အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, August 7, 2012

မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား

အင်အားပြင်း မုန်တိုင်းအန္တ ရာယ် ယခုနှစ်အောက်တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း
 မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် က  သတိပေး ပြောကြားလိုက်သည်။


 
မုန်တိုင်းအန္တရာယ်နှင့်အတူအ ချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းနှင့်ရေကြီးခြင်းအန္တရာယ် 
တို့ကိုပါကြုံတွေ့နိုင်သည် ဟု ဆိုသည်။နှစ်စဉ်မြန်မာ နိုင်ငံ သို့မုန်တိုင်း များဝင်ရောက်
လေ့ရှိပြီး၂၀၁ဝ ခုနှစ်နှင့်  ၂၀၁၁  ခုနှစ်အောက်တိုဘာလ  တွင်အင်အားပြင်း မုန်တိုင်း
များဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် လည်းမုန်တိုင်း ဝင်ရောက်နိုင်သဖြင့် သတိ ပေးပြော
ကြားခြင်း ဖြစ်ကြောင်းသိရသည်။

''၂၀၁ဝအောက်တိုဘာမှာဂီရိ မုန်တိုင်း ဝင်တယ်။ ၂၀၁၁ အောက်တိုဘာမှာ အိုတူးဘီ
မုန်တိုင်း ဝင်ခဲ့တယ်။ ဒါကြောင့် အောက်တိုဘာမှာ သတိထားပါ။၁၃၅  နှစ်အတွင်းမှာ
ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်း မဖြစ်တဲ့ နှစ်မရှိဘူး။ အနည်းဆုံး၃ လုံးကနေ ၎
လုံးဖြစ်ကိုဖြစ်တယ်။ မိုးလွန်ကာလမှာ မုန် တိုင်း အန္တရာယ် ရှိတယ်။ မုန်တိုင်းကြောင့်
အ ချိန်အခါမဟုတ်ရွာတဲ့မိုးရွာနိုင်တယ်။ဒါက ဒုတိယအန္တရာယ်။ တတိယ အန္တရာယ်
 က မုန်တိုင်းဝင်ရင်ရေကြီးမှုအန္တရာယ်ဆိုးနိုင် တယ်'' ဟုဒေါက်တာထွန်းလွင် ကပြော 
သည်။

မြန်မာနိုင်ငံ၌မုန်တိုင်းရာသီ  ၂    ကြိမ်ရှိပြီးပထမရာသီ မှာမေလဖြစ်ပြီး ဒု တိယရာသီမှာ
 အောက်တိုဘာ နှင့် နိုဝင်ဘာ ဖြစ်ကြောင်း၊   ရေကြီးကာလမှာ    ၃   ကြိမ်ရှိကာ ဇွန်နှင့်
ဇူလိုင်တွင်ပထမကာလ  ၊ဇူလိုင်နှင့်ဩ ဂုတ် သည် ဒုတိယကာလဖြစ်ပြီး    စက်တင်ဘာ
 နှင့်အောက်တိုဘာမှာ တတိယကာလအဆိုး ဆုံးဖြစ်သည် ဟု သိရသည်။

''စက်တင်ဘာ ၊အောက်တိုဘာ  မှာရေကြီးရင်  အပြင်းထန်ဆုံး  အဆိုးဆုံးပဲ။  ဒီကာလနဲ့
မုန်တိုင်း ဝင်နိုင် တဲ့ အချိန်တိုက် နေ တာစိုးရိမ်ရတယ်''ဟုယင်းကဆက်လက် ပြောကြား
သည်။ ၁၈၇၇ ခုနှစ်မှ၂၀၁၁ခုနှစ်အထိ နှစ်ပေါင်း၁၃၅နှစ် အတွင်းဘင်္ဂလားပင်လယ် အော်
တွင်မုန်တိုင်း ၁၃၁ဝ  လုံးဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅  လုံး  ဝင်ရောက်ခဲ့ ရာ 
၆ရာခိုင်နှုန်းခန့်မုန်တိုင်းဝင်ရောက်မှုရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ သောမုန်တိုင်း၈၅လုံး၏၄၉ရာခိုင်နှုန်းမှာ အောက်တိုဘာနှင့်
နိုဝင်ဘာလများတွ င်ဝင် ရောက်ခဲ့သည်ဟုသိရသည်။
 
သတင်းရင်းမြစ်   Yangon Media Group

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။