အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Thursday, July 12, 2012
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၊ လွှတ်တော်ကို ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်စေချင်ကြောင်းနှင့် ပညာရေးနှင့် ဆက်စပ်မှုရှိသည့် အဆိုတင်သွင်းမှုများ ပြုလုပ်ရန်ရှိကြောင်း ပြောကြား
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို  ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထောက်များ ၏ တောင်းဆို ချက် အရ ပြုလုပ်ပေးခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး ခေတ္တ ရပ်နားစဉ် သတင်းထောက်များမှ လွှတ်တော်ဆိုင်ရာ ကိစ္စများအတွက် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာမှ ယခုကဲ့သို့ သတင်းထောက်များ ၏ မေးမြန်း ချက်ကို ပြန်လည် ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တစ်ဦးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရာ 
''ဒီမိုကရေစီမှာ အတိုက်အခံ အဖွဲ့အစည်းဆိုတာ ရှိရမှာပဲ။ အခု အခြေအနေအရ အန်တီတို့ကို အတိုက် အခံ အဖွဲ့အစည်းလို့ခေါ်ရင်လည်း အန်တီတို့အနေနဲ့ မကန့်ကွက်ပါဘူး။ အန်တီပြောခဲ့တာက ရန်လုပ်ဖို့ လာတာ မဟုတ်ဘူး။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သမျှ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ။ အန်တီတို့ကတော့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိတဲ့ အတိုက်အခံ အဖွဲ့အစည်းဆိုတဲ့အမြင်နဲ့ လုပ်သွားမှာပါ။ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ နိုင်ငံတော် အကျိုးပြုချင်လို့ အကျိုးပြု တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်သင့်တဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်'' 
ဟု ပြန်လည်ဖြေကြားခဲ့သည်။
''လွှတ်တော်ကို ၃ ရက်တက်ပြီး နောက်လွှတ်တော်ကို ဘယ်လိုမြင်ပါသလဲ'ဟု
 မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က 'ခြုံငုံပြီးပြောရမယ်ဆိုရင် အန်တီတို့အနေနဲ့ လွှတ်တော်ကို နည်းနည်း ပိုပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်စေချင်တယ်။ အန်တီတို့ကိုယ်တိုင် က ကိုယ်စားလှယ်တွေ ဆိုတော့ ၀င်လိုက် ထွက်လိုက်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီးတော့ များစေချင်တယ်။ ဥပမာဆိုရင် တချို့ကိစ္စ ရပ်တွေဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ကိုယ့်ရဲ့စိတ်ဝင်စားမှု မဟုတ်ဘူးဆိုရင် တခြားမှာ သွားပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ အဆိုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့၊ ဆွေးနွေးဖို့ အဲလို အနေအထားမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကိုယ်စားလှယ်တွေအတွက် ပိုလွတ်လပ်တာပေါ့။ ဒါပေမယ့် အခုကျတော့ အားလုံးထိုင်ပြီးတော့ တစ်ချိန်ထဲမှာထိုင်၊ တစ်ချိန်ထဲမှာထဆိုတော့ အဲဒါကတော့ နောက်လည်းဖြစ် လာမယ်လို့ ထင်ပါတယ်။ ရင့်ကျက်တဲ့ လွှတ်တော်တွေနဲ့တော့ နည်းနည်းကွာသေးတာပေါ့'' ဟု ဖြေကြား ခဲ့သည်။
''လွှတ်တော်မှာ အန်တီအဆိုတွေ၊ မေးခွန်းတွေ ဘယ်တော့လောက်တွေ့ မြင်ရနိုင်ပါသလဲ''ဟု မေးမြန်းရာ 'အဲဒါ မသိဘူး။ ဒါက အန်တီတို့ဆုံးဖြတ်တာ မဟုတ်ဘူး။ တင်တာတင်တာ။ ဘယ်တော့လောက် လက်ခံ မလဲ ဆိုတာကတော့ လွှတ်တော်ရုံးအပေါ်မှာ မူတည်တာပေါ့။ အခုတစ်ခုပဲ စဉ်းစားထားတာ ရှိပါတယ်။ အခုမပြောသေးဘူး။ ပညာရေးနဲ့တော့ ဆက်စပ်မှာပေါ့။ အဆိုတင်သွင်းမှုတွေကို လုပ်ဖို့တော့ အန်တီတို့ ကိုယ်စားလှယ်တွေက တင်ထားတယ်။ ဥပဒေကြမ်းတင်ဖို့တော့ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
