အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, August 7, 2012

မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား

အင်အားပြင်း မုန်တိုင်းအန္တ ရာယ် ယခုနှစ်အောက်တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း
 မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် က  သတိပေး ပြောကြားလိုက်သည်။


 
မုန်တိုင်းအန္တရာယ်နှင့်အတူအ ချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းနှင့်ရေကြီးခြင်းအန္တရာယ် 
တို့ကိုပါကြုံတွေ့နိုင်သည် ဟု ဆိုသည်။နှစ်စဉ်မြန်မာ နိုင်ငံ သို့မုန်တိုင်း များဝင်ရောက်
လေ့ရှိပြီး၂၀၁ဝ ခုနှစ်နှင့်  ၂၀၁၁  ခုနှစ်အောက်တိုဘာလ  တွင်အင်အားပြင်း မုန်တိုင်း
များဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် လည်းမုန်တိုင်း ဝင်ရောက်နိုင်သဖြင့် သတိ ပေးပြော
ကြားခြင်း ဖြစ်ကြောင်းသိရသည်။

''၂၀၁ဝအောက်တိုဘာမှာဂီရိ မုန်တိုင်း ဝင်တယ်။ ၂၀၁၁ အောက်တိုဘာမှာ အိုတူးဘီ
မုန်တိုင်း ဝင်ခဲ့တယ်။ ဒါကြောင့် အောက်တိုဘာမှာ သတိထားပါ။၁၃၅  နှစ်အတွင်းမှာ
ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်း မဖြစ်တဲ့ နှစ်မရှိဘူး။ အနည်းဆုံး၃ လုံးကနေ ၎
လုံးဖြစ်ကိုဖြစ်တယ်။ မိုးလွန်ကာလမှာ မုန် တိုင်း အန္တရာယ် ရှိတယ်။ မုန်တိုင်းကြောင့်
အ ချိန်အခါမဟုတ်ရွာတဲ့မိုးရွာနိုင်တယ်။ဒါက ဒုတိယအန္တရာယ်။ တတိယ အန္တရာယ်
 က မုန်တိုင်းဝင်ရင်ရေကြီးမှုအန္တရာယ်ဆိုးနိုင် တယ်'' ဟုဒေါက်တာထွန်းလွင် ကပြော 
သည်။

မြန်မာနိုင်ငံ၌မုန်တိုင်းရာသီ  ၂    ကြိမ်ရှိပြီးပထမရာသီ မှာမေလဖြစ်ပြီး ဒု တိယရာသီမှာ
 အောက်တိုဘာ နှင့် နိုဝင်ဘာ ဖြစ်ကြောင်း၊   ရေကြီးကာလမှာ    ၃   ကြိမ်ရှိကာ ဇွန်နှင့်
ဇူလိုင်တွင်ပထမကာလ  ၊ဇူလိုင်နှင့်ဩ ဂုတ် သည် ဒုတိယကာလဖြစ်ပြီး    စက်တင်ဘာ
 နှင့်အောက်တိုဘာမှာ တတိယကာလအဆိုး ဆုံးဖြစ်သည် ဟု သိရသည်။

''စက်တင်ဘာ ၊အောက်တိုဘာ  မှာရေကြီးရင်  အပြင်းထန်ဆုံး  အဆိုးဆုံးပဲ။  ဒီကာလနဲ့
မုန်တိုင်း ဝင်နိုင် တဲ့ အချိန်တိုက် နေ တာစိုးရိမ်ရတယ်''ဟုယင်းကဆက်လက် ပြောကြား
သည်။ ၁၈၇၇ ခုနှစ်မှ၂၀၁၁ခုနှစ်အထိ နှစ်ပေါင်း၁၃၅နှစ် အတွင်းဘင်္ဂလားပင်လယ် အော်
တွင်မုန်တိုင်း ၁၃၁ဝ  လုံးဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅  လုံး  ဝင်ရောက်ခဲ့ ရာ 
၆ရာခိုင်နှုန်းခန့်မုန်တိုင်းဝင်ရောက်မှုရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ သောမုန်တိုင်း၈၅လုံး၏၄၉ရာခိုင်နှုန်းမှာ အောက်တိုဘာနှင့်
နိုဝင်ဘာလများတွ င်ဝင် ရောက်ခဲ့သည်ဟုသိရသည်။
 
