ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်နှင့် အစိုးရတွင်သာမက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ
ရှိနေသည်ဟု စင်္ကာပူ အခြေစိုက် ရုပ်သံလွှင့်
သတင်းဌာန တခု ဖြစ်သည့် CNA က
တွေ့ဆုံမေးမြန်းရာတွင် သမ္မတ ဦးသိန်းစိန်က
ပြောဆိုသွားသည်။
ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA
ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA
၏
မေးမြန်းမှုကို မြန်မာ သမ္မတ ပြန်လည်ဖြေကြားခဲ့မှု အား တနင်္လာနေ့ ညနေပိုင်းတွင်
ထုတ်လွှင့်ပြသသွားခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့
“ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့
တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလည်း ရှိပါတယ်။ တပ်မတော်ထဲမှာလည်း အလားတူ
ရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ထဲမှာ လည်းရှိမှာ ဖြစ်ပါတယ်။”
ဟု သမ္မတ
ဦးသိန်းစိန်က ပြောကြားသွားသည်။
ထို ရှေးရိုးစွဲများ ရှိနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု ပေါ်တွင် သာ မူတည်ပြီး
ထို ရှေးရိုးစွဲများ ရှိနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု ပေါ်တွင် သာ မူတည်ပြီး
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြခြင်းဖြင့် “ဆန့်ကျင်သဘောထား
အမြင်ရှိတဲ့သူ
တွေ နောက်ကအလိုလို လိုက်ပါလာမှာ ဖြစ်ပါတယ်။” ဟုလည်း သမ္မတ က
ထည့်သွင်း
ပြောသွားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ကြား အမေရိကန်နှင့်၊ ဥရောပနိုင်ငံ အချို့
တို့၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်
ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသွားသေးသည်။
“မတူတာကတော့ ကျနော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တယ်။
“မတူတာကတော့ ကျနော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ပိတ်ဆို့ တားဆီး ထားတာတွေကို ကျနော်
တို့က ဖြေလျှော့ပေးစေချင်တယ်။ လုံးဝ ရုတ်သိမ်းပေးစေချင်တယ်။
ဒေါ်အောင်ဆန်းစုကြည်
ကမ္ဘာကိုလှည့်ပြီး ပြောတဲ့ တွေ့တဲ့အထဲမှာတော့ ရင်းနှီး
မြှုပ်နှံမှုတွေ ကို ချက်ချင်း မလာဖို့၊
စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ ဆိုတာတွေက
ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်”
ဟုပြောကြားသွားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ကိုလည်း ဦးစားပေး
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ကိုလည်း ဦးစားပေး
လုပ်ဆောင်နေကြောင်း “နိုင်ငံရေး တည်ငြိမ်ဖို့အတွက်ဆိုတာ မှာလည်း
ဒေါ်အောင်ဆန်း
စုကြည်ကို ဝိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေ ဖို့ အတွက်
ဒေါ်အောင်ဆန်းစုကြည်
အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ဒါ အရေး
အကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့
ဦးစားပေးပြီး လုပ်ပါတယ်”
ဟု ဦးသိန်းစိန်က ပြောကြား သွားသည်။
အသက်အရွယ်နှင့် ကျန်းမာရေးအရ သမ္မတ သက်တမ်းတခုသာ တာဝန်ယူမည့် ဦးသိန်းစိန်
အသက်အရွယ်နှင့် ကျန်းမာရေးအရ သမ္မတ သက်တမ်းတခုသာ တာဝန်ယူမည့် ဦးသိန်းစိန်
က မြန်မာ့ အနာဂတ်အတွက် “ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်
ဖြစ်အောင် လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်အောင်
လုပ်နိုင်မယ့်
မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်
ယူသွားစေချင်ပါတယ်” ဟု CNA
၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။
သတင်းရင်းမြစ်
း မဇ္ဈိမ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။