အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 18, 2012

(၆၅)နှစ်မြောက်အာဇာနည်နေ့တွင်သံအမတ်ကြီးများအားပန်းခွေချခွင့်ပြန်ပေးခဲ့

ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျဆုံးခဲ့သောနိုင်ငံခေါင်းဆောင်ကြီးများအားဂုဏ်ပြုနိုင်ရန်အတွက် ယခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့မှစ၍ နိုင်ငံတကာမှသံတမန်ကြီးများအား ရန်ကုန်မြို့ရွှေတိဂုံမြောက်ဘက် မုခ်ရှိ အာဇာနည်ဗိမာန်၌ လွမ်းသူပန်းခွေချခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာ ယာ ရေး ၀န်ကြီးဌာနက သိရှိ ရသည်။နှစ်စဉ်အာဇာနည်နေ့ကျင်းပချိန်၌ အာဇာနည်ခေါင်းဆောင်ကြီးများ အားပြည်ပနိုင်ငံများမှ သံတမန်များက ၁၉၈၈နောက်ပိုင်းမှ စတင်ကာ လွမ်းသူပန်းခွေချခွင့် မပေးခဲ့ခြင်းအား ယခုနှစ် ၂၀၁၂ခုနှစ်တွင် ခွင့်ပြုပေး လိုက် ခြင်းဖြစ်သည်။  
 
 “ဒီနှစ်ကထူးခြားတဲ့နှစ်လို့ ပြောရပါမယ်။ဒီလိုသံတမန်တွေအာဇာနည်နေ့မှာပါဝင်ခွင့်မပေးခဲ့တာဟာ 
 နှစ်ပေါင်း(၂၀) ကျော် ရှိနေပါပြီ။ အခုပြန်ပြီးပထမဦးဆုံးအစိုးရကခွင့်ပြုလိုက်တာပါ ”ဟုရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန် ရှိ သူတစ်ဦးက ပြောသည်။
 
 ဖိတ်ကြားထားသည့်သံအမတ်ကြီးများတည်းခိုနိုင်ရန်အတွက် ရွှေတိဂုံအောက်ပစ္စယံရှိရခိုင် ဓမ္မာရုံတွင် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။  အာဇာနည်နေ့အခမ်းအနားအား အာဇာနည်ဗိမ္မာန်တွင် နံနက်  (၈) နာရီ၌ မြို့တော်ဝန်မှ ကျင်းပမည်ဖြစ်ကာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့ အစည်း များ(ကြက်ခြေနီ၊ မီးသတ်၊ မိခင် နှင့်ကလေး စောင့်ရှောက်ရေး အစရှိသောလူမှုရေး အဖွဲ့အစည်း များ)မှ  လွမ်းသူ့ပန်းခွေချမည်ဖြစ်ပြီး နံနက် (၁၀) နာရီ အချိန်၌ ဖိတ်ကြား ထားသော သံတမန်များ၊ ပါတီ အဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ လွမ်းသူ ပန်းခွေချခွင့် ရရှိကြ မည်ဖြစ်ကြောင်း  ပြည်သူများကိုမူ
လွမ်းသူပန်းခွေချခွင့်မပြုပဲအလေးပြုခွင့်၊ ဂါရ၀ပြုခွင့် သာပေးမည်ြ ဖစ်ကြောင်း ကိုလည်း သိရှိရ သည်။  
 
“မနှစ်ကလည်း ဒီအတိုင်းပါပဲ ကင်မရာတို့ ဖုန်းတို့ ပန်းတို့ ယူခွင့်မပြုပါဘူး။ အခုနှစ်လဲဘာမှမထူးပါဘူး။ ကျွန်တော်တို့အနေနဲ့ ကတော့ ယူခွင့်မရတဲ့ ကင်မရာတို့ ဖုန်းတို့တော့ ထားပါတော့ ပန်းဆိုတာက သူတို့ စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးပြီးတော့ ခွင့်ပြုသင့်ပါတယ်။ ကျွန်တော်တို့လဲ ကိုယ်တက်နိုင်တာလေးနဲ့ ဂါရ၀ ပြုချင် တာပါ။ မနက်ဖြန်လည်းသွားပြီး အလေးပြုဦးမယ်”ဟု ဗဟန်းမြို့နယ်မှ ကိုမြင့်ဝေ က ပြော သည်။
 
ပြည်သူများအနေဖြင့် နှစ်စဉ်လွမ်းသူပန်းခွေချခွင့်မပြုခဲ့ကြောင်း၊ထိုကဲ့သို့ချခွင့်မပြုရခြင်းမှာပန်းခွေများကြား
တွင်မဖွယ်မရာပစ္စည်း (အန္တရာယ်ဖြစ်သောအရာများ)ပါရှိလာပါက အခမ်းအနားပျက်မည်ကို စိုးရိမ်၍ ချခွင့် မပြုခြင်း ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။
 
