ပြီးခဲ့တဲ့သြဂုတ်လ(၈)ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်တွေဆိပ်ကမ်းတည်ဆောက်ရေး
အလုပ်
သမားတွေရဲ့အလုပ်သမားအခွင့်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့
ကိုမျိုးဇော်ထွန်းနဲ့ မိမိတို့
၂ ဦးကို Essar ကုမ္ပဏီက ဒီကနေ့ အလုပ်က ထုတ်ပယ်လိုက် တယ်လို့ အလုပ်သမား
ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုထွန်းသိန်းက RFA ကိုပြောပါတယ်။
စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဒေသခံ နေ့စားအလုပ် သမားစုစုပေါင်း
သတင်းရင်းမြစ်း RFA
စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဒေသခံ နေ့စားအလုပ် သမားစုစုပေါင်း
၁၅၀ လောက်ရှိနေပြီး လုပ်ခလစာတွေကို လကုန်ပြီးပြီးချင်း
ထုတ်မပေးဘဲ အလုပ်သမား
တာဝန်ခံတွေက အလုပ်သမားတွေကို
(၁၅) ကျပ်အတိုးနှုန်းနဲ့ငွေတိုးချေးစားနေခဲ့ကြောင်း
နဲ့ မူရင်းလစာတွေကို လကုန်ပြီး နောက်လ (၁၈) ရက် ဝန်းကျင်လောက်ကျမှ ထုတ်ပေး
လေ့ရှိကြောင်း
သိရပါတယ်။ လစာပေးတဲ့အခါမှာ ရာထူးချင်း၊ အလုပ်လုပ်ရပုံချင်းတူပေမယ့်
လစာငွေက
ကုမ္ပဏီလူကြီးပိုင်းရဲ့ သဘောဆန္ဒအလျောက် သုံးဆလောက်ကွာဟမှု ရှိတယ်
လို့လည်း
ကိုထွန်းသိန်းကပြောပါတယ်။ ဒါ့အပြင် အဲဒီလုပ်ခ လစာတွေကိုလည်း Eassar
ကုမ္ပဏီက လစဉ် ၆ ရာခိုင်နှုန်းဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။
ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းတည်
ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းတည်
ဆောက်ရေး စီမံကိန်းဟာ မြန်မာ - အိန္ဒိယ ဆက်သွယ်မယ့်
ကုန်သွယ်ရေး လမ်းကြောင်း
သစ်မှာ အချက်အချာချာတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး
အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀)
အကုန်အကျခံတည်ဆောက်နေတာ ဖြစ်ပြီး လက်ရှိမှာ
လုပ်ငန်း ၄၅ ရာခိုင်နှုန်းခန့် တည်
ဆောက်ပြီးစီးနေပြီလို့ဆိုပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။