လွှတ်တော်တွင်းမှ ပြည်သူ့အတွက် ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲဟု မေးမြန်းရာ 'အန်တီအမြဲပြော တယ်။ အန်တီပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။ အန်တီ အကောင်းဆုံးကြိုးစားမယ်။ အကောင်းဆုံး လုပ်မယ်။ လွှတ်တော်ထဲမှာလည်း အကောင်းဆုံးကြိုးစားမယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်လို့ လွှတ်တော်ပြင်ပက နိုင်ငံရေးကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူးဆိုတာ အန်တီ သေချာပြော ချင်ပါတယ်'' ဟု ဖြေကြားခဲ့သည်။
ကော့မှူးမြို့နယ်အတွက် သီးခြားအဆိုတင်သွင်းရန် မရှိသေးကြောင်း၊ ၀န်ကြီးအပြောင်းအလဲ သတင်း များနှင့်ပတ်သက်၍ အဓိက အပြောင်းအလဲဆိုသည်မှာ မည်သူမည်ဝါဆိုသည် ထက် ကောင်း သည့်ပြောင်း လဲခြင်းဘက်သို့ ဦးတည်ရန်သာ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 
သတင်းရင်းမြစ်    Eleven Media Group 
>>>ဆက်ဖတ်ရန်>>> >>
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတကြီး ပြောကြားပြီ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres တွေ့ဆုံစဉ် ( ဓါတ်ပုံ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် )
တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း  ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ပါသည်။ 
ထို့အပြင် ခိုးဝင်လာသော ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က   ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း
နှင့် ဤ သည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက် လက် ပြောကြား ခဲ့ပါသည်။ 
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန် သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ် မတိုင် မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေး အဆင့် ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ် ကို လေ့လာကြည့် ပါက (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊  နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက် လာကြောင်း၊ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။  
နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံမှုတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများ အရေးကိစ္စနှင့်  ကရင်ပြည်နယ် ရှိ ရွေ့ပြောင်းပြည်သူများ မိမိဆန္ဒ အလျောက် ပြန်လာရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။
          အဆိုပါတွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င်  ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်  မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီး ဌာန
 ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီး ဌာနနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်ခဲ့ကြောင်း သိရပါသည်။
သတင်းရင်းမြစ်    Eleven Media Group 
>>>ဆက်ဖတ်ရန်>>> >>
နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား
မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။
Photo courtesy of President Office website
၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်က နိုင်ငံရပ်ခြား အကူအညီအထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် အမှာစကားပြောကြားနေစဉ်။
