အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, July 21, 2012

နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားစာ





သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်    



>>>ဆက်ဖတ်ရန်>>> >>

ဒေါ်နန်းဝါဝါနု၊ ဆန်ရှင်နဲ့ အပိတ်ခံထားရတဲ့ ဇိမ်ခန်း


203

သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်    
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက်နောက်ဆုံးအဆင့် သရုပ်ဆောင်ရွေးချယ်ပွဲ



သတင်းရင်းမြစ်း  ဒေါင်းမာန်ဟုန်   
>>>ဆက်ဖတ်ရန်>>> >>

ယုတ်မာလှသောရပ်စောက်မြို့နယ်ပညာရေးမှူး၏လုပ်ရပ်

>>>ဆက်ဖတ်ရန်>>> >>

မော်လမြိုင်နှင့် ဘားအံဆေးရုံတွင် သွေးလွန်တုတ်ကွေးရောဂါ ကုတင်မဆံ့

စံခလပူရီ (မဇ္ဈိမ) ။       ။ သွေးလွန်တုတ်ကွေးရောဂါ ကူးစက်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင် ကလေး အထူးကုဆေးရုံနှင့် ကရင်ပြည်နယ် ဆေးရုံကြီးတွင် ကလေးငယ် ၅၀၀ ကျော် တက်ရောက်ကုသမှု ခံယူနေရကြောင်း မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။

ကုတင် ၅၀၀ ဆံ့ မော်လမြိုင် ကလေးအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူသည့် ကလေး များမှာ ကုတင်မလောက်အောင် များပြားကြောင်း ဆေးရုံသို့ လူနာကြည့် သွားရောက်ခဲ့သည့် မုဒုံမြို့နယ်မှ အမျိုးသမီး တဦးကပြောသည်။

ကရင်ပြည်နယ် ဘားအံ ပြည်သူ့ဆေးရုံကြီးတွင်မူ ကလေးငယ် အယောက် ၂၀၀ ကျော် တက်ရောက် ကုသမှု ခံယူနေကြောင်း ဒေါက်တာအောင်နွေဦး က ပြောသည်။ မော်လမြိုင်မြို့ပေါ်တွင် အနှစ် ၃၀ ခန့် ဆေးခန်း ဖွင့် ကုသနေသည့် ဒေါက်တာမင်းစိုးလင်းက “ဆေးရုံက ကျနော့် သူငယ်ချင်းတွေ ပြောတော့ ကုတင်တွေ မဆံ့ဘူး။ ဒီနှစ်တော်တော် အဖြစ်များတယ်၊ ကျနော့် ဆေးခန်းမှာတောင် တနေ့ တနေ့ အယောက် ၃၀ လောက် လာကုကြတယ်” ဟု ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါမှာ ယခင်က မိုးရာသီနှင့် အသက် ၁၂ နှစ်အောက် ကလေးများ တွင် သာ ဖြစ်ပွားလေ့ရှိသော် လည်း ယခင်နှစ်မှ စ၍ ရာသီမရွေးဘဲ လူကြီးများတွင် လည်း ဖြစ်ပွား လာသည် ကို တွေ့ရှိရကြောင်း ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

“ကျနော့်ဆေးခန်းမှာဆို အသက် ၃၇ နှစ် အရွယ်လည်း တွေ့ရတယ်။ လူကြီးတော့ နည်းတယ်၊ ဆယ် ဂဏန်းလောက် ပဲ တွေ့ရတယ်” ဟု ပြောသည်။

ရောဂါ ဖြစ်ပွားမှုနှုန်း နှစ်စဉ် များပြားလာသော်လည်း မြန်မာနိုင်ငံတွင်းသို့ ၎င်းရောဂါ ဝင်ရောက် လာသည် မှာ နှစ်ကာလ ကြာရှည်ပြီ ဖြစ်၍ လူများ၌ ခံနိုင်ရည် ရှိလာခြင်းကြောင့် သေပျောက်မှုနှုန်း နည်း လာကြောင်းလည်း သူက ပြောသည်။

ဘားအံမြို့တွင် ဆေးခန်း ဖွင့်ကာ ကုသနေသည့် ဒေါက်တာအောင်နွေဦးက “မနှစ်ကလောက်တော့ မများ ဘူး၊ အများအားဖြင့် နယ်ဘက်က လာကုကြတာ များတယ်။ အသေအပျောက်လည်း အရင်နှစ်တွေနဲ့စာရင် အတော်လေး နည်းလာတယ်” ဟု ပြောသည်။
သတင်းရင်းမြစ်း  မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>

ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို


ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို

သတင်းရင်းမြစ်း  ဧရာဝတီ  
>>>ဆက်ဖတ်ရန်>>> >>

အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်

>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ထိုင်းပညာရေးမှပြဌာန်း

D_plan 





ထိုင်းနိုင်ငံ စာသင်ကျောင်း များတွင် မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားများ၏ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင် အရှဒေသ နိုင်ငံများ အတွင်းမှ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုဖြင့် ထင်ရှားကျော်ကြား သောခေါင်း ဆောင်များ အကြောင်းနေရာတွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ပြဌာန်းလိုက်ပြီး ဖြစ်ပါသည်။

