အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, May 26, 2012

စစ်ကိုင်းမြို့မှ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းညှိ ဆန္ဒဖော်ထုတ်သူများ အဖမ်းဆီးခံရ



၂၅ရက်နေ့ ညက စစ်ကိုင်းမြို့တွင် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်ခဲကြသူ ပြည်သူများထဲမှ လူငယ်(၇)ဦးအား စစ်ကိုင်းရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရပါသည်။ အဆိုပါ အဖြစ်အပျက်အား ဆက်သွယ် မေးမြန်းလိုလျှင် စစ်ကိုင်းရဲစခန်းနှင့် စစ်ကိုင်းမြို့နယ် လျှပ်စစ်ရုံး ဖုန်းနံပါတ် 072-21501 072-22666 သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။
မနေ့က စစ်ကိုင်းမြို့မှ ဖယောင်းတိုင် ထွန်းညှိ ဆန္ဒထုတ်ဖော်တဲ့...သတင်း (ပေးစာ)

25/5/2012 ည(၇ နာရီခွဲ)အချိန်ခန့်က စစ်ကိုင်းမြို့အလယ်ရှိ ဈေးရှေ့လမ်းဆုံတွင် သတ်မှတ်ခွဲတမ်းပင် ပြည့်မှီအောင် မပေးတော့သော လျှပ်စစ်မီးဖြန့်ဝေနေမှုကို ဆက်လက်ပြီး ကြိတ်မှိတ်မခံစားနိုင်ကြတော့သော စစ်ကိုင်းပြည်သူလူထုမှ ဖယောင်းတိုင်များထွန်းညှိကာ ငြိမ်းချမ်းစွာဆန္ဒ
ထုတ်ဖော်ပြသ ခဲ့ကြပါသည်။

ပူပြင်းသောနွေအပူကို ခံစားနေရသော မြို့သူလူထုကို သက်ရှိလူသားများဟု သတ်မှတ်၍ စာနာမှု
ထားရန် ကိုပင် မေ့လျော့လစ်လျှူရှုနေပြီး တချို့သောနေရာများ အထူးသဖြင့် ဘောင်းဘီဝတ် လူတန်စားများ၏ နေရာများသို့ (၂၄)နာရီနီးနီး လျှပ်စစ်မီး ပေးဝေထားရာ စစ်ကိုင်းလျှပ်စစ်ဌာနကလည်း
အခွင့်ထူးခံ အဖွဲ့များအဖြစ် မြင်သာစေအောင် တမင်မီးမောင်း ထိုးပေးနေသလား ထင်မှတ်နေရ ပါသည်။

ကျနော်တို့စစ်ကိုင်းဖက်တွင် ယခင်နှစ်တွေက ဆရာတော်ကြီးတပါး၏ အိပ်မက်ကြောင့် ဘီလူးမစားစေရန် ဘဲဥစားပြီး ဖယောင်းတိုင်များ ထွန်းညှိဖူးခဲ့ကြပါသည်။ ယခုနှစ်မှာတော့ ယခင်နှစ်တွေနှင့်မတူ ဘီလူးရန် ထက်ဆိုးသည့် လျှပ်စစ်မီး ပျက်မှုဒဏ် မခံနိုင်တော့သည့် စစ်ကိုင်းသားများမှ ဖယောင်းတိုင်များ ထွန်းညှိကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်...။


ဖယောင်းတိုင်မီးဖြင့် ခရီးဆက်နေရသူ စစ်ကိုင်းသားလေး
သတင်းရင်းမြစ်း ဒီမိုဝေယံ
>>>ဆက်ဖတ်ရန်>>> >>

လေးမြို့ မြစ်ကို ကယ်တင်ကြပါ


ရခိုင်ပြည်မှာ မြစ်ကြီးလေးသွယ်ရှိတဲ့ အထဲမှ အဉ္စနနဒီ (ခ) လေးမြို.မြစ်အားပိတ်ဆို.ပြီး
 ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါတယ်။

လေးမြို.မြစ် ပတ်ဝန်ကျင်မှာနေထိုင်ကြတဲ့ သူတွေဟာ လေးမြို့ မြစ်ရေ နဲ့ သုံးစွဲချက်ပြုတ်
ကြရပြီး ၊ မြစ်ပတ်ဝန်းကျင်မှာလည်း လယ်မြေ ၊ ယာမြေ ၊ ကိုင်းအစရှိသည်တို.ကိုပြုလုပ်ပြီး
အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေကြရတာဖြစ်ပါတယ်။

မြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်းတစ်ခါးအတွက် ၀မ်းစာဖူလုံရန်ရှာဖွေရောင်းချ
စားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေပါတယ်။

အခုအချိန်မှာ နိုင်ငံတော်မှ လေးမြို.မြစ် ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏အထက်ပိုင်း
တွင်စက်ကြီးများဖြင်.တူးဆွခြင်း ။ အလုပ်လုပ်ခြင်းများကြောင်.မြစ်ရေများ ညစ်ညမ်းခြင်း ၊
 သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ. ငါးများမြစ်ရေညစ်ညမ်းမှုဖြင်.အလိုအလျောက်သေခြင်း
များဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။

 ဒါ့အပြင် မြစ်ကမ်းနဘေးမှရွာများမှာလဲ လေးမြို.မြစ်ေ၇ကို သုံးစွဲမိကြသဖြင်. ကျန်းမာရေး
များလည်းထိခိုက်လျက်ရှိနေကြပါတယ်။ လေးမြို့ မြစ်ရေကို အမှီပြုပြီး လုပ်ကိုင်စားသောက်
လျှက်ရှိနေကြတဲ့ ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။

အကယ်၍ လေးမြို.မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ.ရင်လည်း ရခိုင်ပြည်ရှိ လေးမြို.မြစ်ပတ်ဝန်း
ကျင်မှာ နေထိုင်လုပ်ကိုင်စားသောက်လျှက်ရှိကြတဲ့  ပြည်သူများမှာလဲ အလုပ်လက်မဲ.
ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ.ရင်ဆိုင်ရမည်.အရေးနဲ.ကြုံကြိုက်
နေရကြောင်း ဒေသခံတွေက Myanmar News Now ကို ပြောပြပါတယ်။


သတင်းရင်းမြစ်း  သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

တောင်သမန်အင်းတွင်ပြုလုပ်မည့် ပလပ်စတစ်ကောက် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကမ်းပိန်း


မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 25 May, 2012
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ တောင်သမန်အင်းတွင် ပလပ်စတစ်ကမ်းပိန်းနှင့်အတူ ပတ်ဝန်းကျင်ထိမ်း သိမ်းရေးအသိပညာပေးပွဲတစ်ရပ်အား သဘာဝချစ်သူကွန်ယက်မှ အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီး ပတ်ဝင်းကျင်တွင်နေထိုင်သော ရပ်ရွာလူထားအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များပွင့်လာစေရန်အတွက် လာမည့်သြဂုတ်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အသိပညာဖြန့်ဝေပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

`` တောင်သမန်အင်းဝန်ကျင်းက ရွာလေးတွေဖက်သွားပြီး ပလတ်စတစ်ကောက်တဲ့ကမ်ပိန်းကို လုပ်သွားမှာပါ ၊ အဲဒီကိုသွားရင် မျက်လှည့်လိုဖျော်ဖြေမှုတွေပေးပြီး ရွာသားတွေကို မျက်လှည့်ပြရင်းသဘာဝပတ်ဝန်းကျင်ကို   ထိန်းသိမ်းဖို့  ပညာပေးအစီအစဉ်လေးတွေကိုပါ ထည့်သွင်းပြသသွားဖို့ အစီအစဉ်ရှိတယ် ´´ ဟု သဘာဝချစ်သူကွန်ယက်မှ မဖူးပွင့်သဉ္ဇာဖြိုးက ပြောသည်။