 
မြန်မာနိုင်ငံ၌၁၉၇၄ခုနှစ်ဝန်းကျင်ကသံတမန်များအားလွမ်းသူ့ပန်းခွေချခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ 
 တောင်ကိုရီးယားနိုင်ငံ မှမြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရှိကာအာဇာနည်ခေါင်းဆောင်ကြီးများ အလေးပြုအခမ်းအနားတွင်မြောက်ကိုရီးယားမှ အဝေးဗုံးဖြင့်လုပ်ကြံရာမှ တောင်ကိုရီးယားဝန်ကြီး(၄) ဦးနှင့်မြန်မာနိုင်ငံရှိဌာနဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများ ထိခိုက်သေဆုံးမှုများရှိခဲ့သဖြင့် ၁၉၈၈ ခုနှစ်နောက် ပိုင်းမှစတင်ကာသံတမန်များအား အာဇာနည်နေ့အခမ်းအနား၌ လွမ်းသူပန်းခွေချခွင့် ခွင့်မပြု ခဲ့ရာမှ ယခုနှစ်တွင် ပြန်လည် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 သတင်းရင်းမြစ်   Shwe Myitmakha Media Group

 
>>>ဆက်ဖတ်ရန်>>> >>

ကန့်သတ်မှုများနှင့် စုဝေးစီတန်းလှည့်လည်ခွင့်

သီဟရေးသား၍ ခိုင်ထွန်းအား ဖြည့်သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေအား ပြည်ထဲရေးဝန် ကြီးဌာနက ၂၀၁၂ ခုနှစ် ဇူလိုင် ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက် သည်။ အဆိုပါ နည်းဥပဒေ၏ မိခင် ဥပဒေအား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက် ပြည် ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပြီး
ဖြစ်သော် လည်း နည်းဥပဒေမှာမူ ယခုမှ ထွက်ရှိခြင်းဖြစ် သည်။ဥပဒေများ၏ သဘော တ ရားသည် နည်း ဥပဒေထွက်ရှိပြီးမှ သာ အသက်ဝင်ရိုးထုံးစံရှိသော်လည်း အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေသည် နည်းဥပဒေ မထွက်ရှိသေးမီကပင် နိုင်ငံသားများသည် ဒီမိုကရေစီ ၏  အနှစ်သာရအရ မိမိတို့၏ အခက်အခဲများအား ငြိမ်းချမ်းစွာဖြင့် ဖော် ထုတ်လျက် ရှိကြသည်ကို တွေ့နေ ရသည်။လျှပ်စစ်မီး အပြည့်အ၀ရရှိ ရန်အတွက် ဖယောင်းတိုင်လှုပ် ရှားမှု၊ အလုပ်သမားအခက်အခဲ ဆိုင်ရာ လှုပ်ရှားမှုများ၊ မြေယာ သိမ်းယူမှုဆိုင်ရာ လှုပ်ရှားမှုများ စသည့် လှုပ်ရှားမှုများသည် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို အသုံးချပြု လုပ်နေခြင်းပင်ဖြစ် သည်။အာဏာပိုင်များဘက်မှ လည်း နည်းဥပဒေမထွက်ရှိသေး သော်လည်း ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် မိမိတို့၏ ဆန္ဒအား ဖော်ထုတ် လျက်ရှိသည့် ပြည်သူများအား သ ဘောထားကြီးစွာဖြင့် အကာ အ ကွယ်ပေးမှုများလည်း ပြုလုပ်ပေး လျက်ရှိသည်။ယခုနည်းဥပဒေထွက်ရှိလာ သည့်အခါတွင် ဥပဒေ ကပေး သည့် နိုင်ငံသားဆိုင်ရာ အခွင့်အ ရေးများအား အပြည့်အ၀အသုံး ချနိုင်ပြီဖြစ်ကြောင်း ဥပဒေပညာ ရှင်များက သုံးသပ်သည်။

““နည်းဥပဒေထွက်တာနဲ့ မ ထွက်တာနဲ့ ဘာကွာသလဲဆိုတော့ အခုထွက်လာတဲ့ နည်းဥပဒေက ကန့်သတ်ချက်တွေ လုပ်ထုံးလုပ် နည်းတွေနဲ့ ထွက်လာတယ်ဆိုပေ မယ့် ဖွင့်တဲ့လမ်းစ ပေါ်လာတယ် ပေါ့။ အဲဒီအပေါ်မှာပဲ များများ ထွင်သွားရမယ်””ဟု ဥပဒေပညာ ရှင် ဦးအောင်သိန်းက ပြောသည်။ယခု ထွက်ရှိလာ သည့် ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေတွင် အခန်း ၁ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း ၂ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ အ ခန်း ၃ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း၊ အခန်း ၄ အထွေထွေနောက်ဆက် တွဲများဟူ၍ အခန်းလေးခန်းပါ ၀င်သည်။အဆိုပါ ဥပဒေ၏ အခန်း ၂ တွင် ပါရှိသည့် ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ကို ရရှိလိုသူသည် မိမိ ဆောင်ရွက်လိုသည့် ရက်မတိုင်မီ ၅ ရက် ကြိုတင်ပြီး သက်ဆိုင်ရာ မြို့နယ်ရ7xw<_O֝Kwထံ လျှောက် ထားရမည်ဟု ပါရှိသည်။အထက်ပါ အကြောင်း အရာ နှင့် ပတ်သက်၍ အလုပ်သမားအ ရေးနှင့် တောင်သူလယ်သမားအ ရေးများတွင် ပါဝင် အကျိုးဆောင် ပေးနေသူ ရှေ့နေကိုဖိုးဖြူက““ဒီအ ချက်က ကောင်းတယ်။ အရင်က ရှိခဲ့တဲ့ ဗျူရိုကရက် စနစ်ကြီး တစ် ခုလုံးမှာ ဘယ်သူက တာဝန်ခံမှန်း မသိဘူး။ ဘယ်သူ့ဆီရောက်မယ် မှန်းလည်း မသိဘူး။ အထက်က လူကလည်း အောက်ကိုလှမ်းပုတ် တယ်။ အောက်ကလူကလည်း အ ထက်ဆိုပြီး ပြောတယ်။ အခုက မြို့နယ်ရဲတပ်ဖွဲ့မှူးကို တင်ရမယ် ဆိုတဲ့အတွက် သက်ဆိုင်ရာအာ ဏာပိုင်နဲ့ တိုက်ရိုက်ဆက်ဆံခွင့် ရသွားတယ်””ဟုပြောသည်။