အလားတူ နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနှင့် နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ စနစ်ဖြင့် ခြွတ်ချုံ ကျ ဘုံးဘုံးလဲနေသော မြန်မာပြည်ကို တိုးတက် မြုင့်မားဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ဂုဏ်ပြုပြော ဆို ဖေါ်ပြနေကြပါသည်။ 
သို့သော်လည်း နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့ အစိုးရ သစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်း မရှိသေး ပါဘူး။ ခုတော့ အိမ် နီးချင်း ထိုင်းနိုင်ငံက လေးစား စံပြုထိုက်သူရဲ့ အကြောင်းကို ကျောင်းသင်ခန်းစာတွေ မှာ ပြဌာန်း လိုက်တာကတော့ မြန်မာနိုင်ငံ အစိုးရနဲ့ ပညာရေး ဌာနအတွက် အရှက်ရစရာတခု ဖြစ်လာ ခဲ့ပါပြီ။

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတရားပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓကဟောပါသည်။ မင်္ဂလာ မရှိသော သူတွေသည် မင်္ဂလာပြုမည် မဟုတ်သည်ကို ထင်ရှားစေပါသည်။ ကမ္ဘာပေါ်၌လည်း ဆုအများဆုံး ချီးမြုင့် ခံရသူ တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး ဆုလက်ခံရရှိဦးမည် ဖြစ်ပါသည်။

 သတင်းရင်းမြစ်း  ရွှေဟင်္သာ
>>>ဆက်ဖတ်ရန်>>> >>

နယ်စည်းမထား အဖွဲ့ဝင်ငါးဦး ဖမ်းဆီးခံနေရဆဲ


ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံရ သူတွေ ထဲမှာ AZG ဒါမှမဟုတ် MSF လို့ လူသိများတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ၀န်ထမ်း (၅) ဦး ပါ ၀င်ပြီး၊ သူတို့အားလုံး ထိန်းသိမ်း ခံထားရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဒုတိယ အကြီး အကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ၀န်ထမ်း ၅ ဦး ပါဝင်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှု ရှိပါတယ်။ သူတို့ကို ဘယ်အမှုတွေနဲ့ တရားစွဲဆို ထားတယ်ဆိုတာ သိရဖို့အတွက်လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်လို့ AZG အဖွဲ့ရဲ့ မြန်မာနိုင်ငံရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins ရန်ကုန်မြို့မှာ RFA နဲ့ ဒီကနေ့ တွေဆုံ စဉ်မှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း AZG အဖွဲ့က ဘင်္ဂါလီ မွတ်ဆလင် ၀န်ထမ်းတချို့ဟာ အယ်လ်ကိုင်းဒါးလို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ် ပတ်သက်မှု ရှိခဲ့တယ်လို့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကောလာဟလတွေနဲ့ ပတ် သက် လို့ ငြင်းဆိုကြောင်း Ms. Vickie Hawkins က ပြောပါတယ်။

အဲဒီကာလက ရခိုင်ပြည်နယ်မှာ ကျွန်မတို့ ၀န်ထမ်းတွေ အဖမ်းခံရမှုနဲ့ ပတ်သက်လို့ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေ အကြီးအကျယ် ပေါ်ထွက်ခဲ့တဲ့အတွက် AZG အဖွဲ့အပေါ် ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ AZG အဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့ စွပ်စွဲပြော ဆိုချက်တွေ၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ပတ်သက်လို့ လုံးဝ ပယ်ချလိုပါတယ်။   ကောလာ ဟလတွေမှာ ဖော်ပြတဲ့ AZG ရဲ့နေရာတွေကိုလည်း အာဏာပိုင်တွေ ရှာဖွေခဲ့ပြီးပါပြီ။ စိုးရိမ် သံသယဖြစ် စရာ ဘာမှ မတွေ့ရှိခဲ့ပါဘူး။ AZG ဟာ ကျန်းမာရေး ကူညီမှု အဖွဲ့အစည်း သက်သက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေကိုလည်း အတိအကျ လိုက်နာနေပါတယ်လို့ ပြောသွားပါတယ်။

AZG နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က စလို့ မြန်မာနိုင်ငံ တ၀ှမ်းမှာ HIV/ AIDS ရောဂါ၊ ငှက်ဖျားနဲ့တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေကို ၀န်ထမ်းပေါင်း၁၂၀၀  ကျော် နဲ့ ဆောင်ရွက်နေ ပါတယ်။ မကြာခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေ နဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ INGO ၀န်ထမ်း ၁၀ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါ တယ်။

သတင်းရင်းမြစ်း  RFA      
>>>ဆက်ဖတ်ရန်>>> >>

ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် စောလွန်းသေးဟု အမေရိကန်သံအမတ်ပြော

ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းဖို့ဆိုတာ အချိန်စောလွန်းသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ 


RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ် စကားပြောကြားနေစဉ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သံအမတ်ကြီးရဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုတွေဟာ အပြုသဘော ဆောင်ပြီး ပြောင်းလဲမှုတွေကို အထောက် အကူ ပြုမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။

အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က တာဝန်သိ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီရဲ့ အဓိက အရေးကြီး တဲ့ အစိတ်အပိုင်းက ပွင့်လင်းမြင်သာမှု ရှိခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး လာလုပ်ကြမယ့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ နိုင်ငံတကာ ကော်ပိုရိတ် အုပ်ချုပ်မှု စံနှုန်းကို အမြင့်ဆုံး အနေအထားမှာ ကျင့်သုံးပြီး လုပ်ကိုင်ကြရမှာဖြစ်ပြီး သူတို့ လုပ်ကိုင်နေပုံတွေကိုလည်း အမေရိကန် အစိုးရထံ အစီရင်ခံဖို့ လိုအပ်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တဆက်တည်း အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က စီးပွားရေး ပွင့်လင်းမြင်သာမှုက သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံရတဲ့ ငွေပမာဏ ကြီးမားပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေ က နိုင်ငံရဲ့ အမွေအနှစ်ဖြစ်တဲ့ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲကြရလို့ ဖြစ်ပါတယ်။

ဒါကြောင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မယ့် အမေရိကန် ကုမ္ပဏီတွေ အတွက် အထူး  လိုအပ်ချက်တွေကို ကျွန်တော်တို့ဘက်က သတ်မှတ် ထားတာပဲ ဖြစ်ပါတယ် လို့  လည်း
ဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေး ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေကို US AID အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်က ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာ အစီစဉ် WFP ကနေတဆင့် လှူဒါန်းမှာ ဖြစ်တယ်လို့ သံအမတ်ကြီး က ပြောပါတယ်။ ဒီအစီစဉ်အရ ဒုက္ခသည် လူဦးရေငါးသောင်းကျော်ခြောက်လကြာ စားသုံးနိုင်ရေး အတွက် ဆန်
တန်ချိန် စုစုပေါင်း မက်ထရစ်တန်ချိန် သုံးထောင်ကျော် ထောက် ပံ့ ကူညီနိုင်မှာ ဖြစ်တယ်လို့လည်း
 ပြောဆို သွားပါ တယ်။

သတင်းရင်းမြစ်း  RFA      
>>>ဆက်ဖတ်ရန်>>> >>

အမေရိကန် က မြန်မာ ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃ သန်းလှူ


ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာစစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး
 နေရသူတွေ အတွက် စားနပ်ရိက္ခာ ပံ့ပိုး ဖို့ ဒေါ်လာ ၃ သန်း အမေရိကန် ပြည်ထောင်စု
က လှူဒါန်းမယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် က
သံအမတ်ကြီးအဖြစ် ရန်ကုန်မှာ ပထမ ဆုံး ပြုလုပ်တဲ့ သောကြာနေ့ က သတင်းစာ ရှင်း
လင်းပွဲ မှာ ပြောကြား ခဲ့ ပါတယ်။

အခုလို အမေရိကန် ပြည်ထောင်စုက လှူဒါန်းတဲ့ ဒေါ်လာ ၃ သန်းကို ကမ္ဘာ့ စားနပ် ရိက္ခာ
 အစီအစဉ် WFP ကနေတဆင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း က   အိုးအိမ်
စွန့် ထွက်ပြေးနေရတဲ့ သူတွေကို စားနပ်ရိက္ခာ ဖြန့်ဝေ ပေးမယ်လို့ အမေရိကန် သံ အမတ်
ကြီး က ပြောပါတယ်။

ဒီအလှူငွေကို USAID အမေရိကန်ထောက်ပံ့ရေးအဖွဲ့ရဲ့ Food for Peace လို့ ခေါ်တဲ့   ငြိမ်း
ချမ်းရေး  အတွက် စားနပ် ရိက္ခာ ဆိုတဲ့   ရုံးကနေ တဆင့် လှူဒါန်းခဲ့တာ လို့ ပြော ပါတယ်။
WFP က ဒီငွေနဲ့ ခန့်မှန်းချေအားဖြင့် လူ ၅သောင်း၅ထောင် ကို ၆လ တာကာလ  အတွက်
 ကျွေးမွေးဖို့ ဆန်တွေ ဝယ်ယူမှာဖြစ်ပါတယ်။

ဒီဆန်တွေ ကို ကချင် နဲ့ ရှမ်းပြည်မြောက်ပိုင်း က အစိုးရ ထိန်းချုပ်တဲ့ နယ်မြေရော၊ အစိုးရ
မထိန်းချုပ်တဲ့ နယ်တွေမှာ ပါ ရှိတဲ့ အိုးအိမ်စွန့် ထွက်ပြေးလာသူတွေကို ဖြန့်ဝေပေးမယ်လို့
မစ္စတာ ဒဲရက် မစ်ချဲလ် က ပြောပါတယ်။ သူတို့  ရဲ့ မူ ကတော့ လိုအပ်တဲ့ နေရာတွေ   မှာ
 ဘယ် တိုင်းရင်းသားဖြစ်စေ၊ ဘယ်ဘာသာ ဝင် ဖြစ်စေ ထောက်ပံကူညီမယ် လို့ ဆိုပါတယ်။


USAID အစီအစဉ်ကို ပြန်စမယ် တိုးချဲ့မယ်လို့ ဧပြီလက ကြေညာခဲ့သလို ဇူလိုင်လ အတွင်း
မှာ လည်း ရခိုင်ပြည်နယ် နဲ့ ကချင်ပြည်နယ် က အကူအညီ လိုအပ်နေတဲ့ သူတွေကို လူသား
ချင်းစာနာတဲ့ အကူ အညီတွေပေးဖို့ နဲ့ နိုင်ငံတဝန်း ဘေးဆိုး လျော့ပါးရေး စီမံချက်တွေအတွက်
 ဒေါ်လာ ၃ သန်း ပံပိုး ခဲ့ပါ တယ်လို့ အမေရိကန် သံအမတ် က ပြောပါတယ်။

