အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Friday, June 15, 2012
Breaking News (ရခိုင်)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ၊ အပေါက်ဝကျေးရွာတွင် ယနေ့ ဇွန်လ (၁၅)ရက် နေ့လည် (၁)နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုကြောင် မူဆလင် လူမျိုးများနေထိုင်သည့် နေအိမ် (၁၂) လုံး မီးလောင် ဆုံးရှုံး ခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းရင်းမြစ်း  နဂါးမြို့တော်
>>>ဆက်ဖတ်ရန်>>> >>
ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးရ သတင်းများ
ညနေ ၄ နာရီ ၁၀ မိနစ်
၂၀၁၂ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ စတင်၍ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခုကို တားမြစ် ဧရိယာ အဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးတင်ကြပ်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ သိရှိရသည်။ တားမြစ်ထားသည့်ရပ်ကွက်(၄)ခုမှာ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ တားမြစ်ထားသည့် ရပ်ကွက်(၄)ခုအတွင်းနေထိုင်သော လူမျိုးခြားများမှာပြင်ပသို့ ထွက်ခွာခြင်းမပေးကြောင်း၊ ထို့အတူပြင်ပမှရခိုင်လူမျိုးများကိုလည်း အတွင်းသို့ ၀င်ခွင့်မပြုကြောင်း သိရှိရသည်။ စစ်တွေမြို့နယ်အတွင်းရှိ နေအိမ်များကို မီးရှို့ရန်နှင့် ဆူပူအောင် ဆောင်ရွက်သူများနှင့် ကျူးလွန်သူဟု ယူဆသူများကို ဖမ်းဆီးစစ်ဆေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရှိ ကွပ်ကဲရေးရုံးမှ သိရှိရသည်။ ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် (၄)ဦး၊ ညပိုင်းတွင် ၂၉ ဦး၊ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် (၂)ဦး၊ ညပိုင်းတွင်(၁၄) ဦးတို့ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖမ်းဆီးစစ်ဆေးနေသူများထဲမှ ၁၃ ဦးကို အာမခံပေးခဲ့ပြီး ကျန်လူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ဇွန်လ ၁၅ ရက်နေ့ မွန်လွဲ ၄ နာရီ ၁၈ မိနစ်တွင် သတင်းပေးပို့ပါသည်။
နံနက် ၁၀ နာရီ ၀၅ မိနစ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေသည် ငြိမ်သက် လျှက်ရှိနေပြီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်မှုမရှိသေးကြောင်း၊ မိုးများသည်းထန်စွာ ရွာသွန်း လျှက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့ကို လုံခြုံရေးယူထားကြောင်း သိရှိ ရပါသည်။ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ် ဆယ်ရေး စခန်းနှင့် ကျီးကန်းပြင် ကယ်ဆယ်ရေးစခန်း တို့တွင် စားနပ်ရိက္ခာ အခက် အခဲ  ဖြစ်ပေါ်နေ  သည့် အတွက် မောင်တောမြို့မှ ယနေ့ သွားရောက်ပေးပို့ရန် စီစဉ် ထားသော်လည်း မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် ယနေ့ နံနက်ပိုင်း အထိ ပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။
နံနက် ၉ နာရီ ၄၅ မိနစ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဈေးဆိုင်ခန်းအချို့ ပြန်လည် ဖွင့်လှစ်လာပြီဖြစ်ကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိကြောင်း စစ်တွေမြို့ သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ ပါသည်။
သတင်းရင်းမြစ်    Eleven Media Group  
>>>ဆက်ဖတ်ရန်>>> >>
