ပညာရေး ၀န်ကြီးဌာန၏ ၂၀၁၂/၁၃ ဘတ်ဂျက်နှစ် အတွက် တည်ဆောက် ရန်ရှိသော တက္ကသိုလ် /ကောလိပ် များ ၏ တည်ဆောက်ရေး လုပ်ငန်းများ အတွက် သတင်းစာများမှ တဆင့် ပုဂ္ဂလိက ဆောက် လုပ်ရေး လုပ်ငန်း ကုမ္ပဏီများအား ဇူလိုင်လဆန်းတွင်အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ပါသည်။
ထိုသို့ခေါ်ယူထားသော တက္ကသိုလ်အသီးသီးရှိ တည်ဆောက်ရေးလုပ်ငန်းများမှာ လုပ်ငန်းတန်ဖိုး အနည်း ဆုံး ကျပ်သိန်း တစ်ရာခန့် မှ အများဆုံး ကျပ်သိန်းတစ်သောင်းခွဲခန့်အထိ လုပ်ငန်းများ ပါရှိခဲ့ပါ သည်။
တင်ဒါတင်သွင်းသည်ကုမ္ပဏီများမှလည်း အလယ်/အလတ်ကုမ္ပဏီများပါဝင်သကဲ့သို့ ဧရာရွှေဝါ ၊ Original Group စသည်ဖြင့် ယခင်အစိုးရ လက်ထက်တွင်ကြီးပွားလာခဲ့သော Crony စီးပွားရေးလုပ်ငန်းရှင် အုပ်စုများ နှင့် ယခု အစိုးရလက်ထက် ထိပ်ပိုင်း အစိုးရ၀န်ကြီး ၊ အရာရှိကြီးများနှင့် ဆက်နွယ်သော ကုမ္ပဏီကြီး များလည်းပါဝင်သည်ကိုတွေ့ရှိရပါသည်။
Tender ပွဲအပြီး ၀န်ကြီးဌာန အရာရှိတစ်ဦး၏ မှတ်ချက်စကားကြောင့် အလယ်အလတ်တန်းနှင့် ကုမ္ပဏီ ငယ်များမှ စိတ်ပျက် အားရော့မှုကြုံတွေ့ခဲ့ရပါသည်။ ထိုအရာရှိ၏ မှတ်ချက်မှာ ၀န်ကြီးဒေါက်တာမြအေး မှ ကုမ္ပဏီကြီးများကိုသာ ဦးစားပေးရွေးချယ်ရန်မှာကြားကြောင်း ပြောဆိုခြင်းဖြစ်သည်။
ထိုမှတ်ချက်အရဆိုလျှင် အလယ်အလတ်ကုမ္ပဏီများ နှင့် ကုမ္ပဏီငယ်များမှာ ကုမ္ပဏီကြီးအဆင့်သို့ ရှင်သန် ကြီး ထွားခွင့် ကိုပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပါသည်။
အခြားကြားသိရသည့် အချက်တစ်ခုမှာလည်း Tender စတင်ခေါ်ယူစဉ်ကာလက ကုမ္ပဏီ Profile နှင့် Details တွက်ချက်မှုများ ပါရှိရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း လူသိများသော ကုမ္ပဏီကြီး

တော်တော် များများမှာ ထိုအချက်များကိုယူဆောင်လာခြင်းမရှိကြောင်းတွေ့ရှိရပါသည်။
Tender ပွဲမှာလည်း ရှုပ်ရှက်ခတ် ၍ လူများအုံလျှက် ဘုရားပွဲဈေးတန်းကဲ့သို့ဖြစ်နေပါသည်။ ထိုကြောင့် အထက်ပါ အချက်များကို ကြည့်၍ Open Tenderဟုဆိုသော်လည်း စည်းကမ်းနှင့် ပြည့်စုံမှုမရှိသော ကုမ္ပဏီကြီးများကိုသာဦးစားပေးရွေးချယ်မှုပြုခဲ့လျှင် ပညာရေးဝန်ကြီးနှင့် ကုမ္ပဏီကြီးများ၏ လက်ဝါးရိုက်ပြီး သား Tender ပွဲကြီးဟုသာ ထင်မြင်ရန်ရှိသည်ဟု Open Tenderပွဲ တက်ရောက်ခဲ့သူများက Myanmar News Now ကိုပြောပြပါသည်။

သတင်းရင်းမြစ်
း သစ်ထူးလွင်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။