အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, August 16, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(နေပြည်တော်)ရုံးခန်းဖွင့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ     ၊ပြည်သူ့လွှတ်တော်   ကိုယ်စားလှယ်
ဒေါ်အောင်ဆန်း စုကြည် သည်၂၀၁၂ခု ၊သြဂုတ်လ (၁၅)ရက် ညနေ(၅) နာရီက
ဇဗ္ဗူသီရိမြို့နယ် ၊   သပြေကုန်း   ရပ်ကွက်၌ အဖွဲ့ချုပ်  နေပြည်တော် ရုံးခန်းအား
ဖွင့်လှစ်ပေးခဲ့သည်။


သတင်းရင်းမြစ်    သစ်ထူးလွင်     
>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန်-ပုသိမ်ကားလမ်း ယာယီပိတ်

ပုသိမ်-ရန်ကုန် ကားလမ်းမအား ယမန်နေ့(သြဂုတ် ၁၅ရက်) နေ့လယ် ၁၁ နာရီမှစ၍
ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။

 
"တိုင်းဝန်ကြီးချုပ်က ပိတ်ခိုင်းတယ်ဆိုပြီး ယာဉ်ပိုင်ရှင်များအသင်းက အကြောင်းကြား
လာတာပါ" ဟု အောင်မင်းစိန်ယာဉ်လိုင်းမှ ပိုင်ရှင် ကိုအောင်အောင်ကပြောသည်။

သို့သော် နရ၀တ်၊ နီလာဝင်းနှင့်   မြင့်  ခရီးသည်တင်   ကားများမှာ ပြေးဆွဲပေးနေပြီး
 ရေကြီးသောနေရာတွင် လှေများဖြင့် ကူးပေးကြောင်း န၀ရတ်ကားဂိတ်မှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။ပုသိမ်မြို့မှ မိုင်တိုင် ၂၀ မှ ၂၇  မိုင်ကြားတွင် ရေကြီးပြီး ရေကျော်
နေသဖြင့် သြဂုတ်လ ၁၄ရက်မှစ၍ ည ၈နာရီမှ နံနက် ၅နာရီအတွင်း ကားသွားလာခွင့်
 တားမြစ်ထားသည်။ပုသိမ်မြို့တွင် ရေကြီးနေသဖြင့် မြို့ပေါ်ရပ်ကွက်ရှစ်ခုတွင် ရေဘေး
ဒုက္ခသည် ၅၀၀၀ ခန့်ရှိနေကြောင်း ပုသိမ်ဒေသခံ ၈၈ ကျောင်းသားအဖွဲ့မှ ကိုဝေလုက
က ပြောသည်။

 ဧရာဝတီတိုင်းအတွင်း ရေကြီးနေသဖြင့် မြို့နယ် ၁၅မြို့နယ်မှ စာသင်ကျောင်းပေါင်း
၄၁၁ ကျောင်း ပိတ်ထားပြီး၊ ပုသိမ်မြို့ တစ်မြို့တည်းတွင် ကျောင်းပေါင်း ၄၈ ကျောင်း
ပိတ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူကလည်း
ပြောသည်။

သတင်းရင်းမြစ်   7 days News   
>>>ဆက်ဖတ်ရန်>>> >>

ပုံစံတူ လူသတ်မှုကြောင့် ကျောက်ပန်းတောင်း ဒေသခံများ ထိတ်လန့်

မန္တလေးတိုင်း မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့နယ် ထဲမှ ကျေးရွာ ၂ ရွာတွင် အမျိုး
သမီး ၂ ဦး ပုံစံတူ သတ်ဖြတ် ခံခဲ့ရပြီးနောက် ကျောက်ပန်းတောင်း မြို့ပေါ်နှင့် ဒေသတွင်း
 ကျေးရွာနြေ ပည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။


 ကျောက်ပန်းတောင်မြို့၏ တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ရှိသော ကြောင်ဒူး ကျေးရွာသူ 
အသက် ၆၉ နှစ်အရွယ် ဒေါ်သောင်း ဆိုသူနှင့် ယင်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ရေ
ထွက် ကျေးရွာတွင် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တဦးတို့သည် စိတ်မူမမှန်သူ တဦး
၏ သတ်ဖြတ်ခံမှုမျိုးဖြင့် ပုံစံတူ သတ်ဖြတ် ခံခဲ့ရကြောင်း ယင်းအမှုများကို ကိုင်တွယ်ဆောင်
ရွက်နေသော ရဲအရာရှိ များက ပြောသည်။ယင်းသတင်းများ ဒေသတွင်း  ကျေးရွာများနှင့်
 ကျောက်ပန်းတောင်းမြို့ပေါ်သို့  ပျံ့နှံ့ခဲ့ပြီးနောက် ဒေသခံများက လုံခြုံရေးအရ စိုးရိမ်နေ
ကြကြောင်း သိရသည်။

“နှစ်ယောက်စလုံး အသတ်ခံရတာကတော့ ပုံစံတူတာပေါ့၊ အသက်ကြီး အမျိုးသမီးတွေ
 ချည်းပဲ။ အဓမ္မ ပြုကျင့်တာမျိုးလည်း မရှိဘူး၊ ရွှေငွေ လုတာမျိုးလည်း မဟုတ်ဘူး။ ပါးစပ်
ထဲကို သစ်ရွက်တွေ ထိုးထည့်၊ မျက်နှာကို အဝတ်နဲ့ စည်းပြီးတော့ လည်မျိုကိုညှစ်ထားတာ” 
ဟု ကြောင်ဒူး ကျေးရွာအမှုကို အဓိက ကိုင်တွယ် ဆောင်ရွက်နေသော ဒေသဆိုင်ရာ
 ပွေးကျစ် ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။

သေဆုံးသူ နှစ်ဦးအနက် ကြောင်ဒူး ရွာသူ ဒေါ်သောင်း၏ ရုပ်အလောင်းအား ဆေးစစ်ပြီး
 ဆေးစာပြန်ကြားချက်အရ   ဓမ္မတာ အတိုင်း   မဟုတ်သဖြ7:=N_Cwဒ်မ ၃၀၂ ဖြင့် 
အမှုဖွင့် ထားကြောင်း၊ တရားခံအား စုံစမ်းနေဆဲ ဖြစ်ကြောင်း၊  ထိုလူသတ်မှု   ၂  ခု တွင် 
တရားခံ တဦးတည်း ဖြစ်နိုင်ကြောင်း၊ သတ်ဖြတ်ထားမှု များသည် စိတ်မူမမှန်သူဟု ယူဆ
ရကြောင်း သူက ဆက် ပြောသည်။

ဒေါ်သောင်းမှာ ဇူလိုင် လလယ်ပိုင်းက အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ရေထွက်ရွာသူ အသတ်ခံ
ရမှုမှာ ဇွန်လ ကတည်းက ဖြစ်ကြောင်း၊   ယင်းအမှု ဖြစ်စဉ်များမှ လူသတ်   တရားခံအား
 ဖမ်းဆီးရမိရေးအတွက်    ကျောက်ပန်းတောင်း မြို့နယ် ရဲစခန်းမှ အဓိက ညွှန်ကြားထား
ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တဦးက ရှင်းပြသည်။

“အမှုနှစ်ခုစလုံးက ဆင်တူနေတယ်။ တရားခံကတော့ ကျနော်တို့ စုံစမ်းနေဆဲပါပဲ၊ အမှုဖြစ်
စဉ် အသေးစိပ်ကိုတော့ ဒီအမှုတွေကို ကိုင်တွယ်တဲ့   စုံစမ်း ဖော်ထုတ်ရေး အရာရှိတွေပဲ
 သေချာသိပါလိမ့်မယ်” ဟု ကျောက်ပန်းတောင်း မြို့နယ် ရဲအရာရှိက ဧရာဝတီသို့ ပြော
သည်။

ကြောင်ဒူးကျေးရွာသူ ဒေါ်သောင်းသည် ဇူလိုင်လ ၁၅ ရက်နေ့က တောထဲတွင် မန်ကျည်း
သီးစိမ်း သွားခူးရာမှ ပျောက်ဆုံး နေခဲ့ပြီး ၅ ရက်အကြာတွင် ရွာသို့ အပြန်လမ်းအနီး နဘူး
ခြုံထဲ၌ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကြောင်ဒူး ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်ကိုက ပြော
သည်။“မနက်ပိုင်း မန်ကျည်းသီးခူး ထွက်သွားတယ်၊ ပြန်မလာဘူး။   မိုးချုပ်တော့   ရွာသူ
ရွာသားတွေ လိုက်ရှာတာ မတွေ့ဘူး။ အလောင်းက အပုပ်နံ့ထွက်မှ ခြုံထဲမှာ သွားတွေ့တာ၊
 ပုဆိုးနဲ့ မျက်နှာ စည်းထားတယ်။ ပါးစပ်ထဲကို သစ်ရွက်တွေ ထည့်ထားတယ်၊ လက်ပြန်
 ကြိုးတုပ်ထားတယ်” ဟု ဦးမြင့်ကိုက ဧရာဝတီသို့ ပြောသည်။

