အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 18, 2012

သမ္မတ ဦးသိန်းစိန် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်

သမ္မတကြီး ဦးသိန်းစိန်
ရန်ကုန်၊ ဇွန် ၁၈

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်း ပြည်ပ နိုင်ငံရေး လေ့လာသူများအကြား နာမည်ကောင်းဖြင့် ထင်ရှားလာသည့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က နိုင်ငံတော် အခြေပြမိန့်ခွန်း ကို ဇွန် လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြောကြားရန်ရှိကြောင်း အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားခြင်းခံရသည့် အသင်းအဖွဲ့ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပါအ၀င် အသင်းအဖွဲ့များကို ဖိတ်ကြားထားကြောင်း ၄င်းတို့ က ဆိုသည်။

မိန့်ခွန်းပြောကြားမည့် အဆိုပါ အခမ်းအနားကို နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် သဘင်ဆောင် တွင် ကျင်းပမည်ဖြစ်ကြောင်း ဖိတ်ကြားခံရသူများထံမှ ဆက်လက် စုံစမ်းသိရှိရသည်။

သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>

တဆင့်ခံ ၀ယ်ယူမှု များကြောင့် တစ်ဧက သိန်းထောင်ချီ ရှိလာသည့် ပြင်ဦးလွင် ကုန်းခြံများ

 ပြင်ဦးလွင် ကုန်းခြံများ
ပြင်ဦးလွင်မြို့နယ်ရှိ  ကုန်းခြံများမှာ သင်္ကြန်ပြီးနောက်ပိုင်းအရောင်းအ၀ယ်လိုက်ခဲ့သော်လည်း ယခုအချိန် တွင် တဆင့်ခံ ၀ယ်ယူ မှုများကြောင့် ဈေးအဆမတန်မြင့်တက်လာမှုကြောင့် ၀ယ်ယူသူများ အနည်းငယ် တုံ့ဆိုင်းမှုများ ရှိလာကြောင်း   အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“ဒီမှာကတော့ ရွာတွေဘက်မှာ ပိုပြီးအ၀ယ်လိုက်ကြတယ်၊ အရင်လကတော့ အရောင်းကော အ၀ယ်ကောတော်တော်လေးဖြစ်  တယ်  ဒီလထဲတော့ နည်းနည်းပါးသွားတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်ကိုမောင်မောင်ငြိမ်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ်တွင် ထိုကဲ့သို့ ကျေးရွာဘက်များ၌ မြေကွက်အရောင်းအ၀ယ်ဖြစ်နေရခြင်းမှာ   ငွေကြေးတတ်နိုင်သူ များ အနေဖြင့် နှစ်ရှည်ပင်များ စိုက်ပျိုးလိုခြင်းကြောင့် ခြံများအား ဧကလိုက်ဝယ်ယူလျက် ရှိကြောင်း ဒေသခံ များထံက သိရသည်။

ထိုကဲ့သို့ ပြင်ဦးလွင်မြို့တွင် ကျေးရွာများ၌ ခြံကွက်များအရောင်းအ၀ယ်စလိုက်ခဲ့ခြင်းမှာ ၂၀၁၁ခုနှစ်၊ သြဂုတ်လပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။

“ဒီရွှေမြင့်သာရွာမှာဆိုရင် တစ်နေ့တစ်နေ့ ပွဲစားတွေ အယောက်(၁၀၀)လောက်ရှိမယ်၊ သူဌေးတွေက မြေကွက်တွေ ဧကလိုက်  လာဝယ်ကြတော့ 8wO_ gမြကွက်သေးသေးလေးတွေ ကလည်းသိန်းထောင်ချီနေပြီ”ဟုပိန္နဲကုန်းကျေး ရွာနေ ကိုမျိုးသန့်   ကပြောသည်။

ထိုကဲ့သို့ မြေကွက်များအား ငွေရှင်များအနေဖြင့် အများအပြားဝယ်ယူခဲ့ကြခြင်းကြောင့် ရွာသားများ အနေဖြင့်နေ့စဉ်ဝမ်းရေးအတွက် အလုပ်ပုံမှန်ရရှိနေလျက်ရှိကြောင်းကိုလည်း နောင်ခမ်းကြီးကျေးရွာသားက ဆိုသည်။

ထိုကဲ့သို့ မြေကွက်များတန်ဖိုးမြင့်တက်လာခြင်းကြောင့် ၀ယ်ယူသူများအနေဖြင့်လည်း စာရွက်၊ စာတမ်း ခိုင်ခိုင်လုံလုံနှင့်   နောက်ကြောင်း ရှင်းသောမြေကွက်များကိုသာ ရှာ၍ ၀ယ်ယူလာကြကြောင်းသိရသည်။ ရွာသားများ အနေဖြင့် အများစုရောင်းနေကြသော မြေကွက်များမှာ သီးစားချထားပေးသော စလစ်ရှိ သည့်မြေကွက်  များဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။

