အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 18, 2012

သမ္မတ ဦးသိန်းစိန် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်

သမ္မတကြီး ဦးသိန်းစိန်
ရန်ကုန်၊ ဇွန် ၁၈

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်း ပြည်ပ နိုင်ငံရေး လေ့လာသူများအကြား နာမည်ကောင်းဖြင့် ထင်ရှားလာသည့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က နိုင်ငံတော် အခြေပြမိန့်ခွန်း ကို ဇွန် လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြောကြားရန်ရှိကြောင်း အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားခြင်းခံရသည့် အသင်းအဖွဲ့ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပါအ၀င် အသင်းအဖွဲ့များကို ဖိတ်ကြားထားကြောင်း ၄င်းတို့ က ဆိုသည်။

မိန့်ခွန်းပြောကြားမည့် အဆိုပါ အခမ်းအနားကို နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် သဘင်ဆောင် တွင် ကျင်းပမည်ဖြစ်ကြောင်း ဖိတ်ကြားခံရသူများထံမှ ဆက်လက် စုံစမ်းသိရှိရသည်။

သတင်းရင်းမြစ်    The Voice Weekly   

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။