အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, August 1, 2012

မတရားသင်း ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ကချင်အမျိုးသားတဦး လွတ်မြောက်လာ

 
ချင်းမိုင်(မဇ္စျိမ) ။       ။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် နှစ်လကြာ တရား
ရင်ဆိုင်ခဲ့ရသူ အသက် ၅ဝ နှစ်အရွယ် ကချင် အမျိုးသား  ဦးဘောမ်ဇုန်သည်   အင်္ဂါနေ့ က
 မြစ်ကြီးနားမြို့နယ် တရားရုံးမှ အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပြီဟု သိရသည်။

ဝိုင်းမော်မြို့နယ်၊ ဂါးရားယန်ကျေးရွာမှ ဦးဘောမ်ဇုန်းအား ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ 
မြို့ပေါ် သတင်းပေး၊  KIO ၏  ရပ်မိရပ်ဖနှင့် လက်နက် သယ်ဆောင်သည်ဟု စွပ်စွဲ ခံရကာ 
တရားရင်ဆိုင်ခဲ့ရာမှ မြို့နယ် တရားသူကြီး ဦးမြင့်ထူး က အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်
ခြင်း ဖြစ်သည်။

“သူ့ကို အချက် သုံးချက်နဲ့ စွဲတယ်။ ဒါပေမယ့် သူက KIO ကို သတင်းပေးလုပ်တာ အထောက်
အထား မတွေ့ဘူး။ ရပ်မိရပ်ဖ လုပ်တာလည်း မတွေ့ရဘူး။ KIO နဲ့   အရင်တုန်းက ဆက်သွယ်
တယ်ဆိုတာလည်း အမှုမပေါ်ပေါက်ဘူး။ပေါ်တာသွားတယ် ဆိုတာက  အဲဒီနေရာမှာ က KIO 
လွှမ်းမိုးတဲ့နေရာ ဖြစ်တယ်။ KIO ခေါ်လို့ သွားတာက သူ့သဘော အတိုင်း သွားတာမဟုတ်လို့ 
အပြစ်မရှိဘူး ဆိုပြီး လွှတ်ပေးလိုက်တယ်” ဟု ဦးဘောမ်ဇုန်း၏ အကျိုးဆောင်ရှေ့ ဦးဂျီမာခါး 
က မဇ္ဈိမကို ပြောသည်။

ဦးဘောမ်ဇုန်းအား ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလက KIO ၏ တပ်ရင်း ၃ တပ်ဖွဲ့များက လက်နက် 
သယ်ဆောင်ရန် သုံးလခန့် ကြာ   ပေါ်တာဆွဲခေါ် ခံခဲ့ရပြီးနောက်  တိုက်ပွဲများ ဖြစ်ပွား လာ 
သဖြင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဆွေမျိုးများနှင့်အတူ  နေထိုင်နေစဉ်  ရဲတပ်ဖွဲ့ 
က ဖမ်းဆီးခဲ့သည်။

ဂါးရားယန်ကျေးရွာ သူကြီးဟောင်း ဦးဘောမ်ဇုန်းအား ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ဖမ်းဆီး
ခဲ့ပြီး မေလ ၉ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် မေလ ၂၃ ရက်နေ့တွင်
 မြစ်ကြီးနားထောင်သို့ အပို့ခံခဲ့ရသည်ဟု ပြန်လည်   လွတ်မြောက် လာသူ  ဦးဘောမ်ဇုန်း က
 ပြောသည်။သူ့အား နှိပ်စက်ညှဉ်းပန်းခြင်း မရှိသော်လည်း တခြား  သူများကိုမူ  နှိပ်စက်မှုများ 
ရှိနေသည်ဟု ဆိုသည်။

“ကျနော်က ဘာမှ အပြစ်မရှိဘူး။ သူတို့က မတရားဖမ်းထားတာပါ။ ခုလည်း မတရား အဖမ်းခံ
ထားရတဲ့ လူတွေ ရှိတယ်။ ကျနော့်ကိုတော့ နှိပ်စက်တာ မရှိဘူး။ တခြား လူတွေကို ဖယောင်း
တိုင်နဲ့ ဓါးမီးညှိပြီး တို့ပေးတယ်လို့ ပြောတယ်။ အဲဒါ က ဒဏ်ရာတွေ ရှိနေတယ်” ဟု ဦးဘောမ်
ဇုန်း က မဇ္ဈိမကို ပြောသည်။ သူသည် အစာအိမ်ရောဂါနှင့် အူကျရောဂါ ခံစားနေရသဖြင့် ဆေး
ဝါးကုသရန် လိုအပ်နေသည်ဟု ဆိုသည်။

ပြည်နယ် တရားရုံးက မတရားသင်း ဆက်သွယ်မှုဖြင့် စွပ်စွဲခံရသူများကို စတင်လွှတ်ပေးနေ
သော်လည်း တချို့အမှုသည် များအား အခြားပုဒ်မများဖြင့် ပြောင်းလဲ၍ အမိန့်ချမှတ်နေမှုများ
 ရှိနေသည်ဟု ဦးဂျီမာခါး က ဆိုသည်။ ဦးဘောမ်ဇုန်း လွတ်မြောက်လာသော်လည်း  အခြား
ကချင်အမျိုးသား နှစ်ဦးကို အပြစ်ရှိသည်ဟူ၍ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟုရှေ့နေ ဦးဂျီမာခါး 
က ပြောသည်။