ကျေးရွားများရှိ မြေကွက်တန်ဖိုးများမှာ ယခုအချိန်တွင် ကားဝင်၍ ရသော၊ လမ်းဘေးကျသော မြေကွက်များ အနေဖြင့် တစ်ဧကနှုန်း  လျှင် သိန်းတစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်းသိရသည်။လွန်ခဲ့သော(၂၀၁၁) အစောပိုင်းတွင်မူ တစ်ဧကတစ်ကွက်လျှင် သိန်းနှစ်ဆယ်မှ ငါးဆယ်ဝန်းကျင်ခန့်သာရှိခဲ့ကြောင်း  သိရသည်။
 
 
သတင်းရင်းမြစ်   Shwe Myitmakha Media Group
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေကမ်းနား တလျှောက် လုံခြုံရေး တိုးမြှင့်ချထား၊ ဈေးနှင့် ကျောင်းများ ပိတ်ထားဆဲ

ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထား
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယခုလ  (၁၅)ရက်နေ့က စတင်ကာ ပဋိပက္ခများ တည်ငြိမ် ခဲ့သော်လည်း မြို့နေရာ အနှံ့အပြားနှင့် ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရှိရသည်။

စစ်တွေတွင် ယခင်က  လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထား မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရဲတပ်သား များ ည အချိန်တွင် ကင်းချ ထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပြသည်။

''ကမ်းနားလမ်းတစ်လျှောက်ပေါ့၊ ညဆိုရင် ရဲကင်းတွေ  နေရာအနှံ့ချထားတာ တွေရပါတယ်၊ ဒါအပြင် စစ်တွေဟိုတယ်ဘက်    ပင်လယ်ကမ်းခြေမှာလည်း ရဲကင်းချထားတာတွေ့ရပါတယ်၊ အထူးသဖြင့် ဘင်္ဂါလီတွေရေကြောင်း ကနေ ဝင်လာမှာ ကို ကာကွယ်တဲ့အတွက်ပါ ''ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေပြားရပ်ကွက်ရှိ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်မီးများထွန်းထားရပြီး ရဲနှင့် အရပ်သားများကပူးပေါင်း၍ ကင်းစောင့် ရကြောင်း ရွှေပြားရပ်ကွက်က ဒေသခံတစ်ဦးက ပြောသည်။

''ရပ်ကွက်လုံခြုံရေးကို ရဲ နဲ့ ပြည်သူတွေနဲ့ပေါင်းပြီးကင်းစောင့်နေကြရပါတယ်၊ မြစ်ကမ်းတစ်လျှောက်လည်း မီးချောင်းတွေ ထွန်ထားရပါတယ်၊ပြီးတော့ ဆလိုက်မီးနဲ့လည်း မြစ်ဘက်ကို မကြာမကြာထိုးပေးရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘင်္ဂါလီတွေ  က မြစ်ဘက်ကနေ မလာဘူးလို့ပြောလို့မရဘူး ဒါကြောင့် ကျနော်တို့ က ညနေဆိုရင် ကင်းချထားရပါတယ်'' ဟု ရွှေပြားဒေခံတစ်ဦးက ရှင်းပြသည်။

လက်ရှိ အနေအထားအရ ဘင်္ဂါလီများကို စစ်တွေမြို့ပြင်ရှိ ဘုမေနှင့်  ရေချိုးဆိပ် သဲချောင်းတို့ တွင်ယာယီနေရာချပေး ထားပြီး   ကျောင်းကြီးလမ်းရပ်ကွက်နှင့် အောင်မင်္ဂလာတို့တွင် ဘင်္ဂါလီ အများ အပြား ကျန်ရှိနေသေး ကြောင်းကိုလည်း သိရသည်။

မင်းရပ်ကွက်နှင့် နေရာအချို့တွင်  စစ်တပ်နှင့် ရဲလုံခြုံရေးချထားဆဲဖြစ်သလို ညမထွက်ရအမိန့်လည်း ထုတ်ပြန် ထားဆဲဖြစ်သည်။

'’ ကာဖျုးထုတ်လိုက်ခြင်းအားဖြင့်လည်း လုံခြုံရေးအတွက် အထောက်အကူဖြစ်စေတာပေါ့''ဟု မင်းဂံ ရပ်ကွက်မှ ကိုထွန်းမင်းက ပြောပြသည်။ စစ်တွေမြို့တွင် တည်ငြိမ်သွားသည့်တိုင် ဈေးအချို့နှင့် စာသင်ကျောင်း များမှာ ပိတ်ထားဆဲဖြစ်သည်။