တောင်သမန်အင်းသည် နိုင်ငံခြားသားများ အများဆုံးလာရာနေရာတစ်ခုဖြစ်ပြီး မန္တလေးတိုင်းရှိ လူစည်ကားသော သမိုင်းဝင်အပမ်းဖြေနေရာတစ်ခုလည်း ဖြစ်သည်။

`` ခုလို တောင်သမန်ဝင်းကျင်မှာ ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ အသိပညာပေးတာတွေ လုပ်မယ် ဆိုတော့ အများကြီး ကျေနပ်မိပါတယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့ကို ဧည့်သည်တွေက ဒီပတ် ၀န်းကျင်မှာ အမှိုက်တွေမြင်ရင် မကြိုက်ဘူးပြောသွားတာတွေ ကြုံဘူးတယ် ´´ ဟု မန္တလေးမြို့ရှိခရီးသွားလမ်းညွှန်အမျိုးသားတစ်ဦးက  ပြောသည်။

သဘာဝပတ်ဝန်းကျင်ချစ်သူကွန်ယက်ကို မန္တလေးမြို့တွင်ဖွဲ့စည်းထားပြီး အခြားကွန်ယက်များနှင့် ချိတ်ဆက်ကာ   ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။


သတင်းရင်းမြစ်း သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်သန်းရွှေစာရေးဆရာ လေဆိပ်က လှည့်ပြန်ရ




~



ဗိုလ်သန်းရွှေအကြောင်း စာအုပ်ရေးတဲ့ ဘင်နဒစ် ရော်ဂျာ (Benedict Rogers) မြန်မာပြည်ကို အင်္ဂါနေ့က သွားရောက်ခဲ့ပေမယ့် ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

သူ့ကို လေဆိပ်တာဝန်ကျ အရာရှိတွေက ရန်ကုန်လေဆိပ်ကနေ နေ့တွင်းချင်း ပြန်လည်ထွက်ခွာစေခဲ့တာဖြစ်တယ် လို့ အဲဒီနေ့မှာ သူနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသူတဦးက ဧရာဝတီကို ပြောပြပါတယ်။

ဒီလို ပြန်ပို့ခံရတာဟာ ရော်ဂျာ အတွက် ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပထမအကြိမ်တုန်းက ရန်ကုန်မြို့ ဟိုတယ်တခုမှာ ရှိနေတုန်း အာဏာပိုင်တို့က သူ့ကို ခြေရာခံမိသွားတာပါ။
အဲဒီတုန်းက သူရန်ကုန်ရောက်ပြီး တပတ်အကြာ မတ်လ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေ သူ့ဆီ ရောက်သွားတာလို့ သိရပါတယ်။


မြန်မာပြည်အသွားမှာ ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ရတာမျိုး ကြုံတွေ့ရတဲ့ နိုင်ငံခြားသားတွေ အများအပြား ရှိပါတယ်။

သူတို့ဟာ ကမ္ဘာအရပ်ရပ် မြန်မာသံရုံးတွေကနေ ပြည်ဝင်ခွင့် (Visa) ရရှိပြီး မြန်မာပြည်ကို သွားကြတာပါ။ ရန်ကုန်လေဆိပ်ရောက်မှ တားဆီးခံကြရတာပါ။

ရော်ဂျာရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တို့ သဘောမကျတာတခုခု ရှိလို့ ပြန်ပို့ခံရတာလား၊ သူက အမည်ပျက်စာရင်းထဲ ပါနေလို့လား ဆိုတာကိုတော့ မသိရပါဘူး။

သုတေသီစာရေးဆရာ ရော်ဂျာဟာ လန်ဒန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ကမ္ဘာတ၀န်း ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ Christian Solidarity Worldwide မှာလည်း တာဝန်ရှိသူတဦး ဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်အကြောင်း ရေးထားတဲ့ သူ့ရဲ့ စာအုပ်သစ်အမည်ကတော့ Burma: A Nation At The Crossroads ဖြစ်ပါတယ်။ မကြာခင် ဖြန့်မယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ အပ်နှံမှု


B

မြန်မာ့ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ အကြောင်းအမျိုးကြောင့်တွေ့ရှိပြီး ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနကို လာရောက်အပ်နှံပါက ပစ္စည်းရဲ့ မူလ တန်ဘိုးအပေါ် လက်ရာတန်ဘိုး၊ ခေတ်ကာလတန်ဘိုးတွေ ထပ်ဆောင်းပြီး ဂုဏ်ပြုဆုကြေးငွေ ချီးမြှင့်နေကြောင်း သိရှိရပါသည်။

    ၁၇-၅-၂၀၁၂ ရက်နေ့က ပျူခေတ်လက်ရာ နယားခေါင်းပုံ ရွှေလက်ကြပ်တစ်ခုကို မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာ အနောက်မြောက်ဘက် အိုင်းမဆည်ရေသောက် မြောင်းမကြီး မြောက်ဘက်၊ လယ်ကွင်းအတွင်း မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း မြေခဲများအတွင်းမှ တွေ့ရှိခဲ့လို့ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနကို လာရောက်အပ်နှံခဲ့ပါတယ် ။ လာရောက် အပ်နှံသူကတော့ မကေသဇင်ကျော်ဖြစ်ပါတယ် ။ လာရောက်အပ်နှံတဲ့ ပျူခေတ်ရှားပါးလက်ရာဖြစ်ပါတယ် ။ ပျူလူမျိုးတို့ရဲ့ ပန်းတိမ်လက်ရာ အဆင့်အတန်း မြင့်မားမှု ၊ တဖက်ကမ်းခတ် တက်မြောက်မှုကြောင့် တမူထူးခြားသောဟန်ရှိသည့် ခေတ်ဟု သတ်မှတ်ရ နိုင်ပါတယ် ။ အဲဒီပျူခေတ်က ပြုလုပ်တဲ့  ရှေးဟောင်းပစ္စည်းတွေ တွေ့ရှိ ခန့်မှန်းချက်အရ ရွှေနန်းဆွဲခြင်း ပညာကို ကောင်းစွာကျွမ်းကျင် တတ်မြောက်ပြီး ရွှေနဲ့ ဆင်ရုပ်၊ ငှက်ရုပ်၊ နွားရုပ်၊ နယားရုပ်စသည့်ဖြင့် အသေးဆုံးရုပ်လုံးငယ်လေးတွေကိုလည်း သရုပ်ဖော်နိုင်ကြောင်း သိရှိရပါတယ် ..။

    အဲဒီ ပျူခေတ် နယားလက်ကောက်(အလေးချိန် ၁၆ ကျပ်၊ ၆ ပဲ၊ ၄ ရွေးကျော်) ကို လာရောက် အပ်နှံတဲ့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနက အပ်နှံသူကို ဆုကြေးငွေ ကျပ်  ၂၇၇၁၈၃၉၂ တိတိ ဆုချီးမြှင့်ခဲ့ပါတယ်။

    ဆုကြေးငွေရရှိသွားတဲ့အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်သလို တာဝန်သိတဲ့စိတ်နဲ့ လာရောက် အပ်နှံတဲ့အတွက် ပိုပြီးဝမ်းမြောက်ရပါတယ်ဗျ … ၂၀၁၀ ခုနှစ်တုန်းကလည်း ပျူခေတ် နွားလားဥဿဖ ပုံ ရွှေလက်စွပ်(အလေးချိန် ၆ ကျပ်၊ ၆ပဲ၊ ၂ ရွှေး၊ ၁ခြမ်း)တစ်ကွင်းလာရောက်အပ်နှံတဲ့အတွက် ဆုကြေးငွေကျပ်  ၉၉၄၄၀၈၇ ကျပ် ချီးမြှင့်ခဲ့ပါတယ် … မကြာမကြာ ပြည်သူလူထုတွေက လာရောက် အပ်နှံပြီး ဆုကြေးငွေတွေ ချီးမမြှင့်ပေးအပ်လျှက်ရှိတာကိုလည်း သိခဲ့ရပါတယ်။
 
    ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနအနေနဲ့ အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် ရရှိခဲ့ကြတဲ့ ရှေးဟောင်းပစ္စည်းတွေကို လာရောက်အပ်နှံရင် လက်ရာစိစစ် ပညာရှင်များနဲ့ စိစစ်လက်ခံတွက်ချက်ပြီး ထိုက်တန်တဲ့ဆုကြေးငွေတွေ ချီးမြှင့်ပေးအပ်ခြင်းဖြင့် စုဆောင်းထိန်းသိမ်းကာ ပြတိုက်ကြီးတွေမှာ အများပြည်သူလေ့လာကြည့်ရှုနိုင်ဖို့ ထိန်းသိမ်းပြသ ဆောင်ရွက်လျက်ရှိတာကို သိရှိရပါတယ်။

    အကြောင်းအမျိုးမျိုးကြောင့်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ပြည်နယ်တိုင်းဒေသကြီးတွေမှာရှိတဲ့ ဌာနခွဲတွေမှာလည်း ဆက်သွယ် အပ်နှံနိုင်တဲ့အကြောင်းကိုလည်း သိရပါတယ်။

 သတင်းရင်းမြစ်း သစ်ထူးလွင်

>>>ဆက်ဖတ်ရန်>>> >>

အလုပ်သမားများဆန္ဒပြမှုသည် အလုပ်သမားလှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေဟုဆို


ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှက်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။

“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှားမှုတခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။

လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလအတွင်း ရုတ်တရက် မြင့်တက်လာပြီး ယခုလောလောဆယ် စက်ရုံ ၉ ရုံ တပြိုင်နက်ထဲ လုပ်ခလစာတိုးရရန် တောင်းဆိုဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ယခုလဆန်းတွင် စတင်ခဲ့သည့် လှိုင်သာယာ စက်မှုဇုန်ရှိ ဟိုက်မို ဆံပင်တုစက်ရုံ အလုပ်သမားဆန္ဒပြမှုမှ စတင်ကာ ဂရင်းရွိုင်ရယ် အရက်ပုလင်းသွတ်စက်ရုံ၊ စံပယ်ပွင့် ၊ ပုလဲ ၊ နေမင်းအောင် ၊ YJ အထည်ချုပ်စက်ရုံတို့သို့ ကူးစက်သွားပြီးနောက် ယခင်သီတင်းပတ်ကုန်တွင် ငွေကံ့ကော် အထည်ချုပ်စက်ရုံ နှင့် မြောင်းတကာ စက်မှုဇုန်ရှိ သံမဏိ စက်ရုံ၊ တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီး အထည်ချုပ်စက်ရုံများ အထိ လုပ်ခတောင်းဆိုရေး ဆန္ဒပြလျှက်ရှိကြသည်။

ယင်းတို့အနက် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတရုံနှင့် မြောင်းတကာ သံမဏိစက်ရုံတို့မှ အလုပ်သမားတချို့က တောင်းဆိုချက်များရရှိရေးအတွက် အစာငတ်ခံဆန္ဒပြမှုများအထိ စတင်ဖြစ်ပွားလာနေသည်။
လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအရေးကိစ္စများကို ဖြေရှင်းဖို့ ခက်ခဲရခြင်း၏ အဓိက အားနည်းချက်တခုမှာ အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်မရှိသည့် အချက်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးက ထောက်ပြသည်။

ယခုလပိုင်းအတွင်း လုပ်ခလစာတိုးပေးရေးနှင့်ပတ်သက်၍ အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းသည့်အခါ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဋ္ဌာနမှ အရာရှိများက အနိမ့်ဆုံး အလုပ်သမား သတ်မှတ်ချက်မရှိသည့်အချက်ကို လက်ညှိုးထိုး နေသည့်အတွက်လည်း ပြေလည်မှုမရရှိနိုင်ပဲ ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

မေလ ၂၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြနေသည့် တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီးအထည်ချုပ်စက်ရုံမှ အလုပ်သမ မဆုမြတ်နိုင်က “ ကျွန်မတို့ လက်ရှိ အခြေခံလစာ ၆ ထောင်ကို ၁၅၀၀၀ တောင်းတာ မရပါဘူး၊ အဲဒီနောက် ညှိပေးတဲ့ လူကြီးတွေက နည်းနည်းလျော့ပါဦးဆိုလို့ ၁၀၀၀၀ ထိ ကျွန်မတို့လျော့ပေးခဲ့တယ်၊ ဒါလည်း မလိုက်လျောဘူး” ဟု အလုပ်ရှင်က မလိုက်လျောသည့် အကြောင်းကို ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ဖြန်ဖြေရေး ဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ယင်းဥပဒေက လတ်တလော ဖြစ်ပွားနေသည့် အလုပ်သမား လစာတိုးပေးရေး တောင်းဆိုမှု ပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ပဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

ဦးဋ္ဌေးက “တနေ့ ၈နာရီအလုပ်လုပ်တာကို တရက် ကျပ် ၁၀၀၀ တောင် မပေးနိုင်တာက လတ်တလော အခက်အခဲ မပြေလည်နိုင်တာပဲ” ဟု အလုပ်သမားများ တောင်းဆိုသည့် အခြေခံလစာ တနေ့ ကျပ် ၁၀၀၀ ကို တိုးမပေးနိုင်သည့် အဖြစ်ကို ထောက်ပြသည်။

၎င်းက ယခုအဖြစ်အပျက်သည် အမျိုးသားရေး အသွင်ဆောင်လာပြီး အားလုံး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်သည်ဟုလည်း ဆိုသည်၊ ၎င်းတို့အနေဖြင့်လည်း အလုပ်သမားများအား သည်းခံဖို့နှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းလျှက်ရှိကြောင်း ပြောဆိုသည်။ ။
သတင်းရင်းမြစ်Yangon Press International (YPI)
>>>ဆက်ဖတ်ရန်>>> >>

H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရ


H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ်

H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ်
နမ့်ခမ်း-မူဆယ်   ၆၆ ကေဗွီ ဓာတ်အားလိုင်းရှိ H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်
 (၂၄၉)သည် (၂၅-၅-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် တိမ်းစောင်းနေကြောင်း
 ဒေသခံများမှ မူဆယ်ခရိုင်လျှပ်စစ်ရုံးသို့ သတင်းပေးပို့ခဲ့ပါသည်။

H-Pole တိုင် အမှတ်(၂၄၉) အား စစ်ဆေးရာ သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့်
 အောက်ခြေမှ တစ်ပေခွဲခန့် နေရာတွင် ပြတ်ကျပြီး  အင်္ဂတေများ ပဲ့ကျကာ သံချောင်း
များ ကွေးလိမ်သွားခဲ့ပါသည်။

အခြားတစ်ဖက် ကွန်ကရစ်တိုင်တွင်လည်း မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာများ
 တွေ့ရှိရသဖြင့် ရှင်းလင်းလျှက်ရှိပါသည်။

H-Pole ကွန်ကရစ် ဓာတ်တိုင်အား အမြန်ဆုံးပြုပြင်ရန်စီစဉ်လျှက်ရှိပါသည်။
သောင်းကျန်းသူများမှ တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခြင်းသည် လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးမှုကို ထိခိုက်လျော့နည်းမှုဖြစ်ပေါ်စေပြီး ပြည်သူလူထုအတွက် အခက်အခဲများ
 ပိုမိုဖြစ်ပေါ်စေလျှက်ရှိကြောင်း  အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ
 သတင်းရရှိပါသည်။


