“ သူတို့က M-79 နဲ့ စပစ်တာပါ။ ထိခိုက်မှုတော့ မရှိပါဘူး၊ အစက ဒီလွိုင်ကောင်းမူး နေရာမှာ သူတို့ တပ်မရှိပါဘူး၊ ဒီနေရာ ကို တပ်လာစွဲပြီးတော့ လွိုင်ငေါမ်း ဖက်ကို ချဉ်းကပ် လာပြန်တယ်။ ကျနော်တို့ တပ်ကတော့ သူတို့ကို သတိပေးပါတယ်။ ဒါ ပေမဲ့ သူတို့က စပစ်လိုက်တော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပေါ့။ ” ဟု ဆိုပါသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီသည်၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် အစိုးရ၏ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်တောင် စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး သဘော တူညီမှုတွေ ထပ်မံ ရရှိခဲ့ခြင်းဖြစ်ပါသည်။ ယင်း ဆွေးနွေးပွဲကို မေလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ရွှေတြိဂံ တိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ပါဝင်သော ကိုယ်စားလှယ်များမှာ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဒုဥက္ကဌဖြစ်သူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက ဦးဆောင်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ဖက်မှ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၁၂ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။
“ တကယ်တော့ နှစ်ဖက်စလုံးက သဘောတူ ထားတဲ့ အတိုင်း အပစ်အခတ် ရပ်စဲရေးကို ထိမ်းသိမ်းကြဖို့ သဘောတူ ထားပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်လာတဲ့အတွက် ကျနော်တို့ကလည်း ၀န်ကြီး ဦးအောင်မင်းထံ အကြောင်းကြား လိုက်တာပေါ့။
အခုချိန်ထိတော့ အဖြေမရသေးပါဘူး၊ ဒါပေမဲ့ ထပ်မဖြစ်တော့ဘူးလို့တော့ ခန့်မှန်းထားပါတယ်။ တကယ်လို့လာ ပစ်ရင် တော့လည်း ကာကွယ်တဲ့ အနေနဲ့တော့ ပစ်ရမှာဘဲ ” ဟု ဗိုလ်မှူးကြီး စိုင်းစံမိန်းက ဆိုပါသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီသည်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတကြိမ် ယခုနှစ် မေလတွင် တကြိမ် အစိုးရ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုး ထားပါသည်။
သတင်းရင်းမြစ်း ရွှေဟင်္သာ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။