ဖားကန့်မြို့မှ ကိုဂျောင်ဂျီဇော်ခါး၊ မြစ်ကြီးနားမြိုကနယ် နမ်ဂျိမ်ရွာ မှ ကိုမရမ်မုန်းအောင်နှင့် 
အခြား ကချင်အမျိုးသား တဦးတို့ကို မူလကက   ၁၇ (၁)ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ပြစ်မှု
ဆိုင်ရာ ဥပဒေ အခြားအမှုသို့ ပြောင်းလဲ စွဲဆိုလိုက်ကာ အင်္ဂါနေ့တွင်ပင် ထောင်ဒဏ် ၆ လ
မှ တနှစ်အထိ အမိန့်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးဘောမ်ဇုန်း အား တရားဥပဒေအရ စီရင်ချက် ချမှတ်ပေးသည့်အတွက် ဝမ်းသာသော်လည်း
 တခြား ကျန်ရှိနေသေး သည့် ဖမ်းဆီး ခံရသူများ  ကို လည်း တရား ဥပဒေအရ စီရင်ပေးစေ
လိုကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“ကျနော် မြင်ရတာက အခု ဖမ်းဆီးခံရတဲ့လူတွေက မတရားဖမ်းဆီးခံရတဲ့ လူတွေ များနေ
တယ်။ ဒါကြောင့် ဥပဒေအရ တရားစီရင်ပေးဖို့ မျှော်လင့်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ်တွင် မတရားသင်း ဥပဒေဖြင့် စွပ်စွဲခံ၍ တရားရင်ဆိုင်နေရသူ အနည်းဆုံး 
၅ဝ   ကျော် ရှိသည်ဟု   ရှေ့နေ   ဦးဂျီမာခါးက  ပြောသည်။ ထိုအထဲ   ဖောက်ခွဲ ၃  ဖြင့် 
စွတ်စွဲခံထားရသူ ၁ဝ ဦးကျော် ရှိသည်။
 
သတင်းရင်းမြစ်    မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>

မြန်မာနိုင်ငံသား ၂၈ ဦး ထိုင်းတွင် ရောင်းစားခံရ

ထိုင်းတောင်ပိုင်း ရနောင်းမြို့လှေဆိပ်တွင်လည်း အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ
ကို တွေ့ရသည် (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)

ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင်    ရေလုပ်သားများ  အဖြစ်
 ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံ သား ၂၈ ဦးကို ထိုင်း အာဏာပိုင်များက မကြာသေး
ခင်ရက်ပိုင်းက သွားရောက်ကယ်တင်ခဲ့သည်။

ရောင်းစားခံရသည့် မိသားစုဝင် တဦး၏ တိုင်ကြားချက်အရ ပြီးခဲ့သည့် တပတ် ၂၆ ရက်နေ
့က ဆဲမ်ဆမ် လှေဆိပ်မှ လှေများကို ထိုင်းအထူး စုံစမ်း စစ်ဆေးရေး ဌာန(DSI) က ၀င်
ရောက် စီးနင်း၍ ကယ်တင်ခဲ့ကြောင်း ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ် သမားအခွင့်
အရေး မြှင့်တင်မှု ကွန်ရက် (LPN) အဖွဲ့မှ ကိုမြင့်ထွန်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသား ၂၈ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက် သည်ဟု ယူဆ  ရသော 
မွန်တိုင်းရင်းသား အသက် ၄၀ ခန့်ရှိ ဦးဝင်း ဆိုသူကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးထား
ပြီး  ပြန်လည်လွတ်မြောက်လာသူများကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၎င်းက ပြော
ဆိုသည်။

လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် မွန် တိုင်းရင်းသား  ဦးဝင်းနှင့် လှေပိုင်ရှင်
တို့ကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှု များပြုလုပ်သွားမည်ဟု   ဆိုသည်။ရောင်းစားခံ ရ
သူများတွင်အသက် ၁၆ နှစ် အရွယ် ကလေးတဦး  ပါဝင်ပြီး   ကျန်သူ များမှာ  အသက် ၂၀
 ကျော်များ ဖြစ်ကြောင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များမှ လာရောက်ကြ
သူများ ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့်  ဇွန်လ ကလည်း ယင်း   ဆဲမ်ဆမ်  လှေဆိပ်တွင်
 ရောင်းစားခံရပြီး ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံသား   ၁၁   ဦး ခန့်ကို ဒေသခံ 
အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း အမျိုးသားများသာမက အမျိုးသမီးများကိုလည်း မြန်မာပြည်သား အချင်း
ချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်း စားမှုများလည်း ရှိကြောင်း သိရသည်။မြန်မာ နိုင်ငံ
သားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်
လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြပြီး
 ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့ နေရကြောင်း သတင်း များအရ သိရသည်။