ဒေါ်သောင်းသည် ကျေးရွာတွင်း ရန်ငြိုးရန်စများ မရှိကြောင်း၊ ယခုဖြစ်ရပ်နှင့် ပတ်သက်၍
 ပွေးကျစ် ရဲစခန်း၏ ညွှန်ကြား ချက်ဖြင့် ကြောင်ဒူး ကျေးရွာအပါအဝင် ဒေသတွင်း ကျေးရွာ
များကို မသင်္ကာဖွယ်ရာ လူစိမ်းတွေ့ပါက သက်ဆိုင်ရာသို့  အကြောင်းကြားရန်နှင့် ရွာသူ၊
 ရွာသားများအနေဖြင့် တောင်ယာ   သွားခြင်း၊ ခရီးထွက်ခြင်းများကို   အဖော်ဖြင့် သွားရန် 
လှုံ့ဆော်ထားကြောင်း ရဲနှင့် ကျေးရွာ ဥက္ကဋ္ဌတို့က ဆိုသည်။

“ဖြစ်သွားတဲ့ ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဖြစ်တာများတာကိုး။ အမျိုးသမီးတွေဆိုရင် 
တယောက်တည်း အပြင်မသွားဖို့၊ အဖော် ခေါ်သွားဖို့၊ သတိဆိုတာ ပိုတယ်   လို့မရှိဘူး၊ 
လုံခြုံရေးအတွက်တော့ ကျနော်တို့က ကျေးရွာတွေကို အမြဲတန်းတော့ ချမထား ပေးနိုင်
ဘူးပေါ့၊ လှည့်ကင်းသဘောမျိုးနဲ့   တရွာမှာ   တညအိပ်ပုံစံမျိုးနဲ့ပဲ ထားပေးတယ်” ဟု
 ပွေးကျစ် ရဲအရာရှိက ပြောသည်။

ထိုဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ကြောင်ဒူးကျေးရွာနှင့် ရေထွက်ကျေးရွာ အပါအဝင်
 ဒေသတွင်းရှိ ကျေးရွာများတွင် ယာထဲဆင်း အလုပ်လုပ်ကိုင်ခြင်းနှင့် အကြောင်း အမျိုး
မျိုးကြောင့် ရွာအပြင်ထွက်ခြင်း စသည်တို့ကို တဦးတည်း သွားလာခြင်း မရှိကြောင်း
 ကြောင်ဒူး ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်ကိုက ဆိုသည်။

“သွားရေးလာရေးတော့ စိုးရိမ်နေကြတာပေါ့။ ခါတိုင်းလို တယောက်တည်း သွားလို့တော့ 
မရဘူးပေါ့။ တယောက်တည်း သွားရမယ့် အလုပ်ကို နှစ်ယောက်လောက်   သွားနေရတာ
မျိုးတော့ ရှိတာပေါ့။ မြန်မြန်မိရင်တော့ ကျနော်တို့လည်း ဝမ်းသာတယ်”   ဟု သူက ပြော
သည်။ကြောင်ဒူးကျေးရွာခံများ အနေဖြင့်   ကြောက်စိတ် လွှမ်းမိုးနေကြောင်း၊  ရွာပြင်တွင် 
လူစိမ်းတွေ့သည် ဆိုသည့် ကောလာဟလ  သတင်းများကြောင့် မကြာခဏ   ရွာသားများ
 စုဖွဲ့၍ တောနင်း ရှာဖွေခြင်းများ ပြုလုပ်နေကြကြောင်း ၎င်းက ဆိုသည်။

ကြောင်ဒူးရွာသူ တဦးကလည်း “ဒီရွာက တောင်ရိုး လုပ်ကိုင်စားကြတာ။ ခုတောင်ရိုးလည်း 
မျှစ်ချိုး မသွားရဲဘူး၊ ဆူးပုပ်ရွက်ခူး၊ ထင်းခွေလည်း မသွားရဲ၊ ယာထွန်သွားတာတောင် ရွာနဲ့
ဝေးရင် အဖော်တွေနဲ့ သွားကြတာ။ အခုနှမ်းပေါ်ချိန် နှမ်းထောင် စောင့်တောင် ဘယ်သူမှ
လည်း မသွားဘူး၊ ဘယ်သူမှလည်း လာမခိုးရဲဘူး အဲဒီလိုဖြစ်နေတာ” ဟု ပြောသည်။

ယင်းဖြစ်ရပ် သတင်းသည် ထိုကျေးရွာများမှ တဆင့် ကျောက်ပန်းတောင်း မြို့ပေါ်တွင်လည်း 
ပျံ့နှံ့လျက်ရှိပြီး   မြို့စွန်ရပ်ကွက်   များတွင်   နေထိုင်သူများက စိုးရိမ်နေကြကြောင်း မြို့ပေါ်
ရဲစခန်းနှင့် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

 သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးငယ်   ၁၃   ဦးအား စင်ကာပူနိုင်ငံသို့ 
အိမ်အကူလုပ်ရန် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ (မြန်မာငွေ ၂၆၀,၀၀၀ ကျပ်)ဖြင့် 
ဆက်သွယ် ပို့ဆောင်ပေးမည့်သူကို သန်လျင်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။


အဆိုပါ အမျို
းသမီးငယ်   ၁၃   ဦးအား ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်း
တိုင်ရာမှ    ၎င်း  အုပ်ချုပ်ရေးမှူးက မသင်္ကာသဖြင့် မြို့နယ်၊    ခရိုင်အုပ်ချုပ်ရေးမှူးထံ 
သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

FMI CITY    လှိုင်သာယာမြို့နယ်နေသူ မအေးအေးချို၏   ဆက်သွယ်မှုဖြင့် အဆိုပါ အမျိုးသမီးငယ်များ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိခင် ဒေါ်ကြည်ဌေးက နေအိမ်တွင်
 လက်ခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှတ်တမ်းများအရ သိရ
သည်။

ယင်းကိစ္စအား လူကုန်ကူးအထူးအဖွဲ့မှ ရဲအုပ်ဌေးအောင်က သြဂုတ် ၉ ရက်တွင် ဆက်
လက်စစ်ဆေးခဲ့ရာ မစန္ဒာလွင် (ကောင်းခန့်ဟိန်း   အထွေထွေ  အကျိုးဆောင်လုပ်ငန်း
၏ မန်နေဂျာ)နှင့် တစ်ဦးက စင်ကာပူနိုင်ငံ၌ တစ်လလျှင်   စင်ကာပူဒေါ်လာ ၄၀၀ ဖြင့်
 အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန် သုံးသုတ်ခွဲကာ   ပေးပို့မည်ဖြစ်ပြီး   မအေးအေးချိုက
 အိမ်အကူလုပ်ငန်းအတွက် အဆိုပါ အမျိုးသမီးငယ်များအား သင်ကြားပေးနေကြောင်း
 စစ်ဆေးတွေ့ရှိရသည်။

မစန္ဒာလွင်ပါ လေးဦးအား အရေးယူပေးရန် ရဲအုပ်ဌေးအောင်က တရားလိုပြုလုပ် တိုင်တန်း
မှုကို သန်လျင်ရဲစခန်းက (ပ) ၉၉၁/ ၁၂၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ-   ၂၆
 ဖြင့် သြဂုတ် ၉   ရက်၌ အမှုဖွင့်ပြီး အမှုစစ်  ဒုရဲအုပ်  ထွန်းထွန်းဝေက   တရားခံများအား
 ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းထံမှသိရသည်။

ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်သည့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများအနေ
ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် လူတင်ပို့ခွင့် မှတ်ပုံတင်ရပြီး
မှတ်ပုံတင်မရှိသည့် ကုမ္ပဏီများအား နိုင်ငံတော်အစိုးရက ပြည်ပ  အက်ဥပဒေပုဒ်မ -၂၆ 
(အထူးနှင့်အထွေထွေ)ဖြင့် ဖမ်းဆီးနိုင်သည်ဟု တရားဝင် ထုတ်ပြန်ထားကြောင်း ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
 