(MPG) မှ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများနှင့်ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန်
 ဇွန် ၁၅၊ ရန်ကုန်၊ သန်းထွန်း(MPG)
မူရင်းကြေငြာချက် 
ဇွန် ၁၅၊ ရန်ကုန်၊ သန်းထွန်း (MPG)
    ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသော လူနာများအနေဖြင့် ART ဆေးပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်တွေမြို့ရှိ Utopia (Phoenix-Sittwe) အဖွဲ့ သည် ရန်ကုန်မြို့ရှိ Myanmar Positive Group (National PLHIV Network) (MPG) နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများအနေဖြင့် ဆေးဝါးမပြတ်လပ်စေရေးအတွက် စစ်တွေမြို့ရှိ Utopia (Phoenix-  Sittwe) အဖွဲ့မှ အောက်အမည်ပါပုဂ္ဂိုလ်များထံသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သိရှိရသည်။
(က) ကိုသန်းထွန်း      အဖွဲ့ခေါင်းဆောင်နှင့် MPG ၏ ရခိုင်ဒေသကိုယ်စားလှယ်        ၀၉၇၃၀၈၇၀၁၅
(ခ)  ကိုဦးဘဆွေ        ဘဏ္ဍာရေးမှူး                        ၀၉၄၅၀၅၃၉၆၄၃
(ဂ)  ကိုလှအောင်ကျော်    အတွင်းရေးမှူး                ၀၉၈၅၀၀၈၃၈(တစ်ဆင့်)
(ဃ) ကိုကျော်စိန်        အဖွဲ့ဝင်                            ၀၉၄၂၁၇၁၀၀၇၆
သတင်းရင်းမြစ်း  သစ်ထူးလွင်     
MPG Announce
>>>ဆက်ဖတ်ရန်>>> >>
လွှတ်တော်တွင် လက်ရှိပြဿနာများကို ဆွေးနွေးမည်
Phot ; Mizzima
လွှတ်တော်အစည်းအဝေးများ ကို လာမည့်ဇူလိုင် ၄ ရက်နေ့တွင် ပြန်လည်ကျင်းပရန် ခေါ်ယူလိုက် သည်။ ပထမအကြိမ် ပြည်ထောင် စုလွှတ်တော်၏ စတုတ္ထပုံမှန် အစည်းအဝေးကို ဇူလိုင် ၄ ရက် နေ့ နေ့လယ် ၁ နာရီ ခေါ်ယူ ထားပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး များကို မနက် ၁၀ နာရီ အသီးသီး ကျင်းပမည့်အကြောင်း လွှတ် တော်အကြီးအကဲတွေက ဇွန် ၁၂ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်ကြေ ညာလိုက်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များအနေနှင့် လိုအပ်သော ပြင်ဆင်မှု များကို ပြုလုပ်နိုင်ရန် ဇူလိုင်လ ၂ ရက်ထက် မစော၊ ၃ ရက်နေ့ထက် နောက်မကျဘဲ နေပြည်တော် လွှတ်တော်ရုံးကို ဆက်သွယ်ကြရန်ကိုလည်း အသိ ပေးထားသည်။ ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးမှာ လက်ရှိတိုင်းပြည်၏ ဖြစ်ပေါ် နေသော ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါ သည်။
ပြည်သူ့လွှတ်တော် စီးပွား ရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်း ရေးမှူး ဦးခင်မောင်ဦးမှ ““ပညာ ရေးနှင့် ပတ်သက်ပြီး တိုးတက် အောင်ပေါ့။ ဒါတွေ စီစဉ်ထား တယ်။ နောက်တစ်ခု က စွမ်းအင်၊ လျှပ်စစ်ကိစ္စတွေပေါ့။ ဒါတွေက လည်း တကယ်အာမခံနိုင်တဲ့ အဆင့်အတန်းရှိမှ။ နောက်တစ်ခု ကလည်း အလုပ်သမားကိစ္စပေါ့။ အားလုံးလည်း ဒါစိတ်ဝင်စားစရာ ဖြစ်တဲ့အတွက် လုပ်ကြပါလိမ့် မယ်။ အဲ့ဒီအချက်တွေကလည်း သိုင်းဝိုင်းပြီး လုပ်ကြရမှာပါပဲ။ ဗဟိုမှာ ပေါင်းပြီးတော့ ကော်မတီ အနေ နဲ့  ဆွေးနွေးမှာပါ။ ပါတီမှာ လည်း ဆွေးနွေးမှာပါ။ ပါတီမှာ လည်း ရှိပြီးသားပါ””ဟု ဆိုသည်။