ထို့အပြင် အဆိုပါ နည်းဥပ ဒေတွင် ခွင့်ပြုမိန့်တောင်းခံမှုများ အား ဆောလျင်စွာ တင်ပြရ မည်။ ဆောလျင်စွာ ပြန်လည် အကြောင်း ကြားရမည် ဟူသော စာပုဒ်များပါ ရှိသည့်အတွက် ဆောင်ရွက်ရ မည့် ကိစ္စများတွင် နှောင့်နှေးစေ ရန် ပြုလုပ်မည့်အချက်များ မပါ ၀င်ဘဲ တာဝန်ယူမှု တာဝန်ခံမှုများ အား အကောင်အထည်ဖော်ပြီး သား ဖြစ်စေကြောင်း ကိုဖိုးဖြူက အထက်ပါဥပဒေအား သုံးသပ် ပြောကြားသည်။ သို့သော် ဥပဒေတွင် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်များအား ခွင့်မပြုနိုင် ဟူသော အချက်များတွင် ခွင့်မပြုနိုင်သည့် အကြောင်းအ ရင်းအား ခိုင်လုံစွာဖော်ပြရမည် ဟု ပါရှိသည်။ ခွင့်မပြုနိုင်သည့် အကြောင်း များတွင် နိုင်ငံတော်လုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်း သာယာရေး သို့မဟုတ် ပြည် သူတို့၏ ကိုယ်ကျင့်တရား အကျိုး ဌာပြဋ္ဌာန်းထားသည့် ဥပဒေများ ကို ဆန့်ကျင် လျှင် ခွင့်မပြုနိုင် ကြောင်း ပါရှိသည်။ ထိုအကြောင်းများနှင့် စပ် လျဉ်း၍ ““ဘယ်လိုကိစ္စမျိုး ဘယ် လိုအကြောင်းအရာကြောင့် ခွင့်မ ပြုသင့်ဘူးဆိုတာတော့ ဥပဒေမူ တော့ မရှိဘူးဖြစ်နေတယ်။ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပ ဒေမှာတော့ ပါတယ်။ အဲဒါကို မူ တစ်ရပ်လို့တော့ ပြောလို့တော့ရ ပါတယ်””ဟု ကိုဖိုးဖြူကပြောသည်။သို့သော် ““ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေတာက ဘာလဲ၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတာက ဘယ်လိုလဲဆို တာတွေအတွက် ဘယ်လိုကိစ္စရပ် တွေအတွက်တော့ ဆန္ဒပြ ခွင့်လိုင် စင်ကို ခွင့်ပြုမယ်။ ကန့်သတ်မယ် ဆိုတဲ့ အကြောင်းအချင်းအရာ မူ တွေတော့မပါဘူး။ လုပ်ထုံးလုပ် နည်းဆိုင်ရာ မူတွေကို ပြဋ္ဌာန်း ထားသော်ငြားလည်းပဲ ဆန္ဒပြခွင့် ပေးမယ်၊ မပေးဘူးဆိုတဲ့ အ ကြောင်းခြင်း ရာမူတော့ မပါဘူး”” ဟု ကိုဖိုးဖြူက ဆက်လက်ပြော ကြားသည်။

ဆန္ဒပြရန် တောင်းခံရာတွင် တကယ်တန်း အမှန်တကယ် တောင်းခံသည့်အချိန်တွင်မှ မ မျှော်လင့်သည့် အတားအဆီး အ ခက်အခဲများလည်းရှိကြောင်း သိ ရသည်။ဆန္ဒပြရန်အတွက် သက် ဆိုင်ရာသို့ ဇူလိုင် ၁၀ ရက်က ခွင့် ပြုမိန့်လျှောက်ထားခဲ့ကြောင်း နည်းဥပဒေထွက်ရှိပြီးနောက် ဥပ ဒေအတိုင်း ဆန္ဒပြခွင့်လျှောက် ထားခဲ့သူ မတူကွဲပြားခြင်း ငြိမ်း ချမ်းရေးပါတီမှ ဥက္ကဋ္ဌ ဦးနေမျိုး ဝေကပြောသည်။ဆန္ဒပြရန်လျှောက်ထားသည့် အချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး ဆန္ဒပြမည့် ရက်များမှာ ၁၄၊ ၁၅၊ ၁၆၊ ၁၇ နှင့် ၁၈ ရက်များဖြစ်ကြောင်း သိရ သည်။သို့သော် တကယ်တန်းခွင့် ပြုချက်တွင်မူ အချိန်အား နံနက် ၉ နာရီမှ ၁၁ နာရီအထိသာ ခွင့် ပြုခဲ့ပြီး ရက်များကိုလည်း ၁၄ ရက် နေ့သည် လျှောက်ထားသည့် ငါး ရက်မပြည့်သဖြင့် ခွင့်ပြုချက်မရရှိ ဘဲ ၁၇ နှင့် ၁၈ ရက်များသည် အာဇာနည်နေ့နှင့် နီးကပ်သည်ဟူ သော အကြောင်းပြ ချက်ဖြင့် ခွင့် ပြုချက်မရခဲ့ဘဲ ၁၅ နှင့် ၁၆ နှစ် ရက်သာ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။ 