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာနဲ့ မေးမြန်းခန်းမှာ စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမဲ့ အစိုးရ မူဝါဒပိုင်းမှာ မပါဝင်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်ပက ထိပါးလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ ကာလကြာမြင့်စွာကပဲ တိုင်းပြည်က စစ်တပ်ကို အားကိုး နေခဲ့ရတယ်။ ဒါကြောင့် ခုလိုအချိန်မှာ တပ်မတော်ကို နောက်ချန်ရစ် မထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
တပ်မတော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘောင်တွင်းမှာ အကန့်အသတ်နဲ့ ပါဝင်တဲ့ အခန်းကဏ္ဍ ရှိပေမဲ့ အစိုးရ ဒါမှမဟုတ် အစိုးရ မူဝါဒရေးရာတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘူး။ သူ့ အစိုးရဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ပန်းတိုင်ကို တက် လှမ်းနိုင်ပြီး နိုင်ငံရေးပိုင်းကို ခေါ်ဆောင်လာနိုင်မယ်လို့လည်း ဦးသိန်းစိန်က အေ?8
မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံလို့ မပြောနိုင်သေးပေမဲ့ အစိုးရရဲ့ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ကျန်နေသေးတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်နဲ7zW
သတင်းရင်းမြစ်း  RFA      
>>>ဆက်ဖတ်ရန်>>> >>
အစိုးရက လူတိုင်း ဖုန်းအသုံးပြုနိုင်ရေး စ အကောင်အထည်ဖော်
သတင်းရင်းမြစ်း  DVB
>>>ဆက်ဖတ်ရန်>>> >>
အာဇာနည်နေ့ အခမ်းအနားတွေ ဦးစီး ကျင်းပပေးဖို့ အစိုးရပြင်ဆင်နေ
သတင်းရင်းမြစ်း  BBC     
>>>ဆက်ဖတ်ရန်>>> >>
ထေရ၀ါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး
ထေရ၀ါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး ညှိနှိုင်းအစည်းအဝေးကို (9.7.2012) ရက်နေ့   နေ့လည် (၂)နာရီအချိန် ကလောမြို့၊ မြို့မပရိယတ္တိ စာသင်တိုက်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သံဃနာယက ဆရာတော်အမှူးပြုသော ကလော၊ အောင်ပန်း တို့မှ  ဆရာတော်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကလော/ အောင်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကလော/အောင်ပန်းမှ မြို့မိမြို့ဖ များ နှင့် နိုးကြားတက်ကြွသော မျိုးဆက်လူငယ်များတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဆရာတော်များမှ သြ၀ါဒတရားများမိန့်ကြားပြီး ကြွရောက် လာကြသော ပုဂ္ဂိုလ် များ မှ ထေရ၀ါဒသာသနာတော် သန့်ရှင်းတည်တံ့ခိုင်မြဲရေးနှင့် မိုးပြာဝါဒ၊ ပစ္စုပ္ပန် ကမ္မ၀ါဒီ၊ တို့၏ အဓမ္မ ၀ါဒီကို အဓိကထားဆွေးနွေးကြပါသည်။
အောင်ပန်းမြို့အမှတ်(၁)ရပ်ကွက် ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင်တည်းခိုခဲ့သည့် (၁၆.၅.၂၀၁၂)ရက်နေ့က ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး ကလောမြို့နယ်တရားရုံးတွင် အမှုစစ်ဆေးနေဆဲဖြစ်သော မိုးပြာဝါဒ(အဓမ္မ၀ါဒ) ကို အောင်ပန်းကလောတွင် ဟောပြောစည်းရုံးနေသော လူအမည် ဦးလှမြင့်ခေါ် ဦးဥတ္တမ အမှုအား ကူညီ ပံ့ပိုးထောက်ပံ့ဆောင်ရွက်နေကြသော မိုးပြာဂိုဏ်းအယူဝါဒ(အဓမ္မ၀ါဒ)ကို ယုံကြည်ကိုးကွယ် သည်ဟုယူဆ ရသောပုဂ္ဂိုလ်များအားဖေါ်ထုတ်ရန် အဓိကထားဆွေးနွေးခဲ့ကြပါသည်။
သတင်းရင်းမြစ်    သစ်ထူးလွင်      
>>>ဆက်ဖတ်ရန်>>> >>
ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...
 ဓာတ်ပုံ။ ။(ဒီမိုဝေယံ သတင်းထောက်) စစ်တွေမြို့ ဒုက္ခသည် စခန်းတခုမှ ဗုဒ္ဓဘာသာ သီလရှင်အိုတဦးရဲ့ ရင်နင့်ဖွယ် မြင်ကွင်းပါ..။ ရုံထားတဲ့ သင်္ကန်းဟာလည်း အပေါက်အပြဲ တွေနဲ့ပေါ့..
ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...။
သဘာဝဓာတ်ငွေ့တွေ ထွက်ရှိပေမယ့် အာဏာရှင်လက်ထက် မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဘဝရောက်သွားခဲ့ရတဲ့ ချင်သီးပင်အောက် ချင်သီးပျောက်ခဲ့ရသလို ရွှေဂတ်စ်ရဲ့ ...အသီးအပွင့်ကို ရခိုင်ပြည်သူတွေ မခံစားခဲ့ရပါဘူး။ မြွေပူရာ ကင်းမှောင့်သလို ဇွန်လ (၈)ရက်နေ့က မောင်တောမှာ စခဲ့တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုကြောင့် ကိုယ့်မြေ ကိုယ့်ရေမှာ တိုင်းတပါး ကျူးကျော်သူတွေ ရန်ကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ယခုထက်တိုင် မိမိဋ္ဌာနေကို မပြန်နိုင်ပဲ ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေရရှာတာပါ..။ ဆင်းရဲလှတဲ့ ရခိုင်ပြည်သူတွေမှာ လက်ကိုင်ပြစရာဆိုလို့ ဗလာ နတ္ထိပါ...။
ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်နေ့က မောင်တော အရေးအခင်းနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်း သိရှိရတာကတော့ ဘင်္ဂလီ အကြမ်းဖက် ခေါင်းဆောင်သူ လူကြီးတွေ မူလပထမ စီစဉ်ထားတာကတော့ အဆိုပါ (၈)ရက်နေ့ညမှာ ရခိုင်ကျေးရွာတွေကို မီးရှို့ပြီး အပျောက်ရှင်းဖို့ ကြံစည်ထားတယ်လို့ ဆိုပါတယ်..။ သို့ပေမယ့် အဆိုပါနေ့က ဗလီမှ ဆင်းလာချိန်မှာ သွေးဆူနေတဲ့ ဘင်္ဂလီ လူငယ်များအား မထိန်းသိမ်းနိုင်တော့တဲ့ အတွက်ကြောင့် နေ့ခင်းကြောင်တောင်မှာပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ် ခဲ့ရတာပါ...။ ညဘက်လူမမြင် သူမမြင်အချိန်မှာ အကြမ်းဖက် မီးရှို့ ရွာလုံးကျွတ်ပျောက်အောင် ပြုလုပ်ဖို့ ကြံရွယ်ထားတဲ့ အစီအစဉ် တွေဟာလည်း ပျက်ပြယ်သွားခဲတာလို့ ဆိုပါတယ်...။ ဒီလို အကြမ်းဖက်မယ့် အစီအစဉ်တွေကို ညဘက်မှာ ပြုလုပ်ခဲ့ရင်တော့ အခြေအနေတွေဟာ မတွေးဝံ့စရာပါပဲ..။
(ဖော်ပြပါ သတင်းနဲ့ ပတ်သက်ပြီး မောင်တော ဒေသခံများနဲ့ သက်ဆိုင်ရာ အာဏာပိုင် များအား မေးမြန်း စုံစမ်းနိုင်ပါတယ်...။ မည်သည့်အတွက်ကြောင့် ယခင် အပ်ကျတာကအစ သိပါတယ်ဆိုတဲ့ သက်ဆိုင်ရာ အာဏာပိုင်များဟာ အဆိုပါ ကြိုတင်ကြံစည်မှုအား တရားဝင် ဖော်ထုတ်ခြင်း မရှိသေးတာ စဉ်းစားစရာ အချက်ပါပဲ)
ဇူလိုင် လဆန်းပိုင်းက စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ﷿N][gစ်တွေလေဆိပ်မှာ တွေ့ရစဉ်..
ရခိုင်ပြည်နယ်နဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဘဝကတော့ ရင်နင့်ဘွယ်ရာပါပဲ...။ စစ်တွေမြို့မှာ ချမ်းသာကြွယ်ဝတဲ့ ရခိုင်ပြည်သူတွေ ရန်ကုန်နဲ့ နီးစပ်ရာ မြို့တွေကို ထွက်ခွါကုန် ကြပါပြီ..။ ဒါဟာ ကော;o[zKwဟုတ်ပါ...။ မြွေပူရာ ကင်းမှောင့် ဖြစ်နေရတဲ့ ဆင်းရဲတဲ့ ပြည်သူ အများစု ဟာ နေရပ်လည်း မပြန်နိုင်၊ ဘဝအာမခံချက်တွေလည်း ပျောက်နေရတဲ့ အခြေအနေပါ။ အများစုဟာ ရှိသမျှ အရာအားလုံးကို စွန့်ပြီး အသက်အန္တရာယ်ကြောင့် စွန့်ခွာ ထွက်ပြေးလာရတာ ပါ...။ အေးချမ်းနေ ပါပြီဆိုပြီး ဆိုပြီး လက်လွတ် စံပယ်တော့ မပြောသင့်ပါ..။ မိမိပြည်သူတွေ မျက်နှာကို ကြည့်ပြီး ရခိုင်ပြည်သူတွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး အတွက် လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ဆောင်ပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ယနေ့ ဇူလိုင်လ ၁၁ရက်နေ့မှာ ရခိုင်ပြည်နယ် ကို ရောက်ရှိနေတဲ့ ဆရာတော်ဝီရသူနဲ့ ၈၈ခေါင်းဆောင်တွေရဲ့ အသံတွေကို နားထောင်ကြည့်ကြပါ..။
ရခိုင်ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအရေးကို  ရေရှည် အာမခံချက် ပေးဖို့ လိုပါလိမ့်မယ်..