တစ်ပတ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင်   မေလမှစ၍ ဇွန်လ(၁၅) ရက်နေ့အထိ သေဆုံးသူ  (၅၀) ၊ဦး ထိခိုက်ဒဏ်ရာရသူ  (၅၄) ဦး ရှိကြောင်း အစိုးရသတင်းများ တွင်ကြေ ညာ ထားသော်လည်း ဒေသခံများ၏   ကောက်ယူမှုစာရင်းများနှင့် ကွာဟချက်ရှိနေ ဆဲဖြစ်ကြောင်း ဒေသခံ များ ကဆိုသည်။

သတင်းရင်းမြစ်   Shwe Myitmakha Media Group
>>>ဆက်ဖတ်ရန်>>> >>

SSPP/SSA နှင့် တိုက်ပွဲ နှစ်နာရီကျော်ဖြစ် အစိုးရတပ်နှစ်ယောက်သေ

သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့အကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ် ဘက် နှစ်ယောက်သေဆုံးကြောင်းဒေသခံအသိုင်းအဝိုင်း ကပြောပါသည်။

SSPP_SSA

SSPP_SSA

“အခုဖြစ်တဲ့ တိုက်ပွဲနဲ့ဆို အပစ်ရပ်ပြီး နောက်ပိုင်း ၁၈ ကြိမ်ရှိပြီ။ ရလခ ရဲ့ G-1 က ကျနော်တို့ ကို သေနတ်ကိုင် ပြီးသွား လာတာတွေ့လို့တဲ့။ ကျနော်တို့နယ်မြေဘဲဗျာ၊ သူတို့ကဘဲ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ အကြောင်း မကြား ဘဲဝင် လာတော့ အခုလိုထိပ်တိုက်ဖြစ်ပြီပေါ့။ နှစ်နာရီ ကျော်ကြာ တိုက်ခိုက်ကြတယ်” - ဟု SSPP/SSA တပ်မှူး တဦးက ပြောပါသည်။

ဂျွန် ၁၇ ရက် ၂၀၁၂ ညနေ ၁၇:ဝ၀  - ၁၉: ဝ၀ နာရီ အထိ အစိုးရတပ် ခမယ ၅၁၆၊ ၅၁၇ ပူးပေါင်းအင်အား ၁၀ဝ ဝန်း ကျင်ခန့်က သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် မိုင်းအောတ်ကျေးရွာ အုပ်စု တောင်ဟျိုး ဟွေ့လွတ် တပ်မဟာ ၃၆ ထိန်းချုပ်နယ်မြေ အတွင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဆို၏။ မိုင်းရှူးမြို့ ကျန်းမာရေးအသိုင်းဝိုင်းက အဆိုပါတိုက်ပွဲ၌ အစိုးရတပ်ဘက် နှစ်ယောက်သေ ဆုံးပြီး ၅ ယောက် ထက် မနည်း ဒဏ်ရာရှိသည်ဟုပြောပါသည်။

“ကျနော်တို့က ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ပဲ။ တိုက်ပွဲတော့ပြီးသွားပြီ။ အခြေအနေက မငြိမ်သေးဘူး။ ဒီနေ့ အင်အား ၂၀ဝ လောက်ထပ်ဖြည့်တယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတဲ့။ မကြာခင် ကျနော် တို့ တွေ့ဆုံဆွေး နွေး တော့မှာဘဲ။ အေးဆေးဆေးမရှင်းဘဲနဲ့ ဘာလို့အခုလိုလုပ်တာ လဲဆိုတာ နားမလည် ဘူး” - ဟု အဆိုပါ တပ်မှူးတဦးက ဆက်ပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့ လာမည့် ၂၀ ရက်နေ့ နောက်ပိုင်း တွေ့ဆုံမည်ဟု   ဦးသိန်းဇော်က ဖိတ်စာပေးပို့ထားသော်လည်း ရခိုင်ပြည်၌ မငြိမ် မသက်ဖြစ်နေမှုကြောင့် ရက်ထပ်မံ ရွှေ့ဆိုင်းထားပြန်သည်ဟု SSPP/SSA က ဆိုပါသည်။

ယခုနှစ်ဆန်းပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့ ပဏာမ အဆင့်ဖြစ်သော အပစ်ရပ်ရေးအပါအဝင် ပြည်ထောင်စုအဆင့်ပါ တပြိုင်နက် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ သော်လည်း နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>