ခွင့်ပြုချက်ရရှိသည့် နှစ်ရက်အပေါ်တွင်တော့ ကျေနပ် မှုရှိကြောင်း ဦးနေမျိုးဝေက ပြော သည်။ဆန္ဒပြရန် ခွင့်ပြုမိန့်တောင်း ခံရာတွင် သက်ဆိုင်ရာမြို့နယ် ရဲ စခန်းသို့ မကြာခဏသွားရောက် ရခြင်းသည်လည်း အခက်အခဲ တစ်ခုဖြစ်ကြောင်း အကယ်၍ မြို့ နယ်ဖြတ်ကျော် ဆန္ဒပြမှုများ ပြု လုပ်မည်ဆိုပါက မြို့နယ် အားလုံး ရှိ ရဲစခန်းများသို့ မကြာခဏသွား ရောက်ရန် အခက်အခဲရှိနိုင် ကြောင်း ဦးနေမျိုးဝေက ပြော သည်။အထက်ပါနည်းဥပဒေတွင် မိမိတို့ဆန္ဒပြမည့် လမ်းကြောင်းများ၊ ပါဝင်မည့် လူအင်အားနှင့်  ကြွေးကြာ် သံများ ကြိုတင်တင်ပြ ရမည်ဟု ပါရှိသည်။သို့သော် တင်ပြရာတွင် အကန့်အသတ်ခွင့် ပြုမှုများရှိနေသည်။ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက် တွင် ဆန္ဒပြမည့်အဖွဲ့မှ တင်ပြသည့် ပိုစတာများအား သက်ဆိုင်ရာက ငါးခုခန့် အား ကိုင်ဆောင်ခွင့်ငြင်း ပယ်ခဲ့ကြောင်း သိရသည်။

အလားတူ လူဦးရေနဲ့ ပတ် သက်၍လည်း ““တကယ်လို့ လူ ၅၀ နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်မှု လုပ်နေတဲ့သူတွေကို တစ် ဖက်အဖွဲ့က လူလေးဆယ် ငါး ဆယ်လောက် လာပေါင်းပြီး ယုတ် ယုတ်လုပ်ရင် ဘယ်လိုလုပ်မလဲ။ုဒါမှမဟုတ် စီတန်းလှည့်လည်လာ တဲ့သူတွေကို စိတ်ပါဝင်စားလို့ လိုက်လာတဲ့ သူတွေ ရှိရင် အဲဒီလူ တွေ အကုန်လုံးအရေးယူခံရမယ့် သဘောရှိတယ်””ဟု ဦးအောင်သိန်း ကပြောသည်။ စီတန်း လှည့်လည်ခွင့်အား ငြင်းပယ်ခံရပါက ငြင်းပယ်ခံရသူ သည် သက်ဆိုင်ရာ ခရိုင် တိုင်း ရဲတပ်ဖွဲ့မှူးထံ အယူခံ ၀င်နိုင်သည် ဟူသည့် အချက်အပေါ်တွင် ဘ ၀င်မကျသည်များလည်း ရှိကြောင်း သိရသည်။ ““မြို့နယ် အဆင့် အရာရှိက ငြင်းပယ်တာကို ခရိုင်အဆင့် တိုင်း အဆင့် အရာရှိက ပြန်ခွင့်ပြုမယ် ဆိုတာ သိပ်တော့ အဓိပ္ပာယ် မရှိ ဘူးဖြစ်နေတယ်။ ဒီကိစ္စတွေက ဥ ပဒေမှာသာ မြို့နယ်အဆင့် အရာ ရှိက တာဝန်အရှိဆုံး ဆိုပေမယ့် သူ တို့ရဲ့ တင်ပြချက်တွေက ခရိုင်တို့ တိုင်းတို့တော့ ရောက်မှာပဲ””ဟု ဥ ပဒေပညာရှင်တစ်ဦးက ဆိုသည်။ထို့ကြောင့် အယူခံဝင်ရမည့် အဖွဲ့အစည်းများသည် လူ့အခွင့် အရေးကော်မရှင်ကဲ့သို့ မည်သည့် သြဇာခံမှမဟုတ်သည့် အဖွဲ့အ စည်းဖြစ်စေလိုကြောင်း ဥပဒေပ ညာရှင်များက ပြောသည်။

““ဒီအဖွဲ့အစည်းကမှ သူတို့ သတ်မှတ်ထားတဲ့ အချက်သုံးချက် နဲ့ညီလို့ ပယ်တယ်ဆိုရင်တော့ မ တတ်နိုင်ဘူးပေါ့””ဟု ဦးအောင် သိန်းက ပြောသည်။ မည်သို့ပင်ဆိုစေ ဆယ်စုနှစ် ပေါင်းများစွာ ရရှိခဲ့ခြင်း မရှိခဲ့ သည့် အခွင့်အရေးတစ်ခုအား ယခုအ ချိန်တွင် ရရှိလာခြင်းအတွက် မြန် မာနိုင်ငံ၏ ဒီမိုကရေစီပြောင်း လဲ ရေးဖြစ်စဉ်တွင် အပေါင်းလက္ခ ဏာဆောင်သော ဖြစ်ရပ်တစ်ခု ပင်ဖြစ်သည်ဟု မြန်မာနိုင်ငံ ၏ ပြောင်း လဲ မှုဖြစ်စဉ်အား လေ့လာ နေသူများက သုံးသပ်ကြသည်။

