆိုထားတာ။ ဘဘဦးဝင်းရှိန်တို့နဲ့ တွေ့တုန်းက အဲလိုမျိုး တောင်းဆိုထားတာကို လိုက်နာမယ်ပြောပြီး အခုကျတော့ စဉ်းစားမယ်ပြောတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံသား အလုပ်ရှင်ဘက်မှလည်း လုပ်ငန်းမလည်ပါတ်နိုင်၍ ဆုံးရှုံးမှုများ ရှိနေပြီး အလုပ်သမား များအား စက်ရုံထဲသို့ ပြန်လည်ဝင်ရောက်စေချင်သလို အလုပ်သမားများ ဘက်မှလည်း ၎င်းတို့ဆန္ဒပြသည့် ၁၄ ရက်တာ လုပ်ခ ပေးရန် လိုလားကြသည်။

အလုပ်သမားများက ရက်ရှည်ဆန္ဒပြပွဲများ မပြုလုပ်လိုကြောင်းနှင့် အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့မျှော်လင့်ကြောင်း ပြောသည်။ “အဲဒါကြောင့်မိုလို့ ညှိနှိုင်းပေးမယ့် လူကြီးတွေကို သမီးတို့ ကိစ္စကို မျှမျှတတ ညှိနှိုင်းပေးပါလို့ ပြောချင်ပါတယ်ရှင့်။ သူတို့ကမျှမျှတတ ညှိနှိုင်းပေးပါတယ်။ သမီးတို့ကလည်း စက်ရုံကြီးကို မပိတ်စေချင်ပါဘူးရှင့်။ လည်ပတ်စေချင်ပါတယ်။ သမီးတို့လည်း အလုပ်က မထွက်ချင်ပါဘူးရှင့်” ဟု မဟေမာန်ချစ် က ပြောသည်။

ခုံသမာဓိမှ မည်သည့်ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက် မသိရှိရသေးသော်လည်း ဆန္ဒပြနေစဉ် ကာလအတွင်း အလုပ်သမားများအား ၈၈ မျိုးဆက် ကျောင်းသားများမှ သောက်ရေနှင့် အမိုးအကာများ စီစဉ်ပေးသည်။FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း သိရသည်။
 
သတင်းရင်းမြစ်    မဇ္ဈိမ      
 
>>>ဆက်ဖတ်ရန်>>> >>

မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ

    

 မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် တဘက်ဆွဲ ကျေးရွာအုပ်စုပိုင် မြေဧက ၁၈၁၇ ဧကကို တပ်ရဲ့ လိုအပ်ချက်အရ ဆိုပြီး လေကြောင်းရန် ကာကွယ်ရေးတပ် ၃၀၂၇၊ လေကြောင်းအမှတ် ၄၊ အမြောက်တပ် ၆၄ နဲ့ ကြံ့ခိုင်ရေးအဖွဲ့တို့ကနေ ၂၀၀၂ ခုနှစ်ကတည်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အခုအခါ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမားတွေက ဝင်ရောက် စိုက်ပျိုး ထွန်ယက် တဲ့အတွက် လယ်သမားတွေနဲ့ စစ်တပ်အကြား ပဋိပက္ခမှုတွေ ဖြစ်ပွားနေပါတယ်။ အဲ့ဒီ လယ်ယာမြေတွေပေါ် မှာ စစ်တပ်က ထွန်ယက်စိုက်ပျိုးခြင်း မရှိဘဲ ငါးကန်တူးဖော်တာ၊ လုပ်ငန်းရှင် သူဌေးတွေ ကို မြေအငှား ချစားတာတွေ ပြုလုပ်နေတဲ့အတွက် လယ်သမားတွေဘက်က အခုလိုမျိုး ဝင်ရောက် ထွန်ယက် စိုက်ပျိုးကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လယ်ယာမြေကိုပဲ ထွန်ယက်စိုက်ပျိုး တတ်တဲ့ လယ်သမားတွေ ဖြစ်တဲ့အတွက် မိမိတို့ လယ်ယာမြေတွေမှာပဲ ထွန်ယက် စိုက်ပျိုးခွင့်ပေးဖို့နဲ့ မိမိတို့ လယ်မြေတွေမှာ စစ်တပ်ပိုင် နွားတွေက ကျူးကျော် ဝင်ရောက်နေမှုကို ဟန့်တားပေးဖို့ကိုသာ တဘက်ဆွဲကျေးရွာ အုပ်စုမှ လယ်သမားတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်း  BurmaVJ

