အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Wednesday, August 15, 2012
နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည်
ရန်ကုန် (မဇ္ဈိမ) ။        ။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် မြန်မာ  - တရုတ် နယ်စပ်
 မူဆယ်မြို့များတွင် တင်သွင်းသည့် စားသောက်ကုန်များ၏ အရည်အသွေး   ကြပ်မတ်
စစ်ဆေးမှုများ ယခုနှစ် မကုန်မီ စတင်ပြုလုပ်သွားမည်ဟု ယင်းလုပ်ငန်း ဆိုင်ရာ အရာရှိ
တဦးက ပြောသည်။
“စားသောက်ကုန်တွေမှာ မသုံးသင့်တဲ့ ဓါတုဆိုးဆေးများ သုံးစွဲမှုနဲ့  အရည်အသွေးနိမ့်၊ 
ရက်လွန် စားသောက်ကုန် တင်သွင်းမှုကို ထိန်းချုပ်ဖို့ အဓိက ရည်ရွယ်ပါတယ်။”   ဟု 
အစားအသောက်နှ င့်  ဆေးဝါး ကွပ်ကဲရေးဌာန   (FDA)   မှ ဒုတိယညွှန်ကြားရေးမှူး 
 ဒေါက်တာထွန်းဇော် က ပြောပါသည်။
“မြန်မာနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်တလျှာက် ကျန်တဲ့
 ကုန်သွယ်စခန်း ၁၁ မြို့ အတွက်တော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီး
ဌာနက တင်ပြချက်အပေါ် မူတည်ပြီး စစ်ဆေးရေး စခန်းတွေ  တည်ဆောက် လုပ်ကိုင်
သွားဖို့ရှိတယ်” ဟု ဒေါက်တာထွန်းဇော် က ထပ်မံပြောပါသည်။
စားသောက်ကုန်များကို FDAမှ စစ်ဆေးမှုများ ပြုလုပ်မှုကို ၁၉၉၇ ခုနှစ်ခန့်မှ စတင်ပြုလုပ်
ခြင်း ဖြစ်ပြီး ယခုနှစ်လယ်ပိုင်း ကလည်း ပြည်တွင်းဈေးကွက်အတွင်းသို့ နယ်စပ်မြို့များမှ
 တဆင့် စားသုံးရန် မသင့်သော ပြုပြင်ထားသည့် စားသုံးဆီ များ ဝင်ရောက်မှု ကို    စစ်
ဆေးတွေ့ရှိခဲ့ရပြီး တင်သွင်းသူနှင့် ရောင်းချသူများကိုလည်း အရေးယူ ဆောင်ရွက်လျက်
 ရှိသည်။
မြန်မာနိုင်ငံသို့ ပြည်ပမှ ဝင်ရောက်သည့် စားသောက်ကုန်များအား ယခုလက်ရှိတွင် FDAမှ 
စစ်ဆေးရာ၌ ရေကြောင်းနှင့်လေကြောင်းတို့မှ ဝင်လာသော စားသောက်ကုန်တို့ကို ရန်ကုန်၊ 
မန္တလေးနှင့် နေပြည်တော်တို့တွင် FDA ဌာနများ ဖွင့်လှစ်၍ စစ်ဆေးလျက် ရှိသည်။
သတင်းရင်းမြစ်    မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>
ဈေးဝယ်ငွေထုတ် ကဒ်များ နောက်လထွက်မည်
ရန်ကုန် (မဇ္ဈိမ)။         ။ ဈေးဝယ်နိုင်ရန်နှင့် ဘဏ်များတွင် အပ်နှံထားသည့် ငွေများ
 ပြန်လည် ထုတ်ယူနိုင်ရန် MPU (Myanmar Payment Union) ဟု အမည်ပေးထား
သည့် ကဒ်တမျိုးကို စက်တင်ဘာလအတွင်း စတင် အသုံးပြုနိုင်တော့မည်ဟု အာရှ
 စိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGB) ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးရဲမင်းဦးက 
မဇ္ဈိမကို ပြော သည်။
"ဘဏ်တချို့မှာ စပြီးစမ်းသုံးနေပြီခင်ဗျ။ ကျနော်တို့ဘဏ်တွေမှာလည်း စမ်းသုံးနေပြီ။
 ဒါပေမယ့်သုံးစွဲသူတွေ ကိုတော့ ကျနော်တို့  မပေးသေးဘူး။ ဝန်ထမ်းတွေကိုပေးပြီး 
 စမ်းသုံးနေပြီ။ ဒီလလုံးစမ်းပြီး ဘာချို့ယွင်းချက်မှ မတွေ့ဘူး အဆင်ပြေ ချောမွေ့တယ်
ဆိုရင် စက်တင်ဘာမှာ အသုံးပြုဖို့ ကြေငြာမယ်။" ဟု ဦးရဲမင်းဦးက ပြောသည်။
MPU ကတ်စနစ်သည် ATM (ငွေထုတ်၊ ငွေသွင်းနိုင်သည့်စနစ်)နှင့် POS (ဈေးဝယ်
စင်တာများတွင် အသုံးပြုနိုင်သည့် စနစ်) များကို အသုံးပြုနိုင်အောင် ပြုလုပ်ထားခြင်း
ဖြစ်သည်။ အဆိုပါကဒ်ကို ဂျာမဏီနိုင်ငံထုတ် စက်များဖြင့် စမ်းသပ် လျက်ရှိသည်ဟု
လည်း ဦးရဲမင်းဦး က ပြောသည်။
"ကျနော်တို့ စနစ်တွေအားလုံးက တခြားနိုင်ငံမှာရှိတဲ့ စနစ်တွေ၊ ဆော့ဖ်ဝဲတွေ အကုန်
လုံး တခြားနိုင်ငံမှာသုံးပြီး ဘာ Error (အမှားအယွင်း) မှ မရှိတဲ့ဟာကို ဝယ်လိုက်တာ။
 ကျနော်တို့ အခုစမ်းသပ်တာဆို တလရှိပြီ။ တလစမ်းသပ်ပြီးနောက်ပိုင်းမှာ အကောင်
အထည်ဖော်မှာဖြစ်တယ်။ တတ်နိုင်သမျှ ယုံကြည်စိတ်ချရ အောင်လုပ်ထားပါတယ်။" 
ဟုပြောသည်။
MPU ကဒ်အတွင်း ငွေသိမ်းဆည်းထားလိုပါက MPU အဖွဲ့ထဲတွင် ပါဝင်သည့် ဘဏ်များ
မှတဆင့် ကဒ်အတွင်း ထည့်သွင်းထားနိုင်သည်။  ကျပ်တသောင်းမှ အများဆုံး သိန်း ၅၀ 
အထိ တနေ့တာ အတွင်း ထုတ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ငွေသား ငွေသားသယ်ဆောင်ရသော အန္တရာယ်
ရှိခြင်းနှင့် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်ထုတ်ရသော စရိတ်များရှိကြောင်း၊ MPU ကဒ် 
စနစ်ကိုအသုံးပြုပါက ထိုပြဿနာများ လျော့နည်းသွားမည်ဟု ဘဏ်လုပ်ငန်းများ၏ 
အကြံပေးတဦးဖြစ်သူ ဦးစံသိန်းက ပြောသည်။