သတင်းရင်းမြစ်   7 days News   
>>>ဆက်ဖတ်ရန်>>> >>

မန္တလေးမြို့ မှ တပ်မြို့စည်ပင်ဈေး ဆိုင်ခန်းခ တိုး မြှင့် ကောက်ခံမှု ကြောင့် ဆိုင်ခန်းများ ရပ်တည်ရေး ခက်ခဲ ။

မန္တလေးမြို့ မန်းတက္ကသိုလ်အနီး၊ ၃၈လမ်း×၃၉လမ်းကြား၊ ရ၃လမ်းမ ပေါ်ရှိ တပ်မြေပေါ်တွင် ဖွင့်လှစ် ထားသော တပ်မြို့ စည်ပင်သာယာဈေး အတွင်းရှိ ဆိုင်ခန်းများ ကို လစဉ်ကြေးတိုးမြှင့်ကောက် ခံခဲ့ရာ ဆိုင်ခန်းခများ ပေးဆောင်ရန် ကျန်ရှိနေသော ဆိုင်ခန်းများအား ပိတ်သိမ်းရန် ကြေငြာ ချက် ထုတ်ပြန် ခဲ့သည်။

ရက်စွဲ ။ ။ ၅-၇-၁၂ ကြေငြာချက်။

တပ်မြို့ဈေးအတွင်း အငှားချထားသော အောက်အမည်ပါ ဆိုင်ခန်း ငှားရမ်းထားသူများသည် (မေလနှင့်ဂျွန်လ) ဆိုင်ခန်းငှားခများကို (၁၀-၇-၁၂) ရက် နောက်ဆုံးထားပြီး တပ်မြို့စည်ပင်(နန်းတွင်း) သို့လာရောက်ပေးသွင်းရန် အသိပေးအပ်သည်။ သတ်မှတ်ရက် မပေးသွင်းပါက ဆိုင်ခန်းခပေး သွင်းပြီး သည်အထိ ဆိုင်အား ခေတ္တ ပိတ်သိမ်း ထားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည် ။

၁။ ၂၂ ခန်း ဆိုင်အမှတ် ( ၄ ) ဒေါ်စန်းစန်းလွင် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၂။ ၂၂ ခန်း ဆိုင်အမှတ် ( ၆-၇ ) ဒေါ်အားဖုန်း (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၃။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၄ ) ဦးအောင်မြင့် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၎။ ၂၂ ခန်း ဆိုင်အမှတ် (၁၆ ) ဦးစိုးလွင် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၅။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၅ ) ဒေါ်သိသီလှိုင် (ဇွန်လ) ၅၀၀၀၀ ကျပ်

၆။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၉ ) ဦးခင်မောင်ဝင်း (ဇွန်လ) ၅၀၀၀၀ ကျပ်

၇။ ၂၂ ခန်း ဆိုင်အမှတ် ( ၂၀ ) ဒေါ်မြရီ (ဇွန်လ) ၅၀၀၀၀ ကျပ်

၈။၂၂ ခန်း ဆိုင်အမှတ် ( ၂၁ ) ဦးခင်ဦး (ဇွန်လ) ၅၀၀၀၀ ကျပ်

၉။ ၂၂ ခန်း ဆိုင်အမှတ် ( ၂၂ ) ဦးသက်လွင်ဦး (ဇွန်လ) ၅၀၀၀၀ ကျပ်

ထိုသို့ကြေငြာထားပြီးနောက် (၁၇-၇-၁၂)နေ့ ညနေ(၆း၀၀)ခန့်တွင် လက်နက်ကိုင်တပ်ဖွဲ့ အင်အား (၂၀)ခန့်ပါရှိသော တပ်စည်ပင် (နန်းတွင်း) မှ အရာရှိများ ရောက်ရှိလာပြီး ပေးသွင်းရန် ကျန်ရှိနေသူများ အား ဖယ်ရှားရန် ပြောဆိုခဲ့သည်။

ထိုနောက် ညှိနှိုင်းမှု အရ (၂) လစာ ပေးရန်ရှိသူများထံမှ (၁) လစာ ကောက်ယူပြီး ကျန်သည့် တစ်လစာ ကို နောက်တစ်လဆုတ်၍ ပေးသွင်း ရန် သဘောတူပြီး ပြန်လည်ထွက်ခွာသွားကြသည်။

( ရောက်လာ လာခြင်း သေနတ်တွေ နဲ့ ဆိုတော့ အံ့အားသင့်ပြီး လန့်လဲ လန့်သွား တယ် ကြောက် တာပေါ့လေ..ခုတော့ ငါးသောင်းကို မဖြစ် ဖြစ်အောင် တစ်လစာစောင်လိုက်တယ်။ ကျန်တဲ့တစ်လစာ ကို နောက်တလဆုတ်ပေးတယ် ။ကျွန်မက ကြက်ဥ ရောင်းတာပါ ။ တစ်နေ့ အမြတ်ငွေက ၂၀၀၀ (နှစ်ထောင်) ကျပ် ဝန်းကျင်ပဲ ရှိပါတယ် .. တစ်လ ငါးသောင်းဆိုတော့ စားဖို့ ဘာမှ ကျန်မှာ မဟုတ် ဘူးလေ.. ၊ ဟုတ် အဲတာတော့ တင်ပြလိုက်ပါတယ်..။ သူတို့ပြောတာတော့ ပြန်ပြီး လျော့ပေါ့ပေးအောင် တင်ပြပေး မယ် ပြောသွားတယ် ) ဟု ကြက်ဥရောင်းချသူ အမျိုးသမီး တစ်ဦး ကပြောကြားသည်။