သတင်းရင်းမြစ်   7 days News   
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ဒေသ ညမထွက်ရ အချိန်လျှော့

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် မြို့နယ်တချို့တွင် ထုတ်ပြန်ထား
သော ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အချိန်ကန့်သတ်မှု လျှော့ချလိုက်ကြောင်း သိ
ရသည်။

အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့နှင့်ဘူးသီးတောင်တွင် ည ၆ နာရီမှ နံက် ၆ 
နာရီသတ်မှတ်ထားရာမှ ယခု အခါ ည ၇ နာရီမှ နံက် ၅ နာရီသို့ လျှော့ချလိုက်ကြောင်း၊ 
မင်းပြားနှင့်မြောက်ဦးတို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိသတ်မှတ်ထားကြောင်း၊
 နေရာဒေသ အပေါ်မူတည်၍ အချိန်အနည်းငယ် ကွဲပြားကြောင်း၊ ထိုကိစ္စကို ယခုရက်
ပိုင်းအတွင်း မြို့နယ် အသီး သီး၌ ကြေညာကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသတွင်း နေရာအားလုံး တည်ငြိမ်မှု ရနေပြီ ဖြစ်၍ ညမထွက်ရ  ထုတ်ထားသည့်
 မြို့နယ်များတွင် တနာရီစီ  လျှော့ချ   လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်   အစိုးရ၏ 
သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ နှင့်   ပြည်နယ်   ဥပဒေချုပ် ဦးလှသိန်း က 
ဧရာဝတီ ကို ပြောသည်။အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်၊
 စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့၌ ညမထွက်ရ အမိန့်ကို ဇွန်လအတွင်းက
 ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား တို့တွင်လည်း ပြီးခဲ့သည့်
 သီတင်းပတ် အတွင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင်း အကြမ်းဖက်မှုများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည့် မီးဘေးဒုက္ခ
သည်များအတွက် ပြန်လည်နေရာ ချပေး နေကြောင်း၊ နေထိုင်စရာ အမိုးအကာများ၊
 အစားအသောက်များ လုံလောက်ရန် လုပ်ဆောင်ပေးနေကြောင်း အာဏာပိုင်များ
က ပြောသော်လည်း ဒုက္ခသည် တချို့ကမူ အစားအသောက် မလုံလောက်ကြောင်း
 ပြောဆိုသည်။

“ဒုက္ခသည်အားလုံးကို လူတယောက် ဆန်နို့ဆီ ၂ ဘူး နဲ့ တခြားလိုအပ်တာ တချို့
ပေးတယ်၊ ဒါဟာ နိုင်ငံတကာ စံနှုန်း အ တိုင်း ပေးတာပါ၊   တနေ့ ထမင်း ၃ ကြိမ်၊ 
၎ ကြိမ် စားမယ်ဆိုရင်တော့ မလောက်ဘူးပေါ့ဗျာ”ဟု   ဦးလှသိန်း  က  ဆိုသည်။
မောင်တောမြို့နယ် အတွင်းမှ  မီးလောင်ကျွမ်းသွားသည့် ဒေသခံ  တိုင်းရင်းသား
 ကျေးရွာများကို ပြန်လည်တည်ဆောက်ပေး နေကြောင်း၊ ထိုကျေးရွာများတွင် ကျပ် 
၁၈ သိန်းမှ ၂၃ သိန်းတန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်နေဆဲ ဖြစ်ကြောင်းလည်း၎င်း 
က ဆက်ပြောသည်။

မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးမဏိသာရ ကလည်း 
 မီးလောင်ကျွမ်းသွားသည့် ကျေးရွာများမှ ဒေသခံများသည် နေအိမ်များ မရှိသေး၍ 
ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည့် ဒုက္ခသည်စခန်းများတွင်ခိုလှုံ နေရဆဲ ဖြစ်
 ကြောင်း၊ ရွှေရင်အေး၊ ခရေမြိုင် စသည့်ကျေးရွာများတွင် အစိုးရ ဆောက်ပေးထား
သည့် အိမ်တချို့ပြီးစီးနေပြီ ဖြစ်ကြောင်း မိန့်ကြား သည်။
 
“မောရ၀တီမှာ တဲအလုံး ၁၀၀ ထိုးတုန်း၊ နောက် ၄၀၀ လာမယ်ဆိုတာ မရောက်သေး
ဘူး၊ ဒီတော့    ရွက်ဖျင်တဲတောင် မဆောက် နိုင်သေးတာ    ပြန်လည်  ထူထောင်ရေး
အတွက် အများကြီး လိုအပ်ပါသေးတယ်”ဟု ဆရာတော်  က  မိန့်သည်။မောင်တော၌ 
အကြမ်းဖက်မှုကြောင့် ကျေးရွာ၂၀ ၀န်းကျင် မီးလောင်ကျွမ်းသွားပြီး ၎င်းအနက်   ၁၀ 
ရွာခန့်မှာ လုံးဝ မီးလောင်ပြာ ကျ သွားကြောင်း၊ ထိုကျေးရွာ ၂၀ ၀န်းကျင်တွင် ရွာ ၂ ရွာ
သာ နေအိမ် တည်ဆောက်ပေးပြီး ဖြစ်ကြောင်း မောင်တော မြို့ခံ တချို့က ပြောသည်။

မောင်တောမြို့ပေါ်၌ တည်ငြိမ်မှုရှိနေကြောင်း၊ စာသင်ကျောင်း တချို့ဖွင့်လှစ်နေကြောင်း၊
 သို့သော် ကလေးအများစု ကျောင်း မတက်နိုင်သေးကြောင်း၊   အလိုတော်ပြည့်ကျောင်း
တိုက်တွင်လည်း ဒုက္ခသည် ၃၆၀   ကျော် ရှိကြောင်း၊   စားဝတ်နေရေး အခက် အခဲ မရှိ
ကြောင်း ဆရာတော် ဦးမဏိသာရ က မိန့်သည်။မောင်တောမြို့နယ်အတွင်းရှိ ဒုက္ခသည်
 စခန်းများမှာ အလိုတော်ပြည့် ကျောင်းတိုက် အပါအ၀င် အထက်တန်းကျောင်း၊ ပရဟိတ၊
 လေးမိုင်စခန်း၊ တပ်ရင်း(၂)၊  အလယ်သံကျော်၊ နစက နယ်မြေ(၇) တို့ ဖြစ်ကြောင်း၊ ထို 
 စခန်းများတွင် လူဦးရေ ရာ ဂဏန်းစီ ရှိကြောင်း သိရသည်။

စစ်တွေ မြို့နယ်အတွင်း ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များအတွက် အခန်း ၈ ခန်း၊ 
၁၀ ခန်းစီပါသည့် တဲကြီးများဆောက်၍ နေရာချပေးနေကြောင်း၊ စစ်တွေ မြို့ပေါ်ရှိ နေပူခံ 
ရပ်ကွက်၊ မင်းဂံ ရပ်ကွက် တို့တွင် ပြန်လည်နေရာချပေးပြီး ဖြစ်ကြောင်း သတင်းပြန်ကြား
ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။စစ်တွေမြို့ပေါ်ရှိ ဒေါင်းတိုက်ကွင်း
နှင့်ဓည၀တီ ဘောလုံးကွင်း   တို့တွင်လည်း    တဲအိမ်များ ဆောက်လုပ်ပေးနေကြောင်း၊ 
အစိုးရ နှင့် ကုသမဂ္ဂအဖွဲ့ အနေဖြင့် တဲအိမ်ပေါင်း ၇၈၇ ခု ဆောက်လုပ်ပေးရန် တာဝန်ယူ
ထားကြောင်း၊ ၎င်း အနက် အစိုးရ က ဆောက် လုပ်ပေးရန် တာဝန်ယူထားသည့် တဲများမှာ 
ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