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် အာမခံချက်တွေ အပြည့်အဝ လုပ်ဆောင်ပေးနိုင် မပေးနိုင်ဆိုတာ အဓိက အရေးကြီးတဲ့ အချက်ပါ။ အစိုးရအနေနဲ့ ယခုလို အခြေအနေမှာ ပြတ်ပြတ် သားသား ဖြေရှင်းပေး ဖို့ လစ်ဟင်းခဲ့မယ် ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံအရေးဟာ မတွေးဝံ့ စရာပါ။ နောင်သမိုင်းမှာ မြန်မာမြေပုံပေါ်က ရခိုင်ပြည်နယ်ဆိုတာ သမိုင်းစာအုပ်ပေါ်မှာပဲ မြင်တွေ့ရမယ့် အရေးကိုတော့ ကျွန်တော်တို့ လုံးဝအဖြစ်မခံနိုင်ပါ..။ ကျွန်တော်တို့ အားလုံး ရခိုင်ပြည်နယ် အရေးကို အမျိုးသားရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ရေးအမြင်နဲ့ မမေ့မလျော့ပဲ ဆက်လက် ဝိုင်းဝန်းကူညီ ကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်..။
သတင်းရင်းမြစ်    ဒီမိုဝေယံ
>>>ဆက်ဖတ်ရန်>>> >>
လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းအမည် အလွှဲသုံးစားပြုနေတဲ့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်ရဲ့ မတရားမှုအကြောင်း (တိုင်ကြားစာ)
လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်း အမည် အလွှဲသုံးစားပြုနေတဲ့ စစ်တက္ကသိုလ် ကျောင်း အုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်ရဲ့ မတရားမှုအကြောင်း (တိုင်ကြားစာ)
ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင် လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာတိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချ ခဲ့ပါသည်။ ၄င်းမိသားစုမှနေစရာ မရှိသဖြင့် အသနားခံစာတင် သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ်(၈)ရပ်ကွက် ရန်ကင်းမြို့နယ် တွင် ပြန်လည် အစားထိုးပေးခဲ့ပါသည်။
ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာ ဖြစ်ပါသဖြင့် ကိုယ်ထူကိုယ်ထ ခက်ခက် ခဲခဲ ပြုပြင် နေထိုင် လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်း တစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်း လက်မှတ်များ ကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်း တစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့မိသားစု (၁၈)နှစ်ကျော်ကြာနေထိုင် လာခဲ့သောယင်းမြေကွက်အား ယခုအခါတွင် စစ်တက္ကသိုလ် ကျောင်းအုပ် ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၎င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့် စွပ်စွဲကာ လုပ်ကြံတရား စွဲဆိုလာသည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါသည်။
တစ်ဖက်သက်စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုသည်မှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေး လိုက်ခြင်းကို ဆိုလိုပါသည်။ ဗိုလ်မှုးကြီးဟောင်းခင်မောင်တင့်သည် သူ့ကိုယ်သူ သူရဦးရွှေမန်း၏ ဆရာ ဟုဆိုကာ ပြောဆိုအာဏာ သုံးခဲ့သည်များလည်း ရှိခဲ့ပါသည်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်း၏ ဆရာဖြစ်နေပါသည်။
တစ်ဖက်မှာ လွှတ်တော်ဥက္ကဌကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ ရန်အတွက်စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်တွင် ၄င်း၏ဆရာဆိုသူက ယခုလိုအာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌကြီး အနေဖြင့်ယခုလို လျှစ်လျှူရှု မနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည်။
ကျွန်တော်၏ မိတ်ဆွေမိသားစု မှာယခုအခါ နေထိုင် ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင် ဆရာတော်မှ ခေါ်ယူ ကယ်ဆယ်ထားရပါသည်။ ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်သည် ယခင်က လည်း အခြားသူများ ပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာ ခြံစည်း ရိုးခတ် သဖြင့် (၎င်းပိုင်ဆိုင်သည့် အနေဖြင့်ခြံစည်းရိုးခတ် ခြင်းဖြစ်သည်) မြို့နယ်မ၀တရုံးတွင် အကြိမ်   ကြိမ် ခေါ်ယူဖြေရှင်း ခဲ့ရဖူးပါသည်။ ဦးခင်မောင်တင့်သည် တရားပြိုင် ရှေ့နေများ အား လည်း ခြိမ်းခြောက် သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတနှင့် လွှတ်တော်အကြီးကဲ များအားလုံးသည် တစ်ချိန်က ၎င်း၏ တပည့်များဖြစ်သဖြင့် အမှုအား လုံးဝမနိုင် နိုင်ကြောင်းလည်း ပြောပါသည်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)
သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ခင်ဗျား…. ယခုလို အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သနားငဲ့ညှာ သောအားဖြင့် သေချာ စွာ ပြန်လည်စီစစ်ပြီး သင့်တေသလိုကူညီစောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြ အပ်ပါသည် ခင်ဗျား …..။
အမှန်တရားအတွက် ကိုယ်ချင်းစာနာသူ တစ်ဦး
 သတင်းရင်းမြစ်    ဒီမိုဝေယံ
>>>ဆက်ဖတ်ရန်>>> >>