အခု သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီးပြောရာမှာတော့ တာဝန်ခံတဲ့
တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂ နိုင်ငံပြည်သူတွေ အတွက် ရေရှည် စီးပွားရေး အကျိုးစီးပွား ကို
ဖြစ်စေ လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပြီး အဓိက ကျတာကတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လို့
ဆိုပါ တယ်။

အထူးသဖြင့် ငွေကြေး အမြောက်အများ ပါဝင် ပတ်သက်မှုရှိတဲ့ လုပ်ငန်းကြီးတွေ နိုင်ငံပိုင် မြန်မာ
ရေနံ နဲ့  ဓါတ်ငွေ့  လုပ်ငန်းကြီး မျိုးတွေမှာ ရင်းနှီးမြှုပ်နှံ  လုပ်ကိုင်မယ်  ဆိုရင်   ပွင့်လင်းမြင်သာမှု
 ရှိဖို့ အလွန်လိုတယ် ၊ ဒါကြောင့် အဲဒီလိုလုပ်ငန်းကြီးတွေမှာ ရင်နှီးမြှုပ်နှံ မယ့်အ မေရိကန် ကုမ္ပဏီ
ကြီးတွေမှာ ဒီကိစ္စကို အထူးလိုအပ်ချက်အဖြစ် ထည့်သွင်း ထားသလို သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်
၏ချက် တွေဟာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း အမြင့်ဆုံးစံနှုန်း တွေနဲ့ ညီ မညီ သိရအောင် အစီ
ရင်ခံရမယ် လို့ ပြောကြားထားကြောင်း မစ္စတာ မစ်ချယ် က ပြောသွား ခဲ့ပါတယ်။

သတင်းရင်းမြစ်း  BBC     

>>>ဆက်ဖတ်ရန်>>> >>

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ


 နိုင်ငံတော် သမ္မတကြီး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာ
ပထမ ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်။

ယနေ့ (၂၁) ရာစု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင်
 နှစ်ပေါင်း(၂၀) ကျော် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွား ရေးနှင့် နိုင်ငံရေးစသည့် ကဏ္ဍ
အစုံကို အာဏာရှင်စနစ်ဖြင့် ချုပ်ကိုင် လာမှုကို ပယ်ဖျက်ပြီး လွတ်မြောက်ခြင်းကဏ္ဍ
သစ်နှင့်တိုးတက်ဖွံ့ဖြိုးကို လမ်းဖွင့်ပေး ပါသော နိုင်ငံေ ခါင်းဆောင်ပီသ ပါသဖြင့်
ယခုလို ပြည်သူများမေတ္တာကို ပို့သလိုက်ရပါသည်ခင်ဗျာ …။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဒေသအဖုံဖုံတို့သည် ပြောင်းလဲခြင်း (change)
ဟူသော ခေတ်ရေစီးကြောင်း အတွင်း ရာစု နှစ်၏တောင်းဆိုမှုကို ပြောင်း လဲနေချိန်ဖြစ်ပါ
သဖြင့် လိုက်ပါစီး ဆင်းပြောင်း လဲလျှက် ရှိပါသည်။ မည်သည့်အပြောင်းအလဲမဆို ပြောင်း
လဲမှုဖြစ် ပြီဆိုလျှင် ပြောင်းလဲမှုနှင့် အံဝင် ဂွင်ကျမည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပါသည်။
 ပြောင်းလဲခြင်းနှင့် ပြုပြင်းခြင်းသည် အစဉ်ဒွန်တွဲ လျှက် ရှိ ပါသည်။ ဆိုလိုသည်မှာ ရုပ်ပိုင်း
ဆိုင်ရာ ပြောင်းလဲမှုနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုသည် သီးခြား မရှိသင့်၊ အစဉ်ဒွန်တွဲလျှက်
 ရှိသင့်သည်။

အခြေခံပညာရေးကဏ္ဍ၏ သမိုင်းစဉ်အရ ပြန်၍ နောက်ကြောင်းပြန်ရလျှင် ၁၉၈၀ ခုနှစ်ခန့်
ကတည်းက ပညာရေးကဏ္ဍတခုလုံးကို ကိုင်တွယ် ခဲ့သည့် အပေါ်ထပ်   အဆောက်အအုံ
တွင် စစ်မှုထမ်းများဖြစ်ခဲ့သည်။    မှတ်မိပါသေးသည်။    ပညာရေးပြုပြင်ပြောင်းလဲ သင့်ပြီ
ဟူသော ကြွေးကြော်မှုဖြင့် ထင်ရာစိုင်းသော ပညာရေး မူဝါဒများ ချမှတ်ခဲ့သည်။ အဌမတန်း
(၈) တန်းနှင့် စတုတ္ထတန်း (၄) တန်း စာစစ်ဘုတ် အဖွဲ့များနှင့် စနစ် တို့ ဖျက်သိမ်းခဲ့ပါသည်။
 ဒသမတန်းတစ်တန်းတည်းသာ နိုင်ငံတော် စာစစ်အဖွဲ့ ဖွဲ့၍ စစ်ခဲ့သည်။ ထိုအချိန် မှစ၍
အခြေခံပညာရေး စနစ်၏ အရည်အသွေး မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့ရသည်။ စစ်ဗိုလ်ဝန်ကြီး
က ပညာရှင် များကို ခန့်ထား တာဝန်ပေး ခဲ့သော်လည်း   ၁၉၈၈   ခုနှစ်နောက်ပိုင်း ဒုတိယ
ဝန်ကြီးများ  (အခြေခံပညာ) ကို စစ်ဖက်ဘောင်းဘီဝတ်များကို  ပြောင်းလဲခဲ့သည်မှာ ယနေ့
တိုင်  ဘောင်းဘီမချွတ်နိုင်သေးပါ။