“မိသားစု ၈ စု၊ ၁၀ စု နေနိုင်မယ့် တဲအကြီး ၇၈၇ လုံးမှာ အစိုးရ က ၇၈ လုံး ဆောက်ပေး
ဖို့တာဝန်ယူထားတာ ကတော့ ပြီး သလောက်ရှိနေပြီ၊ ကုလသမဂ္ဂအဖွဲ့ကတော့ အပေါ်ကို 
 တင်ပြထားတုန်းပဲလို့ ပြောပါတယ်”ဟု ဦးလှသိန်း က ပြောသည်။ဒေသခံတိုင်းရင်းသား 
လူမျိုးများနှင့်  ဘင်္ဂါလီမွတ်စလင်များ  နှစ်ဘက်  စလုံးကို ကူညီပေးနေကြောင်း၊ သို့သော် 
လိုအပ်ချက် တချို့ ရှိနေ သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျောက်တော်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ မင်းပြား 
စသည့်မြို့နယ်များတွင်လည်း တည်ငြိမ်မှုရှိပြီး ကျောင်းများ၊ ဈေးများ၊ ဈေးဆိုင်အများစု မှာ 
ပုံမှန် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ရခိုင် ဒေသခံများ က ပြောဆို သည်။  ဇူလိုင်  ၃၀  ရက်က 
ရန်ကုန်မြို့   နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပသော အစိုးရ   သတင်းစာ ရှင်းလင်းပွဲတွင် 
ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍   ဒုက္ခသည်ပေါင်း ခြောက်သောင်း
 ကျော်ရှိနေပြီး အရေးပေါ်အကူအညီနှင့် ပြန်လည် ထူထောင်ရေး   အကူအညီများ လိုအပ်
နေသည်ဟု  နယ်စပ်ရေးရာ  ၀န်ကြီးဌာနနှင့် မြန်မာ့   စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး 
ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားထားသည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ   ၄၈၂၂ လုံး၊ ဗလီ   ၁၇   ခု၊ ဘုန်းကြီးကျောင်း ၁၄
 ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းပျက် စီး သွားခဲ့သည်ဟုလည်း သတင်းစာရှင်းလင်း
ပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။


သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

VOA နှင့် သမ္မတ ဦးသိန်းစိန် အင်တာဗျူးအပေါ် တုံ့ပြန်မှုများ

ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်နေသော သမ္မတ ဦးသိန်းစိန်

သမ္မတ ဦးသိန်းစိန်နှင့် VOA (Voice of America) မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ 
သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ရခိုင်ပြည်နယ်အရေး ပြောဆိုမှုများကို ပြည်တွင် နိုင်ငံရေး
 လောကတွင် တုံ့ပြန် ပြောဆိုမှုများ ရှိသည်။

“ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေး ကြည့်လိုက် တဲ့  အခါမှာနောက်ထပ် ၀င်ရောက်
လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့သူတွေက ပေါက်ဖွား
မူတွေ သိပ်များတယ်။ အိမ်ထောင်စုတစုဆိုရင် ခုနှစ်ဆယ်၊   ရှစ်ဆယ်လောက်ရှိပါတယ်” 
ဟု သမ္မတ ဦးသိန်းစိန်က ဘင်္ဂါလီများနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်သို့ ၃ ခေါက်သွားရောက်၍ အချက်
အလက် စုဆောင်းမှုများ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက အဆိုပါ အချက်သည် ၄င်းတို့အဖွဲ့ တွေ့ရှိ
ချက်များဖြင့် ထပ်တူဖြစ်၍ ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။

“သဘောထားခြင်းက မကွာဘူး။ ဆိုတာက ကျနော်တို့ သိထားတာက လွန်ခဲ့တဲ့ အနှစ်
 ၂၀ ကျော်က ၀င်လာတာက များတယ်။   ဒီဘက်ပိုင်းမှာ  ဟိုဘက်ကမ်းက စီးပွားရေး၊ 
 နိုင်ငံရေး၊ အုပ်ချုပ်ရေးက ကိုယ့်ထက်တောင် သာတယ်” ဟု သူက ဆိုသည်။

ယခင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသူများနှင့်    နောက်ဝင်လာသူ   အနည်းစု  တို့၏ 
လူဦးရေ ပေါက်ဖွားမှု များပြားသည့်   ပြဿနာသည် အဓိက   အကြောင်းအရင်း  တွင် 
ပါဝင်ကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
 ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ပါတီ၏ 
သဘောထားသည်  ရခိုင် ဒေသခံ   တချို့၊ ဘင်္ဂါလီ ဒေသခံတချို့ နှင့်  တရားမ၀င် ၀င်
ရောက်လာသည့် လူအုပ်စု ၃ စု ပြဿနာဟု လက်ခံထားခဲ့ကြောင်း၊   ပြည်တွင်း အုပ်စု 
၂ စု ကြား ပြဿနာကို ဥပဒေဖြင့်သာ ဖြေရှင်းရန် လိုအပ်ပြီး ပြည်ပမှ ၀င်ရောက်လာသူ
များ ပြဿနာကို နိုင်ငံတကာနှင့် လက်တွဲ ဖြေရှင်းသင့်ကြောင်း ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၏ အားနည်းချက်များ ပြင်ဆင်ရန် လိုအပ်သည်များကို
လည်းလုပ်ဆောင်သင့်ကြောင်း၊ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရေး 
တဖက်ကလည်း အလေးထားသင့်ကြောင်း၊ ယခုကိစ္စသည် စနစ်တကျ ဖြေရှင်းပါက
 ပြေလည်သွားမည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အစဉ်အဆက်အားဖြင့် တိုင်းရင်းသား မဟုတ်သည့် နိုင်ငံသားများ 
ရှိထားနှင့်ပြီးဖြစ်ကြောင်း၊ ၄င်းကိစ္စကို အငြင်းပွားနေခြင်း မဟုတ်ကြောင်း၊ တရားမ
ဝင် ၀င်ရောက်လာသူများ အနေဖြင့်  မည်သည့်နိုင်ငံ၌   မဆို လူဝင်မှု ကြီးကြပ်ရေး 
ဥပဒေ၊ နိုင်ငံသား ဥပဒေများဖြင့် စိစစ်ခံရမည်ဖြစ်ပြီး တည်ဆဲ ဥပဒေအရ နိုင်ငံသား
ဖြစ်လိုက ဒေသခံ နိုင်ငံသားများနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရမည်ဖြစ်ပြီး နိုင်ငံ
သားဖြစ်ရေး ကြိုးစားခွင့် ရှိသည်ဟု ဦးကိုကိုကြီးက ဆိုသည်။

“သူတို့ကလည်း  ကိုယ့်ကိုယ်ကိုယ် ဘင်္ဂါလီ လူမျိုးဆိုတာ မှန်မှန်ကန်ကန်    ဖော်ပြဖို့ 
လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့  တခြာ  ရှိပြီးသား တိုင်းရင်းသား တမျိုးမျိုး  အမည်ကို 
ခံပြီးတော့ မရိုးမဖြောင့်တဲ့နည်းလမ်းနဲ့ နိုင်ငံသားဖြစ်မှုကို ကြိုးစားတာမျိုး၊ နောက်တခါ 
သီးခြား   နာမည်တခု ဖန်တီးပြီးတော့ ဌာနေ  တိုင်းရင်းသားအဖြစ်နဲ့   နိုင်ငံသားဖြစ်ဖို့
 ကြိုးစားတာမျိုးကိုသာ ကျနော်တို့က ထောက်ပြပြောဆိုနေတာ” ဟု သူက ဆက်ပြော
 သည်။

သမ္မတ ဦးသိန်းစိန်က VOA နှင့် အင်တာဗျူးတွင် “၁၉၈၂ ခုနှစ် ဥပဒေဆိုတာကလည်း 
ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ ပတ်သတ်ပြီးတော့အကာအကွယ်ပေးထားတာ တွေရှိ
ပါတယ်။ အကြမ်းဖျဉ်း ကျနော်သိရသလောက် ဆိုရင်၄၈ ခုနှစ် မတိုင်ခင်က ဒါ ဟိုတုန်း
သောင်တင်ပြီးတော့နေနေကြတာပေါ့။ ၄၈ ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့
မိဘတွေက မွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့ အခါမှာ
နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ် ပြုပေးဖို့ဆိုတဲ့ ဥပဒေထဲမှာပါပြီးသား ဖြစ်ပါ
တယ်” ဟု ဆိုသည်။

မကြာသေးမီက သမ္မတနှင့် တွေ့ဆုံပြီး ရခိုင်အရေး ဆွေးနွေးခဲ့သည့် ရခိုင် ဒီမိုကမိုကရေစီ 
အဖွဲ့ချုပ် (ALD) ပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကမူ အဆိုပါ ပြည်ပမှ တရားမ၀င် 
ဝင်ရောက်လာသူများကိစ္စ သမ္မတနှင့် ကွဲလွဲနေကြောင်း ပြောသည်။

