အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီ လူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသား များ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက် လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲ လိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြ သည်။
သတင်းရင်းမြစ်း The Voice Weekly

No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။