ထားပါဦးတော့ ..။ ဒုတိယ ၀န်ကြီး စစ်ဘက်သားတို့အောက်တွင် ထားရှိသည့် အခြေခံ၊   စာစစ်၊
သုတေ သန၊ မြန်မာစာ စသည့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်/ဒုချုပ်/ ညွှန်မှူး ရာထူးများ
ကိုလည်း ဗိုလ်မှူး ချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်များကို ခန့်အပ်ခဲ့သည့်စနစ်သည်
ယနေ့တိုင် ပြီးဆုံးခြင်း မတိုင်သေးပါ။ အခြေခံပညာဦးစီး (၄) ခုတွင်   စားလိုက်ကြ၊  ၀ါးလိုက်ကြ
နဲ့ ပွဲတော် “ဘုန်းကြီး” သဖွယ် မြိန်မြိန်   ဘုန်းပေးနေ  လိုက်ကြတာ ယခုဆိုလျှင်   ညွှန်ချုပ်တဦး
လျှင် နန်းတော်တမျှ ကြီးကျယ်ခမ်းနားသည့် အိမ်ကြီး အိမ်ကောင်းများ ရှိနေကြပါပြီ။   သားသမီး
များနှင့် ညီငယ်များဆိုလျှင် ကားကြီး၊ ကားငယ်၊ မယားကြီး၊ မယားငယ်များနှင့် ဇိမ်ခံနေကြပါပြီလို့
 ပြောချင်ပါတယ်။

နိုင်ငံတော်က ချပေးလိုက်သည့် ဘဏ္ဍာငွေများမှာလည်း ပညာရေးကိစ္စများကို အပြည့်အ၀ဆောင်
ရွက်ခြင်းမရှိဘဲ၊ ဆောက်လုပ်ရေးလုပ်ငန်း များကိုသာ ဦးစားပေးဆောင်ရွက်ကြပြီး ကန်ထရိုက်များ
ထံမှ ရာခိုင်နှုန်း   ယူပြီး ကြီးပွားနေကြပါတယ်။  ဆောက်လုပ်သည့် ကျောင်းများမှာတော့ ခိုင်ခန့် 
တောင့်တင်းမှုမရှိပဲ ပြီး စလွယ်ဆောက်ထားကြပါသည်။ အဆင့်မြင့်ပညာဘက်မှ ညွှန်ချုပ်များသည်
လည်း ရရှိသည့်ဘဏ္ဍာငွေကို တက္ကသိုလ်အတွက် အကျိုးရှိမည့် လုပ်ငန်းများတွင် သုံးစွဲခြင်းမရှိဘဲကိုယ်ကျိုးရှာ၊ လူကြီးကို အိမ်ဆောက်ပေး၊ လိုအပ်တာလုပ်ပေးပြီး နေကြပါသည်။ တက္ကသိုလ်အင်္ဂါရပ်နှင့်ညီသည့် တက္ကသိုလ်မရှိ သလောက်ပါ ဘဲ။ အခွင့်အရေးမျိုးစုံရယူပြီ ပြောဆိုမရသည့် ပါချုပ်များကိုမူ ဝေးလံ သည့်ဒေသများ သို့ ပို့ထားပြီး ဆရာမွေး၊ တပည့်မွေးများပြုလုပ်ကာ နီးစပ်ရာကို ရာထူး
တိုးပေးလျှက်ရှိပါသည်။ ပညာရေး ဌာန (အခြေခံပညာ) ၀န်းထမ်းအပိုင်းကို တင်ပြပါရစေ။
- အထက်တန်းပြ လုပ်သက် (၇) နှစ်ပြည့်မှ အလယ်တန်းကျောင်းအုပ် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
- အလယ်တန်း ကျောင်းအုပ် (၇) နှစ်ပြည့်မှ အထက်တန်းကျောင်းအုပ် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
- အထက်တန်း ကျောင်းအုပ် အနည်းဆုံး (၃) နှစ်ပြည်မှ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး အနည်းဆုံး (၂) နှစ်ပြည့်မှ ရုံးချုပ် (ဦးစီးအရာရှိ) တာဝန် ထမ်းဆောင်ခွင့်ရရှိကြသည်။