လက်ရှိတွင် MPU နှင့် ချိတ်ဆက်ထားသည့် ဘဏ် ၁၆ ခုရှိပြီး နောက်ပိုင်းတွင် ဘဏ်
အားလုံး ပါဝင်သွားနိုင်မှာဖြစ်ကြောင်း သမဝါယမဘဏ်လီမိတက်မှ ဦးဖေမြင့်ကပြော
သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိသည်။
သတင်းရင်းမြစ်    မဇ္ဈိမ              
>>>ဆက်ဖတ်ရန်>>> >>
လောင်းလုံ ရေနံစက်ရုံအတွက် ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ
စံခလပူရီ (မဇ္ဈိမ) ။          ။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ညင်းမော်ရွာအနီးတွင်
 ရေနံချက် စက်ရုံနှင့် ရေနံ သန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် အနီးရှိ    ကျေးရွာ
များမှ ခြံမြေများကို သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများကပြောသည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ထိုစီမံကိန်း အတွက် ဇွန်လကုန် ပိုင်းတွင် 
တရုတ်နှင့် မြန်မာများက မြေယာ တိုင်းတာမှု ပြုလုပ်ခဲ့ပြီး စက်ရုံ တည်ဆောက်မည့်
 အကြောင်းနှင့် ကျေးရွာ ရွှေ့ပြောင်းရေး၊ ဥယျာဉ်ခြံများကို လျော်ကြေး ပေးသိမ်းယူ
aရး တို့ကိုလည်း ဒေသခံများနှင့် ဆွေးနွေးသွားခဲ့ကြကြောင်း ညင်းမော်ရွာခံ 
အမျိုးသမီးတဦးက ပြောသည်။
“တိုင်းထားတာတော့ မနည်းဘူး တရွာလုံး ပါတယ်။ တရုတ်တွေနဲ့ ဦးပိုင်က လူတွေ 
ပါတယ်။ သူတို့က ဒီကို လာပြီး ရွာသားတွေကို အစည်းအဝေး ခေါ်တယ်။ ရေနံချက်
 စက်ရုံ ဆောက်ဖို့ ဘယ်လိုလုပ်မယ် ဆိုတာ ပြောပြတယ်” ဟု မဇ္ဈိမကို ပြောသည်။
သိမ်းဆည်းရန် တိုင်းတာခံထားရသည့် မြေဧက အရေအတွက် အတိအကျကို မသိ
ရှိရသေး သော်လည်း ဥယျာဉ်ခြံဧကထောင်ကျော် ရှိပြီး ထိုအထဲတွင် သူ၏ ရာဘာခြံ 
ဧက ၂ဝဝ ခန့် ပါဝင်သည်ဟု ဆိုသည်။
စက်ရုံများကို ထားဝယ်မြို့ အနောက်တောင်ဘက် ၁၃    မိုင်ခန့်ရှိ လောင်းလုံမြို့နယ်
 အစိုးရ   ဆီအုန်းခြံတွင်   တည်ဆောက်  မည် ဖြစ်ပြီး   အနီးအနားရှိ   ညင်းမော်ရွာ၊ 
ရင်းဘုတ်ရွာ၊ ဂေါ့အင်းရွာ  အဖျားပိုင်း၊   လေးသွန်းခံရွာ   (ဗိုလ်မှူးဗထူး   မွေးရပ်) ရှိ 
ဥယျာဉ်ခြံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
“အစိုးရ ဆီအုန်းပင်တွေကတော့ အိုနေပြီ။ အဲဒီပတ်ဝန်းကျင်က ဥယျာဉ်ခြံတချို့ ပါ
မယ်။  ပြောင်းရွှေ့ခံရမယ့်  ရွာတွေက အိမ်ခြေ နည်းတယ်” ဟု ထိုစီမံကိန်း
အကြောင်း လေ့လာနေသည့် တက္ကသိုလ် ကထိက တဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် “ဒီစက်ရုံ စီမံကိန်းမှာ water supply (လိုအပ်သည့်ရေ)အတွက် dam (ဆည်)
တခု ပါတယ်။ လောလောဆယ် ပင်လယ်ပိုင်းမှာ survey (စစ်တမ်း) လုပ်နေတယ်။ 
ပိုက်လိုင်း လုပ်မယ် ဆိုရင်တော့ လာဦးမယ် ဇာတ်လမ်းတွေ” ဟု ၎င်းက ဆက်ပြော
သည်။
တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သန်း ချက်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် 
ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀
 ရာနှုန်း ပါဝင်သည်ဟု ဆိုသည်။
သိမ်းယူရန် တိုင်းတာခံထားရသည့် ခြံများတွင် ရာဘာကို အဓိကထားပြီး ဒူးရင်း၊
 ကြက်မောက်၊ မင်းဂွတ်များကို စိုက်ပျိုးကြကာ ဒေသခံ အများစုကမူ ရေလုပ်ငန်းဖြင့် 
အသက်မွေဝမ်းကျောင်းလျက် ရှိကြောင်း သိရသည်။
“တချို့က လျော်ကြေးကို ယူမယ်။ တချို့ကလည်း မလိုချင်ကြဘူး ပြောနေကြတယ်။ 
ရွာသား တချို့က မကျေနပ်ဘူး။ တချို့က ကျေနပ်တယ်။ ခြံပါတဲ့ လူတွေက မကျေနပ်ဘူး
 ပြောနေတာပဲ” ဟု ရေနံချက် စက်ရုံဆောက်ရန် လျာထား သည့် ဆီအုန်းခြံနှင့် ကပ်လျက် 
ရှိသည့် ရာဘာခြံရှင် အမျိုးသမီးတဦးက ပြောသည်။
တနင်္သာရီတိုင်းတွင် ယခုဆောက်လုပ်ရန် လျာထားသည့် ရေနံချက် စက်ရုံ စီမံကိန်းအပြင်
 ဇောတိက  သဘာဝဓါတ်ငွေ့ စီမံကိန်း၊ ရတနာ သဘာဝဓါတ်ငွေ့ စီမံကိန်း၊ ထားဝယ်
 ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် စီမံကိန်းများ ရှိကြောင်း သိရသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းသင်္ဘော
များ တနင်္သာရီ ကမ်းရိုးတန်း၊ တီဇစ်ကမ်းခြေတွင် ဆိုက်ကပ်ကာ ၎င်းရှိ သိုလှောင်ကန်မှ 
တဆင့် ပိုက်လိုင်းများဖြင့် ၆ မိုင်အကွာရှိ ရင်းဘုတ်ရေနံချက် စက်ရုံသို့ ပို့မည် ဖြစ်ကြောင်း
 ဒေသခံများက ပြောသည်။
သတင်းရင်းမြစ်    မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>
ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများသို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု
မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအားအာဆီယံနိုင်ငံများတွင်သယ်ဆောင်အသုံးပြုနိုင်အတွက်
 ဆောင်ရွက်လျှက်  ရှိရာ လက်ရှိအချိန်တွင်  ချိတ်ဆက်   အသုံးပြုနိုင်ရန်    အဆင့်သင့် အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 သတင်းရင်းမြစ်   Shwe Myitmakha Media Group
15-8-12-4
>>>ဆက်ဖတ်ရန်>>> >>
ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ
ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက် အချို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်အဆက်မပြတ်
 ရွာသွန်းသော မိုးနှင့်     အတွင်းရေတက်လာပါသဖြင့် လူနေအိမ်များ ရေကြီးနစ်မြုတ်
လျှက်ရှိပါသည်။
ရေဘေးကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ရေဘေးကယ်ဆယ်ရေးစခန်း (၇) ခု 
ဖွင့် လှစ်လျှက် ရေဘေးဒုက္ခသည်များ၏ အခက်အခဲများကို အုပ်ချုပ်ရေးအဖွဲ့အစည်း
များ ၊ လူမှုအဖွဲ့အစည်းများ ၊ ပါတီအဖွဲ့အစည်းများ ပူးပေါင်းလျှက် ဖြေရှင်းဆောင်
ရွက်ပေးလျှက်ရှိပါသည်။ ဧ၇ာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကြေးနှင့် ကယ်
ဆယ်ရေးပစ္စည်းများကို 14.08.2012 နေ့တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဦးတင်စိုးနှင့်
အဖွဲ့မှ လာရောက်ကူညီသကဲ့သို့ မြို့ပေါ် မှစေတနာရှင်များ   မှာလဲ ငွေကြေးနှင့်
ဆန် အစရှိသောစားသောက်ကုန်ပစ္စည်းများကို ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။
အမျိုးသားခန်းမတွင် ရေဘေး  ကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ကယ်ဆယ်ရေး
စခန်းအသီးသီးရှိ   ရေဘေး   ဒုက္ခသည်များ  လက်ဝယ်   အရောက်  ကယ်ဆယ်ရေး
ပစ္စည်းများ ရောက်ရှိရေးအတွက်စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ရေဘေး  ဒုက္ခသည်
များ၏ လတ်တလောအခက်အခဲများ ဖြေရှင်းရေးတွင်လိုအပ်မည့် ဆန်နှင့်စားသောက်
ကုန်များ   ပံ့ပိုးနိုင်ရေး  အတွက် အမျိုးသား  ခန်းမတွင်   အလှူခံဌာန   ဖွင့်လှစ်လျှက် 
အလှူငွေနှင့် ပစ္စည်းများလာရောက်လှူတန်းနိုင်ရန်  စီစဉ်ဆောင်ရွက်လျှက်  ရှိပါသည်
 စေတနာရှင်များ လာရောက်လှူတန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
သတင်းရင်းမြစ်    သစ်ထူးလွင်     
ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ
ဆက်သွယ်လှူတန်းနိုင်ရန် ဖုန်းနံပါတ်များ
မြို့နယ်ခွဲ့အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး - ၀၉ ၄၉၇၀၁ ၉၇၆၇
ဦးကျော်ရှိန် - ၀၉ ၄၉၃၃၀ ၁၀၄
ဦးစိန်ဝင်း - ၀၄၆ ၆၀၁၉၆
ဦးထွန်းလင်းဦး - လူငယ်ပရဟိတအဖွဲ့ - ၀၉ ၄၉၇၅၀ ၇၃၂
ဦးစိုးဝင်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၀၉ ၇၃၁၉ ၈၈၁၉
ဦးမြင့်ခင် - စေတနာလူမှုကူညီရေးအသင်း - ၀၉ ၄၉၇၅၀ ၂၉၉
ဦးမောင်မောင်သိန်း - ၀၉ ၈၅၈၃ ၁၄၀
ပြည်ခိုင်ဖြိုးပါတီ - ၀၄၆ ၆၀၁၈၅
ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ
ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 
ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 
ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 
>>>ဆက်ဖတ်ရန်>>> >>
ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက်
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှြ့ပည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် 
သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော်
 အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)  အား 
 ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်  နာယက ဦးခင်အောင်မြင့်  က
 ကြေညာခဲ့ ကြောင်း Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြ
ထားပါသည်။
သတင်းအပြည့်အစုံအား အောက်တွင် ဆက်လက်ဖတ်ရှုပါရန်
သတင်းရင်းမြစ်    Eleven Media Group
>>>ဆက်ဖတ်ရန်>>> >>
ရေလွှမ်းစပါးစိုက်တောင်သူများ ကူညီရန် အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်း
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ပျိုးခင်းများ ရေလွှမ်းမိုးမှု
ကို ကူညီနိုင်ရန် အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ Emergercy
