ယခုလနောက်ဆုံးပတ်၌ RCSS/SSA က ခြောက်လပတ် အစည်းဝေးကျင်းပရာ ဆုံးဖြတ်
ချက်များ အနက် ငြိမ်းချမ်းရေးစောင့်ကြည့် ရေးကော်မတီ ဖွဲ့နိုင်ရေး အတွက် အစိုးရ
ကိုယ်စားလှယ်နှင့် ရှေ့လအတွင်း တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ်ပါ ဆုံးဖြတ်ထားသည်ဟု
တက်ရောက်သူ အရာရှိတဦးက ပြောပါသည်။
“ငြိမ်းချမ်းရေးခရီးစဉ်ကတော့ ကျနော်တို့ချထားတဲ့ နဂိုပေါ်လစီအတိုင်းဘဲ ဆက်သွား မှာဘဲ။
ကျနော်တို့ အစည်းအဝေးက ၂၆ နဲ့ ၂၇ ရက် ဌာနချုပ်လွယ်တိုင်းလျဲန်းမှာလုပ်တယ်။ ဆုံးဖြတ်
ချက် ကိုတော့ (စတိတ်မဲန့်) ထုတ်ပြန်ကြေငြာချက်နဲ့ ထုတ်ပြန်တယ်” - ဟု အမည်မဖေါ်လို
သည့် ဌာနချုပ်မှ အရာရှိတဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး
သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ၆ လပတ်အစည်းအဝေး၌ အဓိက ဆုံးဖြတ်
ချက် ၂ ချက် ချမှတ်ကြောင်း ပထမ အချက်က မတ်ခ်ျ ၁၆-၁၇ အစည်းအဝေး ဆုံးဖြတ်ချက်
အရ ငြိမ်းချမ်းရေးတည်ဆောက်စဉ် ၆ ချက် အတိုင်းလျှောက်လှမ်းမည့်အကြောင်း အဆိုပါ
အရာရှိက သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။
ထိုအချက် ၆ ချက် မှာ -
၁။ သျှမ်းပြည်သားများသွေးစည်းညီညွတ်ရေး နှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်
ထိုအချက် ၆ ချက် မှာ -
၁။ သျှမ်းပြည်သားများသွေးစည်းညီညွတ်ရေး နှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်
ရေး၊
၂။ တိုင်းရင်းသားတိုင်း၊ ပြည်နယ်တိုင်း တန်းတူရေး နှင့် ခွဲထွက်ရေး မခွဲထွက်ရေးအတွက်
၂။ တိုင်းရင်းသားတိုင်း၊ ပြည်နယ်တိုင်း တန်းတူရေး နှင့် ခွဲထွက်ရေး မခွဲထွက်ရေးအတွက်
လူထု ဆန္ဒသဘော ထားအပေါ်မူတည်၊
၃။ ပါလီမန်ဒီမိုကရေစီစနစ်အားနားလည်စွာဖြင့် မိမိအခွင့်အရေး အသုံးပြုတတ်ရေးအတွက်
သျှမ်းပြည်သားများအား တွေ့ဆုံစည်းရုံးဟောပြောရှင်းလင်းရေး၊
၎။ သမ္မတကြီးဦးသိန်းစိန်နှင့်လက်တွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
၅။ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ရပ်တည်၍ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေ
၎။ သမ္မတကြီးဦးသိန်းစိန်နှင့်လက်တွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
၅။ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ရပ်တည်၍ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေ
ရှင်းရေး၊
၆။ မလွှဲမရှောင်နိုင်သည့်အဆင့်မှသာ စစ်ရေးနည်းဖြင့်အသုံးပြုဖြေရှင်းရေး၊ သျှမ်းပြည်
၆။ မလွှဲမရှောင်နိုင်သည့်အဆင့်မှသာ စစ်ရေးနည်းဖြင့်အသုံးပြုဖြေရှင်းရေး၊ သျှမ်းပြည်
တပ်မတော်သည် လူထုအသက်အိုးအိမ်စည်းဇိမ်လုံခြုံမှုအတွက်အကာအကွယ်
ပေးရေး -
စသဖြင့် RCSS/SSA ၏ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။
“ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ လာမယ့်ဩဂတ်စ်
“ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ လာမယ့်ဩဂတ်စ်
လ ထဲမှာ အစိုးရ ကိုယ်စား လှယ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမယ် လို့ ဆုံးဖြတ်တယ်” ဟု
အဆိုပါအရာရှိတဦး က ပြောပြပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး
တည်ဆောက်ထားသည်ဟု ဆိုသော်ငြားလည်း အစိုးရတပ်၏ နယ်မြေရှင်းလင်း
ရေးကြောင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
သတင်းရင်းမြစ်
း သျှမ်းသံတော်ဆင့်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။