ဧပြိလမှာ အစည်းအဝေးခေါ်ပြီးတော့ မူလဆိုင်ခန်းခ(၇၀၀၀)ကျပ်ကနေ ကျပ်ငါးသောင်းဆောင်ခိုင်းတယ်။
ကျွန်တော်တို့က ပထမ ဧပြီလမှာ ငါးသောင်းဆောင်လိုက်တယ် ဆောင်ပြီတော့ သမ္မတဆီမှာအသနားခံစာ တင်လိုက်တယ်။

သမ္မတရယ် ဝန်ကြိးချုပ်ရယ် လွတ်တော်ဥက္ကဌရယ် ကာကွယ်ရေးဦးစီးချုပ်ရယ် ကို အသနားခ့စာတင်တယ် အဲဒီက ကျလာရင် လျော့ပေးမယ်လိုပြောတယ်။ ၅လပိုင်း ၆လပိုင်းမှာ ကျောင်းဖွင့်ချိန်တိုက်နေတော့ ကျွန်တော်တို့ က ကျောင်းဖွင့်ရာသီ ဖြစ်တယ် ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်တဲ့ အကြောင်း အသနားခံစာတင်တယ်။ အဲဒီမှာ အစည်းအဝေးခေါ်တယ် ဘယ်နေ့ ဘယ်ရက်မှာ ဆောင်ရမယ် မဆောင်ရင် ချိတ်ပိတ်မယ်လို့ ခေါ်ပြောတယ်။ ဒီနေ့မနက်(၁၇-၇-၁၂) က အစည်းအဝေးခေါ်တယ် ကျွန်တော်တို့ ၉ ယောက်က မသွားကြဘူး အဲဒီ အတွက် ခုညနေမှာ သူတို့ လိုက်လာကြတယ်ဗျ ၊ ယူနီဖောင်းတွေ လက်နက်တွေ နဲ့ဆိုတော့ကျွန်တော်တို့လဲ ကြောက်တာပေါ့ဗျာ ဟု ဆိုင်ခန်း အမှတ်(၁၆)မှ ဥိးစိုးလွင် က ဖြေကြားသည်။

ကျွန်မ က မုဆိုးမပါ ၊ ကလေးနှစ်ယောက်ရှိပါတယ် အကြီးမလေးက တက္ကသိုလ်တက်နေတာပါ ။ ခုက ဘယ်လိုမှာ အဆင်မပြေတော့လို့ ဆက်မတက်တော့ပါဘူး ။ ခုလဲ မဖြစ်ဖြစ်အောင်ဆောင်လိုက်ရတာပဲ ...ဟုတ်ကဲ့ တနေ့ ဝင်ငွေက၂၀၀၀နဲ့၃၀၀၀ ကြားပဲ ရှိတာပါ။ ဟု တပ်မြို့ဈေးအတွင်း ဈေးရောင်းချသူ အမျိုး သမီးတစ်ဦးမှ ပြောကြားသည်။

ခုစာတင်ထားတာပဲ ဖြစ်စေချင်တာတော့ ၂ဦး၂ဖက် ပြေလည်မယ့် နှုန်းထားလေး ဖြစ်စေချင်ပါတယ် ဟု ၎င်း က ဆက်လက်ပြောကြားသည်။
 
 သတင်းရင်းမြစ်    ဒေါင်းမာန်ဟုန်           
 
 

>>>ဆက်ဖတ်ရန်>>> >>

မြန်မာ့ဆက်သွယ်ရေးက ပြန်လည်စစ်ဆေးရမည့် ညပိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ


  ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညပိုင်းဖုန်းခေါ် ဆိုခမှာကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရကြောင်း သုံးစွဲသူများထံက သိရှိရသည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခများအား မတ်လ (၁၄) ရက်နေ့မှ စတင်၍ ည (၁၁) နာရီမှ နံနက် (၆) နာရီအတွင်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့် သုံးစွဲခွင့် လျှော့ချပေးခဲ့ကြောင်း သိရှိရ သည်။
 
''ဘီလ်စနစ်ကနေကဒ်စနစ် ပြောင်းပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း(၁၁)နာရီခွဲလောက် ဖုန်း အမြဲပြော 
ဖြစ် တယ်။ ဖုန်းမပြောခင် ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ပြီးမှ ပြောတာပါ။ ညဘက် (၁၁) နာရီ ကျော်ရင် (၂၅)ကျပ်ပဲ ကျရမှာ အခုတော့ (၅ဝ) အပြည့်ဖြတ်ထားတာ တွေ့ရပါတယ်။'' ဟု ကမာရွတ် မို့နယ်မှ WCDMAမိုဘိုင်းဖုန်းသုံးစွဲသူ သက်ကိုကိုမြင့်က ပြောသည်။
 