သို့သော် မြန်မာပြည်သားအများစုသည် ပွဲစားများကို အားကိုး၍ ထိုင်းနိုင်ငံအတွင်းသို့ အဖမ်း
အဆီး အစစ်အဆေးများကြားမှ နေ့စဉ် ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်
သည်။၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်း
နှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိ
သူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲ
မှ ၄ သန်း ၀န်းကျင် ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။

သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီဖွဲ့နိုင်ရေး အစိုးရကိုယ်စားလှယ်အား ရှေ့လအတွင်း RCSS ဆွေးနွေးမည်


ယခုလနောက်ဆုံးပတ်၌ RCSS/SSA က ခြောက်လပတ်   အစည်းဝေးကျင်းပရာ ဆုံးဖြတ် 
ချက်များ   အနက်   ငြိမ်းချမ်းရေးစောင့်ကြည့် ရေးကော်မတီ   ဖွဲ့နိုင်ရေး  အတွက် အစိုးရ 
ကိုယ်စားလှယ်နှင့် ရှေ့လအတွင်း တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ်ပါ ဆုံးဖြတ်ထားသည်ဟု 
တက်ရောက်သူ အရာရှိတဦးက ပြောပါသည်။



 




“ငြိမ်းချမ်းရေးခရီးစဉ်ကတော့ ကျနော်တို့ချထားတဲ့ နဂိုပေါ်လစီအတိုင်းဘဲ ဆက်သွား  မှာဘဲ။ 
ကျနော်တို့ အစည်းအဝေးက ၂၆ နဲ့ ၂၇ ရက်  ဌာနချုပ်လွယ်တိုင်းလျဲန်းမှာလုပ်တယ်။ ဆုံးဖြတ်
ချက် ကိုတော့ (စတိတ်မဲန့်) ထုတ်ပြန်ကြေငြာချက်နဲ့ ထုတ်ပြန်တယ်” - ဟု အမည်မဖေါ်လို
သည့် ဌာနချုပ်မှ အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ၆ လပတ်အစည်းအဝေး၌ အဓိက ဆုံးဖြတ်
ချက် ၂ ချက် ချမှတ်ကြောင်း ပထမ အချက်က မတ်ခ်ျ ၁၆-၁၇ အစည်းအဝေး ဆုံးဖြတ်ချက် 
အရ ငြိမ်းချမ်းရေးတည်ဆောက်စဉ် ၆ ချက် အတိုင်းလျှောက်လှမ်းမည့်အကြောင်း အဆိုပါ
အရာရှိက သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

ထိုအချက် ၆ ချက် မှာ -

၁။ သျှမ်းပြည်သားများသွေးစည်းညီညွတ်ရေး နှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်
    ရေး၊
၂။ တိုင်းရင်းသားတိုင်း၊ ပြည်နယ်တိုင်း တန်းတူရေး နှင့် ခွဲထွက်ရေး မခွဲထွက်ရေးအတွက် 
    လူထု ဆန္ဒသဘော ထားအပေါ်မူတည်၊
၃။ ပါလီမန်ဒီမိုကရေစီစနစ်အားနားလည်စွာဖြင့် မိမိအခွင့်အရေး အသုံးပြုတတ်ရေးအတွက် 
    သျှမ်းပြည်သားများအား တွေ့ဆုံစည်းရုံးဟောပြောရှင်းလင်းရေး၊
၎။ သမ္မတကြီးဦးသိန်းစိန်နှင့်လက်တွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
၅။ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ရပ်တည်၍ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေ
    ရှင်းရေး၊
၆။ မလွှဲမရှောင်နိုင်သည့်အဆင့်မှသာ စစ်ရေးနည်းဖြင့်အသုံးပြုဖြေရှင်းရေး၊ သျှမ်းပြည်
    တပ်မတော်သည် လူထုအသက်အိုးအိမ်စည်းဇိမ်လုံခြုံမှုအတွက်အကာအကွယ်
    ပေးရေး -
 စသဖြင့် RCSS/SSA ၏ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။

“ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ လာမယ့်ဩဂတ်စ်
လ ထဲမှာ အစိုးရ ကိုယ်စား လှယ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမယ် လို့  ဆုံးဖြတ်တယ်” ဟု
 အဆိုပါအရာရှိတဦး က ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့  အပစ်ရပ်ပြီး ငြိမ်းချမ်းရေး 
တည်ဆောက်ထားသည်ဟု ဆိုသော်ငြားလည်း အစိုးရတပ်၏   နယ်မြေရှင်းလင်း
ရေးကြောင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
 
သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>

ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက် KIA ထံ တပ်သားသစ် ပို့ဆောင်ရ

 





ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက်နုန်း 
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA   တပ်ဖွဲ့ထံ   တပ်သားသစ် ပို့ပေး ခဲ့ရ
ကြောင်း ဒေသခံများက ပြောသည်။

