အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, July 6, 2012

စစ်တွေမြို့မဈေး လုံခြုံရေးအတွက် ကဒ်စနစ်ကို အသုံးပြု

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှိသော မြို့မဈေးကြီး ကို ပြန်လည်ဖွင့်လှစ် ရာတွင် လုံခြုံရေး ကဒ်စနစ် ၃ မျိုးကို အသုံးပြုကာ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

မြို့မဈေးကြီးတွင် ဈေးရောင်းချမည့် ဆိုင်ပိုင်ရှင်များကို ဈေးရောင်းခွင့်ကဒ် အပြာရောင် ၊ ဈေးဝယ်သူများ အတွက်ဈေး ၀ယ်ခွင့်ကဒ် အ၀ါရောင်နှင့် ဈေးအတွင်း လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်သမား ကဒ် ပန်းနုရောင် တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

" ဒီနေ့တော့ နေ့လည် ၂နာရီအထိပဲဖွင့်မယ်လို့ သိရပါတယ် ဈေးဖွင့်လှစ် တာမှာ ထူးခြားမှု တစ်ချို့တွေ့ ရပါတယ် အထူး သဖြင့် ဈေးအတွင်းကို ၀င်မယ် ဆိုရင် ကဒ်ပါမှ ၀င်ခွင့်ရ သလို ရောင်းချ သူတွေရော အလုပ်သမားတွေပါ ကဒ်တွေ ကို လည်းပင်းမှာ ချိတ်ဆွဲပြီးမှ ဈေးအတွင်းမှာ ၀ယ်ယူရောင်း ချခွင့် ပြုထား ပါတယ် နောက်ပြီး ၀င်ပေါက် ငါးပေါက်ရှိ တဲ့အထဲမှာလည်း နှစ်ပေါက်ကိုသာ ဖွင့်ထားပြီးတော့ ၀င်ပေါက် တစ်ခု ၊ထွက်ပေါက် တစ်ခု လုပ်ပေးထားပါတယ် " ဟု စစ်တွေကုန်သည်ကြီးများ အသင်းမှ စီးပွားရေး လုပ်ငန်း ရှင်ကြီး တစ်ဦီးကပြောသည်။

အဆိုပါဈေးကြီးကို ဇူလိုင် (၅) ရက် ယနေ့တွင် စတင်ဖွင့်လှစ်လိုက်ရာ ယင်းကဲ့သို့ ဖွင့်လှစ်ရာ တွင် ဈေး အတွင်း သို့ မသမာသူများ ၀င်ရောက်မှု မရှိရန်နှင့် မသမာသူများ ကိုတွေ့ရှိလျင်လည်း ချက်ခြင်းခွဲခြားနိုင်ရန် အပါအ၀င် မီးဘေး အန္တရာယ်တို့ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယင်းကဒ်စနစ်များကို အသုံးပြု ရခြင်းဖြစ်ကြောင်း သိရသည်။

"စည်ပင်သာယာရေးက တာဝန်ရှိသူတွေ ၊ လုံခြုံရေးရဲတွေနဲ့ ဈေးသူဈေးသား အယောက် သုံးဆယ်လောက်က ၀င်ပေါက် ထွက်ပေါက်တွေမှာ တာဝန်ယူပြီးတော့ ဒီကဒ်တွေကို ထုတ်ပေးနေသလို အဲဒီထုတ်ပေးတဲ့ ကဒ်တွေ ကို လည်းဈေးကနေပြန်ထွက်မယ်ဆိုရင် ကဒ်တွေ ကို ပြန်လည်သိမ်း ဆည်းပြီး ဆောင်ရွက်နေကြပါတယ် ၊ အဲဒီလိုဆောင် ရွက်ရာမှာ လည်း မသင်္ကာတဲ့ လူတွေကိုတွေ့ရင် ချက်ခြင်း စစ်ဆေးလျက် ရှိပါတယ်" ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကဒ်များကို မြို့မဈေးကြီးသို့ ၀င်ရောက်မည့်သူတိုင်း ယူဆောင်ရခြင်းဖြစ်ပြီး ကဒ်မပါသူများကို ၀င်ရောက်ခွင့် မပြုကြောင်း ဈေးဖွင့်ချိန်ကိုလည်း အခြေအနေပေါ်မူတည်၍ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေတွင် ညမထွက်ရအမိန့်ကို ပြန်လည်သုံးသပ်မည်