>>>ဆက်ဖတ်ရန်>>> >>

ကိုမင်းကိုနိုင် လယ်သမားတွေနဲ့ တွေ့ဆုံ

 
 
ရန်ကုန်တိုင်း ဒဂ7xWဒေသခံ လယ်သမားတွေမှာ အခက် တွေ့နေကြတယ် ဆိုလို့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ မျိုးအောင် ဦးဆောင်တဲ့ NLD အဖွဲ့ဝင်တွေနဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံ လယ်သမားတွေကို ဇွန်လ ၂၂ ရက်နေ့က သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဒီ လယ်မြေ ပြဿနာကိုအမှန်တရားအတိုင်း ထုတ်ဖော် ပေးမယ်ဆိုတာကို ဒေသခံ လယ်သမားတွေ အား ပြောဆိုခဲ့သလို ရှေ့နေ ကိုဖိုးဖြူကလည်း လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြ ပြောဆို သွားခဲ့ပါတယ်။

သတင်းရင်းမြစ်း  BurmaVJ

 

>>>ဆက်ဖတ်ရန်>>> >>

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး

ချင်းမိုင်(မဇ္ဈိမ) ။       ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့်ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင် များအား တဦးခြင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောသည်။

“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေး ဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။
aungmin
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇွန်လ ၂၅ ရက်နေ့က ဒုတိယ အကြိမ်အဖြစ် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ဝန်ကြီး ဦးအောင်မင်းဘက်မှ DPNS နှင့် ဆွေးနွေးချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေး၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မိုးဇော် က ပြောသည်။ ယခု တွေ့ဆုံဆွေးနွေးမှုမှာ နွေးထွေးမှု ရှိပြီး ကျေနပ်အားရကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက် သံအမတ်တို့ အပါအဝင် ငါးဦးအဖွဲ့နှင့် DPNS မှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတိုးတိုးထွန်းနှင့် ဦးဇော်ဇော်ထွန်း တို့ လေးဦးပါအဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

DPNS ကို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကျောင်းသားလူငယ်များနှင့် တည်ထောင်ဖွဲ့စည်းခဲ့ပြီး သံဃာ့သမဂ္ဂီ၊ NLD လူငယ်၊ ဗကသ စသည့် တက်ကြွသော အင်အားစုများနှင့် ရင်းနှီးစွာ လှုပ်ရှားခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေး အတွက် ဆောင်ရွက်ပေး ခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးခြင်း မရှိသည့် အပြင် DPNS ကို အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ကာ အဖွဲ့ဝင် တက်ကြွသူများကိုလည်း တရားခံပြေး အဖြစ် ကြေညာခဲ့သည်။ ထို့နောက် ပါတီ ဗဟိုကော်မတီတရပ်လုံး “တော်လှန်ရေးနယ်မြေ”သို့ ဆင်းလာခဲ့ကြသည်။

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးသည်။ လာမည့် ဇူလိုင်လတွင်လည်း ထပ်မံတွေ့ဆုံရန် ရှိသည်ဟု ဦးအောင်မိုးဇော်က ပြောသည်။ ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ဦးညိုအုန်းမြင့် က ပြောသည်။

“တွေ့မှာက စုစုပေါင်း ၁၄ ဖွဲ့ စီစဉ်ထားပါတယ်။ အဓိကတော့ KNU နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတိုင်ခင်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တဖွဲ့စီ၊ သတ်သတ်စီ တွေ့ဆုံမှာပါ” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဦးအောင်မင်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးဦးအောင်မင်း တို့ တွေ့ဆုံမည်ဖြစ်ပြီး ဒေါက်တာစင်တီယာမောင်၏ ဆေးခန်းသို့ သွားရောက် ကြည့်ရှုကြဦးမည် ဖြစ်ကြောင်း သိရသည်။မြန်မာပြည်သားများအပေါ် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဒေါက်တာ စင်တီယာမောင် အား ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမှာစကားအား ဝန်ကြီး ဦးအောင်မင်း က ပြောကြား မည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြော သည်။

အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) FTUB၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများ အပါအဝင် ၁၄ ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
 
 သတင်းရင်းမြစ်    မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>

သျှမ်းပြည်တွင်း၌ RCSS/SSA ပထမဆုံး မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမည်

မနက်ဖြန်၌ ကျရောက်မည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA က သျှမ်းပြည်တွင်း၌ ပထမဆုံး အကြိမ် မူယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သိရှိရပါသည်။

burn-drugs_at_Loi_Kaw_Wan
သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>