မန်ဝိန်းကြီး ကျေးရွာ အုပ်စုအတွင်းမှ လူငယ် (၁၈) ဦးအား KIA တပ်ဖွဲ့ဝင်များ အခြေ
စိုက်ရာ ပန်ခမ်းကျေးရွာသို့ ယခုလ (၃၀) ရက်နေ့က ရပ်ရွာလူကြီးများကိုယ်တိုင် သွား
ရောက် ပေးပို့ခဲ့ရသည်ဟု မန်ဝိန်းကြီး ဒေသခံ တဦးက အခုလို ပြောသည်။

“တစ်ရွာတယောက် မပေးလို့ကို မရဘူးလို့ ပြောတယ်။ ရွာလူကြီးတွေ ကနေ   ရှာဖွေ
ထားပေါ့။ မပေးရင် ရပ်ထဲရွာထဲဝင်ပြီး အနိုင်ကျင့်တာတွေလည်း ရှိတယ်။ အဲဒါနဲ့ ဒီလ
 (၃၀) ရက်နေ့၊ မနေ့ကပေါ့ ရွာလူကြီးတွေ စုပြီး သွားပို့ပေးလိုက်ရပြီ။ အားလုံး  (၁၈)
 ယောက်။”

မြန်မာပြည်မှ တရုတ်ပြည်နယ်စပ် နောင်တောင်းမြို့သို့ ၀င်ထွက်သွားလာရာ  လမ်းကြောင်း
 ပေါ်ရှိ နောင်မွန်းကျေးရွာ လမ်းဆုံတွင် ယခုလ (၁၇) ရက်နေ့က KIA တပ်ဖွဲ့ဝင်များ အင်အား
သစ် စုဆောင်းခဲ့ရာ လူငယ် (၆၅) ဦးအား ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ကျေးရွာအလိုက် ကိုယ်ရေး 
ရာဇ၀င်အကျဉ်း ကောက်ယူခဲ့သည်။

အဖမ်းခံရသူများ ထိုညက ပြန်လည်ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ ၎င်းတို့နေထိုင်သည့်
 ကျေးရွာများမှ တစ်ရွာတယောက်နုန်း အင်အားသစ် ထည့်ဝင်ရမည်ဟု   KIA   တပ်ဖွဲ့က 
အကြပ်ကိုင် တောင်းဆိုခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံက အခုလို ပြောဆိုသည်။

“ရွာလူကြီးတွေကို လာပြောတယ်။ ထွက်ပြေးသွားတဲ့ သူတွေကို   ပြန်ခေါ်ပေးပါ။  မခေါ်
ပေးရင် သူတို့ မိဘတွေကို ခေါ်ထားရမယ် ဘာညာဆိုပြီး ပြောလာတယ်။ ရွာလူကြီးတွေ
ကလည်း ခေါ်လို့မရဘူးထင်တယ်။ သူတို့ဘယ်ကို ထွက်ပြေးမှန်း ကျနော် တို့လည်းမသိ
ဘူးလေ။ အိမ်ကိုလည်း ပြန်မလာဘူးလို့ ပြောပြတာပေါ့။ နောက်ဆုံး တရွာတယောက် ပေး
ရမယ်တဲ့။ မပေးလို့မရဘူးပေါ့။ တရွာတယောက် ပေးပြီးမှပဲ အဲဒီထွက်ပြေးသွားတဲ့ သူတွေ
 သူ့ရွာ ကိုယ့်ရွာ ပြန်လာနေလို့ရမယ်လို့ ပြောတယ်။”

ရှမ်းတိုင်းရင်းသား ကျေးရွာများဖြစ်သည့် ကွတ်လုံ၊ ကွန်းခမ်း၊ ပန်ခမ်း၊ နောင်မွန်း၊ မန့်
လယ်တိုက်၊ နမ့်မဟီး၊ ဆွန်ဖား၊ နောင်ကျွန်း၊ ၀မ့်စန့်၊ ဟိုဟင်၊ ဖာစန့်၊ နောင်နွမ်၊ နောင်နုတ်၊ 
နားလုံ၊ မန်ဝိန်းကြီး၊ မန့်မွမ်း၊ မန့်ဟွေ့၊   မန့်မိုင်   စသည့် ကျေးရွာများ  မှ  ပို့ပေးရခြင်း   
 ဖြစ်သည်။ယင်းတို့အနက် ဖာစန့်၊ နောင်နုတ်နှင့် မန်ဝိန်းကြီး ကျေးရွာများတွင် မြန်မာ  
အစိုးရ  တပ်များ အခြေစိုက်ထားသော်လည်း မကြာခန ဆိုသလို KIA တပ်ဖွဲ့ဝင်များ 
ဝင်ထွက်   သွားလာ မှုရှိကြောင်း သိရသည်။ယခုရက်ပိုင်းအတွင်း KIA  တပ်ဖွဲ့ဝင်များ
 အခြေစိုက်ရာ ပန်ခမ်း ဂိတ်သို့ ဖြတ်သန်း သွားလာသည့် ခရီးသည်များအား  KIA က 
ဖမ်းဆီး၍ အင်အားသစ် စုဆောင်းနေကြောင်း   မူဆယ်   ဒေသခံများက   ပြောသည်။ 
သို့သော် အသက် (၁၆)    နှစ်အောက်   ကလေးငယ်များနှင့် တရုတ် လူမျိုးများ  ကိုမူ 
ဖမ်းဆီးခြင်း မရှိကြောင်း သိရသည်။