“ကျနော်တို့ သိရသလောက်က ခိုးဝင်နေတဲ့သူတွေကတော့ အမြဲတမ်း ရှိနေတယ်။ လွတ်
လပ်ရေး မရခင်တုန်းက ရှိခဲ့တာက   နည်းနည်းပဲ    ရှိတယ်။    နည်းမျိုးစုံနဲ့ တချို့လည်း 
အထောက်အထားတွေ ရထားတာတွေ ရှိတဲ့အတွက် ဒါတွေကို တကယ်တော့ ဖြေရှင်းဖို့ 
လိုပါလိမ့်မယ်” ဟု သူက ဆိုသည်။ဖြေရှင်းရန် ကိစ္စများအနက် နိုင်ငံသား ဥပဒေကိုလည်း
 ပြန်လည် သုံးသပ်   သင့်ကြောင်း၊ မကြာခင်က   သမ္မတနှင့်    တွေ့ဆုံစဉ်က နိုင်ငံတော် 
တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ၀ိုင်းဝန်း   ဆောင်ရွက်ကြရန် မေတ္တာ
ရပ်ခံခဲ့ကြောင်း၊ တရားမ၀င် ၀င်ရောက်လာသူတချို့က မည်သို့ မည်ပုံ မှတ်ပုံတင် ရထား
သည်ကိုလည်း ဖြေရှင်းရန်   လိုအပ်ပြီး သမ္မတ ပြောထားသည့် အစီအစဉ်ကို အမြန်ဆုံး 
အကောင်အထည်ဖော်ရန် တင်ပြထားခဲ့ကြောင်း သူက ဆက်ပြောသည်။

ထို့အတူ ဦးဝင်းတင်ကလည်း “သမ္မတ အရင်က ပြောတာက အပြင်က ၀င်လာ  တဲ့သူက
 အများကြီး ပြောခဲ့တယ်။ အခုတော့ ၀င်လာတဲ့သူက လူနည်းစုလို့ ပြောတယ်။ ကျနော်တို့ 
နားလည်တာက အများစု ဖြစ်နေတယ်” ဟု ဆိုသည်။ရခိုင်ပြည်နယ်အရေးတွင် စုံစမ်းစစ်
ဆေးရန်     အဖွဲ့အစည်းတချို့၏    တောင်းဆိုမှုနှင့် ပတ်သက်၍   သမ္မတ ဦးသိန်းစိန်က
 “ဒါကို   အင်တာနေရှင်နယ်  Issue   တခုလို ဒီမှာလာပြီး   စစ်မယ်ပြုမယ်  ဆိုရင်တော့ 
အမှန်တော့ မလိုအပ်ပါဘူး။ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ့်ပြည်တွင်းရေး   ကိစ္စလည်းဖြစ်
တယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ကျနော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်
ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ  ဒီလို   စစ်မယ်ပြုမယ် ဆိုရင်  ဒါတော့မဖြစ်သင့်တဲ့  ကိစ္စလို့ 
ကျနော်ထင်ပါတယ်” ဟု ဆိုသည်။

ALD ပါတီခေါင်းဆောင် ဦးအေးသာအောင်ကလည်း ယခုကိစ္စသည် ပြည်ပမှ ဖိအားပေး
သည့် သဘောဖြင့် ရခိုင်ပြည်နယ် ဒေသတချို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ပြည်ပမှ 
သီးခြား စုံစမ်းစစ်ဆေးရေး လာရောက်ရန် မလိုအပ်ကြောင်း ပြောသည်။

“ကျနော်တို့ ပြည်တွင်းမှာ   အစိုးရရယ်၊ ဌာနဆိုင်ရာတွေ ရယ်   ပြီးတော့    ကျနော်တို့လို
 နိုင်ငံရေးပါတီတွေနဲ့ မြို့တွေမှာရှိတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ခိုးဝင်လာတဲ့သူတွေနဲ့၊ 
အရင့်အရင်က ရှိနေတဲ့ သူတွေကို စိစစ်ဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

ဦးကိုကိုကြီးက အငြင်းပွားဖွယ် လူမျိုးတမျိုး၏ ဇစ်မြစ် သမိုင်းရေးဆိုင်ရာတို့နှင့် ပတ်သက်
၍မှု လွတ်လပ်သည့် ပညာရှင်များအနေဖြင့် လေ့လာစုံစမ်း စိစစ်သင့်ကြောင်း ပြောသည်။
လေ့လာအကဲခတ်သူများက သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ကုလသမဂ္ဂ၏ လူ့အခွင့်
အရေး ကိုယ်စားလှယ် အပါအ၀င်၊ တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စလမ် ခေါင်းဆောင်
များနှင့် နိုင်ငံခြား ဧည့်သည်များကို ပဋိပက္ခ ဖြစ်ပွားခဲ့ရာဒေသများသို့ သွားရောက် ၍ လွတ်
လပ်စွာ လေ့လာခွင့်ပေးလိုက်ခြင်းသည် သင့်တော်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ မှား
ယွင်းစွာ ပုံဖော်ပြောဆို နေကြသည့် တချို့သတင်းများကို အကောင်းဆုံး တုံ့ပြန်လိုက်ခြင်း
ဖြစ်ကြောင်း မှတ်ချက်များ ပေးကြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် သေဆုံးသူ ၇၈ ဦးရှိကြောင်း အစိုးရ၏ နောက်ဆုံး သတင်း
စာ ရှင်းလင်းပွဲတွင် ပြောဆိုထားပြီး အိုးအိမ် ၅ ထောင်နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ ယခု
အခါ ဒုက္ခသည် စခန်း ၅၃ ခုနှင့်  ကူညီ  ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း
များ လုပ်ဆောင်နေကြောင်း သိရသည်။အထူးသဖြင့် ဘင်္ဂါလီများအတွက် ပညာရေးသည် 
အရေးကြီးသဖြင့် စာသင်ကျောင်းများ အမှန်ပင် လိုအပ်နေကြောင်း သမ္မတ ဦးသိန်းစိန်က
 VOA နှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောဆိုထားသည်။

 သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 15, 2012

နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် မြန်မာ  - တရုတ် နယ်စပ်
 မူဆယ်မြို့များတွင် တင်သွင်းသည့် စားသောက်ကုန်များ၏ အရည်အသွေး   ကြပ်မတ်
စစ်ဆေးမှုများ ယခုနှစ် မကုန်မီ စတင်ပြုလုပ်သွားမည်ဟု ယင်းလုပ်ငန်း ဆိုင်ရာ အရာရှိ
တဦးက ပြောသည်။

 
“စားသောက်ကုန်တွေမှာ မသုံးသင့်တဲ့ ဓါတုဆိုးဆေးများ သုံးစွဲမှုနဲ့  အရည်အသွေးနိမ့်၊ 
ရက်လွန် စားသောက်ကုန် တင်သွင်းမှုကို ထိန်းချုပ်ဖို့ အဓိက ရည်ရွယ်ပါတယ်။”   ဟု 
အစားအသောက်နှ င့်  ဆေးဝါး ကွပ်ကဲရေးဌာန   (FDA)   မှ ဒုတိယညွှန်ကြားရေးမှူး 
 ဒေါက်တာထွန်းဇော် က ပြောပါသည်။

“မြန်မာနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်တလျှာက် ကျန်တဲ့
 ကုန်သွယ်စခန်း ၁၁ မြို့ အတွက်တော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီး
ဌာနက တင်ပြချက်အပေါ် မူတည်ပြီး စစ်ဆေးရေး စခန်းတွေ  တည်ဆောက် လုပ်ကိုင်
သွားဖို့ရှိတယ်” ဟု ဒေါက်တာထွန်းဇော် က ထပ်မံပြောပါသည်။

စားသောက်ကုန်များကို FDAမှ စစ်ဆေးမှုများ ပြုလုပ်မှုကို ၁၉၉၇ ခုနှစ်ခန့်မှ စတင်ပြုလုပ်
ခြင်း ဖြစ်ပြီး ယခုနှစ်လယ်ပိုင်း ကလည်း ပြည်တွင်းဈေးကွက်အတွင်းသို့ နယ်စပ်မြို့များမှ
 တဆင့် စားသုံးရန် မသင့်သော ပြုပြင်ထားသည့် စားသုံးဆီ များ ဝင်ရောက်မှု ကို    စစ်
ဆေးတွေ့ရှိခဲ့ရပြီး တင်သွင်းသူနှင့် ရောင်းချသူများကိုလည်း အရေးယူ ဆောင်ရွက်လျက်
 ရှိသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ ဝင်ရောက်သည့် စားသောက်ကုန်များအား ယခုလက်ရှိတွင် FDAမှ 
စစ်ဆေးရာ၌ ရေကြောင်းနှင့်လေကြောင်းတို့မှ ဝင်လာသော စားသောက်ကုန်တို့ကို ရန်ကုန်၊ 
မန္တလေးနှင့် နေပြည်တော်တို့တွင် FDA ဌာနများ ဖွင့်လှစ်၍ စစ်ဆေးလျက် ရှိသည်။