''ညပိုင်းတော့ ဖုန်းသိပ်မပြောဖြစ်တော့ သတိမထားမိဘူး။ ပြီးခဲ့တဲ့ အပတ်ကသတိ ထားပြီးဖုန်းပြော တာဘယ်လောက်ကျသလဲဆိုတာ ကြည့်ပြီး ငွေတွက်ကြည့်တော့ တစ်မိနစ်ကျပ် (၅ဝ)ဖြတ်ထား တာ တွေ့ ရ ပါတယ်။'' ဟု ပဲခူးမြို့နယ်ရှိ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
 
ညပိုင်းဖုန်းခေါ်ဆိုခ ထက်ဝတ်လျော့ချထားသော်လည်း လက်တွေ့တွင် ကျပ်(၅၀)အပြည့် ဖြတ် ခံနေ ရခြင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက MC will ဖုန်းနှင့် တစ်ခါသုံးကဒ်ဖုန်း များမှ လွဲ၍ ကျန်ရှိသည့်မိုဘိုင်းဖုန်း အားလုံး ညပိုင်းခေါ်ဆိုခနှုန်းထားအား ထက် ဝက်လျော့ ချသုံးစွဲခွင့် ပေးထား ကြောင်း လက်ရှိဖြစ်နေသည်များအား ပြန်လည်စစ်ဆေးသွားမည် ဖြစ် 
 ကြောင်းမြန်မာ့ဆက်သွယ်ရေးကဆိုသည်။
 
“စက်တွေနဲ့လုပ်တာဆိုတော့ နာရီက အရေးကြီးတယ်။  နာရီတစ်လုံးနဲ့တစ်လုံးတောင်တူတာမဟုတ်ဘူး၊ (၁၁) နာရီမထိုးခင် စက္ကန်ပိုင်းအလိုလောက်မှာဆက်လည်း အချိန်မတူရင် (၅၀)ဖြစ်သွားတာပဲ၊ (၁၁) နာရီကျော် မှ (၂၅)ကျပ်ဖြစ်မှာလေ” ဟု မြန်မာ့ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
  လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးရုံးမှ ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခနှုန်းထားများအား လျှော့ချပေးရာတွင် FEC တစ်ခါသုံးဖုန်းကဒ်များကိုလည်း လျှော့ချပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

မူဆလင် သူဌေးတစ်ဦးကို နစကမှ လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေး




Downtown-of-Maungdawရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုတွင် ဘင်္ဂလီ များ အား ကူညီအားပေးခဲ့သူ ဘင်္ဂလီမူဆလင် သူဌေး တစ်ဦး ကို နစက လာဘ်ငွေ သိန်း ၁၃၀ ယူပြီး   ပြန်လွှတ်ပေးနေ သည်ဟု သိရသည်။
ပြန်လွှတ်ပေးလိုက်သော ဘင်္ဂလီသူဌေးမှာ မောင်တောမြို့ မှ နာ မည် ကြီး 7 Stars အလီဖြစ်သည်။ သူ့ကို လွှတ်ပေးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ နစကနှင့် နီးစပ်သူတစ်ဦးက အာရ်ကန်တိုင်း သတင်းဌာန သို့ ပြော သည်။\

" မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ အာလီက ကြိုးကိုင်ပြီး လှုပ်ရှားနေသူ တဦးဖြစ်တဲ့အတွက် သူ့ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ နစက က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ၂၀၁၂ ခု ဇူလိုင်လ ၁၀ ရက်နေ့မှာ သူ့ ကို နစက ဌာနချုပ်က လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေး လိုက်တယ်။" ဟု ပြောသည်။

မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့်ဆူပူအကြမ်းဖက်မှုနှင့်ပတ်သတ်ပြီးစွပ်စွဲချက်များဖြင့် နစက ကွပ်ကဲ ရေး မှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ပြီးနောက်ပိုင်းတွင် လာဘ်ငွေ သိန်း ၁၃၀ ယူပြီး 7 Starsအလီအား ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

7 Stars အလီမှာ လွန်ခဲ့သော ၅ နှစ်ခန့်က 7 Stars အမည်ဖြင့် တည်းခိုခန်းတစ်ခု ဖွင့်လှစ်ခဲ့ရာ တည်းခို ခန်းတွင် လူမရောက်သည့် အတွက် ပိတ်ခဲ့ရသည်။ 7 Stars တည်ခိုးခန်းပိုင်ရှင်ဖြစ်ခဲ့သည့်အတွက် သူ့ကို 7 Stars အလီဟု မောင်တော တမြို့လုံးက ခေါ်ဆိုနေခြင်း ဖြစ်သည်။ မောင်တောမြို့ ဆူပူအကြမ်းဖက်မှုတွင် အဓိက ပါဝင်လုပ်ကိုင်သူအဖြစ် နာမည်ကြီးသူ အသက် ၅၄ နှစ်အရွယ် 7 Stars အလီ မှာ မောင်တောမြို့ အမှတ် ၁ ရပ် ကွက်တွင် အိမ်တလုံး၊ အမှတ် ၅ ရပ်ကွက်တွင် အိမ်တလုံးရှိပြီး ယခုအခါ အဆိုပါ အိမ်များ တွင် မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သတင်းရရှိသည်။
ယခုကဲ့သို့ လာဘ်ငွေယူပြီး အကြမ်းဖက် သမားများကို ပြန်လွတ်ပေးနေသာ နစက နယ်မြေမှူးများတွင် အမှတ် ၇ အလယ်သံကျော် နယ်မြေမှူး၊ အမှတ် ၈ မြင်းလွတ်နယ်မြေမှူးများ အဓိက ပါဝင်သည်ဟု စုံးစမ်း သိရှိရသည်။
ယခုကဲ့သို့ ဆူပူအကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သူတချို့ကို ဖမ်းဆီးထားသော်လည်း တချို့ကို လာဘ်ငွေ ယူပြီး ပြန်လွှတ်ပေးလိုက်သည့်အတွက် အဆိုပါ လွှတ်ပေးသူများက တဖန် ပြန်လာပြီး အကြမ်း ဖက်မှုများ ပြုလုပ် လာမည်ကို ဒေသခံ ပြည်သူများက အထူးစိုးရိမ်နေကြသည်ဟုလည်း သူက ပြော သည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာအများအပြား မီးရှို့ခံရပြီး အကြမ်းဖက် ဆူပူသူများကို ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု စွဲချက်ဖြင့် မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ဇူလိုင်လ ၇ ရက်နေ့က နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့သည်။