ယင်းကိစ္စ KIA တပ်ဖွဲ့၏ ဦးဆောင် ပါတီဖြစ်သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO 
တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့်  ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍   မရခဲ့ပါ။
သို့သော် KIA က အင်အားသစ် စုဆောင်းမှုများ ပြုလုပ်နေခြင်းသည် အစိုးရတပ်မှ KIA
 အပေါ် ထိုးစစ်ဆင်မှု၏ အကျိုးဆက်ဖြစ်ပြီး အကယ်၍ တိုက်ပွဲများ ပြန်လည် ငြိမ်သက် 
သွားပါက ယင်းကိစ္စများ ပျောက်ပျယ်သွားလိမ့်မည်ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က 
သတင်းနှင့်မီဒီယာ ကွန်ယက် သတင်းဌာန (NMG) သို့ ပြောဆိုခဲ့ဘူးသည်။

KIA နှင့် အစိုးရတို့ (၁၇) နှစ်ကျော် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ၂၀၁၁
 ခုနှစ် ဇွန်လဆန်းမှ စတင်၍  တိုက်ပွဲများ  ပြန်လည်  ဖြစ်ပွားခဲ့ပြီး အချိန်  (၁)  နှစ်ကျော် 
ကာလ အတွင်း နှစ်ဖက် ကိုယ်စားလှယ်များ အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း ယနေ့ထိ
 ပြေလည်မှု မရသေးပါ။

နှစ်ဖက် တိုက်ပွဲများအတွင်း အစိုးရတပ်နှင့် KIO တို့ အင်အားသစ် စုဆောင်းမှုအပါအ၀င် 
လူ့အခွင့်အရေး  ချိုးဖောက်မှုများ ပြုလုပ်နေကြောင်း   တဖက်နှင့်  တဖက် အပြန်အလှန် 
စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

သတင်းရင်းမြစ်   သတင်းနှင့်မီဒီယာကွန်ယက်      
>>>ဆက်ဖတ်ရန်>>> >>

စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော


 
ရန်ကုန် (မဇ္ဈိမ) ။      ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ   ရှိနေသည်ဟု စင်္ကာပူ   အခြေစိုက် ရုပ်သံလွှင့် 
သတင်းဌာန တခု ဖြစ်သည့် CNA    က တွေ့ဆုံမေးမြန်းရာတွင်   သမ္မတ   ဦးသိန်းစိန်က
 ပြောဆိုသွားသည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA 
၏ မေးမြန်းမှုကို မြန်မာ သမ္မတ ပြန်လည်ဖြေကြားခဲ့မှု အား တနင်္လာနေ့   ညနေပိုင်းတွင်
 ထုတ်လွှင့်ပြသသွားခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။   နောက်ပြီးတော့ 
တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလည်း ရှိပါတယ်။ တပ်မတော်ထဲမှာလည်း အလားတူ
 ရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ထဲမှာ လည်းရှိမှာ ဖြစ်ပါတယ်။”   ဟု သမ္မတ
ဦးသိန်းစိန်က ပြောကြားသွားသည်။

ထို ရှေးရိုးစွဲများ   ရှိနေခြင်းသည်  တိုင်းပြည်ဖွံ့ဖြိုး  တိုးတက်မှု  ပေါ်တွင် သာ မူတည်ပြီး 
 တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြခြင်းဖြင့် “ဆန့်ကျင်သဘောထား အမြင်ရှိတဲ့သူ
တွေ နောက်ကအလိုလို လိုက်ပါလာမှာ ဖြစ်ပါတယ်။” ဟုလည်း သမ္မတ က ထည့်သွင်း
 ပြောသွားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ကြား အမေရိကန်နှင့်၊ ဥရောပနိုင်ငံ အချို့
တို့၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်
ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသွားသေးသည်။

“မတူတာကတော့ ကျနော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုး  တိုးတက်အောင် လုပ်ချင်တယ်။ 
စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ပိတ်ဆို့ တားဆီး   ထားတာတွေကို ကျနော်
တို့က ဖြေလျှော့ပေးစေချင်တယ်။ လုံးဝ ရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် 
ကမ္ဘာကိုလှည့်ပြီး ပြောတဲ့ တွေ့တဲ့အထဲမှာတော့ ရင်းနှီး မြှုပ်နှံမှုတွေ   ကို ချက်ချင်း မလာဖို့၊ 
စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်” 
ဟုပြောကြားသွားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ကိုလည်း ဦးစားပေး 
လုပ်ဆောင်နေကြောင်း “နိုင်ငံရေး တည်ငြိမ်ဖို့အတွက်ဆိုတာ မှာလည်း    ဒေါ်အောင်ဆန်း
စုကြည်ကို ဝိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေ ဖို့    အတွက် ဒေါ်အောင်ဆန်းစုကြည်
 အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ဒါ အရေး 
အကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့ ဦးစားပေးပြီး လုပ်ပါတယ်” 
ဟု ဦးသိန်းစိန်က ပြောကြား သွားသည်။