သို့သော် ယနေ့သာမန်အရပ်သားများနှင့် အရပ်သားဇနီး၊ သား/သမီးများက အထက်ပါရာထူးမျိုး
 အချိန် ကိုက်မရရှိကြပါ။ ထိုနည်းတူ ဦးစီး ဌာနတွင် စစ်ဘက်ညွှန်ချုပ်ကြီးများက ကြီးစိုး၊ စိုးမိုးသဖြင့်
၎င်းတို့ နှင့်ပတ်သက်သော ဗိုလ်ကြီး၊ ဗိုလ်မှူးများကို တန်းစီ၍ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေး
မှူး (ဒုညွှန်မှူးနှင့် ညွှန်မှူးရာထူး) များကို တန်းပြီးပေးသဖြင့် နှစ်ရှည်ကြာမြင့်စွာလုပ်ကိုင်ခဲ့သော ၀န်ထမ်းများ အနေ ဖြင့် လွန်စွာနစ်နာလျှက် ရှိပါသည်။

ဘောင်းဘီဝတ်စစ်ဘက်ဝန်ထမ်း (၂) သီးစားများဖြစ်သည့် ဒုဝန်ကြီး၊ ညွှန်ချုပ်၊ ဒုချုပ်နှင့် ညွှန်မှူး
များသည် ပတ်သက်ရာပတ်သက်ကြောင်း စစ်မှုထမ်းများ၏ သားသမီး၊ သားမက်များကို ရာထူး
တိုးပေးခြင်း၊ နီးစပ်ရာ ကျောင်းကောင်းကြီးများသို့ ရာထူးနေရာလစ်လပ်မှုမရှိဘဲ (ရာထူးပို)
 ဖြင့် ခန့်ထားပေးလျှက်ရှိ ပါသည်။ သာမန်အရပ်သားများ၏ သား/သမီး ဆရာမများ အနားမကပ်ရဲ
ပါခင်ဗျား။

လက်ရှိအခြေအနေကို သုံးသပ်ရလျှင် တပ်မတော်မှ ပြစ်မှုဆိုင်ရာအကြောင်းမျိုးမျိုးဖြင့် အရေးယူခံ
ခဲ့ရသော စစ်မှုထမ်း ဗိုလ်မှူးချုပ်၊ ဗိုလ်မှူး ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးများသည် ပညာရေးဌာနတွင်
ညွှန်ချုပ်၊ ဒုချုပ်၊ ညွှန်မှူးနှင့် ဒုညွှန် စသည့်ရာထူးများကိုရယူပြီး (၂) သီးစားလျှက်ရှိပြီး ပညာရေး
သဘောတရားနားလည်မှု မရှိဘဲ ဇွတ်တရွတ်ဆောင်ရွက်မှုနှင့် လာဘ်စားမှုများ၊ ကြာမြင့်လာသဖြင့်
တိုးတက်မှုမရှိ၊ ဆုတ်ယုတ်မှုနှင့် သာ ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ ဖြစ်သည်။

ပညာရေးဌာနကို စစ်ဘက်မှ အရာရှိကြီးများကိုပို့မည်ဆိုလျှင်လည်း ပညာရေးသဘော၊ ကျောင်းသား
 သဘော သဘာဝ၊ သင်ကြားရေးသဘော  သဘာဝ နားလည်သူများကိုသာ တာဝန်ထမ်းဆောင်စေ
သင့်ပါသည်။ အုပ်ချုပ်ရေး   တစ်ခုတည်းကိုသာ  ကျွမ်းကျင်သည့်  သူများကို   မပို့သင့်ပါ။ ပညာရေး
 ဌာန၏သဘောသဘာဝကိုနားမလည်ဘဲ ကိုယ်ထင်ရာကိုယ်စိုင်းလုပ်ကြသဖြင့် ပညာရေးမတိုးတက်ဘဲ
 ဆုတ်ယုတ်မှုသာ တိုး တက်လာပါသည်။

သမ္မတကြီးခင်ဗျား …. 
နှစ်စဉ်အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ၊ ပညာရေးဆွေးနွေးပွဲများကို ဘတ်ဂျက်
များ များသုံး၍ ကျင်းပလျှက် ရှိပါသည်။ အဆိုပါဆွေးနွေးပွဲများတွင် အောက်ခြေကို ရှင်းမပြဘဲ
လိုရာကိုဆွဲရေး ခဲ့သောစာတမ်းများသာ ဖတ်ပြပြီး လိုသလို ဆုံးဖြတ်ကြပါသည်။ တက်ရောက်
လာသူ ပညာရေးဝန်ထမ်း များ၏ ဆွေးနွေးတင်ပြချက်များကို ရယူမှုမရှိပါ။   အဓိက  “သင်ရိုး”
 ဆွေးနွေးပွဲတွင် “လူ” မပြောင်း ဘဲ လှေကြီးထိုးရိုးရိုးအတိုင်း လူမပြောင်းသလို “မူ”လည်းမပြောင်း
သဖြင့် တိုးတက်မှုမရှိခဲ့တာ ကြာပါပြီ။ ထို့ကြောင့် ဆွေးနွေးပွဲများသည် အကျိုး မရှိပါ။ ငွေကုန်၍
 လူပမ်းဖြစ်သည့် အပြင် နွေရာသီ တွင်ကျင်းပသဖြင့် တက်ရောက်လာကြသော ဆရာ/ဆရာမကြီး
များမှာ ကျန်းမာရေးထိခိုက် ၍ သေဆုံးမှုနှင့် သာ ရင်ဆိုင်ခဲ့ရကြောင်း သာဓကရှိခဲ့ဖူးပါသည်။

