အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, August 15, 2012

ဘယ်လ်ဂျီယံတက္ကသိုလ်တစ်ခုက သမ္မတဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ရန်ပြင်

ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege
က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတ
ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့
တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။



သမ္မတအနေဖြင့် လက်ခံမည့်အစီအစဉ် ရှိ၊ မရှိကို တက္ကသိုလ်ပါမောက္ခနှစ်ဦးက တွေ့ဆုံ
မေးမြန်းရန် ရောက်ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာဖုန်းဝင်းက ပြော
သည်။

“လက်ခံတယ်ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။
သူတို့ကတော့ တစ်ချိန်ချိန်မှာလာယူဖို့ မျှော်လင့်တယ်။ အသေးစိတ်တွေကိုတော့ သမ္မတ
နဲ့တွေ့ရင် သူတို့(ပါမောက္ခတွေ)အနေနဲ့ မေးမြန်းဖို့ရှိတယ်”ဟု ဒေါက်တာဖုန်းဝင်းက
 ပြောသည်။

ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင်
ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိက
သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်
တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပြီး   ၂၀၁၁   ခုနှစ် တွင်
 ဆိုဗီယက်သမ္မတဟောင်းမစ်ခေးလ်ဂေါ်ဘာချော့အားလည်းကောင်း၊ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့တွင် ၁၀ ကြိမ်မြောက်နေရာ တာဝန်ယူဖူးသူ   မစ္စတာ Dominique Strauss
 Kahn နှင့် အမေရိကန်လူမျိုး    အနုပညာရှင်တစ်ဦးဖြစ်သည့် Bill Viola    တို့အား လည်း
ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်သည့်   အစဉ်အလာများ ရှိခဲ့ကြောင်း   မှတ်တမ်းများ   အရ
သိရသည်။

ယခုလာရောက်သည့် ခရီးစဉ်အတွင်း တက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပါမောက္ခ
 Albert Corhay နှင့် ပါမောက္ခ EricHaubruge တို့အပြင်    အတွင်းရေးမှူး တစ်ဦးတို့
ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည်   ယခုလ   ၁၃ ရက်တွင် ရန်ကုန်မြို့  သို့ရောက်ရှိပြီး
၁၅   ရက်   တွင် နေပြည်တော်တွင်   သမ္မတနှင့်    တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

၎င်းအဖွဲ့ လာရောက်သည့် လေးရက်တာ ခရီးစဉ်အတွင်း စက်မှုတက္ကသိုလ်နှင့်
ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်မည်ဖြစ်ပြီး အချိန်ရရှိမည်ဆိုပါက ဆေးတက္ကသိုလ်နှင့်
စီးပွားရေးတက္ကသိုလ်တို့ကိုလည်း သွားရောက်ရန်ရှိသည်ဟု သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins
 တက္ကသိုလ်နှင့် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့ကြားတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်
တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center of Excellence
(COE) အစီအစဉ်တွင်လည်း ၎င်းတက္ကသိုလ်က ပူးပေါင်းပါဝင် လုပ်ကိုင်ရန်ရှိကြောင်း
သိရသည်။

ပထမဆုံး လာရောက်သည့်နေ့တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး COE အစီ
အစဉ်၌ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် တာဝန်ရှိသူများ
နှင့် တွေ့ဆုံပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း   အဆိုပါတက္ကသိုလ်မှ အဖွဲ့ဝင်များ
သမ္မတနှင့် တွေ့ဆုံရန်    နိုင်ငံခြားရေး  ၀န်ကြီးဌာနက   ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး
 သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံရန်အတွက် မင်္ဂလာမြန်မာက စီစဉ်ခြင်းဖြစ်
ကြောင်း သိရသည်။

သမ္မတအား ဂုဏ်ထူးဆောင်အပ်နှင်းမည့် တက္ကသိုလ်သည် ၁၈၁၇ ခုနှစ်တွင်
နယ်သာလန်ဘုရင် King Wilhlem က စတင်တည်ထောင်ခဲ့သော အစိုးရ
တက္ကသိုလ်တစ်ခုဖြစ်သည်။  လက်ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀ ကျော်
 သင်ကြားပေးလျက်ရှိပြီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော် သင်ယူလျက်ရှိကာ
 ကျောင်းသားစုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

သတင်းရင်းမြစ်   7 days News           

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။