သတင်းရင်းမြစ်   Yangon Media Group
>>>ဆက်ဖတ်ရန်>>> >>

ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်း
တွက်ချက် ဖော်ပြထားသည့် ငလျင်ဇုန်ပြ မြေပုံအား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ 
ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိမည် ဖြစ်သည်။



လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော် 
 မိုးလေဝသနှင့် ဇလဗေဒ ဌာနအောက်ရှိ ငလျင်ဌာနတို့က ပူးပေါင်း ဖြန့်ချိမည် ဖြစ်ပြီး 
အရေအတွက်ကိုမူ သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ထားကြောင်း သိရသည်။

အဆိုပါ မြေပုံအား ထိုင်းနိုင်ငံ အခြေစိုက် အာရှ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်
ဆင်ရေး ဌာန အပါအဝင်မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရှိ ငလျင်ကော်မတီ၊ မိုးလေ
ဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုး ဦးစီးဌာန၊ တက္ကသိုလ်များရှိ ဘူမိဌာနနှင့် မန္တလေး
မြို့တော် စည်ပင်တို့က နှစ်နှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လအတွင်း ရေးဆွဲပြီးစီး   ခဲ့သည့် အဆိုပါ မြေပုံကို အင်ဂျင်နီယာများ၏ 
ပညာရပ်ပိုင်း   ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အသုံးတည့်နိုင်ရေး  အတွက်  အဓိက  ရည်ရွယ်ပြီး
 ငလျင်ပြင်းထန်အား ခံနိုင်ရည်ရှိမှု၊ ငလျှင်လှိုင်း   အရှိန်နှစ်   ကြာရှည်ခံ   ရနိုင်မှု  တို့ကို
 probability seismic hazard assessment (ငလျင်လှုပ်ခတ်ခဲ့မှု သမိုင်းစဉ်ပေါ် အခြေခံ
 တွက်ချက် ထားသည့် အကဲဖြတ်စနစ်) ဖြင့် ရေးဆွဲထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ
 အသင်း၊ ငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြောသည်။

၂၀၀၆ ခုနှစ်ခန့်က မြေငလျင် ကော်မတီ၊ ဘူမိသိပ္ပံ အသင်းနှင့် အင်ဂျင်နီယာ အသင်းတို့ 
ပူးပေါင်းကာ  လူတိုင်း  သိရှိနိုင်သည့် ငလျင်ဇုန်ပြမြေပုံ ကို ထုတ်ဝေ  ခဲ့ဖူးပြီး ၎င်းအတွက် 
အချိန် သုံးနှစ်ကြာ ရေးဆွဲခဲ့ရသည်။

“ငလျင်နဲ့ပတ်သက်ပြီး လူတိုင်း သတိထားနိုင်ဖို့အတွက် ဒီမြေပုံကို ရေးဆွဲခဲ့ရပါတယ်။ 
ဇွန်လက ရေးဆွဲပြီးစီးခဲ့တဲ့ မြေပုံ ကတော့ အင်ဂျင်နီယာတွေအတွက် ဆောက်လုပ်ရေး 
လုပ်ငန်းခွင်တွေမှာ ပိုအသုံးဝင်နိုင်အောင် အဓိက ရည်ရွယ်ရေးဆွဲတယ်” ဟု ဦးစိုးသူရထွန်း 
က ပြောသည်။

ရန်ကုန်တိုင်းအတွင်းတွင် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းမှအပ အခြား နေရာများသည်
 နုန်းတင်မြေနုများဖြစ်သဖြင့် ငလျင်ဒဏ် ခံရကြောင်း သိရသည်။

 သတင်းရင်းမြစ်    မဇ္ဈိမ             
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို ထပ်မံသွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် 
လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၃ ရက်နေ့မနက် ၁၀  နာရီက သူ့မရဲ့
မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူး မြို့နယ်ကို သွားရောက်  ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်
ဟာ အရင်ဦးဆုံး ကော့မှူးမြို့နယ်က မဟာဝိဇ္ဇောဒယ ကျောင်းတိုက်  ဆရာတော်ကိုသွား
ရောက်ဖူး မျှော်ခဲ့ပြီး အဲဒီမှာပဲ ကော့မှူးမြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ခဲ့တာပါ။
 အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရုံး ကို သွားရောက်ပြီး သင်တန်းသားအချို့နဲ့ တွေ့ဆုံခဲ့သလို     ကော့မှူးမြို့နယ် အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး ကိုသွားရောက်ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါ
တယ်။
 
