အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, May 26, 2012

ဒေါ်စု အိန္ဒိယဝန်ကြီးချုပ် တည်းခိုရာ သွားရောက်တွေ့ဆုံမည်


နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း အား ၎င်းခေတ္တတည်းခိုရာ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်သို့ အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည် ဖြစ်သည်။

အချို့အကဲခတ်များက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်တာဆင်း အနေနှင့် သံတမန် ကျင့်ထုံးတို့ကို ဘေးဖယ်ကာ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံလေမည်လောဟု ခန့်မှန်းထင်ကြေးများလည်း ရှိနေစဉ်တွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က ထိုကဲ့သို့ ဖြေကြား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ အပါအဝင် ကမ္ဘာ့အထင်ကရခေါင်းဆောင်အများစုမှာ ဒေါ်အောင်ဆန်းစုကြည်
နှင့် တွေ့ဆုံရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ လာရောက်လေ့ရှိကြသည်

သတင်းရင်းမြစ်မဇ္ဈိမ

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။