နိုင်ငံတော် သမ္မတကြီး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာ
ပထမ ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်။
ပထမ ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်။
ယနေ့ (၂၁) ရာစု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အစိုးရသစ်လက်ထက်တွင်
နှစ်ပေါင်း(၂၀) ကျော် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွား ရေးနှင့် နိုင်ငံရေးစသည့် ကဏ္ဍ
အစုံကို အာဏာရှင်စနစ်ဖြင့် ချုပ်ကိုင် လာမှုကို ပယ်ဖျက်ပြီး လွတ်မြောက်ခြင်းကဏ္ဍ
သစ်နှင့်တိုးတက်ဖွံ့ဖြိုးကို လမ်းဖွင့်ပေး ပါသော နိုင်ငံေ ခါင်းဆောင်ပီသ ပါသဖြင့်
ယခုလို ပြည်သူများမေတ္တာကို ပို့သလိုက်ရပါသည်ခင်ဗျာ …။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဒေသအဖုံဖုံတို့သည်
ပြောင်းလဲခြင်း (change)
ဟူသော ခေတ်ရေစီးကြောင်း အတွင်း ရာစု နှစ်၏တောင်းဆိုမှုကို ပြောင်း လဲနေချိန်ဖြစ်ပါ
သဖြင့် လိုက်ပါစီး ဆင်းပြောင်း လဲလျှက် ရှိပါသည်။ မည်သည့်အပြောင်းအလဲမဆို ပြောင်း
လဲမှုဖြစ် ပြီဆိုလျှင် ပြောင်းလဲမှုနှင့် အံဝင် ဂွင်ကျမည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပါသည်။
ပြောင်းလဲခြင်းနှင့် ပြုပြင်းခြင်းသည် အစဉ်ဒွန်တွဲ လျှက် ရှိ ပါသည်။ ဆိုလိုသည်မှာ ရုပ်ပိုင်း
ဆိုင်ရာ ပြောင်းလဲမှုနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုသည် သီးခြား မရှိသင့်၊ အစဉ်ဒွန်တွဲလျှက်
ရှိသင့်သည်။

အခြေခံပညာရေးကဏ္ဍ၏ သမိုင်းစဉ်အရ ပြန်၍ နောက်ကြောင်းပြန်ရလျှင် ၁၉၈၀
ခုနှစ်ခန့်
ကတည်းက ပညာရေးကဏ္ဍတခုလုံးကို ကိုင်တွယ် ခဲ့သည့် အပေါ်ထပ် အဆောက်အအုံ
တွင် စစ်မှုထမ်းများဖြစ်ခဲ့သည်။ မှတ်မိပါသေးသည်။ ပညာရေးပြုပြင်ပြောင်းလဲ သင့်ပြီ
ဟူသော ကြွေးကြော်မှုဖြင့် ထင်ရာစိုင်းသော ပညာရေး မူဝါဒများ ချမှတ်ခဲ့သည်။ အဌမတန်း
(၈) တန်းနှင့် စတုတ္ထတန်း (၄) တန်း စာစစ်ဘုတ် အဖွဲ့များနှင့် စနစ် တို့ ဖျက်သိမ်းခဲ့ပါသည်။
ဒသမတန်းတစ်တန်းတည်းသာ နိုင်ငံတော် စာစစ်အဖွဲ့ ဖွဲ့၍ စစ်ခဲ့သည်။ ထိုအချိန် မှစ၍
အခြေခံပညာရေး စနစ်၏ အရည်အသွေး မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့ရသည်။ စစ်ဗိုလ်ဝန်ကြီး
က ပညာရှင် များကို ခန့်ထား တာဝန်ပေး ခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒုတိယ
ဝန်ကြီးများ (အခြေခံပညာ) ကို စစ်ဖက်ဘောင်းဘီဝတ်များကို ပြောင်းလဲခဲ့သည်မှာ ယနေ့
တိုင် ဘောင်းဘီမချွတ်နိုင်သေးပါ။