 Early Response Team (EERT) ကို သြဂုတ် ၁၄ ရက်မှ စတင်ဖွဲ့စည်းလိုက်ကြောင်း
 မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ   ဆန်စပါး  လုပ်ငန်းအသင်းက အသင်းဝင်များနှင့် အသင်းဝင်    မဟုတ်သော
 လယ်သမားများ၏ ရေမြုပ်စပါးခင်းများအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးရန်
ဖွဲ့စည်းခြင်းဖြစ်သည်။
ရေကြီး၊ ရေမြုပ်မှုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန်၊ ရေမြုပ်သော စိုက်ခင်း
များအား အသင်းခွဲများ၏ အကူအညီနှင့် အချိန်မှီပြန်လည်   စိုက်ပျိုးရန် လိုအပ်မှု ရှိ၊  မရှိ
သုံးသပ်ဖော်ထုတ်ရန်၊ ပြန်လည်စိုက်ပျိုးရန် လိုအပ်သော နေရာဒေသများအတွက် မျိုးစပါး
ကို အချိန်မှီဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရေမြုပ်မှုကြောင့် စပါးအထွက်နှုန်း
 ထိခိုက်နိုင်သော စိုက်ခင်းများအတွက် လိုအပ်သော သွင်းအားစုများ ပံ့ပိုးပေးအပ်နိုင်
ရန် ပြင်ဆင်ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှု အခြေအနေကို တောင်သူများ သိရှိနိုင်
ပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်၊ အသင်းခွဲများ ဆန်စပါးအထူးပြု
 ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အထက်ပါအဖွဲ့က ဆောင်ရွက်မည်ဟုဆို
သည်။
အဆိုပါ အသင်းကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး
 ဦးရဲမင်းအောင်က ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ဦး ပါဝင်သည်။
သတင်းရင်းမြစ်   7 days News           
ရန်ကုန်-ပုသိမ် ကားလမ်းဘေးကျောင်းကုန်းမြို့ ၀န်းကျင်ရှိ ကျေးရွာများ ရေမြုပ်နေသည်ကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ်။
>>>ဆက်ဖတ်ရန်>>> >>
ဘယ်လ်ဂျီယံတက္ကသိုလ်တစ်ခုက သမ္မတဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ရန်ပြင်
ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege
က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတ
ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့
တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတအနေဖြင့် လက်ခံမည့်အစီအစဉ် ရှိ၊ မရှိကို တက္ကသိုလ်ပါမောက္ခနှစ်ဦးက တွေ့ဆုံ
မေးမြန်းရန် ရောက်ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာဖုန်းဝင်းက ပြော
သည်။
“လက်ခံတယ်ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။
သူတို့ကတော့ တစ်ချိန်ချိန်မှာလာယူဖို့ မျှော်လင့်တယ်။ အသေးစိတ်တွေကိုတော့ သမ္မတ
နဲ့တွေ့ရင် သူတို့(ပါမောက္ခတွေ)အနေနဲ့ မေးမြန်းဖို့ရှိတယ်”ဟု ဒေါက်တာဖုန်းဝင်းက
 ပြောသည်။
ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင်
ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိက
သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်
တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပြီး   ၂၀၁၁   ခုနှစ် တွင်
 ဆိုဗီယက်သမ္မတဟောင်းမစ်ခေးလ်ဂေါ်ဘာချော့အားလည်းကောင်း၊ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့တွင် ၁၀ ကြိမ်မြောက်နေရာ တာဝန်ယူဖူးသူ   မစ္စတာ Dominique Strauss
 Kahn နှင့် အမေရိကန်လူမျိုး    အနုပညာရှင်တစ်ဦးဖြစ်သည့် Bill Viola    တို့အား လည်း
ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်သည့်   အစဉ်အလာများ ရှိခဲ့ကြောင်း   မှတ်တမ်းများ   အရ
သိရသည်။
ယခုလာရောက်သည့် ခရီးစဉ်အတွင်း တက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပါမောက္ခ
 Albert Corhay နှင့် ပါမောက္ခ EricHaubruge တို့အပြင်    အတွင်းရေးမှူး တစ်ဦးတို့
ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည်   ယခုလ   ၁၃ ရက်တွင် ရန်ကုန်မြို့  သို့ရောက်ရှိပြီး
၁၅   ရက်   တွင် နေပြည်တော်တွင်   သမ္မတနှင့်    တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။
၎င်းအဖွဲ့ လာရောက်သည့် လေးရက်တာ ခရီးစဉ်အတွင်း စက်မှုတက္ကသိုလ်နှင့်
ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်မည်ဖြစ်ပြီး အချိန်ရရှိမည်ဆိုပါက ဆေးတက္ကသိုလ်နှင့်
စီးပွားရေးတက္ကသိုလ်တို့ကိုလည်း သွားရောက်ရန်ရှိသည်ဟု သိရသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins
 တက္ကသိုလ်နှင့် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့ကြားတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်
တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center of Excellence
(COE) အစီအစဉ်တွင်လည်း ၎င်းတက္ကသိုလ်က ပူးပေါင်းပါဝင် လုပ်ကိုင်ရန်ရှိကြောင်း
သိရသည်။
ပထမဆုံး လာရောက်သည့်နေ့တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး COE အစီ
အစဉ်၌ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် တာဝန်ရှိသူများ
နှင့် တွေ့ဆုံပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း   အဆိုပါတက္ကသိုလ်မှ အဖွဲ့ဝင်များ
သမ္မတနှင့် တွေ့ဆုံရန်    နိုင်ငံခြားရေး  ၀န်ကြီးဌာနက   ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး
 သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံရန်အတွက် မင်္ဂလာမြန်မာက စီစဉ်ခြင်းဖြစ်
ကြောင်း သိရသည်။
သမ္မတအား ဂုဏ်ထူးဆောင်အပ်နှင်းမည့် တက္ကသိုလ်သည် ၁၈၁၇ ခုနှစ်တွင်
နယ်သာလန်ဘုရင် King Wilhlem က စတင်တည်ထောင်ခဲ့သော အစိုးရ
တက္ကသိုလ်တစ်ခုဖြစ်သည်။  လက်ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀ ကျော်
 သင်ကြားပေးလျက်ရှိပြီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော် သင်ယူလျက်ရှိကာ
 ကျောင်းသားစုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။
သတင်းရင်းမြစ်   7 days News           
>>>ဆက်ဖတ်ရန်>>> >>
၅၀၀ ကေဗွီ မဟာ ဓာတ်အားလိုင်း သုံးနိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်မည်
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၅၀၀
 ကေဗွီ   မဟာ ဓါတ်အားလိုင်း တစ်ခုကို ဂျပန်   ကိုရီးယားနှင့်   ဆားဗီးယား နိုင်ငံတို့ 
၏အကူအညီဖြင့်  ဆောက်လုပ်သွားမည် ဖြစ်ကြောင်း  အမှတ်  (၂) လျှပ်စစ်စွမ်းအား 
ဝန်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေး တစ်ဦး ကပြောကြားသည်။
အဆိုပါ စီမံကိန်းကို အပိုင်း ၃ ပိုင်းခွဲပြီး တည်ဆောက်ရာတွင် သပြေ၀(မိတ္ထီလာ) 
-တောင်ငူ ဓာတ်အားလိုင်း   ၁၄၆ မိုင်၊ တောင်ငူ- ကမာနတ်(ပဲခူး) ဓာတ်အားလိုင်း 
၁၁၇ မိုင်နှင့်သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အားခွဲရုံ   ၃  ရုံ ဆောက်လုပ်ခြင်း 
လုပ်ငန်းများ   ပါဝင်မည်ပြီး    ကုန်ကျငွေ  ကန်ဒေါ်လာ၂၈၂.၀၇သန်း ကုန်ကျမည်
 ဖြစ်ကြောင်း ၎င်းထံက သိရသည်။  
ရဲရွာ စီမံကိန်းကို အကောင်အထည်ဖော်တာနဲ့ အခု စီမံကိန်းကို တပြိုင်တည်း လုပ်ဆောင်
ဖို့ အခြေအနေ မပေးခဲ့ဘူး၊ ဒါကြောင့် မြောက်ပိုင်းက ထုတ်တာကို တောင်ပိုင်းကို သယ်ပို့
ဖို့ အကန့်အသတ် ဖြစ်ခဲ့ရတယ်၊ အခုမှ အကောင်အထည် ဖော်ဖြစ်တယ် ဟု ဓာတ်အား
လိုင်း တိုးချဲ့မည့် စီမံကိန်း ဖြစ်လာပုံကို ၎င်းက ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတွင် ဆည်တော်ကြီး၊ မုန်း၊ ရွှေလီ၁၊ သဖန်းဆိပ်၊
 ပေါင်းလောင်း၊ ရဲရွာ၊ ကင်းတား၊ ဇော်ဂျီ ၁၊ ၂၊ ကျိုင်းတောင်း၊ ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံကြီးများ၏ စက်တပ်ဆင်အားသည် ၁၇၁၄ မဂ္ဂ၀ပ် ရှိပြီး၊ ယင်းအတွက်  ၂၃၀ ကေဗွီ 
ဓာတ်အားလိုင်း ၈   ခုကို ယင်းစီမံကိန်း မလုပ်နိုင်သေးခင်က    တပ်ဆင်ခဲ့   ရကြောင်း၊ ယင်းထဲမှ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၂လိုင်းဖြင့် ဓာတ်အား ပေးပို့ရာတွင်  ယင်းလိုင်းများ သည် သက်တမ်း ကြာမြင့် နေခြင်း၊    လိုင်း မိုင် ရှည်လျားသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှု ရှိခြင်း တို့ကြောင့် ရောက်ရှိ ဓာတ်အား
မှာ ၆၂၅ မဂ္ဂ၀ပ်သာ သယ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
 သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>
ဟင်္သာတ လယ်သမားတွေ ဆန္ဒပြ
ဧရာဝတီတိုင်း ဟင်္သာတ မြို့နယ်မှာရှိတဲ့ ကျေးရွာ ၆အုပ်စုက လယ်သမား တွေဟာ 
အင်းလုပ်ငန်း လုပ်ကိုင် သူတွေကြောင့် သူတို့ရဲ့ စိုက်ပြီးသား လယ်ဧက သုံးထောင်
ကျော် ရေနစ်မြုပ်ကုန် တာကို အရေးယူပေးဖို့ ဟင်္သာတမြို့ပေါ် အုပ်ချုပ်ရေး မှူးတွေ
ဆီကို တက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။---
သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်..