ထို့ကြောင့် သမ္မတကြီးအားအကြံပြုလိုသည်မှာ …
နိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ပညာရေးစနစ်ပြောင်းလဲရန် လိုအပ်ပါသည်။  ပညာရေး
ကဏ္ဍတွင် စနစ်ပြောင်းလဲသူလို လူလည်း ပြောင်းလဲမှ ပညာရေး   တိုးတက်ပါသည်  ။ ၀န်ကြီး၊
ဒုဝန်ကြီး၊ ညွှန်ချုပ်၊  ဒုချုပ်နှင့်   အရာထမ်းများသည်   ပညာရေးကို    နှံ့စပ်နားလည်တတ်ကျွမ်း
သိရှိသော အရပ်သားပညာ ရှင်များ ဖြစ်သင့်ပါသည်။ တပ်မတော်မှကူးပြောင်းလာသည့် စစ်မှုထမ်း
 များ လုံးဝ (လုံးဝ) မဖြစ်သင့်ပါ။ထို့အတူ အဆိုပါရာထူးကြီးများတွင် ခန့်ထားတာဝန်ပေးဆပ်
သင့်သည့် ပုဂ္ဂိုလ်များ၏နောက်ကြောင်း ရာဇ၀င်ရှင်းလင်းမှုကို အဓိကထား စဉ်း စားသင့်ပါ
ကြောင်းနှင့် မျှော်မှန်းထားသော ပညာရေးစနစ်တို့ ကူးပြောင်းလိုပါက ၀ါရင့်၊ သဘာရင့် ပညာ
ရှင်ကြီးများ၊ ပညာရေးဆိုင်ရာ အသိပညာရှင်၊ အတတ် ပညာရှင် များအား ဖိတ်ကြား၍ အကြံ
ဉာဏ်ကောင်းများ ရယူကာ ရလဒ်ကောင်းများအပေါ် မူတည်၍ စနစ် ကူးပြောင်း ဆောင်ရွက်
သင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ပါသည်။
သတင်းရင်းမြစ်း  မိုးမခ
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေတွင် ဘင်္ဂါလီ ၂၀၀ကျော် စုရုံးမှု သေနတ်ပစ်ဖောက် ဟန့်တား


အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီ လူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသား များ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက် လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲ လိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြ သည်။

သတင်းရင်းမြစ်    The Voice Weekly
>>>ဆက်ဖတ်ရန်>>> >>

စိုက်ပျိုးရေး ကုမ္ပဏီ ၁၆ ခုကို ကျေးရွာ ၉ရွာမှ လယ်သမားများက ဆန္ဒပြ



ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်  ကုပ္မဏီ ၁၆ခုကို ဒေသခံ လယ်သမားနှင့် အကျိုးတူ ပူးပေါင်း၍ စံပြစပါး စိုက်ပျိုးရေးဇုန် လုပ်ရန် လုပ်ကိုင်ခွင့် ချထား ပေးသော်လည်း ယခုအချိန်အထိ မလုပ်ကိုင် သဖြင့်စား ၀တ်နေရေး ခက်ခဲလာ၍ ကျေးရွာ ၉ရွာမှ လယ်သမား၂၀၀ကျော်က ဆန္ဒပြခြင်း ဖြစ်သည်ဟု လယ် သမားကြီး ဦးမြအောင်က ပြောကြားသည်။

၂၀၀၈ ခုနှစ်က လယ်ဧက တစ်သောင်းကျော်ကို လန/၃၉ အရ သိမ်းယူခဲ့ပြီး စိုက်ပျိုးရေး ကုပ္မဏီ ၁၆ခုကို လယ်သမားများနှင့် စံပြ စိုက်ပျိုးရေးဇုန် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန် တပ်မတော် အစိုးရ လမ်းညွန်ခဲ့ကြောင်း ၂၀၁၁ခုနှစ်အထိ အကောင်အထည် မဖော်သဖြင့် လယ်သမား စားဝတ်နေရေး ခက်ခဲ လာကြောင်း ညောင်ပင်သာ ကျေးရွာမှ လယ်သမား ဦးမြင့်အောင်က ပြောကြားသည်။

“စားဝတ်နေရေး အဆင်မပြေလို့ လယ်သမားတွေ ဒီနှစ် စပါး ၀င်စိုက်တာကို ကုပ္မဏီက ဖျက်စီး ပစ်တယ် ဟု ၄င်းကဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ ထွက်ရှိပြီး ၁၅ ရက်အကြာ ဇူလိုင်၂၀ရက်နေ့တွင် ဒုတိယမြောက် အဖြစ် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် သရက်ပင်ချေုာင်ကျေးရွာမှ လယ်သမားများသည် အပို စည်းကမ်းချက် ၁၀ချက်ဖြင့် ဆန္ဒပြခွင့် ရရှိခဲ့ကြောင်း ဆန္ဒပြခွင့် လျောက် ထား သူရှေ့နေ ဦးရန်နိုင်အောင်က ပြောကြားသည်။