ထားပါဦးတော့ ..။ ဒုတိယ ၀န်ကြီး
စစ်ဘက်သားတို့အောက်တွင် ထားရှိသည့် အခြေခံ၊ စာစစ်၊
သုတေ သန၊ မြန်မာစာ စသည့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်/ဒုချုပ်/ ညွှန်မှူး ရာထူးများ
ကိုလည်း ဗိုလ်မှူး ချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်များကို ခန့်အပ်ခဲ့သည့်စနစ်သည်
ယနေ့တိုင် ပြီးဆုံးခြင်း မတိုင်သေးပါ။ အခြေခံပညာဦးစီး (၄) ခုတွင် စားလိုက်ကြ၊ ၀ါးလိုက်ကြ
နဲ့ ပွဲတော် “ဘုန်းကြီး” သဖွယ် မြိန်မြိန် ဘုန်းပေးနေ လိုက်ကြတာ ယခုဆိုလျှင် ညွှန်ချုပ်တဦး
လျှင် နန်းတော်တမျှ ကြီးကျယ်ခမ်းနားသည့် အိမ်ကြီး အိမ်ကောင်းများ ရှိနေကြပါပြီ။ သားသမီး
များနှင့် ညီငယ်များဆိုလျှင် ကားကြီး၊ ကားငယ်၊ မယားကြီး၊ မယားငယ်များနှင့် ဇိမ်ခံနေကြပါပြီလို့
ပြောချင်ပါတယ်။

နိုင်ငံတော်က ချပေးလိုက်သည့် ဘဏ္ဍာငွေများမှာလည်း ပညာရေးကိစ္စများကို
အပြည့်အ၀ဆောင်
ရွက်ခြင်းမရှိဘဲ၊ ဆောက်လုပ်ရေးလုပ်ငန်း များကိုသာ ဦးစားပေးဆောင်ရွက်ကြပြီး ကန်ထရိုက်များ
ထံမှ ရာခိုင်နှုန်း ယူပြီး ကြီးပွားနေကြပါတယ်။ ဆောက်လုပ်သည့် ကျောင်းများမှာတော့ ခိုင်ခန့် 
တောင့်တင်းမှုမရှိပဲ ပြီး စလွယ်ဆောက်ထားကြပါသည်။ အဆင့်မြင့်ပညာဘက်မှ ညွှန်ချုပ်များသည်
လည်း ရရှိသည့်ဘဏ္ဍာငွေကို တက္ကသိုလ်အတွက် အကျိုးရှိမည့် လုပ်ငန်းများတွင် သုံးစွဲခြင်းမရှိဘဲကိုယ်ကျိုးရှာ၊ လူကြီးကို အိမ်ဆောက်ပေး၊ လိုအပ်တာလုပ်ပေးပြီး နေကြပါသည်။ တက္ကသိုလ်အင်္ဂါရပ်နှင့်ညီသည့် တက္ကသိုလ်မရှိ သလောက်ပါ ဘဲ။ အခွင့်အရေးမျိုးစုံရယူပြီ ပြောဆိုမရသည့် ပါချုပ်များကိုမူ ဝေးလံ သည့်ဒေသများ သို့ ပို့ထားပြီး ဆရာမွေး၊ တပည့်မွေးများပြုလုပ်ကာ နီးစပ်ရာကို ရာထူး
တိုးပေးလျှက်ရှိပါသည်။ ပညာရေး ဌာန (အခြေခံပညာ) ၀န်းထမ်းအပိုင်းကို တင်ပြပါရစေ။