သတင်းရင်းမြစ်း  သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

မြန်မာနိုင်ငံ၌ ဘီယာချက် စက်ရုံ တည်ထောင်ရန် ထိုင်း Singha ကုမ္ပဏီလေ့လာ



singha-crop-1Singha နှင့် Leo တံဆိပ် ဘီယာများအား ထုတ်လုပ်နေသည့် Singha ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အဖျော် ယမကာ စက်ရုံ ဖွင့်လှစ်နိုင်ပြီး ၄င်း၏ အာဆီယံနိုင်ငံများ ဈေးကွက်ကို ပိုမို ထိုးဖောက် ဝင်ရောက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ကုမ္ပဏီ သတင်းအရ သိရှိရ သည်။
ဒေသဆိုင်ရာ ဈေးကွက် တာဝန်ခံ ဒါရိုက်တာ Piti Bhirombhakdi က မြန်မာနိုင်ငံ အတွင်း၌ အဖျော်ယာမကာ စက်ရုံ တည်ထောင်ရန် အတွက် မိမိတို့ဘက်မှ နည်းလမ်း နှစ်ဖွယ်ဖြင့် စဉ်းစား စီစဉ်နေကြောင်း။ တစ်နည်းမှာ မြန်မာနိုင်ငံတွင်း၌ပင် စင်းလုံးချော ကုန်ချော ထုတ်လုပ်နိုင်သည့် အဆင့် ထားရှိရန်ဖြစ်ပြီး နောက်တစ်နည်းမှာ ဒေသတွင်း နိုင်ငံများနှင့် ဖက်စပ် ထုတ်လုပ်ရန် ဖြစ်ပါသည် ဟုနည်းလမ်း နှစ်သွယ် ရှိနေကြောင်း ထိုင်းအခြေစိုက် နေရှင်း သတင်းစာသို့ ပြောကြား သွားပါသည်။
“ဘီယာ သောက်သုံး အားပေးမှု အားမြင့်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို စိတ်ဝင်စားနေပါတယ်၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေကို မျက်စိကျနေတယ်၊ ကျွန်တော်တို့ အနေနဲ့  မြန်မာနိုင်ငံမှာ အဖျော် ယာမကာ စက်ရုံဖွင့်ဖို့ ပထမ ဦးစားပေး အနေနဲ့ စဉ်းစား နေပါတယ်၊ ဒုတိက ကတော့ ဗီယက်နမ်ပေါ့၊ တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ တရုတ်နိုင်ငံရော မြန်မာနိုင်ငံ ဈေးကွက် တွေကိုပါ လက်လှမ်းမီတဲ့ အချက်အချာ နေရာမှာ ကျွန်တော်တို့ရဲ့ အဖျော်ယာမကာ စက်ရုံကို တည်ဆောက် နိုင်ပါတယ်” ဟု ဒေသဆိုင်ရာ ဈေးကွက် တာဝန်ခံ ဒါရိုက်တာ Piti Bhirombhakdi က ပြောပါသည်။
 မြန်မာနိုင်ငံ အတွင်း၌ အစိုးရမှ ပိုင်ဆိုင်သည့် စက်ရုံ တစ်ရုံနှင့် ပုဂ္ဂလိကမှ ပိုင်ဆိုင်သည့် စက်ရုံ နှစ်ရုံတို့ အဖျော် ယာမကာ စက်ရုံ သုံးရံ?uO?_G ကိုင်လျက် ရှိပါသည်။ အစိုးရမှ အဖျော် ယမကာ စက်ရုံ များအတွက် လုပ်ပိုင်ခွင့် ခွင့်ပြုချက် များကို ထုတ်ပေး နေလျက် ရှိပါသည်။ မြန်မာပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချနေသည့် မြန်မာ ဘီယာအား အာရှ အဖျော်ယာမကာ စက်ရုံ မန္တလေး စက်ရုံခွဲမှ ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိနေပါသည်။
မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံရေး အခြေအနေများ တည်ငြိမ်မှု ရှိလာပြီးနောက် မကြာတော့မည့် အနာဂါတ် ကာလ၌ ထိုင်းနိုင်ငံနှင့် စီးပွားပြိုင်ဘက် နိုင်ငံ ဖြစ်လာဖွယ် ရှိကြောင်း သူက သုံးသပ် ပါသည်။
“ကျွန်တော်တို့ ထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ စက်ရုံတွေဖြစ်တဲ့ ပရထုမ် ဌာနနီ၊ ခွန်ကန်(ခ်)၊ နခွမ်ပထုမ်ရှိ ဘန်လင်း စက်ရုံတို့ကနေ တစ်နှစ်ကို 1.5 ဘီလီလျံ လီတာ ထုတ်လုပ်နေ ပါသည်။ နောက်နှစ် လောက်မှာ တိုးတက် တောင်းဆိုလာတဲ့ ပြည်တွင်း ပြည်ပ ဈေးကွက် ဝယ်လိုအား အရ 2 ဘီလီလျံ လီတာ တိုးတက် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ဒေသဆိုင်ရာ ဈေးကွက် တာဝန်ခံ ဒါရိုက်တာ Piti Bhirombhakdi က ပြောပါသည်။
72151227
ထိုင်းနိုင်ငံရှိ အရောင်းဆိုင်တစ်ဆိုင်၌ Singha ကုမ္ပဏီထုတ် Singha နှင့် Leo ဘီယာများအား တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)
Singha ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ နှစ်စဉ် ၄င်းတို့ကုမ္ပဏီမှ ဘီယာ လီတာ 40 million ကို နယ်စပ်များမှ ဖြတ်ကျော်၍ တင်ပို့ ရောင်းချ နေလျက် ရှိပါသည်။ ပြည်တွင်း နိုင်ငံရေး အခြေအနေများ တည်ငြိမ်မှု ရှိလာမှလည်း ဈေးကွက်များအား စီမံခန့်ခွဲမှု အပိုင်းတွင်မှန်ကန်ပြီး တည်ငြိမ်မှု ရှိလာ ပေလိမ့်မည်။ ဤသို့ကြောင့် အချိန်အခါကို တွက်ချက်၍ စောင့်နေသည်လည်း ဖြစ်ပေသည်။
Singha ကုမ္ပဏီ အနေဖြင့် ယခုနှစ်၌ ထိုင်းပြည်တွင်း ဘီယာ ဈေးကွက်အား 8 ရာခိုင်နှုန်း တိုးတက် ရာင်းချသွားရန် စီစဉ် ထားကြောင်း သိရှိရပါသည်။ Singha ကုမ္ပဏီမှ ဗီယက်နမ်နှင့် ကမ္ဘော ဒီးယား နိုင်ငံတို့၌လည်း ဈေးကွက် ဝယ်လိုအားနှင့် လုပ်ငန်း တည်ထောင်နိုင်မှု အခြေအနေများကို ကွင်းဆင်း လေ့လာခဲ့ပြီးဖြစ်သည်။ ၄င်းအပြင် ဥပရောပနှင့် မြောက်အမေရိက ဘီယာဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် အတွက်လည်း စီစဉ် ဆောင်ရွက်နေလျက် ရှိသည်။

