အင်းစိန်ပန်းခြံအနီးတစ်ဝိုက်ရှိ ပျံကျဈေးသည်များ ဈေးရောင်း ချခွင့်
တားဆီး ခံရသော
ကြောင့် အဆိုပါနေရာတွင် ဈေးသည်နှစ်ဆယ်ကျော် ယနေ့(သြဂုတ် ၆
ရက်) မွန်းလွဲ ၃
နာရီမှ ၅ နာရီထိ
နှစ်နာရီခန့်အကြာ ဆန္ဒဖော်ထုတ်ခဲ့ရာ ဈေးသည် ၁၁ ဦးကို ဖမ်းဆီးခေါ်
ဆောင်ကာ
စစ်ဆေးနေကြောင်း အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
``ယောက်ျားနှစ်ယောက်နဲ့ အမျိုးသမီးကိုးယောက်ကို ခေါ်စစ်နေပါတယ်။ သူတို့ကို
စစ်ဆေး
နေဆဲပါ။ စစ်ဆေးပေါ်ပေါက်ချက်အရ ဗိုလ်ကြီးတို့ စခန်းမှူးတို့က
အရေးယူပါလိမ့်မယ်´´ဟု
ယနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ၄င်းကပြောသည်။
ပျံကျဈေးသည် ၃၉ ဦးအနက် ၂၀ ကျော်သည် ``ဈေးသည် ဈေးမရောင်းရ၍ အလှူခံနေသည်၊
စေတနာရှင်များ ကူညီပါ´´ စာတန်းအား ကတ်ထူစက္ကူများပေါ်တွင်
ရေးသားကိုင်ဆောင်ကာ ပလက်ဖောင်းပေါ်တွင် တောင်းခံနေကြခြင်းဖြစ်သည်။
မိမိတို့သည် ဆန္ဒပြခြင်းမဟုတ်၍ ဆန္ဒပြ ခွင့် တောင်းမထားကြောင်း ပြောဆိုသည်။
သတင်းရင်းမြစ်း 7 days News
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။