သတင်းရင်းမြစ်    မဇ္ဈိမ             

>>>ဆက်ဖတ်ရန်>>> >>

ဈေးဝယ်ငွေထုတ် ကဒ်များ နောက်လထွက်မည်

ရန်ကုန် (မဇ္ဈိမ)။         ။ ဈေးဝယ်နိုင်ရန်နှင့် ဘဏ်များတွင် အပ်နှံထားသည့် ငွေများ
 ပြန်လည် ထုတ်ယူနိုင်ရန် MPU (Myanmar Payment Union) ဟု အမည်ပေးထား
သည့် ကဒ်တမျိုးကို စက်တင်ဘာလအတွင်း စတင် အသုံးပြုနိုင်တော့မည်ဟု အာရှ
 စိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGB) ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးရဲမင်းဦးက 
မဇ္ဈိမကို ပြော သည်။
 

"ဘဏ်တချို့မှာ စပြီးစမ်းသုံးနေပြီခင်ဗျ။ ကျနော်တို့ဘဏ်တွေမှာလည်း စမ်းသုံးနေပြီ။
 ဒါပေမယ့်သုံးစွဲသူတွေ ကိုတော့ ကျနော်တို့  မပေးသေးဘူး။ ဝန်ထမ်းတွေကိုပေးပြီး 
 စမ်းသုံးနေပြီ။ ဒီလလုံးစမ်းပြီး ဘာချို့ယွင်းချက်မှ မတွေ့ဘူး အဆင်ပြေ ချောမွေ့တယ်
ဆိုရင် စက်တင်ဘာမှာ အသုံးပြုဖို့ ကြေငြာမယ်။" ဟု ဦးရဲမင်းဦးက ပြောသည်။

MPU ကတ်စနစ်သည် ATM (ငွေထုတ်၊ ငွေသွင်းနိုင်သည့်စနစ်)နှင့် POS (ဈေးဝယ်
စင်တာများတွင် အသုံးပြုနိုင်သည့် စနစ်) များကို အသုံးပြုနိုင်အောင် ပြုလုပ်ထားခြင်း
ဖြစ်သည်။ အဆိုပါကဒ်ကို ဂျာမဏီနိုင်ငံထုတ် စက်များဖြင့် စမ်းသပ် လျက်ရှိသည်ဟု
လည်း ဦးရဲမင်းဦး က ပြောသည်။

"ကျနော်တို့ စနစ်တွေအားလုံးက တခြားနိုင်ငံမှာရှိတဲ့ စနစ်တွေ၊ ဆော့ဖ်ဝဲတွေ အကုန်
လုံး တခြားနိုင်ငံမှာသုံးပြီး ဘာ Error (အမှားအယွင်း) မှ မရှိတဲ့ဟာကို ဝယ်လိုက်တာ။
 ကျနော်တို့ အခုစမ်းသပ်တာဆို တလရှိပြီ။ တလစမ်းသပ်ပြီးနောက်ပိုင်းမှာ အကောင်
အထည်ဖော်မှာဖြစ်တယ်။ တတ်နိုင်သမျှ ယုံကြည်စိတ်ချရ အောင်လုပ်ထားပါတယ်။" 
ဟုပြောသည်။

MPU ကဒ်အတွင်း ငွေသိမ်းဆည်းထားလိုပါက MPU အဖွဲ့ထဲတွင် ပါဝင်သည့် ဘဏ်များ
မှတဆင့် ကဒ်အတွင်း ထည့်သွင်းထားနိုင်သည်။  ကျပ်တသောင်းမှ အများဆုံး သိန်း ၅၀ 
အထိ တနေ့တာ အတွင်း ထုတ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ငွေသား ငွေသားသယ်ဆောင်ရသော အန္တရာယ်
ရှိခြင်းနှင့် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်ထုတ်ရသော စရိတ်များရှိကြောင်း၊ MPU ကဒ် 
စနစ်ကိုအသုံးပြုပါက ထိုပြဿနာများ လျော့နည်းသွားမည်ဟု ဘဏ်လုပ်ငန်းများ၏ 
အကြံပေးတဦးဖြစ်သူ ဦးစံသိန်းက ပြောသည်။

လက်ရှိတွင် MPU နှင့် ချိတ်ဆက်ထားသည့် ဘဏ် ၁၆ ခုရှိပြီး နောက်ပိုင်းတွင် ဘဏ်
အားလုံး ပါဝင်သွားနိုင်မှာဖြစ်ကြောင်း သမဝါယမဘဏ်လီမိတက်မှ ဦးဖေမြင့်ကပြော
သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိသည်။
 
သတင်းရင်းမြစ်    မဇ္ဈိမ              
>>>ဆက်ဖတ်ရန်>>> >>

လောင်းလုံ ရေနံစက်ရုံအတွက် ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ

စံခလပူရီ (မဇ္ဈိမ) ။          ။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ညင်းမော်ရွာအနီးတွင်
 ရေနံချက် စက်ရုံနှင့် ရေနံ သန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် အနီးရှိ    ကျေးရွာ
များမှ ခြံမြေများကို သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများကပြောသည်။


တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ထိုစီမံကိန်း အတွက် ဇွန်လကုန် ပိုင်းတွင် 
တရုတ်နှင့် မြန်မာများက မြေယာ တိုင်းတာမှု ပြုလုပ်ခဲ့ပြီး စက်ရုံ တည်ဆောက်မည့်
 အကြောင်းနှင့် ကျေးရွာ ရွှေ့ပြောင်းရေး၊ ဥယျာဉ်ခြံများကို လျော်ကြေး ပေးသိမ်းယူ
aရး တို့ကိုလည်း ဒေသခံများနှင့် ဆွေးနွေးသွားခဲ့ကြကြောင်း ညင်းမော်ရွာခံ 
အမျိုးသမီးတဦးက ပြောသည်။

“တိုင်းထားတာတော့ မနည်းဘူး တရွာလုံး ပါတယ်။ တရုတ်တွေနဲ့ ဦးပိုင်က လူတွေ 
ပါတယ်။ သူတို့က ဒီကို လာပြီး ရွာသားတွေကို အစည်းအဝေး ခေါ်တယ်။ ရေနံချက်
 စက်ရုံ ဆောက်ဖို့ ဘယ်လိုလုပ်မယ် ဆိုတာ ပြောပြတယ်” ဟု မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းရန် တိုင်းတာခံထားရသည့် မြေဧက အရေအတွက် အတိအကျကို မသိ
ရှိရသေး သော်လည်း ဥယျာဉ်ခြံဧကထောင်ကျော် ရှိပြီး ထိုအထဲတွင် သူ၏ ရာဘာခြံ 
ဧက ၂ဝဝ ခန့် ပါဝင်သည်ဟု ဆိုသည်။

စက်ရုံများကို ထားဝယ်မြို့ အနောက်တောင်ဘက် ၁၃    မိုင်ခန့်ရှိ လောင်းလုံမြို့နယ်
 အစိုးရ   ဆီအုန်းခြံတွင်   တည်ဆောက်  မည် ဖြစ်ပြီး   အနီးအနားရှိ   ညင်းမော်ရွာ၊ 
ရင်းဘုတ်ရွာ၊ ဂေါ့အင်းရွာ  အဖျားပိုင်း၊   လေးသွန်းခံရွာ   (ဗိုလ်မှူးဗထူး   မွေးရပ်) ရှိ 
ဥယျာဉ်ခြံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“အစိုးရ ဆီအုန်းပင်တွေကတော့ အိုနေပြီ။ အဲဒီပတ်ဝန်းကျင်က ဥယျာဉ်ခြံတချို့ ပါ
မယ်။  ပြောင်းရွှေ့ခံရမယ့်  ရွာတွေက အိမ်ခြေ နည်းတယ်” ဟု ထိုစီမံကိန်း
အကြောင်း လေ့လာနေသည့် တက္ကသိုလ် ကထိက တဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် “ဒီစက်ရုံ စီမံကိန်းမှာ water supply (လိုအပ်သည့်ရေ)အတွက် dam (ဆည်)
တခု ပါတယ်။ လောလောဆယ် ပင်လယ်ပိုင်းမှာ survey (စစ်တမ်း) လုပ်နေတယ်။ 
ပိုက်လိုင်း လုပ်မယ် ဆိုရင်တော့ လာဦးမယ် ဇာတ်လမ်းတွေ” ဟု ၎င်းက ဆက်ပြော
သည်။

တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သန်း ချက်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် 
ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀
 ရာနှုန်း ပါဝင်သည်ဟု ဆိုသည်။

သိမ်းယူရန် တိုင်းတာခံထားရသည့် ခြံများတွင် ရာဘာကို အဓိကထားပြီး ဒူးရင်း၊
 ကြက်မောက်၊ မင်းဂွတ်များကို စိုက်ပျိုးကြကာ ဒေသခံ အများစုကမူ ရေလုပ်ငန်းဖြင့် 
အသက်မွေဝမ်းကျောင်းလျက် ရှိကြောင်း သိရသည်။

“တချို့က လျော်ကြေးကို ယူမယ်။ တချို့ကလည်း မလိုချင်ကြဘူး ပြောနေကြတယ်။ 
ရွာသား တချို့က မကျေနပ်ဘူး။ တချို့က ကျေနပ်တယ်။ ခြံပါတဲ့ လူတွေက မကျေနပ်ဘူး
 ပြောနေတာပဲ” ဟု ရေနံချက် စက်ရုံဆောက်ရန် လျာထား သည့် ဆီအုန်းခြံနှင့် ကပ်လျက် 
ရှိသည့် ရာဘာခြံရှင် အမျိုးသမီးတဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် ယခုဆောက်လုပ်ရန် လျာထားသည့် ရေနံချက် စက်ရုံ စီမံကိန်းအပြင်
 ဇောတိက  သဘာဝဓါတ်ငွေ့ စီမံကိန်း၊ ရတနာ သဘာဝဓါတ်ငွေ့ စီမံကိန်း၊ ထားဝယ်
 ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် စီမံကိန်းများ ရှိကြောင်း သိရသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းသင်္ဘော
များ တနင်္သာရီ ကမ်းရိုးတန်း၊ တီဇစ်ကမ်းခြေတွင် ဆိုက်ကပ်ကာ ၎င်းရှိ သိုလှောင်ကန်မှ 
တဆင့် ပိုက်လိုင်းများဖြင့် ၆ မိုင်အကွာရှိ ရင်းဘုတ်ရေနံချက် စက်ရုံသို့ ပို့မည် ဖြစ်ကြောင်း
 ဒေသခံများက ပြောသည်။

သတင်းရင်းမြစ်    မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>

ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများသို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု



မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအားအာဆီယံနိုင်ငံများတွင်သယ်ဆောင်အသုံးပြုနိုင်အတွက်
 ဆောင်ရွက်လျှက်  ရှိရာ လက်ရှိအချိန်တွင်  ချိတ်ဆက်   အသုံးပြုနိုင်ရန်    အဆင့်သင့် အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

 သတင်းရင်းမြစ်   Shwe Myitmakha Media Group

15-8-12-4
>>>ဆက်ဖတ်ရန်>>> >>

ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ

ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက် အချို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်အဆက်မပြတ်
 ရွာသွန်းသော မိုးနှင့်     အတွင်းရေတက်လာပါသဖြင့် လူနေအိမ်များ ရေကြီးနစ်မြုတ်
လျှက်ရှိပါသည်။

ရေဘေးကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ရေဘေးကယ်ဆယ်ရေးစခန်း (၇) ခု 
ဖွင့် လှစ်လျှက် ရေဘေးဒုက္ခသည်များ၏ အခက်အခဲများကို အုပ်ချုပ်ရေးအဖွဲ့အစည်း
များ ၊ လူမှုအဖွဲ့အစည်းများ ၊ ပါတီအဖွဲ့အစည်းများ ပူးပေါင်းလျှက် ဖြေရှင်းဆောင်
ရွက်ပေးလျှက်ရှိပါသည်။ ဧ၇ာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကြေးနှင့် ကယ်
ဆယ်ရေးပစ္စည်းများကို 14.08.2012 နေ့တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဦးတင်စိုးနှင့်
အဖွဲ့မှ လာရောက်ကူညီသကဲ့သို့ မြို့ပေါ် မှစေတနာရှင်များ   မှာလဲ ငွေကြေးနှင့်
ဆန် အစရှိသောစားသောက်ကုန်ပစ္စည်းများကို ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။

အမျိုးသားခန်းမတွင် ရေဘေး  ကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ကယ်ဆယ်ရေး
စခန်းအသီးသီးရှိ   ရေဘေး   ဒုက္ခသည်များ  လက်ဝယ်   အရောက်  ကယ်ဆယ်ရေး
ပစ္စည်းများ ရောက်ရှိရေးအတွက်စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ရေဘေး  ဒုက္ခသည်
များ၏ လတ်တလောအခက်အခဲများ ဖြေရှင်းရေးတွင်လိုအပ်မည့် ဆန်နှင့်စားသောက်
ကုန်များ   ပံ့ပိုးနိုင်ရေး  အတွက် အမျိုးသား  ခန်းမတွင်   အလှူခံဌာန   ဖွင့်လှစ်လျှက် 
အလှူငွေနှင့် ပစ္စည်းများလာရောက်လှူတန်းနိုင်ရန်  စီစဉ်ဆောင်ရွက်လျှက်  ရှိပါသည်
 စေတနာရှင်များ လာရောက်လှူတန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

သတင်းရင်းမြစ်    သစ်ထူးလွင်     

ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ


ဆက်သွယ်လှူတန်းနိုင်ရန် ဖုန်းနံပါတ်များ
မြို့နယ်ခွဲ့အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး - ၀၉ ၄၉၇၀၁ ၉၇၆၇
ဦးကျော်ရှိန် - ၀၉ ၄၉၃၃၀ ၁၀၄
ဦးစိန်ဝင်း - ၀၄၆ ၆၀၁၉၆
ဦးထွန်းလင်းဦး - လူငယ်ပရဟိတအဖွဲ့ - ၀၉ ၄၉၇၅၀ ၇၃၂
ဦးစိုးဝင်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၀၉ ၇၃၁၉ ၈၈၁၉
ဦးမြင့်ခင် - စေတနာလူမှုကူညီရေးအသင်း - ၀၉ ၄၉၇၅၀ ၂၉၉
ဦးမောင်မောင်သိန်း - ၀၉ ၈၅၈၃ ၁၄၀
ပြည်ခိုင်ဖြိုးပါတီ - ၀၄၆ ၆၀၁၈၅
ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 
>>>ဆက်ဖတ်ရန်>>> >>

ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက်


ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှြ့ပည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် 
သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော်
 အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)  အား 
 ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်  နာယက ဦးခင်အောင်မြင့်  က
 ကြေညာခဲ့ ကြောင်း Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြ
ထားပါသည်။

သတင်းအပြည့်အစုံအား အောက်တွင် ဆက်လက်ဖတ်ရှုပါရန်

သတင်းရင်းမြစ်    Eleven Media Group
>>>ဆက်ဖတ်ရန်>>> >>

ရေလွှမ်းစပါးစိုက်တောင်သူများ ကူညီရန် အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်း


မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ပျိုးခင်းများ ရေလွှမ်းမိုးမှု
ကို ကူညီနိုင်ရန် အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ Emergercy
 Early Response Team (EERT) ကို သြဂုတ် ၁၄ ရက်မှ စတင်ဖွဲ့စည်းလိုက်ကြောင်း
 မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သတင်းရရှိသည်။
 
မြန်မာနိုင်ငံ   ဆန်စပါး  လုပ်ငန်းအသင်းက အသင်းဝင်များနှင့် အသင်းဝင်    မဟုတ်သော
 လယ်သမားများ၏ ရေမြုပ်စပါးခင်းများအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးရန်
ဖွဲ့စည်းခြင်းဖြစ်သည်။

ရေကြီး၊ ရေမြုပ်မှုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန်၊ ရေမြုပ်သော စိုက်ခင်း
များအား အသင်းခွဲများ၏ အကူအညီနှင့် အချိန်မှီပြန်လည်   စိုက်ပျိုးရန် လိုအပ်မှု ရှိ၊  မရှိ
သုံးသပ်ဖော်ထုတ်ရန်၊ ပြန်လည်စိုက်ပျိုးရန် လိုအပ်သော နေရာဒေသများအတွက် မျိုးစပါး
ကို အချိန်မှီဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရေမြုပ်မှုကြောင့် စပါးအထွက်နှုန်း
 ထိခိုက်နိုင်သော စိုက်ခင်းများအတွက် လိုအပ်သော သွင်းအားစုများ ပံ့ပိုးပေးအပ်နိုင်
ရန် ပြင်ဆင်ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှု အခြေအနေကို တောင်သူများ သိရှိနိုင်
ပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်၊ အသင်းခွဲများ ဆန်စပါးအထူးပြု
 ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အထက်ပါအဖွဲ့က ဆောင်ရွက်မည်ဟုဆို
သည်။

