အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, July 27, 2012

အိန္ဒိယဒေသခံ အာသံ တိုင်းရင်းသားနဲ့ ဘင်္ဂါလီ မူဆလင်အဓိကရုဏ်း



    ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ၊ အာသံပြည်နယ်မှာ ဖြစ်ပွား  ခဲ့တဲ့ 
လူမျိုးရေး အဓိကရုဏ်းတွေမှာ အနည်းဆုံး (၄၁) ယောက် သေဆုံး ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း 
တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေ ထောင်သောင်းချီပြီး ရောက်ရှိနေကြပါတယ်။

Bodo တောင်ပေါ်တိုင်းရင်း သားတွေနဲ့ နောက်ထပ်ဝင်ရောက် အခြေချလာတဲ့ ဘင်္ဂါလီ မူဆလင်
တွေကြားမှာ အကြမ်းဘက်တိုက်ခိုက်မှုတွေ ရက်အတော်ကြာ ဖြစ်ပွားခဲ့တာကြောင့် အာသံပြည်
နယ်ထဲက လူမျိုးရေး အဓိကရုဏ်းတွေ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ အိန္ဒိယ လုံခြုံရေး 
တပ်ဖွဲ့ဝင်တွေ  ကင်းလှည့်နေကြပါတယ်။ေ နာက်ထပ်   တိုက်ခိုက်မှုတွေ မဖြစ်ပေါ်ရေးအတွက်
 ဒီဒေသတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ချိုးဖောက်သူတွေကို တွေတဲ့နေရာမှာ ပစ်
ခတ်ဖို့ ပြည်နယ်အာဏာပိုင် တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမိန့်ပေးထားပါတယ်။

အာသံပြည်နယ်ဟာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပြီး 
ဘူတန်နဲ့ နယ်ချင်းထိစပ်တဲ့နေရာတွေမှာ အကြမ်းဘက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ Bodo
 တောင်ပေါ်တိုင်းရင်း သားတွေနဲ့ နောက်ထပ်ဝင်ရောက် အခြေချလာ တဲ့ ဘင်္ဂါလီမူဆလင်တွေ
ကြားမှာ ပဋိပက္ခတွေဟာ အချိန်ကာလကြာမြင့်စွာကတည်းက ဖြစ်ပေါ်နေခဲ့တာပါ။

အခုမှာ လူပေါင်း နှစ်သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အိန္ဒိယအာဏာပိုင်
တွေက ဆိုပါတယ်။ အာသံပြည်နယ် ၀န်ကြီးချုပ် ထာရွန် ဂိုဂိုရီ (Taron Gogori) ဟာ ဒီကနေ့မှာ
 မငြိမ်မသက် ဖြစ်ခဲ့တဲ့နေရာတွေကို လှည့်လည်စစ်ဆေးခဲ့ပါတယ်။ လာမယ့် စနေနေ့မှာ အိန္ဒိယ
ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း (Manmohan Sign) လည်း အာသံပြည်နယ်ကို ရောက်ရှိလာမှာ ဖြစ်
ပါတယ်။ 
 
သတင်းရင်းမြစ်    VOA      
 
>>>ဆက်ဖတ်ရန်>>> >>

ဒု-သမ္မတရွေးချယ်ဖို့ စိစစ်နေဆဲ ဟု ဦးဌေးဦးက ပြော

လစ်လပ်နေတဲ့ ဒု-သမ္မတရွေးချယ်ဖို့ စိစစ်နေဆဲပဲလို့ ရွေးချယ်ရေး အဖွဲ့ဝင်တ ဦးဖြစ်တဲ့ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောဆိုခဲ့မှုအပြည့်အစုံကို ဒီဗွီဘီ သတင်းဌာနမှာတင်ပြ
ထားတဲ့ အကြောင်းပါ။
အောက်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ် ။

သတင်းရင်းမြစ်း  VOA      




>>>ဆက်ဖတ်ရန်>>> >>

ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ

ကောင်းကင်ကုမ္ပဏီကသိမ်းထားသော ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ကျေးရွာမှ တောင်သူ
 ဦးကျော်ဝင်းရဲ့ အကွက်မှာ ကုမ္ပဏီက မနေ့ကတည်းက ထွန်စက်နဲ့  ထွန်နေတာ  ဖြစ်ပြီး
 ဒီမနက်မှာလည်းထွန်စက်နဲ့ထွန်နေတာ ကို ဦးတုပ်ကြီး၊ ဦးကျော်ဝင်း  နဲ့  ဦးသိန်းအောင်
တို့သည် ထွန်စက်ရှေ့မှာ လှဲအိပ်ပြီးအသေခံ-တိုက်ပွဲဝင်နေကြောင်း သိရှိရပါတယ်။

သတင်းရင်းမြစ်    သစ်ထူးလွင်      


 


 ၂၅.၇.၂၀၁၂ နေ့ ထွန်စက်အောက်သို့ ၀င်ရောက်၍ လယ်ယာမြေ အတွက် အသက်ပေး 
 ထွန်တုံးတိုက်ပွဲဝင်သော လယ်သမားသုံးဦးမှာ ဦးတုပ်ကြီး၊ကိုကျော်ဝင်း၊ ကိုသိန်းအောင်
 တို့ဖြစ်သည်။