သင်္ကန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ““အခုပေါ်ပေါက် နေတဲ့ အခြေအနေတချို့နဲ့ ဆက် စပ်တဲ့ မေးခွန်းတွေ အဆိုတွေ တချို့တော့ ကျွန်တော်လည်း ပေးပို့ထားပါတယ်။ အသေးစိတ် တော့ လွှတ်တော်ဥပဒေအရ ကျွန်တော်အခုချိန်မှာ ဖော်ပြခွင့် မရှိဘူး။ ကျွန်တော်ပြောလို့ရတဲ့ အချက်ကတော့ ကျွန်တော်လည်း လွှတ်တော်အစည်းအဝေးက တစ်ကြိမ်ပြီးတစ်ကြိမ်၊ နောက် လွှတ်တော်ရဲ့ ခိုင်မာမှုပေါ့၊ အား ကောင်းမှုပေါ့။ လွှတ်တော်နိုင်ငံရေး ရဲ့ မြင့်မားလာမှုတွေကတော့ တစ် ကြိမ်ပြီးတစ်ကြိမ် တိုးတက်လာ တယ်။ အားရစရာ ကောင်းတယ် လို့ ကျွန်တော်ပြောပါရစေ””ဟု ဆို ပါသည်။
ယင်းလွှတ်တော်အစည်းအဝေး မှာပဲ ကြားဖြတ်ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လွှတ်တော်ကိုယ်စား လှယ်တွေ အားလုံး လည်း လွှတ် တော်အစည်းအဝေးတက်ရောက်ဖို့ ရှိနေတယ်ဟု အန်အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါသည်။
ပြီးခဲ့သော လွှတ်တော် အစည်းအဝေးတုန်းက ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်နေသေးတဲ့ ကိုယ်စားလှယ်တွေ လည်း ကျိန်ဆို ကြမယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ဆိုပါ သည်။
““၄ ရက်နေ့ လွှတ်တော်က ၂ ရက်နေ့ သတင်းပို့ရမယ်။ ၄ ရက်နေ့ကို လွှတ်တော်တက်ရမယ်ဆို ပြီး ထုတ်ပြန်တယ်လို့ ပြောပါ တယ်။ လွှတ်တော်တက်မှာပါ။ ပထမဆုံးအကြိမ် လွှတ်တော် တက်မှာဖြစ်တယ်။ ကျမ်းသစ္စာ ကျိန်ဆိုဖို့လည်း အခုမှ လုပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှသာ လွှတ်တော်ရဲ့ အခြေအနေတွေ၊ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို သေသေ ချာချာ လေ့လာပြီးမှ ဘာတွေ တင်ပြမယ်။ ဘာတွေဆောင်ရွက် မယ်ဆိုတာကို ပြင်ဆင်မှာပါ””ဟု ပြောပြခဲ့သည်။
သတင်းရင်းမြစ်    သစ်ထူးလွင်     
>>>ဆက်ဖတ်ရန်>>> >>
တရားမ၀င်ကုန်သွယ်နေမှုများ ထိရောက်စွာအရေးယူဆောင်ရွက်မည်
နယ်စပ်ဒေသလမ်းကြောင်း များမှတစ်ဆင့် တရားမ၀င်ကုန် သွယ်နေမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တရားမ၀င်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး တို့ကို ဆောင်ရွက် သည့်နေရာ တွင် အသိပေးခြင်း၊ စည်းရုံးခြင်း၊ ပညာ ပေးခြင်း၊ အရေးယူခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထိထိရောက် ရောက်ဆောင်ရွက်မည်ဟု သိရ သည်။
““တရားဝင်ကုန်သွယ်မှု လမ်း ကြောင်းပေါ် ရောက်ဖို့ဆောင်ရွက် နေကြပေမယ့် လက်တွေ့မှာ တရားမ၀င်ကုန်သွယ်မှုများ ပိုမို များပြားနေတာကို တွေ့နေရပါ တယ်””ဟု အထက်ပါဝန်ကြီးဌာန မှ တာဝန်ရှိသူကပြောသည်။
တရားမ၀င်ကုန်စည်များ ၀င်ရောက်လာမှုသည် စားသုံးသူ များအား အဘက်ဘက်မှ လုံခြုံမှု ရှိအောင် စားသုံးသူအကာအကွယ် ပေးရေးသည် အရေးပါသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ကုန်စည်များ တရားမ၀င် ၀င် ရောက်နေခြင်းကိုပပျောက်အောင် ဆောင်ရွက် သင့်ပြီး စားသုံး သူများ ဘက်သို့ အကာအကွယ်ပေးရေး များ ဆောင်ရွက်သင့်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်    သစ်ထူးလွင်      
>>>ဆက်ဖတ်ရန်>>> >>
ကောလဟလ သတင်းများကြောင့် ရန်ကုန်မြို့ ယနေ့ (ဇွန် 15) အသွားအလာနည်းပါးလျှက်ရှိ
သောကြာနေ့ ဖြစ်သည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆန္ဒပြမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်ပွားမည် ဆိုသည့် ကောလဟလများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တွင်း လူအသွားအလာနည်းပါးလျှက်ရှိသည်ကို တွေ့ရသည်
မြို့လယ်တ၀ိုက်တွင် ဆိုက်ကားနင်းသူ တဦးက “ဒီနေ့မနက် ၉ နာရီခွဲထိနင်းတာတောင် ၁ ထောင် ပဲရသေးတယ်။ လူအသွားအလာ တော်တော်လေးရှင်းနေတယ် ” ဟုပြောသည်။
မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် အခြေအနေကို ဖုန်းဖြင့်လှမ်းမေးကာ မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတကျောင်းမှ မူလတန်းကျောင်းသားများအား ပြန်လာခေါ်ရန် မကြာသေးမီက မိဘများအား အကြောင်းကြားခဲ့ကြောင်း တစုံတရာ ဖြစ်ပွားခြင်းကြောင့်ထက် စိုးရိမ်မှုကြောင့် မိဘများအား အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။
သတင်းရင်းမြစ်    Yangon Press International (YPI)
>>>ဆက်ဖတ်ရန်>>> >>
ဘေးလွှတ်ရာကို ထွက်ပြေးရာမှ ဘူးသီးတောင်သို့ ရောက်ရှိသွားသူ ဒုက္ခသည်များကို မောင်တောသို့ ပြန်ခေါ်လာ
ကျေးရွာများ မီးရှို့ခံရပြီး အသက်လု ထွက်ပြေးခဲ့ကြရသော မောင်တောင်မြို့နယ် တောင်ပိုင်းမှ ဒုက္ခသည် ၃၀၀ ကျော်ကို အာဏာပိုင်များက ဘူးသီးတောင်ကနေ မောင်တောသို့ ယမန်နေ့က ပြန်လည် ခေါ်ယူ လာကြောင်း သတင်း ရရှိသည်။
“ သူတို့က မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုင်းကြီး၊ သရေကုန်ဘောင်မှာ နေထိုင်ကြတဲ့ ရခိုင်နဲ့ ဗမာ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ရွာတွေ မီးရှို့ခံရတော့ မေယူတောင်ကို ကျော်ဖြတ်ပြီး  ထွက်ပြေး သွားကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ မနေ့က အာဏာပိုင်တွေက ဘူးသီးတောင် ကနေ မောင်တောကို ကားတွေနဲ့ ပြန်ခေါ်လာပြီး မောင်တောမှာ နေရာချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
ပြန်လည်ခေါ်ယူလာသူ ရွာသား အရေအတွက်မှာ ၃၀၀ ကျော်ဖြစ်ပြီး ထိုအထဲမှ ၂၇၀ အား ရပ်ကွက် (၃) မူလတန်းကျောင်းတွင် နေရာချပေးထားကာ ၇၂ ဦးကို အမှတ် (၁) ရက်ကွက် မူလတန်းကျောင်း တွင်  နေရာချပေးထားသည်ဟု သူက ပြောသည်။
“ သူတို့ကိုတော့ အုပ်စု (၂) ခုခွဲပြီး နေရာချပေးထားပါတယ်။ အဲဒီအထဲမှာ ကျောင်းဆရာမတွေလည်း အတူပါလာတာကို တွေ့ရပါတယ်။ သူတို့အတွက် ထမင်းကိုတော့ မြို့ထဲက လူတွေက ထမင်း ထုတ် ကောက်ပြီး သွားပို့နေပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောတောင်ပိုင်းရှိ ကျေးရွာတချို့တွင် စာပြနေသော ဆရာမ အများအပြားလည်း ဆူပူ အကြမ်းဖက်မူ အတွင်း ပျောက်ဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
“ ဆရာမတွေက ရွာသားတွေနဲ့ အတူ ထွက်ပြေး လွှတ်မြောက်သွားခဲ့ကြပါတယ်။ အများစု ဆရာမတွေက မိဘတွေရှိတဲ့ နေရပ်ရင်းတွေကို ပြန်သွားကြတယ်လို့ သိရပါတယ်။ သူတို့ ခုလို အေးအေးချမ်းချမ်း ဖြစ်သွား တာကို ကြားရတဲ့ အတွက် ဒေသခံတွေကတော့ စိတ်ချမ်းသာရာ ရခဲ့ကြပါတယ်” ဟု သူက ပြောသည်။
ယခုအခါ မောင်တောမြို့ပေါ်တွင် ကယ်ဆည်ရေး စခန်း (၇) ခုဖွင့်လှစ်ပြီး ဒုက္ခသည် တစ်သောင်းကျော်ကို လက်ခံထားကြောင်း သိရသည်။ ယခုလက်ရှိ မောင်တောတွင် ခိုလုံနေသူ ဒုက္ခသည်များမှာ အစိုးရနှင့် တခြား အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော်လည်း လူဦးရေများသဖြင့် ကူညီ ထောက်ပံ့မူများနှင့် မလုံမလောက် ဖြစ်နေကြောင်း သတင်း ရရှိသည်။
ဘူးသီးတောင်တွင် မြို့မ အလက (၁) တွင် ဒုက္ခသည် တစ်ထောင်ကျော် ဆက်လက် ခိုလုံနေတုန်း ဖြစ်ပြီး အများစုမှာ မောင်တောမြို့နယ်မှ တောင်ကျော် ထွက်ပြေးလာသူများ ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်   နေရဉ္ဇရာ 
>>>ဆက်ဖတ်ရန်>>> >>