သတင်းရင်းမြစ်   BBC       
>>>ဆက်ဖတ်ရန်>>> >>
သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်း
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို 
အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊   နိုင်ငံတကာ   စုံစမ်း
 ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေး နဲ့ ဘာသာရေး လွတ်လပ်ခွင့်
တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့
ကို ဆောင်ရွက်  ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်  လို့ သမ္မတ ဦးသိန်းစိန်က 
ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ
 သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်
ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ  ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်း
ကို နားဆင်နိုင်ပါတယ်။
သတင်းအပြည့်အစုံ အောက်တွင် ဆက်လက်ဖတ်ရှုပါရန်
သတင်းရင်းမြစ်    VOA      
15-8-12-1
>>>ဆက်ဖတ်ရန်>>> >>
ဒဂုံမြို့သစ်အရှေ့ပိုင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကပေါင်း ၁၅၀၀ လောက်ပျက်ဆီး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွေမှာရှိတဲ့ လယ်ဧကပေါင်း ၁၅၀၀
 လောက်ဟာ မုတ်သုန်မိုးအားကောင်းတာကြောင့် ရေနစ်မြုပ်နေတယ် လို့   သိရပါတယ်။ 
မုတ်သုန်မိုးအားကောင်းတဲ့အပြင်ေ ရစီးရေလာမြောင်းတွေလဲ ကျဉ်းမြောင်း  တာကြောင့် 
အခုလိုလယ်မြေတွေ ရေမြုပ်နေရတာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို ဆိုးရွားတဲ့ ရေးကြီး
မှုတွေ မဖြစ်ရလေအောင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေး
ရင် အဆင်ပြေနိုင်မယ်လို့ လယ်သမားတွေက မျှော်လင့်နေကြပါတယ်။
သတင်းရင်းမြစ်    BurmaVJ         
>>>ဆက်ဖတ်ရန်>>> >>
အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံး လူ့အခွင့်အရေး ဖောက်ဖျက်
အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံးက တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် ဒေသခံ လူထုအပေါ်
 လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်
အရေး ကော်မရှင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ 
 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ
ဘယ်လို အကြောင်းမျိုးနဲ့မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဖို့နဲ့ လူ့အခွင့်အရေး
 စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့လည်း ကော်မရှင်က ဒီကနေ့ တိုက်တွန်း ပြောဆို
လိုက်ပါတယ်။အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒေသခံတွေ
အပေါ် လက်နက်ကိုင် တပ်ဖွဲ့တွေက ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း မိမိတို့အဖွဲ့က
 တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။။
"သွားzg4O_wဆးတဲ့အခါမှာ ပေါ့နော်။ ညှဉ်းပန်း နှိပ်စက်တယ် ဆိုတာမျိုး
ကို ကျွန်တော် တွေ့ရတယ်။ တွေ့ရတော့ ဒီမှာလည်းပဲပေါ့နော်၊ ဒီလူ့အခွင့်အရေး
ရဲ့ စံတစ်ခုဖြစ်တဲ့ ညှဉ်းပန်း နှိပ်စက်မှုကို မပြုရဘူးပေါ့နော်။ Torture မလုပ်ရဘူး
ဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီးတော့လည်းပဲ ရှောင်ရှားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့
 တိုက်တွန်းချက်ပေါ့နော်။ ဒါလူ့အခွင့်အရေး စံတွေနဲ့ ကျွန်တော်တို့ အရေးကြီး
တာတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ သွားပြီးတော့ စုံစမ်းစစ်ဆေး
ရင်းနဲ့ ကျွန်တော်တို့ ဒီအရေးကြီးတဲ့ အချက်လေးတွေကို3_oးဖြော်ပ
ပါတယ်"
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ 
ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ၀ိုင်းမော် မြို့နယ်တွေထဲက စစ်ပြေးဒုက္ခ
သည် စခန်း ၁၆ ခုကို သွားရောက် လေ့လာခဲ့ရာမှာ နှစ်ဖက်တပ်တွေရဲ့ လူ့အခွင့်
အရေး ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်
ပါတယ်။
 သတင်းရင်းမြစ်    RFA             
>>>ဆက်ဖတ်ရန်>>> >>
အင်းစိန်မြို့နယ် က ဆိုင်ခန်းတွေကို စည်ပင်က ဖယ်ရှားခိုင်းနေ
>>>ဆက်ဖတ်ရန်>>> >>
အလုပ်သမားခေါင်းဆောင် ၂ ဦးထုတ်ပယ်ခံရ
60 · ·
>>>ဆက်ဖတ်ရန်>>> >>
ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား
ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇  နိုင်ငံပါဝင်သည့် 
အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ 
ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။
မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ အကြုံးဝင်သည့်
 ပြန်လည်  သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပေါ်လစီတရပ် ချမှတ်လုပ်
ဆောင်ရန်    မေတ္တာရပ်ခံကြောင်း ထိုအစည်းအဝေးကြီး ၏ မြန်မာပြည်   အရေး
 ဆုံးဖြတ်ချက်မူကြမ်းတွင် ပါရှိသည်။
အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြသည့် OIC အထူး 
အစည်းအဝေးအတွက် အဓိက ခေါင်းစဉ်များ အဖြစ် ဆီးရီးယား၊ မြန်မာ၊ မာလီ၊
 ပါလက်စတိုင်းနှင့် ဂျေရူဆလင် အရေးကိစ္စများ ဆွေးနွေးကြသည်။
OIC ခေါင်းဆောင်များ ပြင်ဆင်ရေးဆွဲထားသည့်  နောက်ဆုံး ကြေညာချက်နှင့် 
အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။
OIC   ကိုယ်စားလှယ်အဖြစ် ရခိုင်ဒေသသို့ ကိုယ်တိုင်  သွားရောက် လေ့လာကာ 
အကူအညီများ ပေးအပ်ခဲ့သည့် တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုဂလူ 
Ahmet Davutoglu ကလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကမြန်မာနိုင်ငံအတွင်း