အသက်အရွယ်နှင့် ကျန်းမာရေးအရ သမ္မတ သက်တမ်းတခုသာ တာဝန်ယူမည့် ဦးသိန်းစိန်
က မြန်မာ့ အနာဂတ်အတွက် “ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်
ဖြစ်အောင် လုပ်နိုင်မယ့် လူမျိုးတွေ၊   စီးပွားရေးအရ   ဖွံ့ဖြိုး  တိုးတက်အောင်   လုပ်နိုင်မယ့် 
မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့  တာဝန် ယူသွားစေချင်ပါတယ်” ဟု CNA
၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။
 
သတင်းရင်းမြစ်    မဇ္ဈိမ      
>>>ဆက်ဖတ်ရန်>>> >>

ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတချို့ ရေကြီး

နေပြည်တော် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာရှိ အလယ်တန်းကျောင်း 
တကျောင်း ရေမြှုပ်နေစဉ် (ဓာတ်ပုံ – မြဝတီသတင်းစာ / Facebook)

နေပြည်တော်မြို့တော်၏ အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းဆည်ရေ ဖောက်ချမှုမှကြောင့်
 မြစ်နှင့် အနီးကပ်ဆုံး မြေနိမ့်ပိုင်း ကျေးရွာများရှိ   အိမ်ခြေ  ၃၀၀  ကျော် ပျက်စီးဆုံးရှုံးခဲ့
ရကြောင်း ဇေယျာသီရိမြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။

ဆည်ရေဖောက်ချမှုမှ တဆင့် မြစ်ရေလျှံတက်ကာ ဇေယျာသီရီမြို့နယ်အတွင်းရှိစည်ပင်ကြီး 
 ကျေးရွာ၊ ညောင်ပင်ကြီး   ကျေးရွာနှင့် ချောင်းကမ်းကြီး ကျေးရွာ တို့မှ  အိမ်များ၊   အိမ်မွေး
တိရစ္ဆာန်များ ရေနစ်မြုပ်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၀၀၀ ကျော် ရေဘေးကြုံ နေရခြင်းဖြစ်သည်။

“ရေက တက်နေတာ ဒီနေ့ရောဆိုရင်တော့ နှစ်ရက်ရှိနေပြီ။ အခုထိ ၃ ပေလောက် ရွာထဲမှာ
 တက်နေတယ်၊ ပြန်မကျသေးဘူး၊ ဒုက္ခသည်တွေတော့ ရေလွတ်တဲ့ နေရာတွေမှာ ရွှေ့ပြောင်း
ပေးထားတယ်။ စားဝတ်နေရေး အကူအညီတွေ ပေးထားတယ်။ ရေမြုပ်တဲ့ စာသင်ကျောင်း
 တွေကိုလည်း ပိတ်ထားတယ်” ဟု မြို့နယ်မီးသတ် ဦးစီးအရာရှိ တဦးက ဧရာဝတီသို့ ပြော
သည်။ရေဘေး ဒုက္ခသည်များနှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် နေရာချထားရေး စားဝတ်
နေရေးနှင့် ဆေးဝါး အကူအညီများကို နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်း
နှင့် တပ်အင်အား ၄၀ ကျော်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊  မီးသတ်၊  စည်ပင်   အဖွဲ့များ
အပါအဝင် မြို့ခံ    အာဏာပိုင်   အဖွဲ့အစည်းများနှင့်    လူမှုရေး အသင်း  အဖွဲ့များက ကူညီ
ဆောင်ရွက် နေလျှက်ရှိကြောင်း သိရသည်။

အလားတူ    မိုးသည်းထန်စွာ   ရွာသွန်းမှုကြောင့် နေပြည်တော် ပျည်းမနားမြို့ နယ်  တွင်း
ရှိကြို့ပင်တန်းကျေးရွာ၊  အင်းသာကျေးရွာ  နှင့် သာယာစုကျေးရွာ   တို့တွင်လည်း အိမ်ခြေ 
အလုံး ၁၂၀ ကျော် အပါအဝင် ပြောင်း၊ နှမ်းနှင့် စပါးစိုက်ခင်း ဧက ၃၀၀ ကျော် ရေနစ်မြုပ်မှု
 ကြုံတွေ့နေရကြောင်း အစိုးရထုတ် မြဝတီ  သတင်းစာ  ၏ အင်တာနက်   စာမျက်နှာတွင်
 ဖော်ပြထားသည်။