- အထက်တန်းပြ လုပ်သက် (၇) နှစ်ပြည့်မှ အလယ်တန်းကျောင်းအုပ် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
- အလယ်တန်း ကျောင်းအုပ် (၇) နှစ်ပြည့်မှ အထက်တန်းကျောင်းအုပ် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
- အထက်တန်း ကျောင်းအုပ် အနည်းဆုံး (၃) နှစ်ပြည်မှ
မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး အနည်းဆုံး (၂) နှစ်ပြည့်မှ
ရုံးချုပ် (ဦးစီးအရာရှိ) တာဝန် ထမ်းဆောင်ခွင့်ရရှိကြသည်။
သို့သော် ယနေ့သာမန်အရပ်သားများနှင့် အရပ်သားဇနီး၊ သား/သမီးများက
အထက်ပါရာထူးမျိုး
အချိန် ကိုက်မရရှိကြပါ။ ထိုနည်းတူ ဦးစီး ဌာနတွင် စစ်ဘက်ညွှန်ချုပ်ကြီးများက ကြီးစိုး၊ စိုးမိုးသဖြင့်
၎င်းတို့ နှင့်ပတ်သက်သော ဗိုလ်ကြီး၊ ဗိုလ်မှူးများကို တန်းစီ၍ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေး
မှူး (ဒုညွှန်မှူးနှင့် ညွှန်မှူးရာထူး) များကို တန်းပြီးပေးသဖြင့် နှစ်ရှည်ကြာမြင့်စွာလုပ်ကိုင်ခဲ့သော ၀န်ထမ်းများ အနေ ဖြင့် လွန်စွာနစ်နာလျှက် ရှိပါသည်။

ဘောင်းဘီဝတ်စစ်ဘက်ဝန်ထမ်း (၂) သီးစားများဖြစ်သည့် ဒုဝန်ကြီး၊
ညွှန်ချုပ်၊ ဒုချုပ်နှင့် ညွှန်မှူး
များသည် ပတ်သက်ရာပတ်သက်ကြောင်း စစ်မှုထမ်းများ၏ သားသမီး၊ သားမက်များကို ရာထူး
တိုးပေးခြင်း၊ နီးစပ်ရာ ကျောင်းကောင်းကြီးများသို့ ရာထူးနေရာလစ်လပ်မှုမရှိဘဲ (ရာထူးပို)
ဖြင့် ခန့်ထားပေးလျှက်ရှိ ပါသည်။ သာမန်အရပ်သားများ၏ သား/သမီး ဆရာမများ အနားမကပ်ရဲ
ပါခင်ဗျား။

လက်ရှိအခြေအနေကို သုံးသပ်ရလျှင် တပ်မတော်မှ
ပြစ်မှုဆိုင်ရာအကြောင်းမျိုးမျိုးဖြင့် အရေးယူခံ
ခဲ့ရသော စစ်မှုထမ်း ဗိုလ်မှူးချုပ်၊ ဗိုလ်မှူး ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးများသည် ပညာရေးဌာနတွင်
ညွှန်ချုပ်၊ ဒုချုပ်၊ ညွှန်မှူးနှင့် ဒုညွှန် စသည့်ရာထူးများကိုရယူပြီး (၂) သီးစားလျှက်ရှိပြီး ပညာရေး
သဘောတရားနားလည်မှု မရှိဘဲ ဇွတ်တရွတ်ဆောင်ရွက်မှုနှင့် လာဘ်စားမှုများ၊ ကြာမြင့်လာသဖြင့်
တိုးတက်မှုမရှိ၊ ဆုတ်ယုတ်မှုနှင့် သာ ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ ဖြစ်သည်။

ပညာရေးဌာနကို စစ်ဘက်မှ အရာရှိကြီးများကိုပို့မည်ဆိုလျှင်လည်း
ပညာရေးသဘော၊ ကျောင်းသား
သဘော သဘာဝ၊ သင်ကြားရေးသဘော သဘာဝ နားလည်သူများကိုသာ တာဝန်ထမ်းဆောင်စေ
သင့်ပါသည်။ အုပ်ချုပ်ရေး တစ်ခုတည်းကိုသာ ကျွမ်းကျင်သည့် သူများကို မပို့သင့်ပါ။ ပညာရေး
ဌာန၏သဘောသဘာဝကိုနားမလည်ဘဲ ကိုယ်ထင်ရာကိုယ်စိုင်းလုပ်ကြသဖြင့် ပညာရေးမတိုးတက်ဘဲ
ဆုတ်ယုတ်မှုသာ တိုး တက်လာပါသည်။