သတင်းရင်းမြစ်    BurmaVJ        

>>>ဆက်ဖတ်ရန်>>> >>

အင်းစိန်ပန်းခြံအနီး ဆန္ဒထုတ်ဖော်သောဈေးသည်အချို့ခေါ်ယူစစ်ဆေးခံရ

77 · ·
>>>ဆက်ဖတ်ရန်>>> >>

ကျောက်တော်မြို့နယ် နောက်ဆုံးအခြေအနေ နှင့် ဆူပူမှုအတွင်း လူသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀)  ကျော် ကွာဝေးတဲ့  ကျောက်တော် မြို့နယ်က မူဆလင်
 အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ 
စုံစမ်း သိရှိရပါတယ်။
 
 ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု
တွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ   ၅   ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ 
အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ်  ရွာတစ်ရွာ မီးရှို့ခံ  ခဲ့ရတယ်လို့   ကျောက်
တော်  ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"နောက်ဆုံး အခြေအနေက ဒီနေ့နေ့လည် ၁၁ နာရီမှာ ကျွန်တော်တို့ ရွာညာရွာဆိုတာ
 အိမ်ခြေ ၁၁၀၊ ၁၃၀ လောက်ပဲ ရှိတဲ့ ရွာပါ။ ရွာသေးသေးလေးပါပဲ။ ဒါပေမဲ့ သူ့ပတ်ခြာ
လည်မှာတော့  ရခိုင်ရွာတွေပေါ့နော်။ အဲဒီရွာကို နေ့လည် ၁၁ နာရီမှာ မီးရှို့  တယ်ဗျ။ 
 မီးရှို့တော့ အခု ၁ နာရီခွဲလောက်မှာ အကုန်လုံး တစ်အိမ်မှ မကျန် အကုန်လုံး ပါသွား
ခင်ဗျ။ အားလုံးကလည်း ကစဥ့်ကလျားနဲ့ သွေးပျက်ပြီး   ထွက်ပြေးနေ  ရတဲ့  အချိန်ဆို
တော့ ကျွန်တော်တို့  တိတိ  ကျကျတော့ မသိ ရသေးဘူးဗျ။      ဒါပေမဲ့    ဖြစ်ဖြစ်ခြင်း 
အပေါက်ဝဆိုတဲ့ မြို့မှာ၊ အပေါက်ဝဆိုတာ ဒါဒုတိယအကြိမ်   မီးရှို့  ခံရတာပါ။ ပထမ
တစ်ကြိမ်က ၁၅ ရက် ၆ လမှာ တစ်ကြိမ်လောင်ပြီးတော့ ၄၆ အိမ် ပါပြီးပြီ။ ဒုတိယတစ်
ကြိမ် ထပ်လောင်တာက  အဲဒီမှာ အိမ်   ၅၀   ကျော်ပါတယ် ပြောတယ်  ထပ်ပြီးတော့၊
 နောက်ထပ် အဲဒီမှာ လူ ၄ ယောက်သေတယ် ပြောပါတယ်ဗျ။ အမျိုးသား ၃ ယောက်၊ 
အမျိုးသမီး ၁ ယောက်"
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရ
သူ (၂) ဦးရှိပြီး အသေအပျောက် စာရင်းကို  မရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
"ကျောက်တော်မြို့နယ် အခု ဖြစ်တာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ဘယ်သူရှို့တယ်ဆို
တာ စုံစမ်းတုန်းရှိနေသေးတယ်။ အသေအပျောက်တော့ မကြားသေးဘူးခင်ဗျ။ ဒဏ်ရာ
ရတာတော့ ကြားတယ်ခင်ဗျ။ အတိအကျတော့ ကျွန်တော်တော့ မသိသေးဘူး။ အဲဒီမှာ 
မီးရှို့တာ ဘယ်သူရှို့မှန်းကို မသိသေးဘူး ဖြစ်နေတယ်  အခုက၊ ရခိုင်  အိမ်တွေရော၊ 
ကုလားအိမ်တွေရော  ဆိုတော့လေ။ ကျွန်တော်တို့  အခု  သိရတာက ဒဏ်ရာ  ရတာ
 နှစ်ယောက်လို့ ကြားပါတယ်"
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
 ဦးအောင်မြကျော်ကတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရကြား ပူးပေါင်းဆောင်ရွက်
မှုတွေ ပိုပြီးလိုအပ်လာတယ်လို့ ပြောပါတယ်။
"တချို့ကဏ္ဍတွေမှာက ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်က ရှိတယ်လို့ မတွေ့ရဘူး။ အပေါ်
ကပဲ အဲလိုမျိုး ဆင်းလာတယ်။ ဒီပြည်နယ်မှာ  ပြည်နယ်နဲ့ ပတ်သက်တဲ့   အခြေ အနေ 
အတိုင်းအတာကို ပြည်နယ်အစိုးရက အများသိပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ပိုင်
ခွင့်က လုပ်ချင်တဲ့ကဏ္ဍတွေ၊ ဖြစ်ချင်တဲ့  ကဏ္ဍတွေပေါ့၊ လုပ်ပိုင်ခွင့်  မရဘဲ အဲဒီ  အပေါ်
လို့ခေါ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေက လာတယ်။ ဒု ဝန်ကြီးတွေက လာတယ်။   အဲတာ
တွေ command ပေးတဲ့ အောက်မှာပဲ လုပ်နေရတဲ့ သဘောမျိုးဆိုတော့ အဲတာ တိုင်ပင်မှု
ကဏ္ဍတွေက ဒီဘက်က အခြေအနေတွေကို အမှန်တကယ် အောက်ခြေအထိ လေ့လာ
မှုမရှိပဲ အပေါ်ကပဲ command ပေးနေတဲ့    ကဏ္ဍတွေမှာ  အဲဒီလိုမျိုး ဖြစ်လာတဲ့ အတိုင်း
အတာမှာ အဓိကရုဏ်းက ပြီးသွားမှာ မဟုတ်ဘူး။ တခြားမြို့ တွေကိုလည်း ကူးဆက်သွား
မဲ့  အတိုင်းအတာမျိုးကိုတော့ မြင်နေရတယ်"
ကျောက်တော်မြို့နယ် အပေါက်ဝ၊ ဂုတ်ဘီထောင့်၊ ရွှေလှိုင်နဲ့ တောင်ပေါက် စတဲ့ကျေးရွာတွေ
မှာ မနေ့က သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေ
နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် နေအိမ်  မီးရှို့မှုတွေ
 ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ  ရိုဟင်ဂျာတွေ   ဂျင်ကလိတွေ၊
 လေးဂွတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ရာကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ
တွေက ပြောပါတယ်။ မနေ့က  နေ့လည်   (၁)   နာရီခန့်မှာ အဲဒီလို နေအိမ်မီးရှို့မှုတွေကြောင့် 
အိမ်ခြေ (၁၀၀) ခန့်ရှိတဲ့ ကျောက်တော်မြို့နယ် ဂုတ်ဘီထောင် ကျေးရွာမှာလည်း နေအိမ် (၅၃)
လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံး သွားတယ်လို့ ဂုတ်ဘီထောင် ကျေးရွာသား တစ်ဦးဖြစ်သူ 
ကိုမျိုးထွန်းလှိုင်က RFA ကိုပြောပါတယ်။