“ပျက်စီးဆုံးရှုံးသွားတာတွေကို  ဘယ်လို ပြန်လုပ်ပေးမယ် ဆိုတာ   လတ်တလော ဘာ
အတည်ပြုချက်မှ မကြားရသေးပါဘူး၊ စားဝတ်နေရေးနဲ့ ဆေးဝါး ကုသတာတွေကိုတော့ 
 နေပြည်တော် ကောင်စီက ကြီးကြပ်လုပ်ဆောင် ပေးနေပါတယ်” ဟု အထက်ပါ အရာရှိ
က  ပြောသည်။နေပြည်တော် တပ်ကုန်းမြို့နယ် အတွင်းရှိ ဆင်သေချောင်း ရေကြီးမှုကြောင့် 
ယခုလ ၂၇ ရက်နေ့က ကျိုးပျက်သွားသော သပြေချောင်း တံတားနှင့် ဝဲကြီးတံတားတို့ကို
လည်း နေပြည်တော် ကောင်စီနယ်မြေ တံတား ဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့ (၃)
 မှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာ တချို့ ရေနစ်မြုပ်မှု
 ကြုံတွေ့နေရပြီး မြို့ပေါ်ရှိ ကညုံ၊ ကရပ်ပြင် (တောင်)၊ ဘုမ္မော်၊   ရှမ္မလည်ဆွဲနှင့် ရေသီတာ 
ရပ်ကွက်တို့တွင် ရေနစ်မြုပ်လျှက်ရှိကြောင်း၊ ရေဘေး   ဒုက္ခသည် ၃၀၀ ကျော်ကို ဘုန်းကြီး
ကျောင်းနှင့်တခြား ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း   ပေးထားရကြောင်း ဒေသခံ
များက ပြောသည်။“ဒီမှာရေကြီးနေတာ ဒီနေ့ပါနဲ့ဆို   နှစ်ရက်ရှိပြီ။ ရေတက်လာတော့   အိမ်
တွင်းပစ္စည်းတွေ၊ အိမ်မွေး တိရစ္ဆာန်တွေတော့ ပါကုန်တာ ပေါ့။ လောလောဆယ် ကျနော်တို့
 NLD အပါအဝင် အစိုးရအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေက ကူညီရေးတွေ လုပ်နေပါတယ်” ဟု
 NLD ပါတီဝင်တဦးက ပြောသည်။

မကြာသေးခင် ရက်ပိုင်းကလည်း ကရင်ပြည်နယ် ဘားအံမြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း
 လားရှိုးမြို့၊ ကချင်ပြည်နယ် ဖားကန့်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ ရှမ်းပြည်နယ် တောင်ပိုင်း 
ကျိုင်းတုံမြို့နယ် တို့တွင် မိုးများ၍ ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် တိုင်းထွာချက်အရ ဘားအံမြို့တွင် ၇၈၀
 စင်တီမီတာသို့ ရောက်ရှိ နေကြောင်း၊ စိုးရိမ်ရေမှတ် အထက် ၃၁ စင်တီမီတာ (၁ ပေခန့်)
 ကျော်လွန်နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

၄၈ နာရီအတွင်း ၎င်းမြို့၏ စိုးရိမ်ရေမှတ်သည် ၇၅၀ စင်တီမီတာ အထက်တွင် ရှိနေမည်
ဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက် လေပြင်းများ ကျရောက်ကာ ပြည်နယ်နှင့်တိုင်း
 ၁၄ ခုစလုံးတွင် မိုးထစ်ချုန်း ရွာမည်ဟုလည်း   မိုးလေဝသနှ င့်  ဇလဗေဒ ဝန်ကြီးဌာနက 
ခန့်မှန်းထားသည်။

သတင်းရင်းမြစ်    ဧရာဝတီ  
>>>ဆက်ဖတ်ရန်>>> >>

ဝန်ကြီး ဦးအောင်မင်း၏ BGF အသွင်သစ် လှုပ်ရှားမှု

Ywat_Sant_and_Aung_Min 










တိုင်းရင်းသား လူမျိုးရေးနှင့် ပတ်သက်ပြီး   ၀န်ကြီး ဦးအောင်မင်း   ပြောကြား ခဲ့သော မူ
 (၃) ရပ်သည်၊ စစ်အစိုးရ၏ နယ်ခြားစောင့်  တပ် (Border Guard Force)   မူ၏ အသွင်
သစ်သာ ဖြစ်သည့် အတွက် လက်မခံနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ
 ဖယ်ဒရယ် ကောင်စီ (UNFC) ဒုဥက္ကဌ ဖြစ်သူ အေဘွယ်တွိ ကပြောပါသည်။

“BGF မူကို လက်မခံလို့ အရင်တုန်းကတည်းက အပစ်အခတ် ရပ်စဲရေး ရထားတဲ့ အဖွဲ့ 
အတော်များများက လမ်းခွဲကုန်ကြ တယ်လေ။ အဲဒီမူကတော့ လူငယ်တွေကို စစ်မှုထမ်း
ခိုင်းမယ်၊   လူလတ်တွေကို   စီးပွားရှာ  ခိုင်းမယ်။   လူကြီးတွေ  ကိုတော့ ပါတီ ဖွဲ့ခိုင်းပြီး
 ရွေးကောက်ပွဲ ၀င်ခိုင်းတာ  ဘဲလေ။ အဲဒါ မူသစ်  မဟုတ်ဘူး၊ ဒါပေမဲ့   ဦးအောင်မင်းက
 အသစ်ပြန်ပြောနေတယ် ဆိုတော့ ဒါကိုကြည့်ရင် ဒီအစိုးရဟာ ပြုပြင်ရေး အစိုးရတော့ 
မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သမ္မတသစ်က သူတကယ် ပြုပြင်မယ်လို့ ပြောနေတော့ ကျနော် 
တို့စောင့်ကြည့်နေတာပါ” ဟု ဆိုပါသည်။

