အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 4, 2012

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ

ထူးချွန်ကြသူ အမေရိကန်ရောက် မြန်မာကလေးများ
0 Comments - 03 Jun 2012
အိအိခင်ဦးအတွက် အမေရိကန်သမ္မတ အိုဘားမားရဲ့ ပညာရည်ချွန်ဆု...အဌမတန်း( Northwood Middle School ) မှစတင်ပြီး (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆုရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ North Side High School အထက်တန်းကျောင်းမှ ၂၀၁၂ ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲ အခန်းအနားတွင်...

More Link

တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။

ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ “ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်း တစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး”

“ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာ ထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန် ထိုးခိုင်းတယ်ဆိုတာ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်”။

အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။

လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကိုလိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက “ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်” ဟု ပြောဆိုသည်။

ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများ အသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက် လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန် တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကတရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ် (၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။

အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်း ဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။

သတင်းရင်းမြစ်    ဒေါင်းမာန်ဟုန်
>>>ဆက်ဖတ်ရန်>>> >>

သံတွဲတွင် ကားတိမ်းမှောက်၍ လူ ၈ ဦး သေဆုံး


ရခိုင်ပြည်နယ် သံတွဲတွင် ယနေ့ မော်တော်ကား တစ်စီး မတော်တဆ တိမ်းမှောက်၍ လူ ၈ ဦး သေဆုံး သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများထဲတွင် ကလေး ၂ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား တစ်ဦး ဖြစ်ကြောင်း သံတွဲရဲက အတည်ပြု ပြောကြားသည်။

" မ ၅ ဦး၊ ကျား ၁ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၈ ဦးဆုံးသွားပါတယ်။ ဒဏ်ရာ ရပြီး သံတွဲ ဆေးရုံကို ရောက်တာက ၃ ဦးဖြစ်ပါတယ်။ ဖြစ်တာက သံတွဲ-တောင်ကုတ်လမ်း ရွှေလှေအထက် နပင်းဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိရဲအရာရှိက ပြောသည်။

ယနေ့ (ဇွန်လ ၁ ရက်) နေ့ ညနေ ၃ နာရီတွင် သံတွဲမှ တောင်ကုတ်သို့ ထွက်ခွာလာစဉ် အဆိုပါ လိုင်းကား နပင်း ကျေးရွာ အနီးတွင် တိမ်းမှောက်သွား ခြင်း ဖြစ်သည်။

" ဘာကြောင့် တိမ်းမှောက်တယ်ဆိုတာ မသိရသေးဘူးဗျ။ ကျွန်တော်တို့ဆီက အထက်အရာရှိတွေ အဲဒီနေရာကို လိုက်သွားတုန်းဘဲ ရှိတယ်။ ပြန်ရောက်မှဘဲ သိရမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဆေးစာရေးပေးနေတုန်း ဖြစ်၍ သေဆုံးသူများ အမည်နှင့် နေရပ်လိပ်စာကိုလည်း မသိရှိရသေးကြောင်း သူက ပြောသည်။ တစ်ချို့ ဒဏ်ရာ ရသူများအား ရွှေလှေ ဆေးရုံတွင် တင်ထားရကြောင်း သိရသည်။

ယခု ကားမတော် တဆဖြစ်ပြီး လူ ၈ ဦး သေဆုံးမူမှာ သံတွဲ-တောင်ကုတ်လမ်းတွင် အဆိုးရွားဆုံး ကား မတော်တဆမူ ဖြစ်ကြောင်း သိရသည်။ 