သတင်းရင်းမြစ်း  ရွှေဟင်္သာ
>>>ဆက်ဖတ်ရန်>>> >>

SSRC/SSA နှင့် ခလရ ၆၅ တို့ တိုက်ပွဲဖြစ်ပွား


Shan_priminister_with_state_peaseရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီမှ ရှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသ၌ လှူပ်ရှားနေသည့် အမှတ် (၂၀၂) အုပ်ချုပ်ရေး တပ်နှင့် ဒေသခံ အစိုးရ ခလရ (၆၅) တပ်ဖွဲ့တို့ (မေလ ၂၃) ရက်နေ့က တနာရီခန့် ကြာ တိုက်ပွဲဖြစ် ခဲ့ကြသည်ဟု SSA တောင်ပိုင်း ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းစံမိန်းက ပြောပါသည်။
“ သူတို့က M-79 နဲ့ စပစ်တာပါ။ ထိခိုက်မှုတော့ မရှိပါဘူး၊ အစက ဒီလွိုင်ကောင်းမူး နေရာမှာ သူတို့ တပ်မရှိပါဘူး၊ ဒီနေရာ ကို တပ်လာစွဲပြီးတော့ လွိုင်ငေါမ်း ဖက်ကို ချဉ်းကပ် လာပြန်တယ်။ ကျနော်တို့ တပ်ကတော့ သူတို့ကို သတိပေးပါတယ်။ ဒါ ပေမဲ့ သူတို့က စပစ်လိုက်တော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပေါ့။ ” ဟု ဆိုပါသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီသည်၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် အစိုးရ၏ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်တောင် စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး သဘော တူညီမှုတွေ ထပ်မံ ရရှိခဲ့ခြင်းဖြစ်ပါသည်။ ယင်း ဆွေးနွေးပွဲကို မေလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ရွှေတြိဂံ တိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
slorc_02ပါဝင်သော ကိုယ်စားလှယ်များမှာ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဒုဥက္ကဌဖြစ်သူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက ဦးဆောင်ပြီး  ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ဖက်မှ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၁၂ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။
“ တကယ်တော့ နှစ်ဖက်စလုံးက သဘောတူ ထားတဲ့ အတိုင်း အပစ်အခတ် ရပ်စဲရေးကို ထိမ်းသိမ်းကြဖို့ သဘောတူ ထားပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်လာတဲ့အတွက် ကျနော်တို့ကလည်း ၀န်ကြီး ဦးအောင်မင်းထံ အကြောင်းကြား လိုက်တာပေါ့။
အခုချိန်ထိတော့ အဖြေမရသေးပါဘူး၊ ဒါပေမဲ့ ထပ်မဖြစ်တော့ဘူးလို့တော့ ခန့်မှန်းထားပါတယ်။ တကယ်လို့လာ ပစ်ရင် တော့လည်း ကာကွယ်တဲ့ အနေနဲ့တော့ ပစ်ရမှာဘဲ ” ဟု ဗိုလ်မှူးကြီး စိုင်းစံမိန်းက ဆိုပါသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီသည်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတကြိမ် ယခုနှစ် မေလတွင် တကြိမ် အစိုးရ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုး ထားပါသည်။

သတင်းရင်းမြစ် ရွှေဟင်္သာ
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်စု အိန္ဒိယဝန်ကြီးချုပ် တည်းခိုရာ သွားရောက်တွေ့ဆုံမည်


နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း အား ၎င်းခေတ္တတည်းခိုရာ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်သို့ အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည် ဖြစ်သည်။

အချို့အကဲခတ်များက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်တာဆင်း အနေနှင့် သံတမန် ကျင့်ထုံးတို့ကို ဘေးဖယ်ကာ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံလေမည်လောဟု ခန့်မှန်းထင်ကြေးများလည်း ရှိနေစဉ်တွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က ထိုကဲ့သို့ ဖြေကြား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ အပါအဝင် ကမ္ဘာ့အထင်ကရခေါင်းဆောင်အများစုမှာ ဒေါ်အောင်ဆန်းစုကြည်
နှင့် တွေ့ဆုံရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ လာရောက်လေ့ရှိကြသည်

သတင်းရင်းမြစ်မဇ္ဈိမ
>>>ဆက်ဖတ်ရန်>>> >>

သမဂ္ဂအဆောက်အဦး ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ


နယူးဒေလီ (မဇ္ဈိမ) ။         ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တကသ အဆောက်အဦး နေရာဟောင်းတွင်
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့်ရရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) က တောင်းဆိုလှုပ်ရှားနေသည်ဟု ဆိုသည်။

သမိုင်းဝင် အဆောက်အဦးဖြစ်၍ ပြည်သူအားလုံး ပါဝင်လာနိုင်ရေး လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှ ပြောသည်။

“တကသ အဆောက်အအုံ ပြန်လည်ရရှိရေးအတွက် ခေတ်အဆက်ဆက်၊ မျိုးဆက်ပေါင်း အဆက်ဆက် တိုက်ပွဲ ဝင်ရင်းနဲ့ အသက်ပေးသွားရတဲ့သူတွေ အများကြီးပါ။ ဒီလူတွေရဲ့မျှော်လင့်ချက်၊ ရည်မှန်းချက်ကို ပြည့်ဝအောင်လို့ ကျနော်တို့ဒီခေတ်မှာ အကောင်အထည်ဖော်ဖို့ အင်မတန်အရေးကြီးပါတယ်။ သမိုင်းနဲ့ချီပြီး အရေးပါသလို တမျိုးသားလုံးနဲ့ချီပြီး အရေးပါတယ်လို့ ပြောလို့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။
7-july-1962-2
၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက်နေ့ နံနက်ပိုင်းတွင်း ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ခံခဲ့ရသည့် တကသ အဆောက်အဦး

ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပသည့်နေ့တွင် ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ထွန်းရေး စေတနာရှိရှိ၊ လိုလိုလားလား ပါဝင်လာသူများ၏ အမည်စာရင်းနှင့် လက်မှတ်များအား ဇူလိုင် ၈ ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် ထံ ပေးပို့သွားမည်ဟု ဆိုသည်။

“အခုလောလောဆယ် ကျနော်တို့က လက်မှတ်တွေ ကောက်ယူ စုဆောင်းမယ်။ တိုင်းပြည်က လေးစားတဲ့ ဆရာဒဂုန်တာရာတို့လို၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်တွေကို ပါဝင်လက်မှတ်ရေးထိုးစေလိုပါတယ်။ အဓိကကတော့ သမိုင်းတန်ဖိုးရှိတဲ့ တကသ အဆောက်အဦးကို ပြန်လည် တည်ဆောက်ပေးချင်တဲ့ စိတ်ဆန္ဒရှိတဲ့ ဘယ်သူမဆို အားလုံးပါဝင်နိုင်ရေး ကျနော်တို့ လှုံ့ဆော်တာပါ” ဟု ဗကသ ဥက္ကဋ္ဌ ကျော်ကိုကို က တိုက်တွန်းသည်။

နေရာဒေသအသီးသီးမှ စေတနာရှိရှိ လိုလိုလားလား လှုဒါန်းပေးပို့လာသည့် ဘဏ္ဍာငွေများကို စနစ်တကျ စီမံဆောင်ရွက်မည့် ကော်မတီတရပ် ဖွဲ့စည်းကာ နောင်တော် ကျောင်းသားမျိုးဆက်များနှင့်အတူ သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေး အတူတကွ လက်တွဲလုပ်ဆောင် သွားမည်ဟုပြောသည်။

လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါ ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားပြီး လူထု ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံကြောင်း ကိုကျော်ကိုကိုမှ ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ တွေ့ခဲ့တုန်းက သူက ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်
ပေါ်ထွန်းရေးကို အပြည့်အဝကူညီ မယ် လို့ပြောခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ထောက်ခံ တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ဒီမိုကရေစီစနစ်ဆီသို့ လျှောက်လှမ်းနေသည့် လက်ရှိသမ္မတဦးသိန်းစိန် အစိုးရမှလည်း ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ထား
ကြောင်းလည်း “ကျောင်းသားသမဂ္ဂ ဆိုတာ ဒီမိုကရက်တစ်နိုင်ငံတိုင်းမှာ ရှိသင့်တဲ့ အဖွဲ့အစည်းဖြစ်သလို ကျနော်တို့
နိုင်ငံမှာဆို ပိုပြီးတော့တောင် လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမဂ္ဂ ရဲ့သမိုင်းနဲ့ အစဉ်အလာကို မတရားသော နည်းလမ်းနဲ့ ဖျက်သိမ်းခံရတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ ဒီနေရာမှာ အဆောက်အဦး ပြန်ဆောက်ဖို့အတွက် ကျနော်တို့ မျှော်လင့်တယ်။ ခွင့်မပြုခဲ့ဘူးဆိုရင်လည်း ကျနော်တို့က ခွင့်ပြုတဲ့ အဆင့်တခုခု ရောက်ရှိလာအောင်၊ အခြေအနေတခုခု ရောက်လာအောင်၊ ဆက်လက် ဖန်တီးသွားမှာပါ။ ဒီအတိုင်းကျနော်တို့ရပ်နေမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်၏ ကျောင်းသား သမဂ္ဂ အဆောက်အဦ?8Oϯ[z [wိုလ် ပရဝုဏ် အတွင်း ခေတ်နှင့်အညီ ပြန်လည်တည်ဆောက်ရန် “ပြည်သူသို့ အိတ်ဖွင့်ပေးစာ”အား ဗကသ များအဖွဲ့ချုပ်အနေဖြင့် ကြိုဆိုကြောင်း ပြောသည်။