သတင်းရင်းမြစ်  arakantimes     
>>>ဆက်ဖတ်ရန်>>> >>

Open Tender အမည်ခံလုပ်ပွဲကြီးလား

 
ပညာရေး ၀န်ကြီးဌာန၏ ၂၀၁၂/၁၃ ဘတ်ဂျက်နှစ် အတွက် တည်ဆောက် ရန်ရှိသော တက္ကသိုလ်  /ကောလိပ် များ ၏ တည်ဆောက်ရေး လုပ်ငန်းများ အတွက် သတင်းစာများမှ တဆင့် ပုဂ္ဂလိက ဆောက် လုပ်ရေး လုပ်ငန်း ကုမ္ပဏီများအား ဇူလိုင်လဆန်းတွင်အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ပါသည်။

ထိုသို့ခေါ်ယူထားသော တက္ကသိုလ်အသီးသီးရှိ တည်ဆောက်ရေးလုပ်ငန်းများမှာ လုပ်ငန်းတန်ဖိုး အနည်း ဆုံး ကျပ်သိန်း တစ်ရာခန့် မှ အများဆုံး ကျပ်သိန်းတစ်သောင်းခွဲခန့်အထိ လုပ်ငန်းများ ပါရှိခဲ့ပါ သည်။

တင်ဒါတင်သွင်းသည်ကုမ္ပဏီများမှလည်း အလယ်/အလတ်ကုမ္ပဏီများပါဝင်သကဲ့သို့ ဧရာရွှေဝါ ၊ Original Group စသည်ဖြင့် ယခင်အစိုးရ လက်ထက်တွင်ကြီးပွားလာခဲ့သော Crony စီးပွားရေးလုပ်ငန်းရှင် အုပ်စုများ နှင့် ယခု အစိုးရလက်ထက် ထိပ်ပိုင်း အစိုးရ၀န်ကြီး ၊ အရာရှိကြီးများနှင့် ဆက်နွယ်သော ကုမ္ပဏီကြီး များလည်းပါဝင်သည်ကိုတွေ့ရှိရပါသည်။

 Tender ပွဲအပြီး ၀န်ကြီးဌာန အရာရှိတစ်ဦး၏ မှတ်ချက်စကားကြောင့် အလယ်အလတ်တန်းနှင့် ကုမ္ပဏီ ငယ်များမှ စိတ်ပျက် အားရော့မှုကြုံတွေ့ခဲ့ရပါသည်။ ထိုအရာရှိ၏ မှတ်ချက်မှာ ၀န်ကြီးဒေါက်တာမြအေး မှ ကုမ္ပဏီကြီးများကိုသာ ဦးစားပေးရွေးချယ်ရန်မှာကြားကြောင်း ပြောဆိုခြင်းဖြစ်သည်။

ထိုမှတ်ချက်အရဆိုလျှင် အလယ်အလတ်ကုမ္ပဏီများ  နှင့် ကုမ္ပဏီငယ်များမှာ ကုမ္ပဏီကြီးအဆင့်သို့ ရှင်သန် ကြီး ထွားခွင့် ကိုပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပါသည်။

အခြားကြားသိရသည့် အချက်တစ်ခုမှာလည်း Tender စတင်ခေါ်ယူစဉ်ကာလက ကုမ္ပဏီ Profile နှင့် Details တွက်ချက်မှုများ ပါရှိရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း လူသိများသော ကုမ္ပဏီကြီး 
တော်တော် များများမှာ ထိုအချက်များကိုယူဆောင်လာခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

Tender ပွဲမှာလည်း ရှုပ်ရှက်ခတ် ၍ လူများအုံလျှက် ဘုရားပွဲဈေးတန်းကဲ့သို့ဖြစ်နေပါသည်။ ထိုကြောင့် အထက်ပါ အချက်များကို ကြည့်၍ Open Tenderဟုဆိုသော်လည်း စည်းကမ်းနှင့် ပြည့်စုံမှုမရှိသော ကုမ္ပဏီကြီးများကိုသာဦးစားပေးရွေးချယ်မှုပြုခဲ့လျှင် ပညာရေးဝန်ကြီးနှင့် ကုမ္ပဏီကြီးများ၏ လက်ဝါးရိုက်ပြီး သား Tender ပွဲကြီးဟုသာ ထင်မြင်ရန်ရှိသည်ဟု Open Tenderပွဲ တက်ရောက်ခဲ့သူများက Myanmar News Now ကိုပြောပြပါသည်။
 
သတင်းရင်းမြစ်    သစ်ထူးလွင်      
>>>ဆက်ဖတ်ရန်>>> >>