သတင်းရင်းမြစ်   နေရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

လယ်သမား ၁၆ ရာခိုင်နှုန်းသာ အစိုးရ လျှပ်စစ်ကို အသုံးပြုရဟု စစ်တမ်းဆို




ရန်ကုန် (မဇ္စျိမ) ။          ။ မြန်မာနိုင်ငံ၏ ကျေးလက်တွင် နေထိုင်ကြသော လယ်သမားများအနက်မှ ၁၆ ရာခိုင်နှုန်းသာ အစိုးရက ပေးသော လျှပ်စစ်ကို သုံးစွဲရသည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ
ကောက်ယူထားသော စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် မတ်လ အတွင်း လယ်သမား အများစုနေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့မှ လယ်သမား ၃,၆၀၀ ရာကို သုတေသနပြု စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်းအရ ကျေးလက်နေ လူထုအများစုမှာ လျှပ်စစ် သုံးစွဲနိုင်ခြင်းမရှိသလို၊ လျှပ်စစ် သုံးစွဲနိုင်သူများသည်လည်း အစိုးရ ပေးသော လျှပ်စစ်ထက် ပုဂ္ဂလိကမှ ရရှိသော လျှပ်စစ်ကို ပိုမို အားထားနေရသည်ဟု သိရသည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်ကို ?__ [w်းကောင်း၊ ပုဂ္ဂလိက မီးစက်များမှ လည်းကောင်း၊ ကိုယ်ပိုင် မီးစက်များဖြင့်လည်းကောင်း၊ အခြားသော နည်းလမ်းများဖြင့်လည်းကောင်း ရရှိကြသည်ဟု စစ်တမ်းက ဆိုသည်။

တောင်သူလယ်သမားကိစ္စများကို လွန်ခဲ့သည့်သုံးနှစ်မှစ၍ အကူအညီပေးခဲ့သော AFDC (Activists for Free & Development Communities) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုး က “ရန်ကုန်လို မြို့ကြီးမှာတောင် လျှပ်စစ်မီးမမှန်တာ။ နယ်က လယ်သမားတွေကတော့ ပိုဆိုးတာပေါ့။ လယ်သမားတွေက သူတို့လယ်ကွင်းထဲ
က ဖြတ်သွားတဲ့ လျှပ်စစ် တာဝါတိုင်တွေကို နေ့တိုင်း မြင်နေရပေမယ့် သူတို့ရွာတွေ ကတော့
မှောင်နေဆဲပါပဲ” ဟု ဆိုသည်။

လျှပ်စစ် လုံလောက်စွာ မရရှိပါက လယ်သမားများ၏ လူမှုဘဝမှာလည်း တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ လျှစ်စစ် မရှိပါက ရာသီဥတုသတင်းကိုပင် လယ်သမားများ ကောင်းမွန်စွာ ရရှိရန်ခက်ခဲကြောင်း ကိုပြည့်ဖြိုး က ပြောသည်။

လယ်သမားများ လျှပ်စစ်မီးရရှိမှု အလွန်နည်းပါးနေသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီး
ထောက်ပံ့ပေးရန် စဉ်းစားသင့်ကြောင်း စစ်တမ်းက အကြံပြုထားသည်ကိုလည်း တွေ့ရသည်။

ကျေးလက်နေ လယ်သမားများအနေနှင့် လျှပ်စစ်ဓာတ်အားရရှိမှုအလွန်နည်းပါးရုံသာမက ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး အခက်အခဲများကို ရင်ဆိုင်နေရသဖြင့် သတင်းအချက်အလက် ရရှိရန်၊ ဆန်စပါး
ရောင်းချရန်အပြင် ကျန်းမာရေး စောင့်ရှောက်မှုအတွက်ပါ အဓိက အတားအဆီး ဖြစ်နေသည်ဟု စစ်တမ်းက ဆိုသည်။

ယခုလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ သုံးခွ စသည့်မြန်မာနိုင်ငံတဝှန်းရှိမြို့များတွင် လျှပ်စစ် လုံလောက်စွာပေးရန် တောင်းဆိုသည့်ဆန္ဒပြမှုများဖြစ်ပွားနေပြီး အစိုးရက လျှပ်စစ်ပြတ်တောက်ခြင်း သည် မဟာဓါတ်အားလိုင်းသွယ်တန်းသည့် တာဝါတိုင်အား ကချင်လွတ်လပ်ရေးအဖွဲ့ က ဗုံးခွဲ ဖျက်စီးမှုကြောင့်ဟု အကြောင်းပြချက် ပေးခဲ့သည်။
သတင်းရင်းမြစ်း  မဇ္ဈိမ 