တနှစ်အတွင်း ကျောင်းသားထု ညီလာခံကို ခေါ်ယူသွားရန် စီစဉ်ထားရှိပြီး ကျောင်းသားသမဂ္ဂ ပြန်လည် တည်ဆောက်ရေးအတွက် ထောက်ခံမှု ပိုမိုရရှိအောင် ဆောင်ရွက်သွားမည်ဟုသည်။

ယခင် တကသ အဆောက်အဦးမှာ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက်နေ့ နံနက်ပိုင်းတွင်း ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ခံခဲ့ရသည်။

သတင်းရင်းမြစ်မဇ္ဈိမ
>>>ဆက်ဖတ်ရန်>>> >>

ရွှေကုမ္ပဏီ ၃၀၀ အား သတ္တုတွင်းဝန်ကြီးဌာနက သတိပေး


ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်နယ်နှင့်တိုင်းအလိုက် ရွှေထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၃၀၀ ကို သတ်မှတ်ထားသည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ ပေးသွင်းရန် အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနမှ ဆက်တိုက် သတိပေးလိုက်သည်။

ရွှေသတ္တု အသေးစားတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ထိုကုမ္ပဏီများသည် ၂ဝဝ၇- ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေး
နှင့်မှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ဘာဏ္ဍာရေးနှစ်အထိ သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်းပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှု မရှိခြင်းတို့ကြောင့် မေလ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းကြရန် မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်းသတင်းစာမှတဆင့် သတိပေးကြေညာသည်။

ထိုသို့ အပြည့်မပေးနိုင်ရခြင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု အပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် ဖြစ်ကြောင်း ပင်လယ်နေကြယ် ကုမ္ပဏီပိုင်ရှင်ဖြစ်သည့် ကချင်ပြည်နယ် ဆွမ်ပရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန်က ပြောသည်။
gold
“ကျနော်တို့က တတ်နိုင်သလောက်တော့ ထည့်တာပဲ။ ကျနော်တို့လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ရတာပဲ။ ရွှေလည်း မထွက်၊ အခက်အခဲတွေက အမျိုးမျိုးပဲ။ ရေကြီးလို့ ရွှေမတူးနိုင်တာတမျိုး။ နိုင်ငံရေးကြောင့် တိုက်ပွဲတွေ ဖြစ်တာကကြောင်း။ အဲဒါတွေကြောင့် ကျနော်တို့ မထည့်နိုင်တာ”ဟု မဇ္ဈိမကို ပြောသည်။

၎င်း၏ကုမ္ပဏီမှာ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင်ကျပ်သား ၃၃ဝ ကျော် ကျန်ရှိနေသေးသည်ဟု သတင်းစာတွင်
ဖော်ပြပါရှိသည်။

“ကျနော်တို့ (ဝန်ကြီးဌာနနှင့်ချုပ်ဆိုသည့်) စာချုပ်မှာ ဥပဒေအရဆိုရင်တော့ ရေ၊ လေ၊ မြေပြိုခြင်း တားဆီးလို့ မရတဲ့ ရန်သူများကို မြင်နိုင်၊ မမြင်နိုင်တဲ့ ရန်သူများကို3w=O[O՝် ခွင့်လွတ်ရမယ်ဆိုပြီးတာ စာချုပ်မှာပါတယ်” ဟု ဦးခမိုင်တန် က ဆက်ပြောသည်။

ရွှေကုမ္ပဏီနှင့် သတ္တတွင်းဝန်ကြီးဌာနတို့ သဘောတူညီချက်၌ ဧက ၂ဝ မှာ ရွှေလုပ်ကွက်တခုအတွက် တလလျှင် သန့်စင်ပြီးရွှေ ၂ ကျပ်သားနှုန်းဖြင့် တနှစ်အတွက် ရွှေစင်သတ္တု ၂၄ ကျပ်သား နိုင်ငံတော်အစိုးရသို့ ပေးဆောင်ရသည်ဟု ပါရှိသည်။

ဝန်ကြီးဌာနမှ သတိပေးကြေညာချက်ထုတ်ပြန်ခံရသည့် ကုမ္ပဏီ ၃ဝဝ မှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ရွှေတူးဖော်ရေး လုပ်ငန်းကုမ္ပဏီများဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြသည်။

ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်များကို မေလ ၃ဝ ရက်နေအထိ လာရောက် မပေးဆောင်ပါက သက်ဆိုင်ရာ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကိုလည်း အမည်ပျက်စာရင်း (Black list) အဖြစ် ကြေငြာသွားမည် ဖြစ်ကြောင်း သတ္ထုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းက သတိပေးလိုက်သည်။

အများဆုံး ပေးဆောင်ရန် ကျန်ရှိနေသည့် ကုမ္ပဏီမှာ ကရင်ပြည်နယ်ရှိ ဒေါ်နန်းနုနုထွေး၏ မြတ်အိနြေ္ဒ ကုမ္ပဏီဖြစ်ပြီး
ပေးဆောင်ရန် ရွှေစင် ၁,၁၅၃.၁၈ ကျပ်သား ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ် မဇ္ဈိမ
>>>ဆက်ဖတ်ရန်>>> >>

သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ


အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီက လိုက်လျောပေးမှာ မဟုတ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းကစလို့ အလုပ်သမား ခေါင်းဆောင် (၂၅) ဦးက စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၅ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ Yangon Crown သံမဏိစက်ရုံ အလုပ်သမား ခေါင်းဆောင်များ စက်ရုံရှေ့တွင် အစာငတ်ခံ ဆန္ဒပြနေကြစဉ်။
အလုပ်သမားတွေ ဆန္ဒပြခဲ့တာ ဒီနေ့အပါအ၀င် (၆) ရက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြနေတဲ့ အတောအတွင်း သက်ဆိုင်ရာ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနနဲ့ မှော်ဘီမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ကြားဝင် စေ့စပ်ပေးခဲ့ ပေမယ့်လည်း စက်ရုံတာဝန်ရှိသူတွေဘက်က လုပ်ခလစာ တိုးမြှင့်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
စက်ရုံက ကြေညာချက် ထုတ်ပြန်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနော်အောင်က အခုလို ပြောပါတယ်။
" ကျွန်တော်တို့ အခြေခံလစာကို ဒီသူဌေးကနေ လုံးဝတပြား တကျပ်မှကို တိုးမပေးနိုင်ဘူး ဆိုတဲ့ဟာကို အခြေခံခြင်းအားဖြင့် အခုကျွန်တော်တို့အထဲက ခေါင်းဆောင် (၂၅) ယောက် ဒီ စည်းဝိုင်း ၀ိုင်းပြီးတော့မှ၊ အဲဒီ စည်းဝိုင်းထဲကို ၀င်ပြီးတော့မှ အစာမစားဘဲနဲ့ ကျွန်တ်ာတို့ကို သူတို့ မလိုက်လျောမချင်း၊ မညှိနှိုင်းပေးမချင်း ကျွန်တော်တို့ အဲဒီစည်း ၀ိုင်းကနေမထွက်တော့ဘူး သန္နိဋ္ဌာန် ချပြီးတော့မှ စက်ရုံရှေ့မှာပဲ ကျွန်တော်တို့ ဆန္ဒပြနေပါတယ် ခင်ဗျ"
ယခင်က အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တနေ့ကို လုပ်ခကျပ်ငွေ (၁၆၀) သာရရှိခဲ့ပြီး တစ်လလုံးမှ အလုပ်သမားတစ်ယောက်ရဲ့ အမြင့်ဆုံး လုပ်အားခဟာ ကျပ်ငွေ တစ်သောင်းကျော်ကျော်သာ ရရှိခဲ့လို့ အခြေခံလစာကို လေးသောင်းကျော် ရလိုကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်လို့ အလုပ်ရှင်ဘက်က ဆန္ဒပြအလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးပါက အခြေခံလစာ ကျပ်ငွေ သုံးသောင်းလောက်နဲ့ အလုပ်သမားတွေ ကျေနပ်နိုင်ကြောင်း စောစောက အလုပ်သမား ခေါင်းဆောင် ကိုနော်အောင်ကပဲ အခုလို ဆက်ပြောပါတယ်။
" ကျွန်တော်တို့ အရင်တုန်းက တစ်နေ့မှ (၁၆၀) ပဲရပါတယ်ခင်ဗျ။ အဲဒီဟာတွေက တစ်လကို ပေါ့ဗျာ လေးထောင့်ငါးရာ၊ ခြောက်ထောင်၊ တစ်သောင်းကျော်ကျော်လောက် အဲဒါတွေပဲရကြပါတယ်။ အခု တစ်ယောက်ကို အနိမ့်ဆုံးပေါ့ဗျာ၊ တစ်လကို လေးသောင်းကျော်လောက်တော့ ရအောင် ကျွန်တော်တို့ တောင်းနေတာပါခင်ဗျ။ ကျွန်တော်တို့ အလုပ်သမားတွေက လောဘမကြီးဘူးဗျ။ အမှန်က အခုဖြစ်နေတဲ့ဟာက သူတို့က လုံးဝကို ညှိနှိုင်းမှု မပေးသေးတာ ခင်ဗျ။ အခုဆိုရင် သုံးသောင်းလောက် ရရင်ကို ကျွန်တော်တို့ ကျေနပ်တယ်"
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံသား အလုပ်သမားတွေ အပါအ၀င် စက်ရုံလုပ်သားပေါင်း (၇၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲက မြန်မာအလုပ်သမား (၄၀၀) လောက်က လုပ်အားခ လစာတိုးမြှင့်ရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်RFA
>>>ဆက်ဖတ်ရန်>>> >>

လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ


မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
Photo courtesy of NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့က NLD အလုံမြို့နယ် ရုံးခန်းဖွင့်ပွဲသို့ တက်ရောက်လာစဉ်။
ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။
" ကျွန်မတို့ တတွေ ဒီဓာတ်မီးကိစ္စနဲ့ စကြစို့၊ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မီးကိစ္စဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကိုတော့ လက်တွေ့ကျကျ ပြည်သူတွေကို ရှု့မြင်ချင်၊ မြင်ချင်တယ်။ တစ်နိုင်ငံလုံး ဓာတ်မီးရရှိရေးဆိုတာ နေ့ချင်းညချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်မတို့စနစ်က မမှန်ခဲ့လို့ အခုဓာတ်မီး မှန်မှန်မရတာ ဖြစ်တယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ မမှန်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြင်ဖို့ ဆိုတာဟာ နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမဲ့လည်း ဖြစ်အောင်လုပ်၊ ကျွန်မတို့ လုပ်ရမှာပါ။ ပြည်သူတိုင်းရဲ့ တာဝန်ပါပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျွန်မ|=^̏Yo{ [gာက်ခံပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ကိုက်ညီအောင်လည်းလုပ်ပါ"
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံနေရတာတွေကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။
တရားဥပဒေ စိုးမိုးရေးဟာ အဓိက ကျတာကြောင့် အခုလို တိုက်တွန်းပြောဆိုရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

သတင်းရင်းမြစ်RFA
>>>ဆက်ဖတ်ရန်>>> >>

အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပေးပါ...




လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်းပါဝင်ပါတယ်..။

ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြုနေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့်အတွက်ကြောင့်ပါလဲ၊ ညဘက်လုပ်ငန်းခွင်လို့ ဖြေဆိုမယ် ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ်ဆိုရင်လည်း ရိုးသားမှုရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်သာအောင် မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ်ဝန်ထမ်းတွေ ၆၀ကျော်ရှိပါတယ်...။ ဖယောင်းတိုင်ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီးထိန်ထိန်လင်းလျှက်ပါ..။

ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆို?wO_{ Sgိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်..။

လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ သမ္မတအကြံပေး ဆိုသူတို့ ဖယောင်းတိုင်နဲ့ နေအိမ်မှာ ခြိုးခြံချွေတာပြီး စံပြနေထိုင်ပြပါ။

ဒီမိုဝေယံ

မြန်မာ စကားပုံမှာတော့ မြန်မာအစ တကောင်းကတဲ့ ခုတော့ တောင်ကြောလိုက် တရုတ်ကို ရောင်းစားထားတဲ့ မြန်မာအစဆိုတဲ့ တကောင်းမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီး တရုတ်ကုမ္ပဏီတွေ နေထိုင်လုပ်ကိုင်နေပြီး မြန်မာပြည်သူတွေကတော့ ထုံးစံအတိုင်း မှောင်နဲ့မဲမဲမှာ ငုတ်တုတ်ပေါ့..။

ဒီထက်ဆိုးတာကတော့ တရုတ်ဝန်ထမ်းတွေ နေထိုင်တဲ့ စက်ရုံဝင်း အပြင်ဘက်မှာ မြန်မာလူမျိုးတွေ ခြံထွက် သီးနှံလေးတွေ ဗန်းလေးတွေနဲ့ ချရောင်းနေရတဲ့ မြင်ကွင်းပါပဲ..။

ယခုမြင်ကွင်းဟာ ယခုလဆန်းပိုင်းက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ..။

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ အထက်ပါ တရုတ်CNICO  ရဲ့ တကောင်းတောင် နီကယ်စီမံကိန်းအား ပေးပို့တဲ့ ဓာတ်အားပမာဏအား ဖော်ပြထားခြင်း မရှိတဲ့ ၂၀၁၂ခုနှစ် မတ်လ(၂၈)ရက်နေ့စွဲပါ တစ်လတာ အစီရင်ခံစာ..
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ ယခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ကနေ မတ်လ(၂၅)ရက်အထိ မြန်မာ၊ ယူနန်နဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို မီးအားပို့လွှတ်တဲ့ အစီရင်ခံစာပါ..။ ထူးခြားတာကတော့ အထက်ကအတိုင်း လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ တကောင်းတောင် နီကယ် စီမံကိန်းသို့ ဓာတ်အားပို့လွှတ်မှုအား ဖော်ပြထားခြင်း မရှိတဲ့ အချက်ပါပဲ..။
 
သတင်းရင်မြစ်း  ဒီမိုဝေယံ
>>>ဆက်ဖတ်ရန်>>> >>

လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ်


ရန်ကုန်မြို့ ဆူးလေဘုရား ၀န်းကျင်၌ မေလ (၂၅)ရက်နေ့  ည(၇)နာရီကျော်ခန့် အချိန်တွင် စတုတ္တနေ့ အဖြစ် လျှပ်စစ်မီး ၂၄နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုတွင် လူ(၁၀၀၀)ကျော် ပါဝင်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပါဝင်လာမှု ပိုမိုများပြားလာခဲ့ကြောင်း Popular Myanmar News Journal-Facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။

ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့အဖြစ် ယနေ့ ၂၅.၅.၂၀၁၂ ညပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရန်ကုန်မြို့နေပြည်သူများက လျှပ်စစ်ဝန်ကြီးများ နှုတ်ထွက်ပေး ရန် တောင်းဆိုကြွေးကြော်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် အား ပြင်းထန်စွာရှုတ်ရှ ခဲ့ကြသည်ဟု 7Day News Journal - Facebook