သမ္မတကြီးခင်ဗျား ….
နှစ်စဉ်အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ၊
ပညာရေးဆွေးနွေးပွဲများကို ဘတ်ဂျက်
များ များသုံး၍ ကျင်းပလျှက် ရှိပါသည်။ အဆိုပါဆွေးနွေးပွဲများတွင် အောက်ခြေကို ရှင်းမပြဘဲ
လိုရာကိုဆွဲရေး ခဲ့သောစာတမ်းများသာ ဖတ်ပြပြီး လိုသလို ဆုံးဖြတ်ကြပါသည်။ တက်ရောက်
လာသူ ပညာရေးဝန်ထမ်း များ၏ ဆွေးနွေးတင်ပြချက်များကို ရယူမှုမရှိပါ။ အဓိက “သင်ရိုး”
ဆွေးနွေးပွဲတွင် “လူ” မပြောင်း ဘဲ လှေကြီးထိုးရိုးရိုးအတိုင်း လူမပြောင်းသလို “မူ”လည်းမပြောင်း
သဖြင့် တိုးတက်မှုမရှိခဲ့တာ ကြာပါပြီ။ ထို့ကြောင့် ဆွေးနွေးပွဲများသည် အကျိုး မရှိပါ။ ငွေကုန်၍
လူပမ်းဖြစ်သည့် အပြင် နွေရာသီ တွင်ကျင်းပသဖြင့် တက်ရောက်လာကြသော ဆရာ/ဆရာမကြီး
များမှာ ကျန်းမာရေးထိခိုက် ၍ သေဆုံးမှုနှင့် သာ ရင်ဆိုင်ခဲ့ရကြောင်း သာဓကရှိခဲ့ဖူးပါသည်။

ထို့ကြောင့် သမ္မတကြီးအားအကြံပြုလိုသည်မှာ …
နိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ပညာရေးစနစ်ပြောင်းလဲရန် လိုအပ်ပါသည်။
ပညာရေး
ကဏ္ဍတွင် စနစ်ပြောင်းလဲသူလို လူလည်း ပြောင်းလဲမှ ပညာရေး တိုးတက်ပါသည် ။ ၀န်ကြီး၊
ဒုဝန်ကြီး၊ ညွှန်ချုပ်၊ ဒုချုပ်နှင့် အရာထမ်းများသည် ပညာရေးကို နှံ့စပ်နားလည်တတ်ကျွမ်း
သိရှိသော အရပ်သားပညာ ရှင်များ ဖြစ်သင့်ပါသည်။ တပ်မတော်မှကူးပြောင်းလာသည့် စစ်မှုထမ်း
များ လုံးဝ (လုံးဝ) မဖြစ်သင့်ပါ။ထို့အတူ အဆိုပါရာထူးကြီးများတွင် ခန့်ထားတာဝန်ပေးဆပ်
သင့်သည့် ပုဂ္ဂိုလ်များ၏နောက်ကြောင်း ရာဇ၀င်ရှင်းလင်းမှုကို အဓိကထား စဉ်း စားသင့်ပါ
ကြောင်းနှင့် မျှော်မှန်းထားသော ပညာရေးစနစ်တို့ ကူးပြောင်းလိုပါက ၀ါရင့်၊ သဘာရင့် ပညာ
ရှင်ကြီးများ၊ ပညာရေးဆိုင်ရာ အသိပညာရှင်၊ အတတ် ပညာရှင် များအား ဖိတ်ကြား၍ အကြံ
ဉာဏ်ကောင်းများ ရယူကာ ရလဒ်ကောင်းများအပေါ် မူတည်၍ စနစ် ကူးပြောင်း ဆောင်ရွက်
သင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ပါသည်။

သတင်းရင်းမြစ်း မိုးမခ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။