ဦးအောင်မင်းသည်၊ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်နေ့က  (၁၉၉၀)  ခုနှစ်၌  အနိုင်ရခဲ့သော
 တိုင်းရင်းသား(၁၄)ပါတီနှင့် ရန် ကုန်မြို့တွင် ကျင်းပသော မြန်မာအီးဂရက် သင်တန်းကျောင်း
၌ တွေ့ဆုံစဉ် ဤမူကို ပြောကြားခဲ့ပါသည်။

ယခင် စစ်အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးကိုသာ
 လုပ်ဆောင်သွားကြပြီး၊နိုင်ငံရေး ကိစ္စကိုမူ အသစ်တက်လာသည့် အစိုးရနှင့်သာ နိုင်ငံရေး
 ဆွေးနွေးရန် အမြဲတမ်း တိုက်တွန်း ထားပါသည်။ သို့သော်လည်း   တိုင်းရင်းသားအပေါ်၌ 
လက်ရှိ ကျင့်သုံးနေသော အစိုးရသစ်၏ မူသည် စစ်အစိုးရ  ၏  မူဟောင်းသာဖြစ်ကြောင်း၊
 UNFC က ရှုမြင်နေခြင်းဖြစ်ပါသည်။
UNFC_e33အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို ကိုင်တွယ်ရန် မူ (၈) ချက်ကို
 ချမှတ်ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုအဖွဲ့နှင့်  လုပ်ငန်း
 ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ၀န်ကြီး ဦးအောင်မင်းသည်  ပြည်ထောင်စု အဆင့်
 ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်တီ ဒုဥက္ကဌ ဖြစ်သည်နှင့်အညီ ၄င်းတို့
ချမှတ်သော မူများကို ပြောဆိုဆွေး နွေး ရပေလိမ့်မည်။

 ဤသို့ကြောင့် ရန် ကုန်မြို့တွင် ကျင်းပသော မြန်မာအီးဂရက် သင်တန်းကျောင်း၌ 
တိုင်းသားအရေးကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

သတင်းရင်းမြစ်   ရွှေဟင်္သာ 
>>>ဆက်ဖတ်ရန်>>> >>

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

ရန်ကုန် (မဇ္ဈိမ) ။        ။ လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်
မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက်   အမျိုးမျိုး    ပေါ်ထွက်နေချိန်တွင်   ယခုနောက်ဆုံး
 ရေပန်းစားလာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၆ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ပြည်ထောင်စု 
လွှတ်တော်သို့ အမည်စာရင်း တင်သွင်းရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ 
ဝင်များက သဘောတူပြီးဖြစ်သည်ဟု  နေပြည်တော်ရှိ  ထိပ်တန်း   သတင်းရပ်ကွက် တခုက
 ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ကျန်းမာရေး       အကြောင်းပြချက်ဖြင့်  အနား ယူနုတ်ထွက်  သွားသော    သီဟသူရ
 ဦးတင်အောင်မြင့်ဦး     နေရာတွင်   အငြိမ်းစား   ဗိုလ်ချုပ်ကြီးဟောင်း   တဦးဖြစ်သော 
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အမည်
စာရင်း တင်သွင်းကြောင်း သတင်းထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း ပြည်ထောင်စု
လွှတ်တော်က အတည်ပြုရန်မှာ ကြန့်ကြာနေခဲ့ပြီး အဘယ်အတွက်ကြောင့် ကြန့်ကြာနေ
သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
ကာကွယ်ရေးဦးစီးချုပ်က ချုပ်ထိန်းနိုင်သော တပ်မတော်သား  ကိုယ်စားလှယ်များ  အစုမှ 
အမည်စာရင်း   တင်သွင်းသော ဒု-  သမ္မတလောင်း  အတွက် ကာ/  လုံ   အဖွဲ့ဝင်များ၏ 
ဘုံသဘောတူညီချက်ကသာလျှင် အခရာ ဖြစ်ပေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် “ မိမိကိုယ်တိုင် 
 သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း
 သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်
 သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး
သစ္စာ ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ  ၏ လက်အောက်ခံဖြစ်သူ သို့
မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။  ထိုသူများသည် နိုင်ငံခြား  အစိုးရ၏ 
လက်အောက်ခံ ဖြစ်သူ သော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသား   သော် လည်းကောင်း 
ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို  ခံစားနိုင်  ခွင့်ရှိသူများ မဖြစ်စေရ” 
ဟု ပါရှိသည်။

 

သတင်းရင်းမြစ်း  မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>