 
  


ထွန်တုံးတိုက်ပွဲ ပြန်လည်ဆင်နွှဲ
>>>ဆက်ဖတ်ရန်>>> >>

အချိန်တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေက ဆွေးနွေးမှုတွေ အဆို တင်သွင်းချက်
တွေဟာ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
 ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့
 ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား စကား
ပြောကြားနေစဉ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သတင်းထောက်
တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
"အမှန်ပြောရရင်တော့ ကျွန်မကတော့ တိုတိုနဲ့ လိုရင်းပဲ ကြိုက်တယ်။ တိုတိုနဲ့ လိုရင်း
ဆိုတာ နားလည်လို့လည်း  လွယ်တယ်။   နောက်ပြီးတော့ လွှတ်တော် ရဲ့ အချိန်တွေ
လည်း အလကား သက်သက် မကုန်ဘူးပေါ့။ ပြောစရာ   ရှိတာတော့  အချိန် ယူပြော 
ရမှာပေါ့။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ အရှည်ကြီး ပြောတာတော့ ဒါ အလုပ်တွေလည်း မပြီးဘူး
ပေါ့နော်။ အလုပ်တွေက တနေ့နဲ့ တနေ့ မပြီးဘူး ဖြစ်နေတယ်"

NLD ပါတီ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်မှာ ပြောဆိုကြတဲ့ အချက်တွေနဲ့ ပတ်သက် 
ပြီး ပြန်လည်သုံးသပ် ညှိနှိုင်းဖို့ ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ 
သိရပါတယ်။ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်
 ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့  အဆိုကို  NLD   ကိုယ်စားလှယ်တွေ ၀င်ရောက်
 ဆွေးနွေးခဲ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်
ပြီး အခုလို ပြောကြားတာ ဖြစ်ကြောင်း သိရပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>

အမျိုးသမီးတွေ အခွင့်အရေး လွှတ်တော်မှာ ဆွေးနွေး

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  မြို့နယ်၊
 ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီး
တွေကို တင်မြှောက်ပိုင်ခွင့် ရှိ  မရှိဆိုတဲ့ မေးခွန်းကို   ဖလုံဆဝေါ ပါတီရဲ့  ဘားအံမြို့နယ် 
မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ်   ဇူလိုင်လ   ၂၆ ရက်က နေပြည်တော်  တွင်   ပြည်သူ့လွှတ်တော် 
အစည်းအဝေး ကျင်းပနေစဉ်။

လက်တွေ့အခြေအနေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တန်းတူ  ရပိုင်ခွင့်ဟာ အားနည်း
 နေသေးတာကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ တင်ပြရတာဖြစ်တယ် လို့ ဒေါ်နန်းဆေအွာ 
က RFA ကိုပြောပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြည်ထဲရေး  ၀န်ကြီးဌာန ဒုတိယ၀န်ကြီး  ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က
 ပြန်လည်ဖြေဆိုရာမှာ သတ်မှတ် အရည်အချင်းနဲ့ ပြည့်မီတယ်ဆိုရင် အမျိုးသားဖြစ်စေ၊ အမျိုး
သမီး ဖြစ်စေ ရပ်ကွက်  သို့မဟုတ်   ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံပိုင်ခွင့် ရှိတယ်
လို့ ပြန်လည် ဖြေဆိုသွားပါတယ်။

လက်ရှိ လွှတ်တော်တွင်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ဦးရေ စုစုပေါင်းဟာ  (၁၂ )
 ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>

ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်

ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာ  ရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာ
အစိုးရနဲ့ အဆက်အသွယ်  မှန်သမျှကို ဖြတ်တောက် ရမယ်လို့   ပါကစ္စတန်နိုင်ငံ   မှာရှိတဲ့ 
TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ
 မူစလင်ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်
မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒါ့အပြင် တာလီဘန် TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan (အက်ဆန်အူလာ 
အက်ဆန်) က တကယ်လို့ မိမိတို့ တောင်းဆိုချက်တွေကို ပါကစ္စတန်အစိုးရက မဆောင်ရွက်
ဘူးဆိုရင် မိမိတို့ အဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့ အကျိုးစီးပွား မှန်သမျှကိုသာမက မြန်မာအစိုးရ
နဲ့ ဆက်ဆံနေတဲ့ ပါကစ္စတန် မှန်သမျှကိုလည်း တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး TTP က 
သူတို့   အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့  ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်
စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။

အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ   ၂၀၁၀ ခုနှစ်တုန်းက    အမေရိကန်ပြည်ထောင်စု 
နယူးယောက်မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့    ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP
 အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။  အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah
 ကိုတော့ ပြီးခဲ့တဲ့  ၂၀၀၉   ခုနှစ်က အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်စခန်းမှာ အသေခံ 
 ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ 
ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက်တင်ထားပါတယ်။

သတင်းရင်းမြစ်    RFA      
>>>ဆက်ဖတ်ရန်>>> >>