သတင်းရင်းမြစ်း သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။
(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)
ဒုက္ခသည် စခန်းကို သွားရောက်မယ့် အစီအစဉ်ဟာ ထိုင်းအစိုးရဘက်က စီစဉ်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိဘူးလို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းအရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့က ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်ဖို့ အစောပိုင်းမှာ စီစဉ်ထားခဲ့ပေမဲ့ မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဖို့ ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်နိုင်မှာ မဟုတ်ဘဲ တခြားတရက်ရက်မှာ တက်ရောက်ဖို့ စီစဉ်နေကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။


သတင်းရင်မြစ်း RFA
>>>ဆက်ဖတ်ရန်>>> >>

သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ


ပဲခူးတိုင်း သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန်ဒဖေါ်ထုတ်တဲ့ လူငယ်တွေကို စခန်းမှူးကိုယ်တိုင် ၀င်ရောက်ထိုးကြိတ်ခဲ့ကြောင်း အထိုးခံရတဲ့လူငယ်တွေက ပြောပါတယ်။

လူငယ်ငါးဥိး ဟာ မေလ(၂၄) ရက်နေ့ည ရှစ်နာရီခွဲလောက်က မီးထွန်းထားတဲ့ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြိး သုံးဆယ်တံတားပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ဝင် (၁၆) ယောက်က တားမြစ်ပြီး အရင်ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ကိုအောင်မျိုးက ပြောပါတယ်၊ရဲအရာရှိ ဦးစိန်ထွေးနဲ့အတူ ပါလာ တဲ့ အရပ်ဝတ်တဦးကလည်း ၀င်ရောက်ထိုးကြိတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 မြို့နယ်အဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်မြင့်ကတော့ မီးရရှိရေးဆန္ဒဖော်ထုတ်ခဲ့တဲ့လူငယ်တွေဟာ အန်အယ်ဒီအဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အဲဒီကိစ္စကို အမှုဖွင့်တိုင်ကြားမယ်လို့ ပြောပြခဲ့ပါတယ်။

သတင်းရင်မြစ်း DVB
>>>ဆက်ဖတ်ရန်>>> >>

အလုံမြို့နယ် အဖွဲ့ ချုပ် ရုံးခန်းဖွင့်ပွဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
 ယနေ့မေလ ၂၅ ရက်နေ့ ညနေ၅ နာရီအချိန်ခန့်က အလုံမြို့နယ်ရုံးခန်းဖွင့်ပွဲတွင်
တတ်ရောက်အမှာစကားပြောကြားခဲ့သည်။

အဖွဲ့ချုပ်နာယကကြီးဦးတင်ဦးမှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ နာယကကြီးဦးတင်ဦးမှ
မိန့်ခွန်းပြောကြားရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
ယခုလက်ရှိဖြစ်နေသောအလုပ်သမားပြသနာများကိုပြေလည်အောင်ကူညီဖြေရှင်းနေ
ကြောင်းကိုထည့်သွင်းပြောကြားသွားသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှလဲ လျှပ်စစ်မီးရရှိအောင်ဆန္ဒပြမှုများမှာ
လူငါးယောက်ထပ်ပိုစုလျှင် ဥပဒေအရတရားမ၀င်လျှင် မိမိအိမ်ရှေ့မှာ ဖယောင်းတိုင်
ထွန်းပြီးငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်နိုင်ကြောင်းပြောကြားခဲ့သည်။



သတင်းရင်မြစ်း သစ်ထူးလွင်

သတင်း-ဓါတ်ပုံ (ဒီလှိုင်း)



>>>ဆက်ဖတ်ရန်>>> >>

လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ

မြို့ကြီးအတော်များများတွင် လုပ်ဆောင်လျှက်ရှိသည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုတွငို ပုသိမ်မြို့လည်း ပါဝင်လာကာ ယနေ့ ည ၇ နာရီ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။ ည ၇နာရီခန့်တွင် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇော်မိုး၊ ကိုကျော့မောင်၊ ကိုနိုင်ကြီး တို့နှင့်အတူစုစုပေါင်း လူ ၂၀ ၀န်းကျင်ရောက်ရှိလာပြီး ဖယောင်းတိုင် စတင်ထွန်းညှိကာ မြေနုလမ်း၊ ကုန်သည်လမ်းမှ တဆင့် ရွှေမုဋ္ဌော ဘုရားသို့ လမ်းလျှောက်သွားခဲ့ကြသည်။ ဘုရားသို့ရောက်ရှိသည့်အခါ လူပရိတ်သတ် ၂၀၀ ၀န်းကျင်ထိ ရှိလာသည်ကို မြင်တွေ့ရသည်။ ရုံးအနီးရှိ ပြည်တော်သာရပ်ကွက်သား တဦးက “ညနေ ၆ နာရီလောက်က တည်းက အဲ့ဒီရုံးရှေ့ကို ရဲကားတွေ ရောက်လာတယ်၊ နောက်တော့လူတွေက ဟိုတစ်စုဒီတစ်စုနဲ့တွေ့ရတယ်၊ လျှပ်စစ်မီးအပြည့်အ၀ ရချင်တာတော့ ပြည်သူတိုင်းရဲ့ဆန္ဒပါ၊ကျွန်တော်လည်းပါဝင်ချင်ပေမယ့် ရဲတွေလည်းရှိတော့ မထွက်ရဲဘူး’ ဟုပြောသည်။ ဦးဆောင်သူ တဦးဖြစ်သည့် ကိုကျော့မောင်က ‘လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ပြည်သူတွေရင်ထဲမှာခံစား နေရတာတွေကို သမ္မတကြီးသိအောင် ပုသိမ်က လူထုကိုယ်စားထုတ်ဖော်ခဲ့တာပါ’ ဟု YPI သို့ပြောသည်။ ပုသိမ်မြို့ခံတချို့ကလည်း မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁၀၀၀ ကောက်ခံနေခြင်းကို ပယ်ဖျက်ပေးစေလိုကြောင်းနှင့် ယနေ့တနေ့လုံး မီးမလာပဲ ဆန္ဒထုတ်ဖော်ချိန်မှ သာမြို့လုံးကျွတ် လျှပ်စစ်မီးပေးခဲ့ကြောင်း ပြောဆိုကြသည်။ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှုးဦးစိန်အောင်က ‘ကျွန်တော်တို့ အနေနဲ့ကတော့ အခက်အခဲတွေကြားက ပြည်သူတွေ မီးရအောင်ကြိုးစားလုပ်ဆောင် ပေးနေပါတယ်’ ဟုပြောသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် လိုက်ပါသူများမှာ မည်သည့်ပိုစတာမှမကိုင်ပဲ၊ အော်ဟစ်ဆူညံခြင်း လက်ခုပ်တီးခြင်းမျိုးများ မပြုလုပ်ပဲ ရွှေမုဋ္ဌော ဘုရားသို့သွားရောက်ကာ အင်္ဂါထောင့်၌ ဖယောင်းတိုင်မီး ပူဇော်ကြပြီး တောင်ဘက်မုခ်မှပင် ပြန်လည်ဆင်းသက် လူစုခွဲခဲ့ကြသည်။ ယခုရက်ပိုင်းအတွင်း မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ပေါင်းတည် အစရှိသည့် မြို့များ၌ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံတော် အစိုးရဘက်မှ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားခြင်း ဆိုသည့် ပန်ကြားချက်တစောင်ကို မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းဖေါ်ပြခြင်း၊ ပြည်ပမှ မီးစက်ကြီးများ မှာယူထားကြောင်းနှင့် မိုင်းကွဲမှုကြောင့် ပြိုလဲသွားသည့် ရွှေလီ-မန်ဆန် လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်များကို ၀န်ထမ်း ရာကျော်ဖြင့် အမြန်ဆုံးပြင်ဆင်လျှက်ရှိကြောင်း သတင်းများဖေါ်ပြသည်ကို တွေ့ရသည်။ ။


သတင်းရင်းမြစ်Yangon Press International(YPI)
>>>ဆက်ဖတ်ရန်>>> >>