>>>ဆက်ဖတ်ရန်>>> >>

ပုဂံ ဟိုတယ်ဇုန်သစ် စီမံကိန်း ရှေးဟောင်း သုတေသန ကန့်ကွက်




မြန်မာ့ခရီးသွားလုပ်ငန်းက စီစဉ်ထားသည့် ပုဂံ ဟိုတယ်ဇုန် အသစ် စီမံကိန်းကို ပုဂံမြို့ ရှေးဟောင်းသုတေသန ဌာနနှင့် ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်တို့က ကန့်ကွက်စာ တင်ထားကြောင်း သတင်းရရှိသည်။
ဟိုတယ်ဇုန် တည်ဆောက်မည့်နေရာမှာ တူးရွင်းတောင်ခြေ မြောက်ဘက်ဖြစ်ပြီး မြေဧက ၁၂၀၀ အကျယ်အဝန်းရှိကြောင်း၊ ဒေသခံ လယ်သမား ၂၇၀ ၏ လယ်မြေများ ပါဝင်နေသည့်အပြင်၊ ရှေးဟောင်းအဆောက်အအုံနှင့် မတူးဖော်ရသေးသော ရှေးကုန်းဟောင်းများ ရှိနေကြောင်း သိရသည်။
“ဟိုတယ်ဇုန်လုပ်မယ်လို့ သူတို့တွေ စီမံနေတာသိတယ်။ အဲဒါကြောင့် ဒီနေရာတွေကို ကွင်းဆင်း စစ်ဆေးပြီးတော့ ကန့်ကွက်စာ တင်လိုက်တာပါ။ ညွှန်မှူးချုပ်ရုံးမှာ စာတင်ထားပါတယ်။ ၀န်ကြီးဌာနအချင်းချင်း စကားပြောကြပါလိမ့်မယ်” ဟု ပုဂံမြို့ ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်က ဧရာဝတီသို့ ပြောသည်။
ကန့်ကွက်စာကို မေလ ၂၂ ရက်နေ့က တင်ထားပြီး ယနေ့အထိ ညှိနှိုင်းဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်ကို တူရွင်းတောင် အရှေ့ဘက်၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းမ အရှေ့ဘက် တောင်ခြေချောင်းနားတွင် ပြောင်းရွှေ့အကောင်အထည်ဖော်ရန် ကန့်ကွက်စာထဲတွင် အကြံပြုထားကြောင်း သိရသည်။
ပုဂံ ဟိုတယ်ဇုန်အသင်း အတွင်းရေးမှူး ဦးဇော်ဝိတ်က “မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဒီဇုန်ဆောက်ဖို့ကို သဘောတူကြောင်း တရားဝင် စာထွက်ပြီးပြီ။ ဒီနေရာက ရှေးဟောင်းသုတေသနရဲ့ Monument Zone ထဲမှာ မပါပါဘူး။  Production Zone ထဲမှာ ပါနေတာကို သူတို့က တမင်လိုက်ကပ်နေတာဗျ။ လယ်မြေတွေပါတယ် ဆိုတာကလည်း သူတို့နဲ့ ဘာဆိုင်လို့တုန်း။ မြေစာရင်းနဲ့ပဲဆိုင်တာ” ဟု ပြောသည်။
ပုဂံတွင် ခရီးသွားဧည့်သည်များလာသဖြင့် ဟိုတယ်မလုံလောက်သောကြောင့် ၂၀၁၀ ဒီဇင်ဘာတွင် မြန်မာ့ခရီးသွားလုပ်ငန်းက ယခုမြေနေရာတွင် ဟိုတယ်ဇုန် ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူး၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနဌာန ကိုယ်စားလှယ်၊ ဟိုတယ်ခရီးမှ ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြေစာရင်းမှူးတို့က ယခုနေရာကို ကွင်းဆင်းစစ်ဆေးကာ ဟိုတယ်ဇုန် စီမံကိန်းကို ထိုစဉ်ကလည်း ကန့်ကွက်ခဲ့ဖူးကြောင်းလည်း သိရသည်။
ပုဂံ ဟိုတယ်ဇုန် စီမံကိန်းအတွက် အကူအညီပေးနေသည့် မန္တလေး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြအောင်က “ပုဂံဟိုတယ်ဇုန်ကတော့ မြေပုံထုတ်ဖို့ပဲ ကျန်တော့တယ် ပြောတယ်။ မြေစာရင်းတိုင်း ဦးစီးမှူးကိုလည်း အကူအညီ တောင်းထားပါတယ်။ ရှေးဟောင်းသုတေသနနဲ့ ညှိနေပါတယ်” ဟု ပြောသည်။
ပုဂံမြို့နှင့် ညောင်ဦးမြို့ နှစ်မြို့အကြား မြေနေရာလွတ်များနှင့် ပုဂံမြို့တွင်းတို့တွင် တည်းခိုခန်းများ တည်ဆောက်ခွင့်ကို အစိုးရက ခွင့်ပြုပေးပါက ဟိုတယ်ဇုန်သစ် ပြဿနာနှင့် ခရီသွားများ တည်းခိုခန်း မလုံလောက်မှု ပြဿနာကို လတ်တလော ဖြေရှင်းနိုင်ဖြစ်ကြောင်း ဦးဇော်ဝိတ်က ဆိုသည်။


သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို



မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊
ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊
မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။


သတင်းရင်းမြစ်    RFA
>>>ဆက်ဖတ်ရန်>>> >>

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

မကွေးမြို့မှာ မြေလတ် ကျောင်းသားများသမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂမရှိရင် အခွင့်အရေးမရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မကွေးမြို့ပေါ်မှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၄ ကျောင်းက ကျောင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုချမ်းငြိမ်းသူက အခုလို ပြောပြပါတယ်။
"အဖွဲ့ဝင် အယောက် ၂၀ ပါပါတယ်။  အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းတွေမှာ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ရယ်၊ တက္ကသိုလ်ကျောင်း ပညာရေးတွေကိုလည်း အဆင့်အတန်း မြင့်မားအောင် ပြန်လုပ်မယ်ပေါ့။ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ ပါတယ်။ အင်္ကျီတွေ ထုတ်မယ်။ အရှေ့က ဗိုလ်ချုပ်အောင်ဆန်း သမဂ္ဂတုန်းက ပုံနဲ့ အနောက်မှာတော့ No Union, No Rights ဆိုတဲ့ သမဂ္ဂမရှိရင် အခွင့်အရေး မရှိဘူး ဆိုတဲ့စာ။ နောက်ပြီး မောင်သန့်ရေးတဲ့ မြန်မာဘာသာပြန် ကျောင်းတွင်းဒီမိုကရေစီဆိုတဲ့ စာအုပ်တွေကိုလည်း အုပ် ၂၀၀၀ လောက် ဖြန့်မယ်"
ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးနောက် မြေလတ် ဒေသတွင်းက မြို့နယ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဆက်လက် ပေါ်ထွန်းလာအောင် ကူညီဆောင်ရွက်သွားမယ် လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီu?]G gပည်တွင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီမိုကရေစီကို မြတ်နိုးတဲ့ ကျောင်းပတ်ဝန်းကျင် ဖြစ်လာရေးကို ရည်ရွယ်ပြီး မောင်သန့် ရေးသားတဲ့ ကျောင်းတွင်း ဒီမိုကရေစီဆိုတဲ့ စာအုပ်ကိုလည်း ထပ်ဆင့် ဖြန့်ဝေသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


သတင်းရင်းမြစ်    RFA

>>>ဆက်ဖတ်ရန်>>> >>