 ဆွေးနွေး   ခဲ့မှုများနှင့် အကူအညီပေးခဲ့သည်  များကို OIC အဖွဲ့ဝင်များ   ထံသို့ 
သတင်းပေးပို့ခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
 သောမတ်စ် အိုဂျေး ကွင်တားနား ကလည်း ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ
 ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့သွားရောက်လေ့လာခဲ့ကာ ပဋိပက္ခများ အတွက် 
လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ပြီးနိုင်ငံသား
ဖြစ်မှု ဥပဒေအားလည်းပြန်လည်သုံးသပ်ရန် မြန်မာအစိုးရအား တိုက်တွန်းပြော
ဆိုသွားခဲ့သည်။
တနင်္လာနေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “မြန်မာ
 နိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ
 (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်   ဥပဒေအမှတ်  -၄)   အား ပယ်ဖျက်သင့်
ကြောင်း” အဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၇   မှ ဦးတင်မြ က တင်သွင်းရာ 
အခြား ကိုယ်စားလှယ်   တဦးကထောက်ခံပြီး   ယင်းအဆိုကို လွှတ်တော်က လက်ခံ
ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
သတင်းရင်းမြစ်    မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>
ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရွေးချယ်ခံရ
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထား  ကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။
ဒုသမ္မတအမည် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည်
သတင်းရင်းမြစ်    The Voice Weekly    ၊  7 days News       
>>>ဆက်ဖတ်ရန်>>> >>
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အခြေခံဥပဒေဆိုင်ရာခုံရုံးကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ပြောကြား-
ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များ ခင်ဗျား
ကျွန်တော် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ပေါင်း
 ၃၀၁   ဦး က လက်မှတ်ရေး   ထိုးပြီး နိုင်ငံတော် ဖွဲ့စည်းပုံ   အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်
(၂) ပါပြဋ္ဌာန်းချက်အား ဖောက်ဖျက် ကျူးလွန်ခြင်း၊  ပုဒ်မခွဲငယ်(၅)  အရ ဥပဒေအ ရပေး
အပ်သော တာဝန်များကို  ကျေပွန်စွာ   မထမ်းဆောင်နိုင်ခြင်း တို့ကြောင့် စွပ်စွဲပြစ်တင်မှု
 ပြုလုပ်ရန် သဘောထားကို၂၀၁၂ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့တွင် လွှတ်တော် အခွင့်
အရေး ကော်မတီမှ တစ်ဆင့် ဒုတိယ အကြိမ်အဖြစ် ထပ်မံတင်ပြ လာကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက တရားနည်းလမ်း
ကျစွာ တင်ပြ တောင်းဆိုလာသော ကိစ္စရပ်များနှင့် တာဝန်ပေးမှုများအား လက်ခံဆောင်ရွက်
ပေးရမည်ကို မိမိ  နားလည်  သဘောပေါက်ပါတယ်။  သို့ရာတွင်   ဤလို စွပ်စွဲပြစ်တင်မှုပြု
လုပ်ခြင်းကိစ္စရပ် များကို အလျဉ်းမပြုလုပ်လိုပါ။ လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း 
မိမိထက်မနည်းသော စိတ်စေတနာကောင်းများ  ရှိကြလိမ့်မည်ဟု ယုံကြည်ပါတယ်။ 
သို့ပါသောကြောင့် စွပ်စွဲပြစ်တင်မှုနည်းလမ်းအစား အခြား  နည်းလမ်း တစ်ခုခုဖြစ်မြောက်ရေး
 အတွက် ကြိုးပမ်းမှုပြုနေချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သည်းခံစိတ်ထား
ရှိ၍ ခေတ္တခဏ စောင့်ဆိုင်း ပေးစေလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒများကို နိုင်ငံတော် သမ္မတထံပေးပို့အကြောင်း
ကြားပြီး  နိုင်ငံတော်၏  ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့်    ကာယကံရှင်များနှင့် 
ဆက်စပ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား မထိခိုက်စေ‌ရေးတို့အတွက် ဆက်လက်ဆောင်
ရွက်ခွင့် ပြုစေလိုပါတယ်။ မိမိဆောင်ရွက်လိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များအတွင်း
ကန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပါတယ်။
ယခုကိစ္စကို စတင်ပေါ်ပေါက်စေခဲ့သော နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်
က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့ 
ရက်စွဲပါစာအမှတ်၊ ၃/ညမ (၁)၃-၁ (၉၂)နပတ(၇၂)အရ တင်သွင်းခဲ့သည့်တင်သွင်းလွှာအား
 ပြန်လည် ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့
ဝင်များအား ၎င်းတို့၏အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူစေခြင်း တို့ကို ဆောင်ရွက်ပေးရန်
နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၁) ရက်နေ့ မတိုင်မီ အပြီးဆောင်ရွက်
ပေးပါရန်၊ ထိုသို့ဆောင်ရွက် ပေးပါက ကိုယ်စားလှယ်များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်း
ကိစ္စအား ဆက်လက်ဆောင်ရွက်မှု ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတထံ  သဝဏ်လွှာ
 ရေးသား ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီသဘောထားနှင့်   ဆောင်ရွက်မှုကို လွှတ်တော်အား 
အသိပေး တင်ပြခြင်းဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ၊ နာစရာရှိရင် လွမ်းစရာနှင့်ဖြေ ဆိုသည့်စကားများအတိုင်း 
စာနာထောက်ထား ငဲ့ညှာမှုများနှင့် ဆက်လက် ပြုမူဆောင်ရွက်သွားစေလိုပါတယ်။
ယခုကိစ္စရပ်ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာ အပေါ် နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ၃-၂-၂၀၁၂ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်သို့ 
အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်မှ အခွင့်အာဏာလွှဲအပ်ခြင်းခံရ
သူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ၁၇-၂-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာခုံရုံးသို့ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာအပေါ် ရှင်းလင်းချက်အား ပြန်လည် 
တင်သွင်းခဲ့ပါတယ်။ ၎င်းနောက် ၂၈-၃-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာခုံရုံးက "လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်
နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်း
သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိကြောင်း" ဆုံးဖြတ်ခဲ့
ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စု
လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်
ချက်များအရလည်းကောင်း၊ ယင်းအပေါ် ပြည်ထောင်စု  လွှတ်တော်အစည်းအဝေးတွင်
 ပြည်ထောင်စု  လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးမှု  များပြုလုပ်ခဲ့  ရာတွင်
လည်းကောင်း ကိုယ်စားလှယ်များ  ၏   ဆွေးနွေးချက်များနှင့်  သဘောထား ဆန္ဒများမှာ
 တည်ဆဲဥပဒေများဖြစ်သောပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်သူ့လွှတ်တော်
ဆိုင်ရာ ဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများတွင် အတိအလင်းပြဋ္ဌာန်းထား
သည့် ပြဋ္ဌာန်းချက်များအပေါ် ယခုကဲ့သို့ ဆောင်ရွက်မှု များသည်    နိုင်ငံတော်ဖွဲ့စည်းပုံ
အ‌ခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဆုံးဖြတ် ဆောင်ရွက်ခွင့်မရှိသလိုဆုံးဖြတ်ဆောင်ရွက်
ရာတွင်လည်း ဥပဒေများကို မျက်ကွယ်ပြု၍    မှားယွင်းစွာ    ဆောင်ရွက်  ခဲ့ကြောင်းနှင့်
ဤသို့   မှားယွင်း ဆောင်ရွက်ခဲ့သည့်   ကိစ္စများအတွက် လွှတ်တော်များနှင့် လွှတ်တော် 
ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာများထိခိုက်ခြင်း၊ လွှတ်တော်လုပ်ငန်းများ နှင့် လွှတ်တော်
ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကန့်သတ်မှု၊ ခက်ခဲမှုနှင့် 
ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တင်ပြခဲ့ကြ ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
၂၀၁၂  ခုနှစ်၊ ဧပြီလ  (၂၆)  ရက်နေ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော်  တတိယပုံမှန်
အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်   ၁၉၁  ဦး က လက်မှတ်ရေးထိုး
၍ နို  င်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေ ဆိုင်ရာခုံရုံး   ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲ
ပြစ်တင်ရန် အရေးကြီးအဆိုတင်သွင်း မည်ဖြစ်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီ
မှတစ်ဆင့် မိမိထံအသိပေး တင်ပြလာခဲ့ကြပါတယ်။၎င်းကိစ္စအား ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌအနေဖြင့် ခေတ္တဆိုင်းငံ့ထားပြီး ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊
 ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များအား ခေါ်ယူတွေ့
ဆုံ၍ ပြေလည်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ သွားရောက် ရှင်းလင်း
တင်ပြစေခဲ့ရာ နိုင်ငံတော်သမ္မတက ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ 
လိုအပ်ပါက တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ပြန်ကြားလာမှုကို
 ကြားသိခဲ့ရ၍ စွပ်စွဲပြစ်တင်ခြင်း ဆောင်ရွက်မည့်ကိစ္စအား ဆက်လက် ဆောင်ရွက်ခြင်း
မပြုစေဘဲ ရပ်ဆိုင်း ထားခဲ့ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိထားပြီးဖြစ်ပါတယ်။ 
 ဥက္ကဋ္ဌ အနေဖြင့်လည်း စွပ်စွဲပြစ်တင်မှုအဆင့်အထိ မရောက်ရှိစေရေးအတွက် နိုင်ငံတော် 
သမ္မတနှင့်လည်းကောင်း၊ အခြားတာဝန်ရှိသူများနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများ
 ပြုခဲ့ပါတယ်။ (၉-၈-၂၀၁၂) ရက်နေ့ကပင် နိုင်ငံတော် သမ္မတထံ လွှတ်တော်အတွင်းရှိ 
ကိုယ်စားလှယ်များ၏ သဘောထားဆန္ဒ အခြေအနေများကို ရှင်းလင်းပြောကြားပြီး စွပ်စွဲပြစ်
တင်မှုမပြုလုပ်ဘဲ ဖြေရှင်းဆောင်ရွက်၍ ပြေလည်စေနိုင်သော အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံး 
နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ရန် တင်ပြခဲ့ပါ သေးတယ်။
သို့သော်လည်း ယခုအချိန်အထိ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခြင်းမရှိသည့်
အတွက် လွှတ်တော်ကိုယ်စားလှယ်များက ယင်းတို့၏ လွှတ်တော်ရေးရာကိစ္စရပ်များ
ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာပြီး ခံစားမှုများကြီးမားလာကာ ယခုကဲ့သို့ 
လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် အဆင့်အထိ 
 ဆက်လက်ဆောင်ရွက်ပေးရန် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ဒီကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်၍ သည်းခံစိတ်ထား
ရှိပြီး သတ်မှတ် ပေးထားသည့်ကာလအတွင်း နိုင်ငံတော် သမ္မတက ဆောင်ရွက်ပေး
မည့်အချိန်အထိ စောင့်ဆိုင်းပေးပါရန်နှင့် မိမိ ကလည်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ
ပေးပို့ဆောင်ရွက်သွားပါမယ်။ သတ်မှတ်ကာလအတွင်း အဆင်ပြေခြင်းမရှိပါက လွှတ်တော်
ကိုယ်စားလှယ် များ၏ဆန္ဒအတိုင်း စွပ်စွဲပြစ်တင်မှုပြုလုပ်လိုပါက ပြုလုပ်နိုင်ကြပါကြောင်း နှင့် 
ယခုမူ ခေတ္တစောင့်ဆိုင်း သည်းခံပေးပါရန် မေတ္တာရပ်ခံတင်ပြအပ် ပါတယ်။
သတင်းရင်းမြစ်    The Voice Weekly   
>>>ဆက်ဖတ်ရန်>>> >>