ရခိုင်ပြည်နယ် စစ်တွေမြို့  တွင် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ တွင် တစ်စိတ် တစ်ဒေသ ပါဝင်သော ညမထွက်ရအမိန့်ကို မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် သုံးသပ်ဖွယ် ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ် သို့ ပြောကြားသည်။

" ဒီနေ့ဆိုရင် စစ်တွေမြို့မဈေးကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို မကြာခင်ရက်ပိုင်းအတွင်းမှာ ဆိုရင် လည်းကျောင်းတွေ ကိုလည်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် စစ်တွေရဲ့ အခြေအနေက အရင်ထက် ပိုပြီး တည်ငြိမ်မှုကို ရရှိလာပြီ ဖြစ်တဲ့အတွက် ဇွန်လကထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ အမိန့်ကိုလည်း မကြာ ခင် ပြန်လည် သုံးသပ်ဖွယ် ရှိနေပါတယ် " ဟု ယင်းကပြောသည်။

အဆိုပါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို စစ်တွေမြို့ အပါအ၀င် မြို့နယ် ငါးမြို့တွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိ အခြေအနေအရ စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ကို ပြန်လည်သုံးသပ်ဖွယ်ရှိနေကြာင်း ထုတ်ပြန် ထားသော ယင်းဥပဒေပုဒ်မ ၁၄၄ တွင် ညမထွက်ရအမိန့်သည် တစ်စိတ် တစ်ဒေသအဖြစ် ပါဝင်သော အမိန့်ဖြစ်ကြောင်း သိရသည်။

"ကျမတို့ဒီနေ့ ဈေးဖွင့်နေပါပြီ မြို့ပေါ်နေ ဒေသခံတွေတော့ တော်တော်များများ လာရောက်ဝယ် ယူနေကြ တာတွေ့ရ ပါတယ် နယ်ဘက်တွေကတော့ သိပ်မလာသေးပါဘူး လက်ရှိ အခြေအနေအရ မြို့မဈေးကနေ လက်က္ကား ယူပြီး စစ်တွေမြို့ ရပ်ကွက်တွေမှာ လက်လီရောင်းချမယ့် ဈေးဆိုင်တွေက ပိုပြီး ဈေးလာ ၀ယ်ကြ တာ ကိုတွေ့ရ ပါတယ် မကြာခင်ရက်ပိုင်းအတွင်းမှာ ဆိုရင်လည်း နယ်တွေကပါ စည်စည်ကားကားနဲ့ အရင်လို လာဝယ်ကြ လိမ့်မယ်လို့လည်း ထင်ပါတယ် ဒီနေ့ကတော့ နေ့လည် ၂ နာရီအထိဖွင့် မယ်လို့ ကြေညာထားတဲ့ အတွက် မနက်ဖြန်ကတော့ တစ်နေကုန်ဖွင့်နိုင်မလား ဆိုတာကတော့ မသိသေး ပါဘူး လက်ရှိဈေး ဖွင့်တဲ့ မြင်ကွင်းကိုလည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုခဲ့ကြ သလို ဈေးရဲ့ အခြေအနေတွေ လည်း အေးအေးဆေးဆေးပါပဲ " ဟု မြို့မဈေးတွင် အလှကုန်ပစ္စည်းရောင်း ချနေသူ ဒေါ်သန္တာ ကပြော သည်။
 
သတင်းရင်းမြစ်း  Yangon Media Group
>>>ဆက်ဖတ်ရန်>>> >>