ဒါ့အပြင် မနေ့က နေ့လည် (၂) နာရီခန့်အချိန်က အိမ်ခြေ (၁၀၀၀) ကျော်ခန့်ရှိတဲ့ အပေါက်ဝ
 ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီနေအိမ် (၂၅) အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာမှာ 
အိမ်ခြေ (၁၀၆) လုံးခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အခုလို ဒေသခံ ရခိုင်
တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ ပဋိပက္ခတွေအပြန်အလှန် ဖြစ်ပွားနေတဲ့အချိန်မှာ 
အပေါက်ဝ ကျေးရွာမှာတော့ အာဏာပိုင်တွေနဲ့ စစ်တပ်က အချိန်မီ  ထိန်းသိမ်း  ခဲ့ပေမယ့် 
ဂုတ်ဘီထောင် ကျေးရွာမှာတော့ အာဏာပိုင်တွေက   အခင်းဖြစ်ပြီး   (၃)    နာရီလောက်  
အကွာမှာ ရောက်ရှိလာတဲ့အတွက် မီးလောင်ဆုံးရှုံးမှု ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ တင်းမာလျက်ရှိနေပြီး လုံခြုံရေးတွေ
ကို တင်းကျပ်စွာ ချထားတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်    RFA     
 

Fighting in Myanmar's Rakhine state has killed 80 people from both sides, 
Buddhists and Muslim Rohingya, since June (AFP/File)

>>>ဆက်ဖတ်ရန်>>> >>