ယင်းမြို့နယ်အား စံပြ စိုက်ပျိုးရေး အထူးဇုန် နှစ်ဇုန်ခွဲကာ ဒဂုံ အင်တာနေရှင်နုယ်၊ ယုဇန ကုမ္ပဏီ၊ မြင့်ဇေယျာ ကုမ္ပဏီ၊ စင်းရွှေလီ၁/၂၊ ၀န်းရံခ၊ မြတ်ရွှေဝါ၊ ရွှေနဂါးမင်း၊ မက်စ်မြန်မာ၊ ရွှေဟိန်းထက်၊ ဧဒင်၊ အေးရှားဝေါလ်၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၊ ရွှေတောင်၊ ပင်လယ်ကိုးသွယ်၊ ဂွတ်ဘရားသား အမည်ရှိသော ကုမ္ပဏီကြီးများ အကောင်အထည် ဖော်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ဆန္ဒပြ လယ်သမားများက တညီ တညွတ်တည်း ပြောကြားသည်။

သရက်ပင်ချောင်၊ ညောင်ပင်၊ ကျီစုအရှေ့၊ နောက်၊ ထောင်တလုတ်၊ စစ်ပင်၊ လေးထောင့်ကန်၊ သုံးခွ၊ ရွာသာကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း၊ အရှေ့၊ တောင်) စသောရွာတို့မှ လယ်သမား ၁၀၈၅ဦး စိုက်ပျိုးနေသော လယ်ဧက တစ်သောင်းကျော်တွင် ဓန အင်အား ကြီးမားသူ အထက်ပါ ကုပ္မဏီများက ဆန်စပါး စိုက်ပျိုး လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ယင်းနေ့က တွေ့ရသော ဆန္ဒပြ တောင်သူများက ပြောကြားသည်။
တစ်ဧကကို အိုးအိမ်က နှစ်သောင်း ထုတ်ပေးခဲ့ပြီး စိုက်ပျိုးရေး ကုမ္ပဏီများက တစ်ဧက ငါးသောင်း ထပ်ထုတ် ပေးခဲ့ကြောင်း ၊အိုးအိမ်ကပဲ၂၀x၆၀ မြေကွက် ပေးအပ်ခဲ့ကြောင်း အမည်မဖော် လိုသူ ကုပ္မဏီ အကြီးအကဲတစ်ဦးက ပြောကြားသည်။

သတင်းရင်းမြစ်    The Voice Weekly    
>>>ဆက်ဖတ်ရန်>>> >>

ဗန်းမော် ရှပ်ပြေးယာဉ် တိမ်းမှောက်မှု နောက်ဆုံးရသတင်း

ယနေ့ ရှပ်ပြေးရေယာဉ်တိမ်းမှောက်တဲ့ ဗန်းမော် ဆိပ်မှာ ကယ်ဆယ်ရေးများကို တွေ့ ရစဉ်
ယနေ့ မနက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ ကနေ ကသာ မြို့ ကို ထွက်ခွါသွားတဲ့ ရှပ်ပြေးရေယာဉ်ဟာ ထွက်ထွက်ချင်းမှာ တိမ်းမှောက်မှုဖြစ် ပွါးခဲ့ပါတယ်။ ဒေသခံတွေကတော့ တိမ်မှောက်မှုဖြစ်ပွါးတဲ့ နေရာ
ဟာ ဗန်းမော် ရှပ်ပြေဆိပ်ကမ်း အနီး ဧရာဝတီမြစ်ထဲမှာပဲ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှပ်ပြေးရေယာဉ်ပေါ်မှာ လူ(၁၀၀)ကျော် ပါရှိပြီး မြစ်ကြီးနား ကျောင်းသား အားကစားပွဲတော်ကို သွားတဲ့ သူတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။ အခုရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ဗန်းမော် ကနေ မြစ်ကြီးနား ကို တိုက်ရိုက်သွားလို့ မရပဲ ကသာ-နာဘား ဘူတာကနေ ရထားနဲ့ မြစ်ကြီးနားသွား ကြ မဲ့ ကျောင်းသားတွေလို့ သိရပါတယ်။

ရှပ်ပြေရေယာဉ်ပေါ်မှာ ပါသွားတဲ့  ဗန်းမော် uni ကဘောလုံးသမား ၂၀ ကမ်းပေါ်ကို  ပြန်ရောက်ပြီး uni က ဘောလုံး သမား ၅ ဦးနဲ့ ခရီးသည် ၈၀ ကျော်ကိုကယ်နေတုန်းပါ။ မိုးက တအားရွာနေပြီး ရေယာဉ် ၀မ်းခေါင်းထဲမှာ တာလပတ်အုပ်ပြီး လိုက်ပါသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခေါင်းမိုးပေါ်ပါသွား သူတွေ ပဲ ကယ်တင်နိုင်ပါသေးကြောင်း သိရပါတယ်။

ရှပ်ပြေးရေယာဉ်ပေါ်မှာ လူအပြည့်လိုက်ပါသွားပြီ ခြေချစရာနေရာတောင်မရှိတဲ့အတွက် ကမ်းပေါ်ပြန်တက် ခဲ့ရပြီး ကျန်နေတဲ့ ခရီးသည်တွေလည်း ရှိပါတယ်။

သတင်းရင်းမြစ်    သစ်ထူးလွင်     
>>>ဆက်ဖတ်ရန်>>> >>