အဆိုပါ အသင်းကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး
 ဦးရဲမင်းအောင်က ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ဦး ပါဝင်သည်။

သတင်းရင်းမြစ်   7 days News           


ရန်ကုန်-ပုသိမ် ကားလမ်းဘေးကျောင်းကုန်းမြို့ ၀န်းကျင်ရှိ ကျေးရွာများ ရေမြုပ်နေသည်ကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ်။
>>>ဆက်ဖတ်ရန်>>> >>

ဘယ်လ်ဂျီယံတက္ကသိုလ်တစ်ခုက သမ္မတဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ရန်ပြင်

ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege
က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတ
ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့
တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။



သမ္မတအနေဖြင့် လက်ခံမည့်အစီအစဉ် ရှိ၊ မရှိကို တက္ကသိုလ်ပါမောက္ခနှစ်ဦးက တွေ့ဆုံ
မေးမြန်းရန် ရောက်ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာဖုန်းဝင်းက ပြော
သည်။

“လက်ခံတယ်ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။
သူတို့ကတော့ တစ်ချိန်ချိန်မှာလာယူဖို့ မျှော်လင့်တယ်။ အသေးစိတ်တွေကိုတော့ သမ္မတ
နဲ့တွေ့ရင် သူတို့(ပါမောက္ခတွေ)အနေနဲ့ မေးမြန်းဖို့ရှိတယ်”ဟု ဒေါက်တာဖုန်းဝင်းက
 ပြောသည်။

ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင်
ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိက
သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်
တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပြီး   ၂၀၁၁   ခုနှစ် တွင်
 ဆိုဗီယက်သမ္မတဟောင်းမစ်ခေးလ်ဂေါ်ဘာချော့အားလည်းကောင်း၊ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့တွင် ၁၀ ကြိမ်မြောက်နေရာ တာဝန်ယူဖူးသူ   မစ္စတာ Dominique Strauss
 Kahn နှင့် အမေရိကန်လူမျိုး    အနုပညာရှင်တစ်ဦးဖြစ်သည့် Bill Viola    တို့အား လည်း
ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်သည့်   အစဉ်အလာများ ရှိခဲ့ကြောင်း   မှတ်တမ်းများ   အရ
သိရသည်။

ယခုလာရောက်သည့် ခရီးစဉ်အတွင်း တက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပါမောက္ခ
 Albert Corhay နှင့် ပါမောက္ခ EricHaubruge တို့အပြင်    အတွင်းရေးမှူး တစ်ဦးတို့
ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည်   ယခုလ   ၁၃ ရက်တွင် ရန်ကုန်မြို့  သို့ရောက်ရှိပြီး
၁၅   ရက်   တွင် နေပြည်တော်တွင်   သမ္မတနှင့်    တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

၎င်းအဖွဲ့ လာရောက်သည့် လေးရက်တာ ခရီးစဉ်အတွင်း စက်မှုတက္ကသိုလ်နှင့်
ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်မည်ဖြစ်ပြီး အချိန်ရရှိမည်ဆိုပါက ဆေးတက္ကသိုလ်နှင့်
စီးပွားရေးတက္ကသိုလ်တို့ကိုလည်း သွားရောက်ရန်ရှိသည်ဟု သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins
 တက္ကသိုလ်နှင့် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့ကြားတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်
တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center of Excellence
(COE) အစီအစဉ်တွင်လည်း ၎င်းတက္ကသိုလ်က ပူးပေါင်းပါဝင် လုပ်ကိုင်ရန်ရှိကြောင်း
သိရသည်။

ပထမဆုံး လာရောက်သည့်နေ့တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး COE အစီ
အစဉ်၌ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် တာဝန်ရှိသူများ
နှင့် တွေ့ဆုံပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း   အဆိုပါတက္ကသိုလ်မှ အဖွဲ့ဝင်များ
သမ္မတနှင့် တွေ့ဆုံရန်    နိုင်ငံခြားရေး  ၀န်ကြီးဌာနက   ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး
 သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံရန်အတွက် မင်္ဂလာမြန်မာက စီစဉ်ခြင်းဖြစ်
ကြောင်း သိရသည်။

သမ္မတအား ဂုဏ်ထူးဆောင်အပ်နှင်းမည့် တက္ကသိုလ်သည် ၁၈၁၇ ခုနှစ်တွင်
နယ်သာလန်ဘုရင် King Wilhlem က စတင်တည်ထောင်ခဲ့သော အစိုးရ
တက္ကသိုလ်တစ်ခုဖြစ်သည်။  လက်ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀ ကျော်
 သင်ကြားပေးလျက်ရှိပြီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော် သင်ယူလျက်ရှိကာ
 ကျောင်းသားစုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

သတင်းရင်းမြစ်   7 days News           
>>>ဆက်ဖတ်ရန်>>> >>

၅၀၀ ကေဗွီ မဟာ ဓာတ်အားလိုင်း သုံးနိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်မည်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၅၀၀
 ကေဗွီ   မဟာ ဓါတ်အားလိုင်း တစ်ခုကို ဂျပန်   ကိုရီးယားနှင့်   ဆားဗီးယား နိုင်ငံတို့ 
၏အကူအညီဖြင့်  ဆောက်လုပ်သွားမည် ဖြစ်ကြောင်း  အမှတ်  (၂) လျှပ်စစ်စွမ်းအား 
ဝန်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေး တစ်ဦး ကပြောကြားသည်။
 
 

အဆိုပါ စီမံကိန်းကို အပိုင်း ၃ ပိုင်းခွဲပြီး တည်ဆောက်ရာတွင် သပြေ၀(မိတ္ထီလာ) 
-တောင်ငူ ဓာတ်အားလိုင်း   ၁၄၆ မိုင်၊ တောင်ငူ- ကမာနတ်(ပဲခူး) ဓာတ်အားလိုင်း 
၁၁၇ မိုင်နှင့်သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အားခွဲရုံ   ၃  ရုံ ဆောက်လုပ်ခြင်း 
လုပ်ငန်းများ   ပါဝင်မည်ပြီး    ကုန်ကျငွေ  ကန်ဒေါ်လာ၂၈၂.၀၇သန်း ကုန်ကျမည်
 ဖြစ်ကြောင်း ၎င်းထံက သိရသည်။  
 
ရဲရွာ စီမံကိန်းကို အကောင်အထည်ဖော်တာနဲ့ အခု စီမံကိန်းကို တပြိုင်တည်း လုပ်ဆောင်
ဖို့ အခြေအနေ မပေးခဲ့ဘူး၊ ဒါကြောင့် မြောက်ပိုင်းက ထုတ်တာကို တောင်ပိုင်းကို သယ်ပို့
ဖို့ အကန့်အသတ် ဖြစ်ခဲ့ရတယ်၊ အခုမှ အကောင်အထည် ဖော်ဖြစ်တယ် ဟု ဓာတ်အား
လိုင်း တိုးချဲ့မည့် စီမံကိန်း ဖြစ်လာပုံကို ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတွင် ဆည်တော်ကြီး၊ မုန်း၊ ရွှေလီ၁၊ သဖန်းဆိပ်၊
 ပေါင်းလောင်း၊ ရဲရွာ၊ ကင်းတား၊ ဇော်ဂျီ ၁၊ ၂၊ ကျိုင်းတောင်း၊ ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံကြီးများ၏ စက်တပ်ဆင်အားသည် ၁၇၁၄ မဂ္ဂ၀ပ် ရှိပြီး၊ ယင်းအတွက်  ၂၃၀ ကေဗွီ 
ဓာတ်အားလိုင်း ၈   ခုကို ယင်းစီမံကိန်း မလုပ်နိုင်သေးခင်က    တပ်ဆင်ခဲ့   ရကြောင်း၊ ယင်းထဲမှ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၂လိုင်းဖြင့် ဓာတ်အား ပေးပို့ရာတွင်  ယင်းလိုင်းများ သည် သက်တမ်း ကြာမြင့် နေခြင်း၊    လိုင်း မိုင် ရှည်လျားသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှု ရှိခြင်း တို့ကြောင့် ရောက်ရှိ ဓာတ်အား
မှာ ၆၂၅ မဂ္ဂ၀ပ်သာ သယ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
 
 သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>